ဆက်သွယ်ရေး၊ ဆက်ဆံရေး🤝
🤙 ဆက်သွယ်ရေး တစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးညှိနှိုင်းမှုမလုပ်ခင် ဒါမှမဟုတ် ဆွေးနွေးနေတဲ့အတောအတွင်း အရေးကြီးတာကဘာများဖြစ်မယ်လို့ထင်ပါသလဲ။❓ တစ်ယောက်ယောက်နဲ့ ညှိနှိုင်းဖို့ဆိုရင် သူနဲ့သေချာပေါက် စကားပြောဆိုဆက်သွယ်ရမယ် မဟုတ်ပါလား။ အဲ့ဒီလိုတစ်ဖက်လူကို ဆက်သွယ်ပြောဆိုဖို့အတွက်ဆိုရင် ကိုယ်ကသူ့ယုံကြည်မှုကိုအရင်ရအောင်လုပ်ရပါမယ်။ အဲ့ဒီတော့သူ့ကို ပွင့်ပွင့်လင်းလင်းစကားပြောတာ၊ သူနဲ့စကားပြောရင် သူချင်းစာစိတ် ကိုယ်ချင်းစာစိတ်တွေနဲ့ စကားပြောပေးတာအပြင်၊ သူ့ကိုလေးစားသမှုပြပြီး အပြုသဘောဆောင်တဲ့ မေးခွန်းမေးတာမျိုးတွေလည်း လုပ်သင့်ပါတယ်။ နောက်ပြီး ကိုယ်ကသူနဲ့ ဆွေးနွေးချင်တယ်ဆိုရင် သင့်တော်တဲ့ အခြေအနေအချိန်အခါဟုတ်မဟုတ်ကိုလည်း အမြဲချင့်ချိန်စဉ်းစားတတ်ရပါမယ်။ အကောင်းဆုံးကတော့ တစ်ဖက်လူနဲ့ဆက်သွယ်စကားပြောတဲ့အခါ ကိုယ်က အပြုသဘောဆောင်တဲ့သူဖြစ်နေဖို့ပါပဲ။ ဒီအချက်တွေကတော့ ဆွေးနွေးညှိနှိုင်းမှုမလုပ်ခင်မှာပဲဖြစ်ဖြစ် လုပ်နေစဉ်အတွင်းမှာပဲဖြစ်ဖြစ် အပြုသဘောဆောင်ပြီး ရလဒ်ကောင်းတဲ့ ဆွေးနွေးညှိနှိုင်းမှုရအောင် တွန်းအားပေးစေတဲ့ အပြုအမူလေးတွေပဲဖြစ်ပါတယ်။ ဒီတော့ ဆွေးနွေးညှိနှိုင်းဖို့ဆက်သွယ်ပြောဆိုတဲ့အခါ အဓိကပါဝင်ထည့်သွင်းစဉ်းစားရမယ့် အချက်က လေးချက်ရှိပါတယ်။ တစ်နည်းအားဖြင့် 4P လို့ခေါ်ပါတယ်။ ဒါဆို 4P ကဘာတွေဖြစ်မလဲ❓ 1️⃣ ရည်ရွယ်ချက် […]
ဆက်သွယ်ရေး၊ ဆက်ဆံရေး🤝 Read More »