ပဋိပက္ခဖြေရှင်းပုံ နည်းလမ်းအမျိုးမျိုး🛣

ပဋိပက္ခဖြေရှင်း ဖြေရှင်းနိုင်ခြင်း စွမ်းရည်သည် လူမှုစွမ်းရည် တစ်ခုပဲ ဖြစ်ပါတယ်။ လူမှုစွမ်းရည်သည် မတူကွဲပြားမှုတွေကို ဖော်ထုတ်ရန်နှင့် နားလည် အသိမှတ်ပြုလာနိုင်ရန် အတွက် လိုအပ်တဲ့ တီထွင်ကွန့်မြူးရတဲ့ စွမ်းရည် တစ်ခုပဲ ဖြစ်ပါတယ်။ ထိုစွမ်းရည်သည် အသိဉာဏ် ပွင့်လင်းမှု ၊ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများ ပါဝင်သည်။ ကွဲပြားခြားနားမှု၏ အရင်းအမြစ်များကို သိရှိစေရန် ကွဲပြားခြားနားမှုထဲတွင် ရှိနေသည့် လူမှုစွမ်းရည်များကို ရေရှည်တည်တံ့ ခိုင်မြဲစေရန် တစ်ဦးနှင့်တစ်ဦး အနိုင်ထက်စီနင်းမှု မရှိသော အတူတကွ ယှဉ်တွဲ နေထိုင်သည့် အနေထားပုံစံရောက်အောင် လမ်းကြောင်းပြောင်းပေးရန်မှာ ပဋိပက္ခ ဖြေရှင်းနိုင်သော စွမ်းရည်တွင် ပါဝင်တဲ့ ဗဟုသုတနှင့် ကျွမ်းကျင်မှု တို့ပါဝင်ပါသည်။ 

ပဋိပက္ခကို ဖြေရှင်းပုံ နည်းလမ်းများစွာ ရှိပါသည်။ ထိုနည်းလမ်းများစွာ ထဲမှ ဖြေရှင်းနည်း (3) နည်းကို ဖော်ပြပေးထားပါသည်။

စေ့စပ်ညှိနှိုင်းရေး

ပြဿနာကြုံလာရင် နှစ်ဦးနှစ်ဖက်အကျိုးရှိ ကျေနပ်အောင် ဖြေရှင်းတဲ့နည်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ မိမိလုပ်ချင်တဲ့အလုပ်ကို မိဘကခွင့်မပြုတဲ့ အခြေနေမျိုးမှာ ခွင့်ပြုလာအောင် ညှိနှိုင်းတဲ့သဘောမျိုး‌ဖြစ်ပါတယ်။ 

ကြားဝင်ဖြန်ဖြေရေး

စေ့စပ်ညှိနှိုင်းလို့မရတဲ့အခြေနေမှာ ဘက်မလိုက်တဲ့ လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ကြား၀င်ဖြေရှင်းတဲ့သ‌ဘော ကိုဆိုလိုပါတယ်။ ဥပမာအနေနဲ့ ရည်စားနဲ့ရန်ဖြစ်လို့ သူငယ်ချင်း တစ်ယောက်က ၀င်ညှိပေးတဲ့သဘောမျိုးပဲဖြစ်ပါတယ်​။ 

ခုံသမာဓိနဲ့ ဖြေရှင်းရေး

ဒီနည်းကတော့ နှစ်ဦးနှစ်ဖက်က ရွေးချယ်ထားတဲ့သူတွေနဲ့ ဆုံးဖြတ်ခြင်းကို ဆိုလိုပါတယ်။ ကြီးမားတဲ့ ပဋိပက္ခတွေဖြေရှင်းရမယ့် အခြေနေမှာ သုံးလေ့ရှိပါတယ်။ ဥပမာအနေနဲ့ တရားရုံးမှ ာနှစ်ဖက်ရှေ့နေများနဲ့ တရားရင်ဆိုင်ရတဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်​။