July 2023

ပုံစံ (၅) မျိုးအ​ကြောင်း အသေးစိတ် 💡

ပဋိပက္ခသည် လူအများကြားတွင် လူတို့ကို ထိခိုက်နစ်နာစေသော ကွာခြားချက်များ ဖြစ်ပါသည်။ ပဋိပက္ခသည် ရောဂါနဲ့ တူပါသည်။ လူတို့၏ တစ်နေ့တာဘဝတွင် ဒုက္ခရောက်စေပါသည်။ ထို့ကြောင့် ပဋိပက္ခသည် ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများကို လူတို့၏ ထိခိုက် နစ်နာမှုများ၊ ခံစားမှုများကို ကာကွယ် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။  ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံ(၅)မျိုးကို ပဋိပက္ခ တစ်ခု ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ ဒီပုံစံ(၅)မျိုးလုံးကို တစ်ပြိုင်တည်းသုံးပြီး ဖြေရှင်းလို့ မရနိုင်ပါ။ ထို့အတွက် ပဋိပက္ခ တစ်ခု ဖြေရှင်းရန် နည်းလမ်းအသစ် ၊ ပုံစံအသစ်များကို စဉ်းစားရမည်ဖြစ်ပါတယ်။ ဖြစ်လာတဲ့ ပြဿနာ ပေါ်မူတည်ပြီး အကောင်းဆုံး  ဖြစ်မယ့် ဖြေရှင်းနည်းကို ရွေးချယ် အသုံးပြု တတ်ဖို့လိုပါတယ်။ ကိစ္စတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတတ်တာမို့ ပုံစံ(၅)မျိုးရဲ့ အားသာချက်၊ အားနည်းချက်တွေကို […]

ပုံစံ (၅) မျိုးအ​ကြောင်း အသေးစိတ် 💡 Read More »

အငြင်းပွားမှုနဲ့ အငြင်းပွားမှုကို ကိုင်တွယ်ဖို့ ပုံစံ(၅) မျိုး📑

လူရယ်လို့ဖြစ်လာတာနဲ့ နေ့စဉ်ဘဝမှာ မလွဲမသွေကြုံတွေ့ရမှာတော့ ပဋိပက္ခဖြစ်ပါတယ်။  ဒါပေမယ့်  ပဋိပက္ခဆိုတာနဲ့ အမြဲတမ်းအဆိုးကြီးလို့ပဲ တွေးလို့မရပါဘူးနော်။  ဘာလို့လဲဆိုတော့ အဲ့ဒီပဋိပက္ခတွေထဲမှာ တချို့ပဋိပက္ခတွေဟာ ကိုယ်တိုင် ကိုင်တွယ်တတ်ရင် အခွင့်အလမ်းတွေ ပေးစွမ်းနိုင်တဲ့ အပြုသဘောဆောင်တဲ့ ပဋိပက္ခတွေ အဖြစ်ရှိနေတတ်ပေမယ့် တချို့ကျပြန်တော့ အင်မတန်ပြင်းထန်လာပြီး ဆိုးကျိုးတွေပဲပေးတဲ့ ပဋိပက္ခတွေလည်းရှိတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် လူသားတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုအရပဲ ကြုံနေရတဲ့ ပဋိပက္ခတွေရဲ့နောက်ဆုံးရလဒ်က ထွက်လာရတာ ဖြစ်ပါတယ်။ ပဋိပက္ခ တစ်ခုမှာ လူတစ်ဦးက အပြုမူဆိုင်ရာ တစ်ခုခုကို ပြုလုပ်ခြင်းက အကြောင်းရင်းတစ်ခုခု ရှိကြောင်းကို ပြန်လည် သုံးသပ်ခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ တုံ့ပြန်မှု အနေထားပေါ် မူတည်ပြီး မေးသင့်တဲ့ မေးခွန်းတွေကတော့  ပဋိပက္ခ တစ်နည်းအားဖြင့် အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ချဉ်းကပ်နည်း(၅)မျိုးရှိပါတယ်။ မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း(Competing)

အငြင်းပွားမှုနဲ့ အငြင်းပွားမှုကို ကိုင်တွယ်ဖို့ ပုံစံ(၅) မျိုး📑 Read More »

