Wellbeing ကျန်းမာပျော်ရွင်ခြင်း။ 🚶‍♀️

စာဖတ်ရန်ကြာချိန်  ၅ မိနစ်

စိတ်ကျန်းမာရေး ဆိုတာဘာလဲ။

စိတ်ကျန်းမာရေး Mental Health ဆိုသည်မှာ စိတ်၏ ကျန်းမာခြင်း ၊ ချမ်းသာခြင်းတွေနဲ့ အတူ ရှင်သန်နိုင်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်က စိတ်ကျန်းမာရေး ကောင်းမွန်မည်ဆိုပါက မိမိရဲ့ စွမ်းဆောင်နိုင်ရည်ကို သိရှိနားလည်ခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ မိမိရဲ့ ပင်ကိုယ် စွမ်းရည်ကို အခြေခံပြီး မိမိ လုပ်နိုင်တဲ့ အရာများနဲ့ မလုပ်နိုင်တ့ အရာတွေ ရှိပါတယ်။  ဒီအချက်တွေကို  ကောင်းမွန်စွာ သိရှိနားလည် လက်ခံနိုင်တဲ့ စိတ်စွမ်းရည် ရှိမည်ဆိုပါက ထိုသူသည် စိတ်ကျန်းမာရေး ကောင်းမွန်တဲ့ သူလို့ သတ်မှတ်လို့ရပါတယ်။  ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ဖြစ်တဲ့ WHO မှ အောက်ပါအချက် ၄ ချက်နဲ့ ဆွေးနွေးထားပါတယ်။ 

⁃ မိမိ၏စွမ်းဆောင်ရည်ကို သိရှိနားလည်ခြင်း။

⁃ ပုံမှန်ဖိအားများကို ကျော်လွှားနိုင်ခြင်း။

⁃ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း။

⁃ ပုံမှန်လူမှုဆက်ဆံရေးရှိခြင်း

မိမိ၏စွမ်းဆောင်ရည်ကို သိရှိနားလည်ခြင်း။

လူတိုင်းမှာ မိမိ လုပ်နိုင်တာ မလုပ်နိုင် တာ ဆိုပြီး ကန့်သတ်ချက်တွေရှိပါတယ်။ ဒီလို ကန့်သတ်ချက်တွေကို မိမိကိုယ်တိုင် နားလည်လက်ခံတတ်ပြီး မိမိကိုယ်ကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ ဥပမာ။ နီနီဆိုတဲ့ ကောင်မလေးက စာသင်ရတဲ့နေရာ အလွန်တော်ပြီး သီချင်းဆိုတဲ့ နေရာ မတော်ဘူးဆိုတာ နီနီကိုယ်တိုင်က သူမကိုယ်တိုင် နားလည် လက်ခံနိုင်မယ်ဆိုရင် သူမ လုပ်နိုင်တဲ့ စာသင်ခြင်းကိုပဲ အာရုံစိူက်ပြီး ပျော်ရွင်စွာ လုပ်ဆောင်နိုင်ခြင်းက နီနီရဲ့ စိတ်ကျန်းမာရေးက ကောင်းမွန်တယ်လို့ ဆိုလိုနိုင်ပါတယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင် ကိုယ့်ကိုကိုယ် အပြည့်ဝ နားလည်နိုင်ခြင်းပဲဖြစ်ပါတယ်။

ပုံမှန်ဖိအားများကို ကျော်လွှားနိုင်ခြင်း။

လူမှုပတ်ဝန်းကျင်ရှင်သန်ရတဲ့ လူသားတွေအတွက် ပုံမှန် လူမှုအသိုင်းဝိုင်းမှ ပေးတဲ့ ဖိအားတွေက ရှိနေစမြဲဖြစ်ပါတယ်။ ဒီလို ပုံမှန် ဖိအားတွေကို ကောင်းမွန်စွာ ကျော်လွှားနိုင်မယ်ဆိုရင် စိတ်ကျန်းမာရေး ကောင်းမွန်တယ်လို့ ယူဆိုလို့ရပါတယ်။ ပုံမှန်ဖိအားတွေဆိုတာက ဥပမာ – မောင်မောင်က မနက်မိုးလင်းကနေ မိုးချုပ်ထိ အလုပ်လုပ်တဲ့ အခါမှာ အလုပ်မှ နေ့စဉ်ရရှိနိုင်တဲ့ ဖိအားများတွေဖြစ်တဲ့ ရုံးသွားချိန် ကားလမ်းပိတ်ခြင်း၊ ရုံးမှာ ရှိတဲ့ ပြသနာ တစ်ချို့ကို  ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခြင်းပဲဖြစ်ပါတယ်။

ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း။ 💪

မိမိနေ့စဉ် လုပ်ဆောင်တဲ့ အလုပ်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းကလည်း  စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဉပမာ အလုပ်ဆိုတဲ့အရာ ပြင်ပ အလုပ် တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပဲ အိမ်ရှင်မ တစ်ယောက်ဆိုလည်း အိမ်မှုကိစ္စ များကို ကိုယ်လုပ်နေကျ အတိုင်း ပုံမှန် လုပ်ဆောင်နိုင်ခြင်း ၊ ကျောင်းသား ကျောင်းသူဆိုလည်း ကျောင်းစာတွေကို လိုက်နိုင်ခြင်း၊ လုပ်ငန်းခွင်မှာ လုပ်နေတဲ့သူဆိုလည်း လုပ်ငန်းခွင်ရဲ့ ဖိအားတွေကို  ခံနိုင်ရည်ရှိပြီး ကောင်းမွန်စွာကိုင်တွယ်နိုင်ခြင်း စတဲ့ မိမိ တာဝန်ယူထားတဲ့ အလုပ်တွေကို ပျော်ရွင်စွာ လုပ်ဆောင်န်ုင်ခြင်းတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

ပုံမှန် လူမှုဆက်ဆံရေးရှိခြင်း။ 👩🏽‍🤝‍👩🏾

ပုံမှန်လူမှုဆက်ဆံရေး ရှိတယ်ဆိုသည်မှာ လူတိုင်းနဲ့ အဆင်ပြေတယ်လို့ သတ်ခြင်းမဟုတ်ပဲ နေ့စဉ်နှင့်အမျှ ထိတွေ့ဆက်ဆံရတဲ့ လူမှုအသိုင်းဝိုင်းလေးတစ်ခုကို ရည်ညွှန်းပါတယ်။ ဥပမာ၊ မိမိ မိသားစု ၊ လုပ်ဖော်ကိုင်ဖက်၊ ကျောင်းသား ကျောင်းသူ ဆိုလည်း မိမိရဲ့ အတန်းဖော် သူငယ်ချင်းများ စသည့် လူများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိခြင်းကို ဆိုလိုပါတယ်။ ဒီလို လူတွေနဲ့ ပုံမှန်လူမှုဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားမယ်ဆိုရင် လူတစ်ယောက်က စိတ်ကျန်းမာရေး ကောင်းမွန်တယ်လို့ သတ်မှတ်လို့ရပါတယ်။

ကျန်းမာပျော်ရွှင်ခြင်း ဆိုတာဘာလဲ။

“ကျန်းမာပျော်ရွှင်ခြင်း”ဟုဆိုရာတွင် ရောဂါဝေဒနာမရှိရုံမျှမက ရုပ်ပိုင်း၊ စိတ်ခံစားမှုပိုင်း လူမှုဆက်ဆံရေးပိုင်း စိတ်ဝိဥာဉ်ပိုင်းတို့တွင် မျှတစွာရှိပြီး နေကောင်းကျန်းမာခြင်း တွေရှိနေမယ်ဆိုရင် ကျန်းမာပျော်ရွှင် နိုင်မှာ ဖြစ်ပါတယ်။

Bio/PHYSICAL Wellbeing  ရုပ်ပိုင်း ဆိုင်ရာကျန်းမာခြင်း။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းဆိုတာကတော့ နေထိုင်စားသောက်မှုပုံစံ မှန်ကန်ခြင်း၊ စားချိန် အိပ်ချိန်ပုံမှန်ဖြစ်နေခြင်းတွေပဲဖြစ်ပါတယ်။ အာရုံငါးပါးမျှတနေခြင်း ကတော့ အမြင်၊ အကြား၊ အနံ့၊ အရသာ အထိတွေ့  စတဲ့ အချက်တွေ မျှတနေခြင်းကို ဆိုလိုပါတယ်။ ဥပမာ –  ကိုဗစ်ကူးစက်ခံရသူအနေနဲ့ အနံ့ပျောက်ခြင်း၊ အရသာတွေ ခံစားလို့မရတော့ခြင်း၊ စတဲ့ အချက်တွေကို ကြည့်မယ်ဆိုရင် ဒီလူဟာ မကျန်းမာဘူးဆို သိသာထင်ရှားလှပါတယ်။  နောက်တစ်ချက်အနေနဲ့ ဇီဝကမ္မအရ မျှတမှုဆိုသည်မှာ 

  စိတ်ခံစားမှုပိုင်းဆိုင်ရာ – ခန္ဓာကိုယ်အပူချိန် ပုံမှန်ဖြစ်ခြင်း၊ သွေးပေါင်ချိန်မှန်ခြင်း ၊ ဆီးချို၊ သွေးချို စတဲ့အရာတွေက ပုံမှန် ဖြစ်ခြင်းကို ဆိုလိုပါသည်။ 

