Communication Skills

💠Communication Skills (ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်) ဆိုတာ ဘာလဲ။

ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်က  ကျောင်းသားအချင်းချင်း နားလည်စေနိုင်သလို မိမိကိုယ်ကိုကိုယ်လည်း နားလည်သဘောပေါက်စေနိုင်တဲ့ စွမ်းရည် တစ်ခု ဖြစ်ပါတယ်။ ဆက်သွယ် ချိတ်ဆက်ပြောဆိုမှုရဲ့ အဓိက ပါဝင်ရမယ့် အရာတွေက နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အကဲခတ်ခြင်း နဲ့ စာနာမှု စွမ်းရည်တွေ ဖြစ်ပါတယ်။

💠ဘာကြောင့် Communication Skills ရှိဖို့ လိုအပ်တာလဲ။

စာသင်ကြားတဲ့အခါ ကျောင်းသားများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်းများ၊ လက်အောက်ငယ်သားများနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်းက မရှိမဖြစ် လိုအပ်ပါတယ်။ ဒီဂျစ်တယ်ခေတ်ရဲ့ လူသားတွေက မက်ဆေ့ခ်ျများကို လူကိုယ်တိုင်တိုင် သာမက ဖုန်း ၊ အီးမေးလ်နဲ့ လူမှုမီဒီယာတွေကတစ်ဆင့် ဘယ်လို ထိထိရောက်ရောက်ပို့ချ ရမလဲဆိုတာကို သိရှိထားရမယ်။ 

💠Types of Communication (ဆက်သွယ်ချိတ်ဆက်ပြောဆိုမှု အမျိုးအစားများ)

  • အသံဖြင့် ဆက်သွယ်ခြင်း (Verbal) – ဘာသာစကားပြောဆိုခြင်းဖြင့် ချိတ်ဆက်ပြောဆို ဆက်သွယ်ခြင်း
  • အသံမဲ့ ဆက်သွယ်ခြင်း (Non-Verbal) – ခန္ဓာကိုယ်ဟန်ပန်၊ မျက်နှာအမူအရာများဖြင့် ဆက်သွယ်ခြင်း။
  • အရေးဖြင့် ဆက်သွယ်ခြင်း (Writing) – ဘာသာစကား၊ သင်္ကေတနဲ့ ဂဏန်းတွေကို ရေးသားပြီး ဆက်သွယ်ခြင်း။
  • အမြင်ဖြင့် ဆက်သွယ်ခြင်း (Visual) – ဓာတ်ပုံ၊ ပန်းချီ၊ ပုံကြမ်းနဲ့ စာရင်းဇယားတွေနဲ့ ဆက်သွယ်ခြင်း။

🔹အသံနဲ့ ဆက်သွယ်ခြင်း

     á€…ကဏးပဟ္ဏဆိုတဲအဥခဍမသဏ အသံနဲ့ ဆက်သွယ်ရပါတယ်။ မျက်နှာချင်းဆိုင်၊ တယ်လီဖုန်း၊ Skype ဒါမှမဟုတ် Zoom စတာတွေနဲ့ ဆက်သွယ်ခြင်းဖြစ်နိုင်ပါတယ်။ အသံနဲ့ ဆက်သွယ်ရာမှာ ပြတ်သားပြီး ယုံကြည်မှုရှိတဲ့ အသံမျိုးကို အသုံးပြုပါ။ စိတ်ဝင်တစား နားထောင်ပေးဖို့လည်း လိုအပ်ပါတယ်။ စကားထစ်ငေါ့ခြင်းတွေနဲ့ မဆီလျော်တဲ့ ဗန်းစကားတွေ ပြောခြင်းကိုလည်း ရှောင်ရှားဖို့ လိုအပ်ပါတယ်။