ပဋိပက္ခတွေကိုကိုင်တွယ် ဖြေရှင်းနည်း🛣

လူမှုအသိုင်းအဝိုင်းနဲ့ နေရတာနဲ့အမျှ၊ လူတွေနဲ့ဆက်ဆံရသမျှ ကျွန်တော်တို့ဟာ တစ်နေ့မဟုတ်တစ်နေ့ ပဋိပက္ခဖြေရှင်းနည်းတွေ လိုအပ်လာ‌နေဦးမှာဖြစ်ပါ တယ်။ ဒါကြောင့် ပဋိပက္ခဖြေရှင်းဖို့ နည်းလမ်းကောင်းတွေကို သိထားဖို့က အရေးကြီးပါတယ်။ ပဋိပက္ခ ဖြေရှင်းဖို့နည်းလမ်းကောင်းဆိုတာ သဘောမတူညီမှုတွေများစွာထဲကမှ နှစ်ဖက်လုံးက ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်မယ့် သဘောတူမှုကို ရှာဖွေနိုင်ခြင်းဟာဆိုရင်  ပဋိပက္ခဖြေရှင်းနိုင်ရန် နည်းလမ်း ကောင်းလို့ခေါ်လို့ရပါတယ်။ သဘောမတူညီမှုဆိုတာဟာ ကိုယ်ရေးကိုယ်တာကိစ္စ၊ ငွေရေးကြေးရေး၊ နိုင်ငံရေး၊ စိတ်ခံစားချက်စတဲ့ ကိစ္စများစွာ ဖြစ်နိုင်ပါတယ်။ ဒီလိုမတူညီတဲ့ သဘောမတူညီမှု၊ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းက စေ့စပ်ညှိနှိုင်းရေးပဲ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရမယ်ဆိုတာ သိရုံနဲ့ ပဋိပက္ခ‌တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မဟုတ်ပဲ ပဋိပက္ခတွေကို အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်ဖို့ဆိုရင်  ကျွနိုပ်တို့မှာ တစ်ချို့အရည်အချင်း တွေကိုလည်းမြှင့်တင် ထားဖို့လိုပါတယ်။  á€Ľá€•á€™á€Ź- 1. လူမှုဆက်ဆံရေးကောင်းမွန်မှု (communication skill) 2.

ပဋိပက္ခတွေကိုကိုင်တွယ် ဖြေရှင်းနည်း🛣 Read More »

ပဋိပက္ခ၏ အဓိပ္ပာယ် နှင့် ပဋိပက္ခ ဖြစ်စေတဲ့ အရာများ

ပဋိပက္ခ၏ အဓိပ္ပာယ် ပဋိပက္ခဆိုသည်မှာ နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော လူများ၊ အုပ်စုများအကြား မိမိတို့၏ ရည်မှန်းချက်ကိုယ်စီကို ပြည့်ဝစေရန်ကြိုးပမ်းနေကြခြင်းဖြစ်ပြီး၊ အပြန်အလှန်ဆက်နွယ်နေသည့် လူမှုဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သို့သော် နှစ်ဖက်စလုံးသည် မိမိတို့၏ရည်မှန်းချက်များဆီသို့ မရောက်နိုင်ဖြစ်နေကြသည်။ အကြောင်းမှာ တစ်ဖက်၏ ရည်မှန်းချက်ပြည့်မီရန် လုပ်ဆောင်မှုသည် တခြားတစ်ဖက်၏ ကြိုးပမ်းမှုလမ်းကြောင်းအတွက် အတားအဆီးသဖွယ် ဖြစ်နေသည်ဟု ရှုမြင်ကြခြင်းကြောင့်ဖြစ်ပါသည်။ ရိုးရှင်း လွယ်ကူသောနည်းဖြင့် ဆိုရလျှင် နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော လူများ၊ အုပ်စုများအကြား ဆန့်ကျင်ဘက်ဝိရောဓိများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး တစ်ဖက်စီမှ မိမိတို့၏ရည်မှန်းချက်များပြည့်ဝစေရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအယူအဆ (၄) ခုပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။ ပဋိပက္ခအယူအဆများ။ ဘယ်လိုအချိန်မှာ ပဋိပက္ခတွေ ဖြစ်တတ်ပါသလဲ။  အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ လူနှစ်ဦး (သို့မဟုတ်) လူအုပ်စု နှစ်စုဟာ သူတို့ဆီမှာ ကွဲပြားနေတဲ့