Psycho/EMOTIONAL  Wellbeing အတွေးများ၊ ခံစားချက်များ ကောင်းမွန်ခြင်း။

လူအများစုက အတွေးရဲ့ ခေါ်ဆောင်မှုနောက်ဆို လိုက်ပါမှုနှုန်းက မြန်ဆန်လျှက်ရှိတယ်။ ဒီလို မြန်ဆန်မှုအပေါ်မှာ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခါမှာ အပြုသဘောဆောင်ခြင်းအတွေးလို့ခေါ်တဲ့ Positive Thinking ပေါ်မှာ အာရုံစိုက်မှု လျော့နည်းသွားတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် အနုတ်လက္ခဏာဆောင်တဲ့ အတွေးတွေ  Negative Thinking တွေများပြီး သံသယတွေ များနေခြင်း၊ အဆိုးမြင်တွေ များနေခြင်း တွေ ဖြစ်နေမယ်ဆိုပါက Emotional Wellbeing မဖြစ်တာလို့ ဆိုနိုင်ပါတယ်။ ခံစားချက်မှာလည်း ဒေါသတွေထွက်နေခြင်း၊ စိတ်ဆိုးခြင်း၊ အမုန်းတရားတွေ များနေခြင်း ကြောင့် အနုလက္ခဏာဆောင်တဲ့ အတွေးတွေ များနေတာခြင်းကလည်း  Emotional Wellbeing မဖြစ်တာလို့ သတ်မှတ်လို့ရပါတယ်။

SOCIAL Wellbeing   လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ကောင်းမွန်ခြင်း။ 

လူမှုဆက်ဆံရေးဆိုင်ရာ ကောင်းမွန်ခြင်းကို သတ်မှတ်ရမည်ဆိုပါက လူတစ်ယောက်က မိမိရဲ့ မိသားစုလို့ခေါ်တဲ့ ဒီလူမှု အသိုင်းဝိုင်းငယ်တစ်ခုနဲ့ ဆက်ဆံရေး ဘယ်လောက်ထိ ကောင်းမွန်တည်ဆောက်ခြင်းက အဓီက ကျမည် ဟု ဆိုလိုပါသည်။၊ ဒီတည်ဆောက်ခြင်းမှတစ်ဆင့် သူငယ်ချင်း မိတ်ဆွေ၊ လုပ်ငန်းခွင်၊ ကျောင်း၊ စတဲ့ လူမှုအသိုင်းအဝန်းတွေနဲ့  သဟဇာတဖြစ်မှုတွေ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။  ကျန်းမာနေတဲ့ လူတစ်ယောက်က ကျန်းမာတဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ 

SPIRITUAL Well Being   စိတ်ဝိဥာဉ်ပိုင်းဆိုင်ရာ ကောင်းမွန်ခြင်း။

စိတ်ဝိဉာဥ်ဆိုင်ရာ ကောင်းမွန်ခြင်းက အထက်ဖော်ပြခဲ့ပြီးတဲ့ ရုပ်ပိုင်း ဆိုင်ရာကျန်းမာခြင်း, အတွေးများ၊ ခံစားချက်များ ကောင်းမွန်ခြင်း။, လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ကောင်းမွန်ခြင်း။ , စတဲ့ အချက်တွေအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ စိတ်ဝိဉာဥ◌်ဆိုင်ရာ ကောင်းမွန်ခြင်းက လူတစ်ယောက်ရဲ့ 

ယုံကြည်ချက်၊ ရုင်သန်မှုဆိုင်ရာ အဓိပ္ပာယ်၊ အကောင်းမြင်စိတ်များစတဲ့ အချက်တွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်၊၊ မိမိ ယုံကြည်ချက်တွေကို ကောင်းမွန်စွာ တည်ဆောက်နိုင်ခြင်း၊ မိမိရှင်သန်နေရတာက အဓိပ္ပာယ်ရှိခြင်း၊ လူတစ်ဦးတစ်ယောက်ပေါ်မှာ အကောင်းမြင်တွေ ထားရှိနိုင်ခြင်းတွေက မိမိရဲ့ စိတ်ဝိဉာဥ◌်ဆိုင်ရာ ကောင်းမွန်ခြင်းတွေက ဖြစ်တည်လာတာဖြစ်ပါတယ်။

BIO-PSYCHO-SOCIAL-SPIRITUAL model 

(Medicines, 2017)

နေ့စဉ်ဘဝမှာ ကျန်းမာ ပျော်ရွှင်အောင် နေထိုင်နည်း နည်းလမ်းကို အောက်ဖော်ပြပါ ဗီဒီယိုလေးကို ဗွီဒီယိုလေးထဲမှာ လေ့လာလိုက်ကြရအောင်။