ပဋိပက္ခ၏ အဓိပ္ပာယ် နှင့် ပဋိပက္ခ ဖြစ်စေတဲ့ အရာများ

ပဋိပက္ခ၏ အဓိပ္ပာယ်

ပဋိပက္ခဆိုသည်မှာ နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော လူများ၊ အုပ်စုများအကြား မိမိတို့၏ ရည်မှန်းချက်ကိုယ်စီကို ပြည့်ဝစေရန်ကြိုးပမ်းနေကြခြင်းဖြစ်ပြီး၊ အပြန်အလှန်ဆက်နွယ်နေသည့် လူမှုဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သို့သော် နှစ်ဖက်စလုံးသည် မိမိတို့၏ရည်မှန်းချက်များဆီသို့ မရောက်နိုင်ဖြစ်နေကြသည်။ အကြောင်းမှာ တစ်ဖက်၏ ရည်မှန်းချက်ပြည့်မီရန် လုပ်ဆောင်မှုသည် တခြားတစ်ဖက်၏ ကြိုးပမ်းမှုလမ်းကြောင်းအတွက် အတားအဆီးသဖွယ် ဖြစ်နေသည်ဟု ရှုမြင်ကြခြင်းကြောင့်ဖြစ်ပါသည်။

ရိုးရှင်း လွယ်ကူသောနည်းဖြင့် ဆိုရလျှင် နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော လူများ၊ အုပ်စုများအကြား ဆန့်ကျင်ဘက်ဝိရောဓိများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး တစ်ဖက်စီမှ မိမိတို့၏ရည်မှန်းချက်များပြည့်ဝစေရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ဤအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအယူအဆ (၄) ခုပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။

ပဋိပက္ခအယူအဆများ။

  1. ပဋိပက္ခတစ်ခုတွင် နှစ်ဦး ( သို့) နှစ်ဦးထက်ပိုသည့် လူများပါဝင်နိုင်ပြီး ထိုသူများမှာ  တစ်ဦးချင်းဖြစ်နိုင်သလို အုပ်စုဖွဲ့လည်း ဖြစ်နိုင်ပါတယ်။ ပဋိပက္ခတွင် ပါဝင်သူများသည် မိမိတို့ကိုယ်တိုင် ပဋိပက္ခ ပါဝင်နေကြသည်ကို သတိမထားမိကြပါ။ ဉပမာ အားဖြင့် ကျား ၊ မ တန်းတန်တူမှုကို အခြေခံပြီးဖြစ်ပေါစေသော အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်ဖြစ်ပေါ်စေသော ယဉ်ကျေးမှုနှင့် လွှမ်းမိုးမှုများကို ခံနေရသည့် သူများသည် မိမိကိုယ်တိုင် ပဋိပက္ခတွင် ပါဝင်နေကြမှန်းကို မသိကြသော အခြေနေအမျိုးဖြစ်ပါသည်။
  2. ပဋိပက္ခဖြစ်နေသူများသည် ရည်မှန်းချက်တစ်ခု သိုမဟုတ် ရည်မှန်းချက်များကို ရယူနိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်ပါသည်။ သို့သော် သူတို့တွင် တစ်ခါတစ်ရံမှာ မိမိတို့၏ ရည်မှန်းချက်များကို စေ့စပ်သေချာစွာ မသိရှိကြပါ။ မိမိ လိုချင်တဲ့အရာကို ယူဆထားသော်လည်း တကယ်တမ်းတွင်မူ မိမိရဲ့ လိုအပ်ချက်များကို သေချာစဉ်းစားခြင်း မပြုနိုင်ပါကြပါ။
  3. ပဋိပက္ခသည် ဆန့်ကျင်ဘက် ဖြစ်စဉ်တစ်ခုဖြစ်သည်။ တစ်ဖက်သူ၏ ရည်မှန်းချက် အောင်မြင်သွားတဲ့အခါတွင် အခြားတစ်ဖက်၏ ရည်မှန်းချက်များ မအောင်မြင်နိုင်သည်ဟူသည့် သဘောကို ဆောင်နေခြင်းဖြစ်ပါတယ်။ သို့သော်လည်း ပဋိပက္ခအားလုံးကို ဆန့်ကျင်ဘက်ဖြစ်စဉ် ဖြစ်သည်ဟု နိုင်ပေ။ ဆန့်ကျင့်ဘက် ဖြစ်စဉ်တစ်ခုသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ယဉ်ကျေးမှုနှင့် လူ့ဘောင်အဖွဲ့စည်းပုံစံ၏ အားနည်းချက်များကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများ ပါဝင်နေမည်ဆိုပါက ထို ပဋိပက္ခကို ပြောင်းလဲ၍ မရသော ပုံမှန်ဖြစ်စဉ်တစ်ခုဟု ရှု့မြင်ကြပါသည်။
  4. ပဋိပက္ခဖြစ်သူများသည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆက်နွယ်မှု ရှိကြသည်။ ဘယ်လို ပဋိပက္ခ မျိုးမဆို ဖြေရှင်းရန်အတွက်ဖြစ်စေ ၊ ဖိနှိပ်ထားရန်ဖြစ်စေ၊ မဖြေရှင်းကြပဲ လွတ်အောင် ရှောင်သွားကြသည်ဖြစ်စေ တစ်ဖက်လူ၏ ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှု ရှိမှသာ ရှေ့ဆက်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါသည်။