ပဋိပက္ခ၏ အဓိပ္ပာယ် နှင့် ပဋိပက္ခ ဖြစ်စေတဲ့ အရာများ Read More »

Parami University Undergraduate Programs

Type : Undergraduate Programs Description : ပါရမီတက္ကသိုလ် ကနေ ဒီနှစ်အတွက် နောက်ဆုံးအကြိမ် လျှောက်လွှာခေါ်ယူနေတဲ့ Undergraduate Program ဖြစ်ပါတယ်။ ပါရမီတက္ကသိုလ်ဟာ District of Columbia Higher Education Licensure Commission ကနေ License ရရှိထားတဲ့ US အစိုးရအသိအမှတ်ပြုတက္ကသိုလ် တခုဖြစ်ပြီး US က Bard College နဲ့ Partner တက္ကသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Undergraduate Program မှာဆိုရင် BA from Parami University (USA) နဲ့ BA from Bard College (USA) ဆိုပြီး Double Degree ရနိုင်မယ့်

Parami University Undergraduate Programs Read More Âť

ဆုံးဖြတ်ချက်ချခြင်းစွမ်းရည် 💪

ဆုံးဖြတ်ချက်တွေသည် ဖွဲ့စည်းခြင်း၊ ၊ ဦးဆောင်ခြင်းနှင့် ထိန်းချုပ်ခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက် အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဆုံးဖြတ်ချက် ချက်ရတဲ့ အခါတွင် များသောအားဖြင့် အစီအစဉ်ဆွဲခြင်း ဆိုင်ရာ လုပ်ဆောင်ချက်များနှင် ဆက်စပ်နေသောကြောင့်  ၎င်းသည် အစီအစဉ်ဆွဲခြင်းဆိုင်ရာ လုပ်ငန်းများအတွက်  အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုပဲဖြစ်ပါတယ်။  ဆုံးဖြတ်ချက်ချခြင်းကို တိကျခိုင်မာမှုရှိတဲ့ အရာများစွာမှ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခုကို ရွေးချယ်သည့် လုပ်ဆောင်ချက် တစ်ခုလို့ ခေါ်ဆိုပါသည်။ ဆုံးဖြတ်ချက် ချနိုင်ခြင်း စွမ်းရည်ဆိုတာဘာလဲ။  ဆုံးဖြတ်ချက် ချနိုင်ခြင်းစွမ်းရည်သည် အခြေခံကျတဲ့  လိုအပ်ချက်များကို နားလည်နိုင်ပြီး နှိုင်းယှဉ်နိုင်သော ရွေးချယ်မှုများကို အကဲဖြတ်ရန်နှင့် အကောင်းဆုံးရွေးချယ်မှုတစ်ခုသို့ ကျဉ်းမြောင်းသည့်စွမ်းရည်ဖြစ်သည်။  ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်သည် သုတေသနပြုခြင်း၊ စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပဓာန

ဆုံးဖြတ်ချက်ချခြင်းစွမ်းရည် 💪 Read More »

လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်များ🖇️

အလုပ်ကျင့်ဝတ်ဆိုတာ ဘာလဲ။ အလုပ်ကျင့်ဝတ်ဆိုတာ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ချက်တွေ၊ လုပ်ရှားမှုတွေအပေါ် လက်ခံနိုင်ခြင်းရှိမရှိ နဲ့ ယုံကြည်ချက်တွေရဲ့ စံသတ်မှတ်ချက်များကို ဆိုလိုပါတယ်။ အလုပ်ကျင့်ဝတ်က ကောင်းမွန်ခိုင်မာတဲ့ ကျင့်ဝတ်များ ရှိသလို အားနည်းတဲ့ ကျင့်ဝတ်များလည်း ရှိပါတယ်။ ကောင်းမွန်တဲ့ အလုပ်ကျင့်ဝတ်တွေက ဝန်ထမ်းများရဲ့ စရိုက်လက္ခဏာများကို ထိန်းညှိ့ပေးတဲ့အပြင် ကုမ္ပဏီရဲ့ ယဥ်ကျေးမှုနဲ့အတူ ကိုယ်ပိုင်အမြင်၊ စိတ်အားထက်သန်မှုတွေကိုပါ လှုံဆော်ပေးပါတယ်။ ကောင်းမွန်ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေက လုပ်ငန်းခွင်အတွင်း အလုပ်ပြီးမြောက်ဖို့အတွက် ရည်မှန်းချက်များ ရှိကြပြီး အဲ့ဒီရည်မှန်းချက်များပြီးမြောက်အောင် မိမိကိုယ်ကို အလုပ်ကျင့်ဝတ်များနဲ့အတူ ထိန်းကျောင်းပြီး ကိုင်တွယ် လုပ်ဆောင်ကြပါတယ်။  များသောအားဖြင့် ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေကို ချီးကျူးစကားများနဲ့ စံပြဝန်ထမ်းအဖြစ် ‌ဖော်ပြကြတာကြောင့် လုပ်ငန်းအပေါ် တစ်ခုပြီးတစ်ခု အောင်မြင်အောင် တွန်းအားပေးပါတယ်။ အလုပ်ကျင့်ဝတ်က လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တနဲ့ စရိုက်လက္ခဏာများအပေါ် မူတည်တာကြောင့်

လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်များ🖇️ Read More »

လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်းစွမ်းရည် 🙆‍♀️

သင့်ကို လုပ်ငန်းဆိုင်ပိုင်းရာ ကျွမ်းကျင်သူတစ်ဦးအဖြစ် ရှိလာစေနိုင်တဲ့ အဓိကအချက်ကတော့ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်အပေါ် လိုက်လျောညီထွေမှုရှိရှိနဲ့ အလုပ်လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ လိုက်လျောညီထွေမှုရှိအောင် နေထိုင်နိုင်ခြင်းက ပွင့်လင်းပြီး သင်ယူမှုအသစ်များ နဲ့ စိန်ခေါ်မှုအသစ်တွေကို လက်ခံလာနိုင်စေပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ လူအများနဲ့အတူ လိုက်လျောညီ​ထွေဖြစ်အောင်  စနစ်တကျ ကြိုးစားလုပ်ဆောင်ခြင်းက  လူအချင်းချင်းကြား ပြောဆိုဆက်သွယ်ရေး နဲ့ လူမှုရေးရာ ကျွမ်းကျင်မှုတွေ ရှိလာနိုင်သလို soft skills မှာလည်း တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။  ဒီသင်ခန်းစာမှာတော့ လိုက်လျောညီထွေမှုဆိုတာ ဘာလဲ၊ လိုက်လျောညီထွေမှု ရှိလာအောင် မြှင့်တင်တဲ့ နည်းလမ်းတွေနဲ့ စွမ်းရည်တွေကို လေ့လာသွားရမှာ ဖြစ်ပါတယ်။ လိုက်လျောညီထွေမှုဆိုတာ ဘာလဲ။ လိုက်လျောညီထွေမှုဆိုတာ အများနည်းတူ အတူတကွ နေထိုင်နိုင်ခြင်း၊ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေ၊ အချက်အလက်တွေနဲ့အတူ လိုက်လျောညီထွေစွာနဲ့

လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်းစွမ်းရည် 🙆‍♀️ Read More »

ညှိနှိုင်းဆောင်ရွက်ခြင်းစွမ်းရည်🤝

ညှိနှိုင်းရေး မစတင်မှီ လုပ်ဆောင်ထားသင့်သော အရာများ ညှိနှိုင်းရေးမစတင်မှီလုပ်ဆောင်ရမည့် အရာများမှာ – ကိုယ်လက်ရှိ ပါဝင်ဆောင်ရွက်ရမည့် အနေအထားကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ မိမိ တဦးတည်းအတွက်သော်လည်းကောင်း၊ မိမိ၏မိသားစု (ဒါမှမဟုတ်) မိမိရပ်ကွက်အတွက် ကိုယ်စားသွားပြီး ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေး နည်းလမ်း ကိုသုံးရမယ်။ အငြင်းပွားနေသူများမှ နှစ်ဖက်သဘောတူ မိမိထံလာရောက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုလာပါက၊ အငြင်းပွားနေသူတစ်ဖက်ဖက်က တောင်းဆိုလာပါက မိမိအနေဖြင့် လူနှစ်ဦးကြား၊ မိသားစု နှစ်စုကြား (ဒါမှမဟုတ်) ရပ်ကွက် နှစ်ခုကြားကို ညှိနှိုင်းပေးရမယ်ဆိုရင်တော့ ကြားဝင်ဖျန်ဖြေရေး နည်းလမ်းကို သုံးရမှာဖြစ်ပါတယ်။ အငြင်းပွားနေသူများမှ နှစ်ဖက်မှသဘောတူညီမှုယူပြီး သူတို့ရဲ့ ပြဿနာကို သင့်အနေနဲ့ ဆုံးဖြတ်ချက်ချ ပေးဖို့ တောင်းဆိုလာရင်တော့ ခုံသမာဓိ နည်းလမ်း ကို အသုံးပြုရမှာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ ပဋိပက္ခဖြေရှင်းနည်းများထဲကမှ စေ့စပ်ညှိနှိုင်းမှုနည်းနဲ့

