စိုးရိမ်ကြောင့်ကြခြင်း (Anxiety)

စိုးရိမ်ကြောင့်ကြခြင်းဆိုတာ ဘာလဲ?

စိုးရိမ်ကြောင့်ကြခြင်းဆိုတာ လူတစ်ယောက်ရဲ့စိတ်က ပစ္စုပ္ပန်မှာရှိမနေဘဲ မဖြစ်သေးတဲ့ အနာဂတ်ကိုပဲ လှမ်းပူပန်တာမျိုးဖြစ်နေတတ်တဲ့အခါ စိုးရိမ် ကြောင့်ကြခြင်းတွေ ဖြစ်လာပါတယ်။ ထိုကဲ့သို့ စိုးရိမ်တာတွေက တစ်ရွေ့ရွေ့နဲ့ များလာတဲ့ အခါမှာ မိမိရဲ့ အတွေးတွေကို မထိန်းချုပ်နိုင်မှုတွေ ဖြစ်လာပါတယ်။ ထိုသို့ စိုးရိမ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ ဥပမာ – ရင်ခုန်လာခြင်း၊ လက်တွေ ခြေဖဝါးတွေမှ ချွေးတွေ ထွက်လာခြင်း၊ ဖြစ်လာပါတယ်။ စိုးရိမ်ပူပန်မှုတွေက မကောင်းတဲ့အတွေးများဘက်ကိ  ပိုပြီး စဉ်းစားမိပါတယ်။ လူတိုင်းမှာ စိုးရိမ် ပူပန်မှုတွေ အနည်းနဲ့အများ ရှိကြပေမယ့် Anxiety ဆိုတဲ့ စိုးရိမ်ကြောင့်ကြခြင်းသည် ပူပန်မှုသာမက တစ်ခြားတုံ့ပြန်မှုတွေရှိသလို အတွေးခေါ်တွေကလည်း Negative Thinking ဘက်ရောက်ပြီး အတွေးတွေကို မထိန်းနိုင်တာတွေ ဖြစ်လာပါတယ်။

ဘယ်လို အချိန်မှာ စိုးရိမ် ကြောင့်ကြခြင်း ခံစားရတတ်လဲ။

ဖြစ်စေသော အကြောင်းအရာ ပေါ်မူတည်ပြီး ထိုကိစ္စမတိုင်မီ နှင့် ကြုံတွေ့နေစဉ် စိုးရိမ်ပူပန်ခြင်း လက္ခဏာများကို ပိုခံစားရလေ့ရှိသည်။ 

ဥပမာ – နီနီသည် လူအများရှေ့ စကားပြောတဲ့အခါ နှလုံးခုံ မြန်လာခြင်း၊ ချွေးများထွက်လာခြင်း၊ အသက်ရှုကြပ်လာခြင်း တွေကို နေ့ဉ်အမျှ ပုံမှန်တွေ့ကြုံရတဲ့  စိုးရိမ်မှု ဖြစ်တယ်ဆိုပြီးပဲ မှတ်ယူထားပြီး တစ်ဖြည်းဖြည်းနဲ့ စိုးရိမ်ပူပန်ကြောင့်ကြမှုတွေက ပိုပြီး လာပြားလာပါတယ်။ ထိုသို့များပြာလာမှုတွေ ပြင်းထန်လာတဲ့အခါ အသက်ရှုကြပ်တာတွေ ၊ ခေါင်းအရမ်းကိုက်လာပြီး ပေါက်ထွက်လာမတက် စတဲ့ လက္ခဏာရပ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ 

ဒါ့အပြင် အမျိုးသမီးတွေနဲ့ အမျိုးသားနဲ့ ယှဉ်တဲ့အခါမှာလည်း အမျိုးသမီးတွေက စိုးရိမ်ကြောင့်ကြမှုတွေ ပိုပြီးများပြားတယ်လို့ သိရှိပါတယ်။ 