ဘယ်လိုအချိန်မှာ ပဋိပက္ခတွေ ဖြစ်တတ်ပါသလဲ။ 

အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ လူနှစ်ဦး (သို့မဟုတ်) လူအုပ်စု နှစ်စုဟာ သူတို့ဆီမှာ ကွဲပြားနေတဲ့ ဒါမှမဟုတ်ရင် ဆန့်ကျင်ဘက် ဖြစ်နေတဲ့ စိတ်ဝင်စားမှု၊ အကျိုးစီးပွားတွေ ရှိနေတယ်လို့ ယုံကြည်တဲ့ အခြေအနေမျိုးမှာ ပဋိပက္ခတွေ ဖြစ်တတ်ပါတယ်။ 

ဉပမာ – ပန်းသီးက အခန်းထဲက ကလေးတစ်ယောက်ဖြစ်တယ်။ (မှတ်ချက် – မိန်းကလေး ဟုတ်သလို ယောင်္ကျားလေးလည်း ဖြစ်နိုင်ပါတယ်။ တစ်နေ့မှာ သူက အတန်းထဲက ကျောင်းသူ (သို့) ကျောင်းသား တစ်ယောက်အား နင့်ကိုငါ မုန်းတယ်လို့ ပြောပြီး ရိုက်လိုက်တယ်။ ထိုအခါ ရိုက်ခံရတဲ့ သူက မင်း ဘာလို့ ငါ့ကို ဘာလို့ ရိုက်တာလဲလို့ ပန်းသီးကို မေးလိုက်ပါတယ်။  ပန်းသီးက မနက်က ငါ့အကြိုက်ဆုံးစာအုပ်ကို မင်းတက်နင်းသွားပြီး မတော်လို့ပါလို့ တစ်ခွန်းတောင် မပြောသွားဘူးလို့ ဖြေတယ်။ ရိုက်ခံရတဲ့သူက  ပန်းသီး ရဲ့ စာအုပ်ကို တက်နင်းမိတာကို သတိမထားမိလိုက်ဘူး။ ပြီးတော့ အဲ့စာအုပ်လေးက ပန်းသီးရဲ့ အဘွားက မွေးနေ့လက်ဆောင် စာအုပ်လေးဆိုတာကိုလည်း ထိုကလေးက မသိဘူး။ သူသိတာက  ပန်းသီး သူ့ကို လာရိုက်တယ်ဆိုတာကိုပဲသိတယ်။ 

ဒီ အဖြစ်အပျက်လေးအရာ ပဋိပက္ခ ဖြစ်စဉ်တစ်ခုမှာ ခုလို ပန်းသီးက လာရိုက်ခြင်း ၊ မုန်းခြင်းတွေဟာ ပုံတွင် ဖော်ပြချက်များအတိုင်း ပန်းသီးတစ်လုံး၏ မြင်နိုင်သော အလွှာများကဲ့သို့ မြင်ရခြင်းတွေ ဖြစ်ပါသည်။ ပန်းသီးတစ်လုံးတွင် အလွှာတွေ ရှိတွေခြင်းကဲ့သို့ပုံပြင်ထဲတွင် ပန်းသီးလာရိုက်ခြင်းမှာလည်း အကြောင်းအရင်း များစွာရှိပါတယ်။