ညှိနှိုင်းဆောင်ရွက်ခြင်းစွမ်းရည်🤝 Read More »

ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်း💭

အရှေ့ကသင်ခန်းစာတွေမှာစေ့စပ်ညှိနှိုင်းခြင်းရဲ့အဓိကအင်္ဂါရပ်တွေကိုလည်းလေ့လာပြီးသွားပြီ။ စေ့စပ်ညှိနှိုင်းတဲ့အခါဘယ်လိုအရာတွေကကြိုပြင်ဆင်ထားရမယ်၊ ဘယ်လိုအချက်တွေကိုသတိထားရမယ်ဆိုတာ လေ့လာပြီးသွားပြီဆိုတော့ အခုဒီတစ်ခါတော့ “ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတဲ့အကြောင်းကိုလေ့လာကြရအောင်ပါ​။  သူငယ်ချင်းတို့အနေနဲ့ “ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတာ ဘယ်လိုနားလည်ကြလဲ​။ “ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့အခါ ကိုယ်ကိုင်စွဲထားတဲ့ သတ်မှတ်ချက်၊ ရပ်တည်ချက်တစ်ခုကိုပဲ အလေးပေးညှိနှိုင်းတာမျိုးကိုခေါ်ဆိုပါတယ်။  ဥပမာပေးရမယ်ဆိုရင် သံပယိုသီးတစ်လုံးရှိတယ်ဆိုပါစို့။ 🍋 အဲ့ဒီသံပယိုသီးကို ညီမနှစ်ယောက်ကလိုချင်နေကြတယ်။ ဒါပေမယ့်ခက်တာက လိုချင်တဲ့သူကနှစ်ယောက်၊ သံပယိုသီးကတစ်လုံးပဲရှိတယ်။ ဆိုတော့ “လိုချင်တယ်”ဆိုတဲ့ရပ်တည်ချက်တစ်ခုကိုပဲ ဦးစားပေးညှိနှိုင်းမယ်ဆိုရင် သံပယိုသီးတစ်လုံးကို ညီအစ်မနှစ်ယောက် တစ်ခြမ်းစီခွဲ‌ကြမလား ဒါမှမဟုတ် ဒီတစ်ခါတော့အရင်တွေ့တဲ့သူဖြစ်ဖြစ်၊ အကြီးမကိုဦးစား‌ပေး ပေးလိုက်တာပဲဖြစ်ဖြစ် ဆုံးဖြတ်လိုက်ပြီး နောက်တစ်ခါမှ နောက်တစ်ယောက်ကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်တာမျိုးတွေ ရှိရတော့မှာပါ။ အဲ့ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက်ခြိမ်းခြောက်တာတွေရှိလာရင် ပြဿနာ‌ပဲဖြစ်လာပြီး စေ့စပ်ညှိနှိုင်းတာကအလုပ်မဖြစ်တော့ဘူးပေါ့။ အဲ့လိုဆုံးဖြတ်မှုတွေမှာတော့    အဝေတည့်သွားတာလည်းရှိသလို၊ တစ်ယောက်နဲ့တစ်ယောက်ပြဿနာဖြစ်ပြီးဆွေးနွေးညှိနှိုင်းတာအဆင်မပြေတာမျိုးလည်းရှိမှာအသေအချာပါပဲ။ အခု ကျွန်တော်ပြောသွားတဲ့ ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်းအကြောင်းကို နားလည်မယ်လို့ယုံကြည်ပါတယ်​။

ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်း💭 Read More »