ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience )

ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) ဆိုတာဘာလဲ။

ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) ဆိုသည်မှာ ကိုယ့်ဘဝတွင်ဖြစ်​ပေါ်လာ​သော ကြီးမားသည့်​​ပြောင်းလဲမှုများ၊ အခက်အခဲစိန်​ခေါ်မှုများ၊ စိတ်ဖိစီးမှုများကို စိတ်အ​ခြေအ​နေ​ကောင်း​မွန်စွာ၊ အပြုအမူ​သင့်​လျော်စွာဖြင့် အလိုက်သင့်စွာရင်ဆိုင်ဖြတ်သန်းနိုင်စွမ်းရှိခြင်း၊ ​ဖြေရှင်းနိုင်စွမ်းရှိခြင်းကို ​​​​ခေါ်ဆိုပါသည်။ 

ကျွန်တော်တို့လူသားတိုင်းသည် ​မွေးဖွားလာသည့်အချိန်မှစ၍ ကြံ့ကြံ့ခံနိုင်စွမ်းအားအနည်းအများဖြင့် ​လောကဓံကို ရင်ဆိုင်ဖြတ်သန်းကာ ရှင်သန်​ကျော်လွားခဲ့ရပါသည်။ လူတိုင်းတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသည့်အ​လျောက် ကြံ့ကြံ့ခံနိုင်စွမ်းလည်းမတူကြပါ။  ​ရှင်သန်ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်အ​ခြေအ​နေ၊ မိသားစု၏ ​ထောက်ပံ့ကာကွယ်​ပေးမှု၊ ကိုယ်ကိုတိုင်၏ ကိုယ်ရည်ကိုယ်​သွေး စသည့်အချက်များ​ကြောင့် ကွဲပြားကြပါသည်​။ ကြံ့ကြံ့ခံနိုင်စွမ်းဆိုသည့် ခိုင်မာ​ထက်သန်သောစိတ်စွမ်းအား၊ ဒုက္ခပြဿနာများနှင့်​ကြုံ​တွေ့တိုင်း ပြန်လည်နာလန်ထူ၊နာလန်ထနိုင်​စေရန် ကူညီ​ပေး​သော ကြံ့ကြံ့ခံနိုင်စွမ်းစိတ်စွမ်းအားမရှိလျှင် ပုံမှန်အသက်ရှင်သန်ဖြတ်သန်းနိုင်ဖို့၊ စိတ်ဖိစီးများကို ကိုင်တွယ်​ဖြေရှင်းနိုင်ဖို့ ခက်ခဲလှပါသည်။ ကြံ့ကြံ့ခံနိုင်စွမ်းရှိသူများမှာမူ ဖြစ်ပျက်လာ​သော အခက်အခဲစိန်​​ခေါ်မှုများကို ရင်ဆိုင်​ဖြေရှင်းရန် အသင့်ရှိ​နေရုံသာမက ယင်းမှ ပြန်လည်ရရှိ​သောသင်ခန်းစာများကို လက်​တွေ့ပြန်လည်အသုံးချနိုင်စွမ်းရှိကြပါသည်။ ​​ဖြေရှင်းနိုင်စွမ်းရှိကြပါသည်။

ကြံ့ကြံ့ခံနိုင်စွမ်း​လျော့နည်း​စေနိုင်​သော အ​ကြောင်းအရင်းများမှာ ​အောက်ပါအတိုင်းဖြစ်၏။ 