ဒီအဖြစ်ပျက်တွေကို ပြုလုပ်သူ အနေနဲ့ မြင်နိုင်ဖို့လိုအပ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အကြောင်းအရင်းခံတွေကို မမြင်နိုင်တဲ့အခါ စိတ်ထဲတွင် မျိုသိပ်ထားမှုတွေများပြီး မိမိ နားလည်သလိုသာ သိမ်းဆည်းထားပါက ပဋိပက္ခ တွေကို ဦးတည်လာတော့မှာပဲဖြစ်ပါတယ်။ ပန်းသီးလာရိုက်သော အကြောင်းအရင်းခံကို သိဖို့က ဘာကြောင့်လဲဟူသော စကားလုံးတစ်ခုပဲ လိုအပ်တာ ဖြစ်ပါတယ်။ 

Causes of Conflicts (ပဋိပက္ခဖြစ်ရခြင်း အကြောင်းအရာ) တွေကို အကြမ်းဖျင်း အားဖြင့် (၄) မျိုး နားလည်နိုင်ပါတယ်။

  1.  Individual differences (တစ်ဦးချင်းစီရဲ့ မတူကွဲပြားမှုများ)
  2. Cultural differences (ယဉ်ကျေးမှု ကွဲပြားမှုများ)
  3. Clash of interests (စိတ်ပါဝင်စားမှု ထိပ်တိုက်ဖြစ်ခြင်းများ)
  4. Social Change (လူမှုပြောင်းလဲမှုများ)

နောက်ထပ် အမျိုးအစားအနေနဲ့ ပဋိပက္ခဖြစ်စေတတ်တဲ့ အရင်းအမြစ်တချို့ကတော့ 

🔺 လူမှုရေးဆိုင်ရာ (Social)

🔺 နိုင်ငံရေးဆိုင်ရာ (Political)

🔺 စီးပွား​ရေးဆိုင်ရာ (Economic)

🔺 ဂေဟဗေဒဆိုင်ရာ (Ecological) စတာတွေပဲ ဖြစ်ပါတယ်။

လူမှုရေးဆိုင်ရာ အကြောင်းအရင်းတွေထဲမှာ လူမျိုး၊ ဘာသာ၊ ယုံကြည်မှု စတဲ့ ဝိသေသ လက္ခဏာတွေ မတူတာ၊ ယဉ်ကျေးမှုတွေ မတူကွဲပြားတာတွေကြောင့် ပဋိပက္ခ ဖြစ်တာမျိုးတွေ ပါပါတယ်။ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေကတော့ နိုင်ငံရေးအာဏာ ခွဲဝေမှုနဲ့ န်ိုင်ငံရေးအကျိုးအမြတ်တွေ ထိပ်တိုက်တွေ့ချိန်မှာ ဖြစ်လေ့ ရှိပါတယ်။ စီးပွားရေး၊ ငွေရေးကြေးရေးဆိုင်ရာ အကျိုးအမြတ်တွေ ညိစွန်းတာမျိုး ဖြစ်တဲ့အခါမှာ စီးပွားရေးပဋိပက္ခတွေ ဖြစ်တတ်ပြီး ကိုယ်နေထိုင်ရာ ဂေဟစနစ်ထဲမှာ မတူကွဲပြားတာတွေ များရင် ဂေဟဗေဒပဋိပက္ခတွေ ဖြစ်ပေါ် နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ပဋိပက္ခဖြစ်ရခြင်းအကြောင်းအရာတွေကို နားလည်ပြီး ပဋိပက္ခတွေကို အမျိုးအစား ခွဲခြားတတ်သွားနိုင်လိမ့်မယ် လို့ ယူဆပါတယ်။ 

ဖြစ်ရပ်ဖြင့်လေ့လာခြင်း။

အရှေ့လိမ္မော်ရွာ နဲ့ အနောက်လိမ္မော်ရွာ ဘေးချင်းကပ် ရှိကြတဲ့ ရွာနှစ်ရွာ ဖြစ်ပါတယ်။ နှစ်ရွာစလုံးမှာ လိမ္မော်ပင်တွေ စိုက်ပါတယ်။ ရွာသားတွေဟာ လိမ္မော်သီးကို ကြိုက်ကြပြီး ရွာသားအချင်းချင်းဟာလည်း မိတ်ဆွေ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်က ပြသနာ ဖြစ်ကြပြီး တစ်ဉီးနှင့်တစ်ဉီး မယုံကြတော့ပါဘူး။

