Type:
Fully funded
Description:
ကမ္ဘာအနှံ့က ထူးချွန်တဲ့ ဘွဲ့ကြိုကျောင်းသားတွေအတွက် အမေရိကားမှာ semester တစ်ခုစာ စရိတ်ငြိမ်းသင်ယူလို့ရပြီး အမေရိကန်နိုင်ငံရဲ့ ယဥ်ကျေးမှုတွေ၊ လူမှုအကျိုးပြုဝန်ဆောင်မှုတွေ နဲ့ ပညာရေးနယ်ပယ်ကို ထိတွေ့လေ့လာလို့ရမယ့် scholarshipဖြစ်ပါတယ်။
Duration:
၄လ မှ ၅လ အထိ ကြာမြင့်နိုင်ပါတယ်။
Deadline
ဒီနှစ်အတွက် Application Period ကတော့ November 1 – December 15 ဖြစ်ပါတယ်။
Eligibility:
- ၁၈ နှစ်ကျော်ပြီးသူ ဖြစ်ရပါမယ်။
- UGRADမှာ ပါဝင်တဲ့ နိင်ငံတွေက နိုင်ငံသားတိုင်းလျှောက်လို့ရပါတယ်။ (မြန်မာနိုင်ငံလည်းပါဝင်တဲ့အတွက် မြန်မာနိင်ငံသားတွေ လျှောက်လို့ရပါတယ်။)
- အသိအမှတ်ပြု university တစ်ခုမှာ လက်ရှိ ဘွဲ့ကြိုတတ်ရောက်နေသူဖြစ်ရပါမယ်။
- အထက်တန်းပညာရေး ပြီးမြောက်ထားရပါမယ်။
- Englishလို သေသေချာချာ ရေးနိုင် ပြောနိုင်ရပါမယ်။
- သတ်မှတ်ပေးတဲ့ အချိန်အပိုင်းအခြားမှာ အမေရိကားသို့ လာရောက်ပညာသင်ကြားနိုင်ရပါမယ်။
- Student exchange visa (J-1) ကို လက်ခံထိန်းသိမ်းနိုင်သူ ဖြစ်ရပါမယ်။
- ဆရာဝန်တစ်ဦးဦးမှ ပရိုဂရမ်မှာ ပါဝင်နိုင်ကြောင်း အတည်ပြုပေးနိုင်ရပါမယ်။
- အစီအစဥ်ပြီးဆုံးပြီးနောက် မိမိနိုင်ငံသို့ ပြန်သွားရန် ကတိကဝတ်ပြုရပါမယ်။
Benefits
- ရွေးချယ်ခံရသူတွေကို Programဘက်က လေယာဉ်စရိတ်ကအစ အကုန်အကျခံပေးမှာဖြစ်ပါတယ်။
- အမေရိကန်နိုင်ငံရဲ့ ပညာရေးကို တက္ကသိုလ်တွေမှာ Semester တစ်ခုစာ လေ့လာနိုင်မှာဖြစ်ပါတယ်။
- နိုင်ငံတကာကျောင်းသားတွေနဲ့ Network တစ်ခု တည်ဆောက်နိုင်မှာဖြစ်သလို Professional Development အတွက်လည်း အကျိုးရှိစေမှာပါ။
programအသေးစိတ်ကို အောက်ပါ Linkများတွင် ကြည့်ရှုနိုင်ပါတယ်။
https://exchanges.state.gov/non-us/program/global-undergraduate-exchange-program-global-ugrad