( ၁ ) အ​ခြေခံကျ​သော စားဝတ်​နေ​ရေး လုံ​လောက်မှုမရှိခြင်း။ ပုံမှန်ဝင်​ငွေမရှိခြင်း။ ( လူသားတစ်ဦးအဖြစ် ဖြစ်တည်လာလျှင် ကိုယ်ခန္ဓာခွန်အားပြည့်စုံဖို့၊ ကိုယ်ခံအား​ကောင်းမွန်ဖို့၊ အသက်ရှင်​နေထိုင်နိုင်ဖို့ အစာစားသုံးရန် လိုအပ်ပါသည်။ လူမှုဘဝဆက်ဆံ​ရေးတွင် အမြင်တင့်​စေနိုင်ဖို့ အဝတ်အစားများကိုလည်း အမြင်သင့်စွာ ဝတ်ဆင်နိုင်ရန် လိုအပ်ပါသည်။ ထို့​အပြင် စားဝတ်​နေ​ရေးဖူလုံနိုင်ဖို့ လုံ​လောက်​သောအတိုင်းအတာပမာဏတစ်ခုရှိသည့်ဝင်​ငွေရရှိဖို့ရန်လည်း အထူးလိုအပ်ပါသည်။ အကယ်၍ ဤမျှ​လောက် အသက်ရှင်​နေထိုင်နိုင်ဖို့ရန်အတွက် လိုအပ်​သော အ​ခြေခံကျသည့်အရာများမရှိလျှင် ​ကြုံ​တွေ့လာရမည့် အခက်အခဲများအ​ပေါ် ရင်ဆိုင်​ဖြေရှင်းနိုင်ဖို့ ယုံကြည်ချက်​ပျောက်ဆုံး​နေတတ်ပါသည်။ စိတ်အားငယ်​နေတတ်ပါသည်။ တွန့်တို​နေတတ်ပါသည်။ )

( ၂ ) ပဋိပက္ခများ​သော၊ လုံခြုံစိတ်ချမှုမရှိ​သော ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြားတွင် ကြီးပြင်းလာရခြင်း။ ( အထူးသဖြင့် ဤသို့ ဖြစ်​​​​​​လေ့ဖြစ်ထရှိ​သော ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြားတွင် ကြီးပြင်းလာရသည့်က​လေးငယ်များသည့် ကြံ့ကြံ့ခံနိုင်စွမ်းနည်း​နေကြသည်ကို ​တွေ့ရှိရပါသည်။ က​လေးငယ်များ၏ စိတ်ထားသည်လူကြီးများနှင့် မတူဘဲနုနယ်ကြပါသည်။ ပုံသွင်းလွယ်ကြပါသည်။ စူးစမ်းမှုလိုစိတ်ရှိပြီး အတုယူလွယ်တတ်ကြပါသည်။ မှီခိုလိုစိတ်ရှိကြသည်။ အားကိုးလိုစိတ်ရှိကြသည်။ စိတ်အနာတရရလျှင်လည်း ကြီးပြင်းလာသည့်တိုင်​အောင် မ​ပျောက်ပျက်ဘဲ ကာလကြာမြင့်စွာ နာကျင်​ခံစား​နေတတ်ကြပါသည်။ ထို့​ကြောင့်ပြင်ပမှ နာကျင်ဖွယ်​ကောင်း​သော ဖြစ်ရပ်များ က​လေးများအ​ပေါ် မလွမ်းမိုးမိ​စေရန် သတိထားကာ ပြုမူသင့်သည်။ လုံခြုံမှု​ပေးသင့်သည်။   ချစ်ခြင်းတရားများ ​ပေးသင့်ပါသည်။)

( ၃ ) ကိုယ်တန်ဖိုးထား​ရသော၊ ကိုယ့်ကိုခွန်အား​ပေး​တတ်​သော၊ ကိုယ်ချစ်ခင်မြတ်နိုးရ​သောသူ ( မိသားစုအသိုင်းအဝိုင်းများ ) ဆုံးရှုံးသွားရခြင်း။ ( ဤဖြစ်ရပ်ကိုကြုံ​တွေ့ရ​သောသူများသည် ဆုံးရှုံးသွားသည့်အရာအ​ပေါ် ယူကြုံးမရ၊ငို​ကျွေးတတ်ပါသည်။ ထို့အပြင် အထီးကျန်ခြင်း​ဝေဒနာခံစားရကာ စိတ်ဓါတ်ကျ​ရောဂါဖြစ်သည်အထိ ဆိုးရွားသွား​စေနိုင်ပါသည်။ )

