Breathing Exercise ( အသက်ရှူ​လေ့ကျင့်ခန်း )

အသက်ရှု​လေ့ကျင့်ခန်းဟာ Relaxation techquie ​တွေထဲမှာ အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး ဖြစ်ပါတယ်။ ဒီ​လေ့ကျင့်ခန်းကို စိတ်ဖိစီးမှု​တွေများ​နေတဲ့ အချိန်၊ စိုးရိမ်ပူပန်မှု​တွေများ​နေတဲ့ အချိန် (သို့မဟုတ်) စိတ်ခံစားချက်​တွေ ပြင်းထန်​နေတဲ့ အချိန်တွေမှာ အကူအ​နေနဲ့ အသုံးပြုနိုင်ပါတယ်။ 

အသက်ရှူ​လေ့ကျင့်ခန်း ပြုလုပ်ရန်အဆင့်များ

  • အသက်​ရှူလေ့ကျင့်ခန်းပြုလုပ်ဖို့အတွက်ဆိုရင် ပထမဦးစွာ ကိုယ်ထိုင်​နေတဲ့​နေရာမှာ  သက်​တောင့်သက်သာ​လေးရှိ​အောင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး သတိထားပြီးပြုပြင်လိုက်ပါ။ (ထိုင်ခုံ​ပေါ်ထိုင်​နေတယ်ဆိုရင် ​ခြေ​ထောက် နှစ်ဖက်ကို ကြမ်းပြင်​ပေါ်ချထားလိုက်ပါ။ ကြမ်းပြင် (သို့မဟုတ်) ကုတင်လို​နေရာမျိုးမှာ ထိုင်​နေတယ်ဆိုရင် တင်ပျင်​ခွေနိုင်တယ်ဆိုလို့ရှိရင်လည်း တင်ပျင်​ခွေထိုင်နိုင်ပါတယ်။ အဓိကက​တော့ သက်​​တောင့်သက်သာ ဖြစ်​နေဖို့ အ​ရေးကြီးပါတယ်။)
  • ညာဘက်လက်ကို ရင်ဘတ်​ပေါ်တင်ပြီး ဘယ်ဘက်လက်ကို ဗိုက်​ပေါ် တင်လိုက်ပါ။
  • မျက်စိမိတ်ထားလို့ အာရုံစူးစိုက်မှု ပို​ကောင်းမယ်ဆိုရင် မျက်စိမိတ်ထား​ပေးပါ။
  • စိတ်အာရုံကို အသက်ရှူသွင်း၊ ရှူထုတ်တာ​ပေါ်မှာ အာရုံစိုက်ထားပြီး​တော့ ပုံမှန်အသက်ရှူသွင်း၊ ရှူထုတ်သလိုမျိုး (၃) ကြိမ်​လောက် ပြုလုပ်​ပေးပါ။
  • ဒီတစ်ခါမှာ​တော့ အသက်ကို ပြင်းပြင်းရှူသွင်းကြည့်ပါမယ်။ ပြီးသွားရင် ခဏ ​အောင့်ထားမယ်။ ​အောင့်ထားချိန်မှာ ကိုယ့်ဘာသာကိုယ် ၁၊ ၂၊ ၃ စသည်ဖြင့် ​ရေတွက်ကြည့်လို့ရပါတယ်။ ကိုယ်ခံနိုင်သ​လောက်ဘဲ ​​အောင့်ထားပါ။ မ​အောင့်နိုင်​တော့ဘူးဆိုရင် ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်ပါ။ 
  • ​နောက်တစ်ကြိမ် အဲ့လိုဘဲ ပြန်ပြုလုပ်​ပေးပါ။ ( ပြင်းပြင်းရှူသွင်းမယ်၊ ခဏ​အောင့်ထားမယ်၊ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်မယ်။)
  • ရှူသွင်းရှူထုတ်​နေချိန်မှာ ရင်ဘတ်​ပေါ်နဲ့ ဗိုက်​ပေါ် တင်ထားတဲ့ လက်နှစ်ဖက်က အတက်အကျ ဖြစ်သွားတာကို ခံစားသိရှိနိုင်ပါတယ်။ 
  • ပုံမှန်ဘဲ ဒီကြားထဲမှာ ပြန်ရှူပါ။ ပြီးသွားရင် ​နောက်တစ်မျိုး​​ပြောင်းပြီး ရှူကြည့်ပါမယ်။ 
  • ဒီတစ်​​ခေါက်မှာ​တော့ အသက်ရှူတဲ့အခါ ပြင်းပြင်းရှူသွင်းမယ်၊ နိုင်သ​လောက်​အောင့်ထားမယ်၊ ပြန်ရှူထုတ်တဲ့အခါမှာ​တော့ နှာ​ခေါင်းနဲ့တင်မကဘဲ ပါးစပ်ကိုပါ ဟ ပြီး​တော့ “ဟား” ခနဲ ​လေပူမှုတ်ထုတ်လိုက်သလို၊ သက်ပြင်းမှုတ်ထုတ်လိုက်သလိုမျိုး ရှူထုတ်လိုက်ပါ။ ​
  • ​နောက်တစ်ကြိမ် လုပ်ကြည့်ပါ။

(ရှူသွင်းမယ်၊ ခဏ​အောင့်ထားမယ်၊ ပြန်ရှူထုတ်တဲ့အခါမှာ “ဟား” ဆိုပြီး ပါးစပ်ကို ဟ၍ ပြန်ရှူထုတ်လိုက်ပါမယ်။)

  • ​နောက်ဆုံးတစ်ကြိမ် ထပ်လုပ်ကြည့်ပါ။
  • ပြီးသွားပြီဆိုရင် ပုံမှန်​လေး ပြန်ရှူ​နေရင်းနဲ့ မျက်လုံးကို မှိတ်ထားတယ်ဆိုရင် ဖြည်းဖြည်း​လေး ပြန်ဖွင့်ကြည့်ပါ။ 
  • ရှုသွင်းရှူထုတ်လုပ်လိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်​တွေထဲ ဘယ်လို​ပြောင်းလဲသွားသလဲ ဆိုတာကို ပြန်သုံးသပ်ကြည့်ပါ။ 
  • ခဏတာတည်ငြိမ်မှုရတယ်၊ စိတ်​အေးချမ်းမှုရတယ်ဆိုရင် ဒီ​လေ့ကျင့်ခန်းကို ​နောင်လိုအပ်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ 

အသက်ရှူ​လေ့ကျင့်ခန်း ပြုလုပ်ရန်အဆင့်တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။