ဥပမာ – အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် နေထိုင်မှု ပုံစံ ကို နှိုင်းယှဉ်ကြည့်ရအောင်။ အပြင်သွားဖို့အတွက် ယောင်္ကျားလေးတစ်ယောက်အတွက်က ဝတ်စားဆင်ယင်မှုက T- Shirt  မပါရင်တောင် ဒီကောင်လေး  T- Shirt မဝတ်ပဲ သွားနေတယ်လို့ ပတ်ဝန်းကျင်က ဝေဖန်မှုပေးခြင်းတွေ မရှိပါဘူး။ သို့ပေမယ့် အမျိုးသမီးတစ်ယောက်အတွက်ကျ အပြင်ထွက်ဖို့ ဆိုတာထက် အိမ်ထဲနေရင်တောင် ဘယ်အဝတ်စားက အဆင်ပြေနေလဲ အဆင်မပြေနေဘူးလဲဆိုတာကို ပတ်ဝန်းကျင်က သူမအတွက် ဆုံးဖြတ်ချက် ချပေးနေတာ ဖြစ်နေတာကြောင့် အပြင်တစ်ခါ သွားမယ်ဆိုပါက ဘာဝတ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ရတယ်။ မိမိအတွက် သက်တောင့်သက်သာ ဖြစ်စေတဲ့ အဝတ်အစား ဖြစ်နေရင်တောင်မှ ပတ်ဝန်းကျင်က လက်မခံနိုင်တဲ့အဝတ်အစားဖြစ်တဲ့အခါ Anxiety ဖြစ်လာပါတော့တယ်။ ဒီအဝတ်အစား ဝတ်ရင် လူတွေက ငါ့ကို ဘယ်လို ပြောကြမလဲ ၊ ဘယ်သူတွေကို ထိခိုက်သွားနိုင်မလဲ၊ စတဲ့ မကောင်းတဲ့ အတွေးမြင်တွေ က လွှမ်းမိုးလာပါတော့တယ်။ ဒီလို ပေတံမျိုးစုံနဲ့ တိုင်းတာခံရဲ့ နိုင်ငံတော်ကြီးမှာ ရှင်သန်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ အမျိုးသားတွေထက်ပိုများကို မြင်သာလှပါတယ်။

စိုးရိမ်ကြောင့်ကြဖြစ်ရင် ဘယ်လိုတွေ ခံစားရနိုင်မလဲ။

ဂနာမငြိမ်ဖြစ်လာမယ်

နှလုံးခုန်မြန်လာနိုင်တယ်

ရင်တုန်တာတွေဖြစ်လာမယ်

လက်ဖျားခြေဖျားများ အေးစက်ခြင်း

ချွေး/ဇောချွေးပြန်ခြင်းတွေဖြစ်နိုင်တယ်

အာရုံမစိုက်နိုင်ခြင်း

ခေါင်းမူးခြင်း

အိပ်ပျော်ဖို့ခက်တာတွေကြုံလာရမယ်

စိုးရိမ်ကြောင့်ကြမှုကို  ဘယ်လိုလျှော့ချနိုင်မလဲ?

၁။ ဖြစ်မလာသေးတဲ့ကိစ္စရပ်တွေကို တွေးတောခြင်း၊ ပူပန်ခြင်းကို တတ်နိုင်သမျှရှောင်ပါ

၂။ မိမိ၏စိတ်ကို ပစ္စုပ္ပန်တွင်ထားနိုင်အောင်လေ့ကျင့်ပါ။

၃။ တရားထိုင်ခြaင်းကဲ့သို့သော Mindfulness ကျင့်စဉ်များကို သင်ယူလေ့ကျင့်ပါ

၄။ စိုးရိမ်စိတ်ကို ခံစားရချိန်မှာ အသက်ရှုလေ့ကျင့်ခန်း လုပ်ကြည့်ပါ

၅။ စိုးရိမ်မှုကိုဖြစ်စေတဲ့ အရာများကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းနိုင်အောင် ကြိုးစားကြည့်ပါ

၆။ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ်အောင် နေပါ

၇။ အပြုသဘောဆောင်သော အတွေးများဖြင့် မိမိကိုယ်ကို အားပေးပါ

၈။ Self care မိမိကိုယ်ကို ဂရုစိုက်ခြင်း ကို ပိုမိုပြုလုပ်ပါ

စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်ရတာ ခက်ခဲလာမယ်။ လျော့သွား၊ ပျောက်သွားတာမျိုး ရှိမနေဘူး။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာနေပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

စိုးရိမ်ကြောင့်ကြခြင်း ရဲ့ ထိန်းချုပ်နည်းတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။