( ၄ ) ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ခွဲခြားဆက်ဆံခံရခြင်း။ မတရားသဖြင့် အနိုင်ကျင့်​စော်​ကားခံရခြင်း။ ( ဤမတရား​သော ရင်နှင့်ဖွယ်ဖြစ်ရပ်များသည် လူမှုကျင့်ဝတ်သ​ဘောတရားတွင် အဆိုးဆုံး​သောကျူးလွန်မှုများဖြစ်ပါသည်။ ဤသို့ပြုကျင့်ခြင်းခံရ​သော ကျူးလွန်ခံရသူအများစုသည်လည်းဘဲ ဆိုးရွားလှ​သော စိတ်ဒဏ်ရာများကို ရင်ဝယ်သိမ်းပိုက်ကာ တိတ်တဆိတ်ခံစား​နေကြရပါသည်။ )

( ၅ ) မ​သေချာ၊မ​ရေရာ​သော အနာဂတ်ဖြင့်သာ ပစ္စုပ္ပန်တွင်ရှင်သန်ဖြတ်သန်း​နေရခြင်း။ တိကျ​သေချာ​သော ပန်းတိုင်မရှိခြင်း။ ( ရည်မှန်းချက်ပန်းတိုင်ဆိုသည်မှာ ကိုယ့်ဘဝ၏ ဦးတည်ချက်လားရာကို ထိန်း​ကျောင်း​ပေးသည့်အရာဖြစ်ပါသည်။ အာရုံစိုက်နိုင်စွမ်းကိုလည်း တိုးမြင့်​စေသည်။ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း တိုးမြင့်​စေနိုင်ပါသည်။ ထို့​ကြောင့် ရည်မှန်းချက်ပန်းတိုင်ကင်းမဲ့​သောသူသည် ​ဝေဟင်​​ပေါ် ​လေထီးမပါဘဲ လွင့်​နေသကဲ့သို့ ဖြစ်ကာ အဘယ်အရာ​ကြောင့် ဖြစ်တည်​နေသည်ဟု သတိမရှိ၊ ခံနိုင်ရည်မရှိဘဲ ​လေလွင့်​နေတတ်ပါသည်။ ) 

( ၆ ) စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုမရှိခြင်း။ ( ကြံ့ကြံ့ခံနိုင်စွမ်းကို ​ဖော်​ဆောင်​ပေးမည့် အဓိကအရင်းအမြစ်များဖြစ်​သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များ၊ ဇီဝကမ္မလုပ်​ဆောင်ချက်များကျန်းမာမှု မရှိလျှင် ​ကြုံ​တွေ့လာရမည့်အခက်အခဲများကို ကြံ့ခံနိုင်ဖို့ အားနည်း​နေတတ်ပါသည်။ အ​ကြောင်းမှာ စိတ်ဖိစီးမှု ဟိုမုန်းများဖြစ်​သော Adrenaline, Cortisol များ ကိုယ်တွင်းများ​စေပြီး၊ ​ပျော်ရွှင်မှုကိုဖြစ်​ပေါ်​စေ​သော ဟိုမုန်းများဖြစ်သည့် Dopamine, Serotonin, Oxytocin, Endorphin များကိုယ်တွင်း​လျော့နည်း​စေနိုင်​သော​ကြောင့်ဖြစ်ပါသည်။ )

( ၇ ) ကိုယ့်ကိုကိုယ်၊ သို့မဟုတ် တစ်ပါးသူများအား အန္တရာယ်ဖြစ်​စေနိုင်သည့် နည်းလမ်းများ ( Unhealthy coping strategies ) ဖြင့် စိတ်ထွက်​ပေါက်ရှာ​ဖွေခြင်း။ ( ဥပမာ – တစ်ပါးသူအား ရန်လိုရန်စပြုခြင်း၊ အကြမ်းဖက်ခြင်း၊ အရက်​ဆေးလိပ်၊မူးယစ်​ဆေးဝါးများ မှီဝဲ​သောက်သုံးခြင်း၊ ကိုယ့်ကိုကိုယ် မာ​​ကျော​သော အရာများဖြင့် ရိုက်ခြင်း၊ ချွန်ထက်​သောအရာများဖြင့် လှီးခြင်း စသည်တို့ဖြစ်ပါသည်။ )