တစ်နေ့တော့ ရွာနှစ်ရွာကြားမှာ အလွန် အလွန်လှပတဲ့ လိမ္မော်သီးကြီးတစ်လုံးကို တွေ့ရပါတယ်။  လိမ္မော်သီးက လှလည်းလှတယ်။ သူတို့စိုက်ထားတဲ့ လိမ္မောသီးတွေနဲ့လည်း တူတဲ့အတွက် နှစ်ရွာစလုံးက လူတွေကလည်း လိုချင်ကြတယ်။ ဒါကြောင့် တစ်ရွာက လူနှစ်ယောက်စီ ထွက်လာပြီး ဒီ လိမ္မော်သီးကို တောင်းဖို့ ထွက်လာကြတယ်။ ရွာတစ်ရွာစီက ရွာသားတွေက ဒီ လိမ္မော်သီးကို သူတို့ကသာ ရသင့်တယ်လို့ တောင်းဆိုကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ထဲမှာတောင် လိမ္မော်သီးကို လိုချင်ရတဲ့ အကြောင်းရင်းက မတူကြပါဘူး။ 

အရှေ့ လိမ္မော်သား နှစ်ယောက်က ဒီ လိမ္မော်သီးကို အရှေ့လိမ္မော်ရွာကပဲ ရသင့်တယ်လို့ တောင်းဆို ပေမယ့် ရွာသားနှစ်ယောက် ကြားမှာလည်း လိုချင်တဲ့ အကြောင်းရင်း အောက်မှာ ပြောသလို မတူကြပါဘူး။

ရွာသား ၁ – ရေဆာလိုက်တာ ။ လိမ္မော်ရည်သောက်ရင် ရေငတ်ပြေမှာပဲ။

ရွာသား ၂ – လိမ္မော်ခွံကို လိုချင်လိုက်တာ။ ဒီလိမ္မော်ခွံနဲ့ သာ ဆေးဖော်ရရင် ရွာထဲမှာ ရှိတဲ့သူတွေကို ဆေးကုပေးနိုင်မယ်။

 အနောက် လိမ္မော်ရွာသား နှစ်ယောာက်မှာလည်း ဒီလိုပါပဲ။ လိမ္မော်သီကို ရချင်တဲ့ အကြောင်းက မတူကြပြန်ပါဘူး။ 

ရွာသား ၁ – ဗိုက်ဆာလိုက်တာ။ ဒီ လိမ္မော်သီးကြီးကိုသာ စားလိုက်ရင် သိပ်အရသာ ရှိမှာပဲ။ တစ်ခြား အစားစာထက် ဒီလိမ္မော်သီးကိုပဲ စားချင်တယ်။

ရွာသား ၂ – ပန်းချီဆရာ ပီပီ ဒီလိမ္မော်သီးကို ရွာကိ ယူသွားပြီး ပုံဆွဲလိုက်ချင်တယ်။ နောက်ဆို ဒီလို လှပတဲ့ လိမ္မော်သီးကို တွေ့ရမှာ မဟုတ်တော့ဘူး။ ပုံဆွဲထားရင် မှတ်တမ်း တင်ပြီးသား ဖြစ်သွားမှာ။ 

ဒီဖြစ်ရပ်ကို သင့်အနေနဲ့ရော မည်သို့သော ရှု့ထောင့်များဖြင့် တွေးခေါ် သုံးသပ်ပြီး ဖြေရှင်းမလဲ။ လူတွေက ဘယ်အုပ်စုက လာတာဖြစ်ဖြစ် သူတို့ရဲ့ လိုအပ်ချက်တွေကို နားထောင်ပေးလိုအပ်ပါတယ်။ သူတို့ အဆင်သင့် ဖြစ်တဲ့အချိန်ကျရင် အားလုံးအတူတကွ အပြန်အလှန် ဆွေးနိုင်ဖို့ စုစည်းပေးရပါမယ်။ ပဋိပက္ခ တွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ ရအောင်လို့ ရပ်ရွာလူထု တည်ဆောက်ခြင်းဆိုတဲ့ အမြင်တွေ ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။