မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness)

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) ဆိုတာဘာလဲ။

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) ဆိုသည်မှာ မိမိ၏ပြုမူ​ပြောဆိုပုံ၊ မိမိ၏​စဥ်းစားတွေး​ခေါ်ပုံ၊ မိမိ၏စိတ်ခံစားချက်၊ မိမိ၏ ယုံကြည်ချက်များ၊ မိမိ၏ အားသာချက်၊အားနည်းချက်များ စသည်တို့ကို မိမိကိုယ်တိုင် ထဲထဲဝင်ဝင်၊​လေး​လေးနက်နက်ဖြင့် သတိထား​လေ့လာ၊ဆန်းစစ်မိခြင်းကို ဆိုလိုပါသည်​။ မိမိကိုယ်ကိုနားလည်လက်ခံခြင်းကို ဆိုလိုပါသည်။

Self awareness ရှိဖို့ဘာ​ကြောင့်လိုအပ်တာလဲ။

“Eurich Group” ဆိုသည့်သု​တေသနအဖွဲ့အစည်း၏ ​လေ့လာ​တွေ့ရှိချက်များအရ Self awareness ရှိ​သောသူတို့သည် ဘဝမှာ အခြားသူတို့ထက်​ ပို၍ ​ပျော်ရွှင်နိုင်​ကြောင်း၊ ပို​ကောင်းမွန်​သော ​ပေါင်းသင်းဆက်ဆံ​ရေးကို ရရှိနိုင်​ကြောင်း ​ဆိုထားပါသည်။ ထို့အပြင် လုပ်ငန်းခွင်ဆိုင်ရာ၊ ဦး​ဆောင်ဦးရွက်မှု ပြုသည့်အခါမှာလည်း အခြား Self awarenessမရှိ​သောသူများထက် လုပ်ကိုင်နိုင်စွမ်းပို၍ တိုးမြင့်​နိုင်ကြောင်း ဆိုထားပါသည်။ ၂၀၁၈ ခုနှစ်တွင်ထွက်ရှိထား​သော နာမည်​ကျော် Harvard Business Review မဂ္ဂဇင်းတစ်ခု၏ ​ဆောင်းပါးတွင်လည်း Self awareness အား​ကောင်းသူ​တွေ​သည် သူတစ်ပါးအ​ပေါ် အလွန်အမင်း အပြစ်တင်ခြင်း၊ ယုတ္တိမရှိသည့် ​မျှော်လင့်ချက်ထားခြင်းမျိုး​တွေ မရှိ​ကြောင်း​ဆိုထားပါသည်။ ထို့​ကြောင့် မိမိ၏ စစ်မှန်​သော ကိုယ်ရည်ကိုယ်​သွေးသ​ဘောတရားကို စဥ်ဆက်မပြတ်ရှာ​ဖွေ​နေချင်သူ​တွေ၊ တိုးတက်​အောင် လုပ်​ဆောင်​နေချင်သူ​တွေသည် ပထမဦးစွာ မိမိကိုယ်ကို သိရှိနားလည်​အောင်ကြိုးစားသင့်ပါသည်။ မိမိကိုယ်ကို သတိထားမိ​အောင် ကြိုးစားသင့်ပါသည်။

Self awareness အားနည်းလျှင်ကြုံ​တွေ့ရမည့် အခက်အခဲများ။

Self awareness မရှိ​သော် ​ယေဘုယုယျအားဖြင့်များဆုံးကြုံ​တွေ့ရမည့် အခက်အခဲသည် မိမိ၏ စိတ်ဝင်စားသည့်အရာ၊ လုပ်​ဆောင်ချင်သည့်အရာများ ရှာမ​တွေ့ဖြစ်တတ်ပါသည်။ ​တစ်နည်းအားဖြင့်ဆိုရ​သော် ရည်မှန်းချက်ပန်းတိုင်​များပျောက်ဆုံးသွားတတ်ပါသည်။ ထို့အပြင် ကိုယ်သည်ဘဝတွင် အဘယ်​ကြောင့်အသက်ရှင်​နေသနည်း။ ဘယ်အရာက ကိုယ့်ကို​ပျော်ရွှင်မှု ​ပေးစွမ်းနိုင်ပါသနည်း။ ကိုယ်ဘာ​တွေ လုပ်​ဆောင်ရမည်နည်း။ ​ကျောင်းပြီး​သော် ဘယ်လုပ်ငန်းခွင်သို့ ဝင်ရမည်နည်း။ ကိုယ်၏ စစ်မှန်​သော အရာကအဘယ်နည်း။ ဆိုသည့် ​​မေးခွန်းများကို မ​ဖြေနိုင် ဖြစ်တတ်ပါသည်။ ထို့​ကြောင့် Self awareness ကင်းမဲ့​နေသူ​တွေသည် စိတ်ဓါတ်ကျခြင်းနှင့် ရင်ဆိုင်ရပြီး ​ဘဝတွင်အသက်ရှင်ရသည်ကို အားမလိုမရဖြစ်လာနိုင်ပါသည်။ 

Self awareness အား​ကောင်းဖို့ လုပ်​ဆောင်သင့်သည့်အရာများမှာ​အောက်ပါအတိုင်းဖြစ်၏။

( ၁ ) ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခုယူခြင်း။ (Self-reflection)

  • ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခု​ပေးခြင်းသည် ကိုယ့်၏ အားသာချက်နှင့် အားနည်းချက်များ (Strengths & Weaknesses)ကို ပြန်လည်ဆန်းစစ်​လေ့လာနိုင်​စေပါသည်။
  • အားနည်းသည့် လုပ်​ဆောင်မှုများကို အားသာချက်အဖြစ်သို့ ​ပြောင်းလဲဖို့ရန်အတွက် အခွင့်အလမ်း​ပေးသည်သာမက ကိုယ်ဘာလုပ်လျှင် ပိုအားသာသည်ဆိုသည်ကို သိရှိ​စေသည့်အတွက်​ကြောင့် လုပ်​ဆောင်မှုတိုင်းတွင် ယုံကြည်ချက်ရှိရှိဖြင့် ​အောင်မြင်စွာလုပ်​ဆောင်စေနိုင်သည့် အကျိုး​ကျေးဇူးကို ရရှိ​စေပါသည်။
  • ကိုယ်ဘယ်အရာကို လုပ်ဆောင်လျှင် ကိုယ်​ပျော်ရွှင်သည်။ နှစ်သက်သည်။ ဘယ်အရာကို​တော့ဖြင့် မကြိုက်နှစ်သက်ပါ။ ဆိုသည့် ကိုယ်၏နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းအ​ကြောင်းအရာများကိုလည်း ထဲထဲဝင်ဝင်သိရှိ​စေလာနိုင်ပါသည်။
  •  ကိုယ်ယုံကြည်ရာ(Belief)က ဘာလဲ။ ကိုယ့်ရည်မှန်းချက်၊ ပန်းတိုင်က (Goals & Purpose) ဘာလဲ။ ဆိုသည်ကိုပါ သတိထားမိ​စေသည့်အတွက်​ကြောင့် ဦးတည်ရာလမ်း​ကြောင်း တည့်တည့်ဖြင့် အနာဂတ်တွင် ​လျှောက်လှမ်း​စေနိုင်ပါသည်။

( ၂ ) သတိပဋ္ဌာန် (စိတ်အေးချမ်းစေသည့် ဝင်လေထွက်လေမှတ်ခြင်း သို့မဟုတ် ယောဂကျင့်ခြင်း အစရှိသည့်အရာများ) လုပ်​​ဆောင်ခြင်း။ (Mindfulness)

  • Mindfulness နှင့်ပက်သက်​သော Applicationများ အသုံးပြုခြင်း၊ သီချင်းများနား​ထောင်ခြင်း၊ ယောဂကျင့်ခြင်း၊ သို့မဟုတ်  ဝင်လေထွက်လေမှတ်ခြင်း များ ပြုလုပ်နိုင်ပါတယ်။ ဤနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် စိတ်အေးချမ်း​မှု၊ စိတ်ငြိမ်သက်မှုများကို ရရှိစေကာ အရာရာကို သတိယှဥ်၍ ကြည့်လာ​စေနိုင်ပါလိမ့်မည်။
  • ထို့အပြင် ကိုယ်ကိုတိုင်၏ စိတ်​နေစိတ်ထားကိုလည်း သတိရှိရှိဖြင့် မြင်လာ​စေနိုင်ပါလိမ့်မည်။

( ၃ ) ဂျနယ်များ ​ရေးသားများ။ (Journaling)
    

  • နေ့စဉ် Diaryများရေးခြင်း၊ မှတ်တမ်းရေးခြင်း၊ မှတ်စုတိုများ ရေးခြင်းများသည် တစ်ကိုယ်ရည် တိုးတက်မှု အတွက် အထောက်အကူပြုကာ မနေ့ကထက် ဒီနေ့မှာ ပိုကောင်းတဲ့ လူဖြစ်အောင် ကြိုးစားဖို့အခွင့်အရေးတွေ ရရှိ​စေနိုင်ပါသည်။
  • အဘယ်​ကြောင့်ဆို​သော် တစ်​နေ့တာလျှင် ကိုယ်ဘာ​တွေလုပ်​ဆောင်ခဲ့သနည်း။ ကိုယ်ဘာအခက်အခဲ​(Challenges)​တွေကို ရင်​ဆိုင်ခဲ့ရသနည်း၊ အခြားသူအ​ပေါ် ကိုယ်ဘယ်လိုတုံ့ပြန်ခဲ့သနည်း၊ မနက်ဖြန်တွင်လည်း ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမည်နည်း။ ဆိုတာ​တွေကို သိရှိနားလည်လာ​စေလာနိုင်သည့် အတွက်​ကြောင့်ဖြစ်ပါသည်။

( ၄ ) ကိုယ့်အပေါ် စေတနာထားသော မိသားစုဝင် သို့မဟုတ် သူငယ်ချင်းများထံမှ မိမိအပေါ် ထားရှိ​သောအမြင်၊တုံ့ပြန်ချက်များကို တောင်းခံခြင်း။ (Others’ Perceptions)

  • တစ်ခါတစ်ရံ ကိုယ်ကိုတိုင်ပင် မသိရှိလိုက်ပဲ တခြားသူအ​ပေါ် ပြုလုပ်မိသည့် အမှားများကို ပြန်လည်သိရှိ​စေနိုင်ပါသည်။
  • ထို့​ကြောင့် ​နောင်တစ်ချိန်တွင် တခြားသူများအား စိတ်မထိခိုက်​မိအောင် သတိပြုမိ​စေရုံသာမက တခြားသူများကိုယ့်အ​ပေါ်ထား​သော မ​ကောင်းမြင်စိတ်များကိုလည်း ​ပြောင်းလဲသွား​စေနိုင်ပါသည်။

Self awareness အား​ကောင်းဖို့ လုပ်​ဆောင်သင့်သည့်နည်းလမ်းတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။