( ၈ ) ဖြစ်ပျက်​ပြောင်းလဲလာသည့် အရာရာကို သ​ဘောထားကြီးစွာဖြင့် လက်ခံနိုင်ဖို့ ခက်ခဲ​နေခြင်း။ ငြင်းဆို​နေခြင်း။ ( ဥပမာ – ကိုယ်မှားခဲ့​သည့်အပြုအမူ၊ လုပ်​​ဆောင်မှုအ​ပေါ် ​ကိုယ်မမှားဘူးဟုခံယူကာငြင်းဆို​နေခြင်း၊ သို့မဟုတ် နောင်တကြီးစွာဖြင့် ပူ​ဆွေး​သောက​ရောက်​​နေခြင်းသည် အဓိက​ကြောင်းအရင်းကို ​ဖြေရှင်းရာမ​ရောက်ဘဲ စိတ်ဖိစီးမှုပို၍ များ​စေတတ်ပါသည်။ ထိုအခါ ကြံ့ကြံ့ခံနိုင်စွမ်းကို ​လျော့ကျလာ​စေပါ​​တော့သည်။ )

ကြံ့ကြံ့ခံနိုင်စွမ်းတိုး​စေနိုင်​သော နည်းလမ်း​ကောင်းများမှာ ​အောက်ပါအတိုင်းဖြစ်၏။

( ၁ ) ကိုယ့်ကိုကိုယ် အပြုသ​ဘော​​​​ဆောင်​သောအမြင်၊ အ​​ကောင်းမြင်စိတ် ( Positive self-views ) များဖြင့် ရှုမြင်နိုင်​အောင် ကြိုးစားခြင်း။ ( ဥပမာ – ကိုယ်သည် ကိုယ့်မိသားစု၊ ပတ်ဝန်းအတွက် အ​ရေးပါ​သောသူတစ်ဦးဖြစ်သည်ဟု ​ကောင်း​သောအမြင်ဖြင့်ရှုမြင်ပါ။ ကိုယ်အမှားပြုလုပ်မိလျှင်လည်း အပြုသ​ဘော​​​​ဆောင်​သောအမြင်ဖြင့် ဖြစ်တတ်ပါသည်ဟု​တွေးယူပြီး ​ရှေ့ဆက်လုပ်​​​​ဆောင်ပါ။ )

( ၂ ) ကြုံ​တွေ့လာရမည့် ဘယ်အရာကိုမဆို ကိုယ်ကိုတိုင် ရင်ဆိုင်​ဖြေရှင်းနိုင်ပါသည်ဟု ကြိုးစား​တွေး​တောခြင်း။ ( ဤသို့ ကိုယ့်ကိုကိုယ် အစဥ်အမြဲ​တွေးယူခြင်းဖြင့် ကိုယ်ကိုတိုင်၏ ယုံကြည်မှုကို တိုးမြင့်လာ​စေနိုင်ပါသည်။ ဘယ်အရာမဆို ရင်ဆိုင်​ဖြေရှင်းဖို့​ကြောက်ရွံ့မ​နေ​တော့ဘဲ ရင်ဆိုင်​ဖြေရှင်းဖို့ရန်အတွက် အသင့်ရှိ​စေ​အောင် လှုံ​​​​ဆော်​ပေး​နေတတ်ပါသည်။ )

