Type:
Fully funded internship
Description:
ဂျပန်နိုင်ငံရှိကျောင်းသားတွေနဲ့ နိုင်ငံတကာကကျောင်းသားတွေအတွက် ဂျပန်နိုင်ငံမှာရှိ Okinawa Institute of Science and Technology (OIST)ရဲ့ ခေတ်မီဓာတ်ခွဲခန်းတွေမှာ သုတေသနပြုလုပ်နိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။ ဒီInternshipမှာဆိုရင် ကျောင်းသားတွေအနေနဲ့ technical skills တွေ၊ သုတေသန လုပ်ငန်းဆောင်တာတွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။
Duration:
2-6 months (Between April 1, 2024- September 30, 2024)
Deadline:
October 15, 2023
Research Areas/Units:
အသေးစိတ်ကို အောက်ပါ link တွင် ကြည့်ရှုနိုင်ပါတယ်။
https://admissions.oist.jp/oist-research-internship-program-description
Eligibility:
- ဘွဲ့ကြိုနောက်ဆုံး၂နှစ်တတ်ရောက်နေသူ သို့မဟုတ် ဘွဲ့လွန်တတ်ရောက်နေသောသူများ လျှောက်ထားနိုင်ပါတယ်။
- မကြာသေးမီကမှ ဘွဲ့ရပြီးသော ကျောင်းသားများလည်း လျှောက်ထားနိုင်ပါတယ်။
- အခုစာရင်းသွင်းထားတဲ့ ကျောင်းသားတွေက လက်ရှိတတ်ရောက်နေတဲ့ ကျောင်းကနေ OIST အလုပ်သင်အတွက် ခွင့်ပြုချက် ရှိရပါမယ်။
- လျှောက်ထားသူများတွေက လျှောက်ထားလိုသော internship နေရာနှင့် ကိုက်ညီသည့် ပညာရပ်ဆိုင်ရာ နောက်ခံ ရှိရမှာ ဖြစ်ပါတယ်။
Requirements:
- ကိုယ်ရေးအကျဉ်း(CV)
- စာလုံးရေ ၄၀၀ပါ Personal Statement
- Academic Transcripts (လိုအပ်ပါက အင်္ဂလိပ်ဘာသာဖြင့်)
- ထောက်ခံစာ(recommendation letter)
- ID ဓာတ်ပုံ
Benefits
- စနေ၊တနင်္နွေနေ့များမှအပ နေ့စဥ်ထောက်ပံ့ကြေး 2400 JPY ရရှိပါမယ်။ (taxable)
- OIST ပြေးဆွဲသည့် ဘတ်စ်ကားလက်မှတ်ကို အခမဲ့ ရရှိပါမယ်။
- အသွားအပြန် လေယာဉ်လက်မှတ် အတွက် ကျခံပေးပါမယ်။
- ကျောင်းဝင်းအတွင်း သို့မဟုတ် ပြင်ပတွင် ပရိဘောဂအပြည့်အစုံဖြင့် တိုက်ခန်းများကို ရရှိမှာ ဖြစ်ပါတယ်။
- OIST သည် ဗီဇာဝယ်ယူမှုများ၊ အာမခံလုပ်ထုံးလုပ်နည်းများနှင့် ဒေသဆိုင်ရာမှတ်ပုံတင်ခြင်းများတွင်လည်း ကူညီပေးသွားမှာဖြစ်ပါတယ်။
How to apply:
လျှောက်ထားရမည့်ပုံစံအသေးစိတ်ကို အောက်ပါ Link တွေမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://admissions.oist.jp/apply-research-internship
https://admissions.oist.jp/oist-research-internship-program-description