( ၃ ) ​ကိုယ်နှစ်သက်​သော အရာများကိုပြုလုပ်ခြင်း။ ( ဥပမာ – ကိုယ်နှစ်သက်​သောသီချင်းများနား​ထောင်ခြင်း၊ ကခုန်ခြင်း၊ ပန်းချီဆွဲခြင်း၊ ခရီးသွားခြင်း စသည်တို့ကိုပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် သီချင်းသံစဥ်၊စာသားများသည် လူ၏စိတ်ကို ချိတ်ဆက်လွမ်းမိုး​ပြောင်းလဲ​ပေးနို​င်ဆုံး​သော ရသများဖြစ်ပါသည်။ ထို့​ကြောင့် စိတ်ဓါတ်ကျနေလျှင် စိတ်ဓါတ်ခွန်အား​ပေး​သော သီချင်းများကိုနား​ထောင်ခြင်း၊ ဝမ်းနည်း​နေလျှင် ​ပျော်ရွှင်မှုရသ​ပေး​သော သီချင်းများကို နားဆင်ခံစားခြင်းဖြင့် ကြံ့ခံမှုစွမ်းရည်ကို တိုးမြင့်​စေနိုင်ပါသည်။ )

( ၄ ) မတူကွဲပြား​သော လုပ်​ဆောင်ချက်များကို စမ်းသပ်လုပ်​ဆောင်ခြင်း။ စိန်​ခေါ်ခြင်း။ ( မတူကွဲပြား​သော လုပ်​​ဆောင်ချက်များသည် ကိုယ်၏စူးစမ်းလိုစိတ်များကို မြင့်​တက်စေရုံသာမက ကွဲပြားခြားနား​သော အမြင်သစ်များကိုပါ မြင်လာနိုင်​အောင် လှုံ့​ဆော်​ပေးနိုင်ပါသည်။ သို့တည်းသာမက မတူကွဲပြား​သော အခက်အခဲများကြုံ​တွေ့လာရလျှင်လည်း ဘယ်လိုအကောင်းဆုံး၊ သင့်​လျော်ဆုံး ​ဖြေရှင်းရမည်ဟူ​သော မတူကွဲပြား​သည့်​ဖြေရှင်းနည်းအသစ်များဖြင့် ​ဖြေရှင်းလာနိုင်တတ်​စေပါသည်။ )

( ၅ ) ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်မယ့်နည်းလမ်းများ ( Self-care ) ဖြင့် ဂရုတစိုက်​နေထိုင်ခြင်း။ (ဥပမာ – အိပ်​ရေးမှန်ခြင်း၊ အစားအ​သောက်၊​နေထိုင်မှုပုံစံပုံမှန်ဖြစ်ခြင်း၊ ​နေ့စဥ်​နေ့တိုင်း ကိုယ်လက်လှုပ်ရှားခြင်း၊ လုံ​လောက်စွာအနားယူခြင်း၊ ဝါသနာပါ​သော အရာများကို ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။ )

( ၆ ) ​ရေလုံ​လောက်စွာ ​သောက်သုံးခြင်း။ ( စိတ်ကိုထိန်းချုပ်ညှိနှိုင်း​ပေးသည့် အဓိကအင်္ဂါဖြစ်သည့် ဦး​နှောက်၏ ၇၃ ရာခိုင်နှုန်းသည် ​ရေဖြင့်ဖွဲ့စည်းထားပါသည်။ ထို့​ကြောင့် အစဥ်အမြဲ စိတ်ကြံ့ခံနိုင်စွမ်းရှိ​စေရန် ​​ရေကို ပုံမှန်​သောက်သုံးသင့်ပါသည်။ )


( ၇ ) ကိုယ့်ကိုကိုယ်၊ သို့မဟုတ် တစ်ပါးသူများအား အန္တရာယ် မဖြစ်​စေနိုင်​လောက်သည့် နည်းလမ်း​ကောင်းများ ( Healthy coping Strategies ) ဖြင့်သာစိတ်ထွက်​ပေါက်ရှာ​ဖွေခြင်း။ ( ဥပမာ – ​လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနား​ထောင်ခြင်း၊ ခရီးသွားခြင်း။ )

ကြံ့ကြံ့ခံနိုင်စွမ်းတိုး​စေနိုင်​သော နည်းလမ်း​တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။