🔹အသံမဲ့ ဆက်သွယ်ခြင်း

အသံမဲ့ ဆက်သွယ်ရာမှာ သင့်စိတ်ခံစားမှုကို သိသာပေါ်လွင်စေဖို့နဲ့ အသံမဲ့ ဆက်သွယ်မှုအပေါ် အာရုံစိုက်ဖို့ ဂရုစိုက်ရပါမယ်။ သရုပ်ပြဆက်သွယ်မှုက ထိရောက်တဲ့နည်းတစ်ရပ်ဖြစ်ပါတယ်။ အသံမဲ့ ဆက်သွယ်ခြင်းမှာ မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ မျက်လုံးချင်းဆုံခြင်း၊ လက်လှုပ်ရှားမှုနှင့် ထိတွေ့ခြင်းတို့ ပါဝင်ပါတယ်။

🔹အရေးနဲ့ ဆက်သွယ်ခြင်း

အရေးနဲ့ ဆက်သွယ်ရာမှာ ရိုးရိုးရှင်းရှင်းဖြစ်ဖို့ ကြိုးစားပါ။ အသံနေ၊ အသံထားအပေါ် အားကိုးမထားပါနဲ့။ ရေးသားထားတဲ့ ဆက်သွယ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ အချိန်ယူပါ။ အရေးနဲ့ ဆက်သွယ်ခြင်းဥပမာများကတော့ အီးမေးလ်၊ မှတ်စုတို၊ အစီရင်ခံစာ(report)၊ Facebook ပို့စ်တစ်ခု၊ Tweet၊ စာချုပ်စသည်တို့ဖြစ်ပါတယ်။

🔹အမြင်နဲ့ ဆက်သွယ်ခြင်း

Visualက  ဆိုရှယ်မီဒီယာ၊ YouTube နဲ့ ဒစ်ဂျစ်တယ်ခေတ်ရဲ့ စာသင်ခန်းများမှာ အသုံးအများဆုံး ဆက်သွယ်ရေးအမျိုးအစားဖြစ်လာပါတယ်။ အမြင်နဲ့ ဆက်သွယ်ခြင်းရာမှာ မက်ဆေ့ချ်ရဲ့ နားလည်မှုကို မြှင့်တင်ပေးဖို့ ကူညီပေးနိုင်တဲ့ ဇယားများ(charts)၊ ဓာတ်ပုံများ(photographs)၊ ပုံကြမ်းများ(sketches)၊ ဗီဒီယိုများ၊ ဂရပ်များ၊ အီမိုဂျီများနဲ့ GIFများစတဲ့ နည်းလမ်းများစွာရှိပါတယ်။ အမြင်နဲ့ ဆက်သွယ်ခြင်းရာမှာ ရှင်းရှင်းလင်းလင်းဖြစ်ပြီး နားလည်လွယ်ပါစေ။

💠Communicating Effectively in the Classroom
(စာသင်ခန်းအတွင်း ထိရောက်စွာပြောဆို ဆက်ဆံခြင်း)

စာသင်ခန်းအတွင်း ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုကို အောင်မြင်ဖို့ အောက်ပါတို့ကို လိုက်နာဆောင်ရွက်တတ်ရန် လိုအပ်ပါတယ်။

(၁) Be clear and concise (ရှင်းရှင်းလင်းလင်းနဲ့ ဆိုလိုရင်းကို နားလည်အောင်ပြောခြင်း)

သင်ပေးလိုတဲ့ သတင်းစကားကို တတ်နိုင်သမျှ အလွယ်တကူ နားလည်အောင် ပြုလုပ်ခြင်းက နားလည်မှုလွဲမှားခြင်းကို လျော့နည်းစေတဲ့အပြင် ပရောဂျက်စီမံကိန်းများကို အရှိန်မြှင့်ပေးပြီး သင်ရဲ့ ရည်မှန်းချက်တွေကို ကျောင်းသားများ လျင်မြန်စွာ နားလည်စေပါတယ်။ ကျောင်းသားတွေရဲ့ ခံစားချက်၊ အတွေးအမြင်နဲ့ ပန်းတိုင်တွေကို နားလည်ခြင်းက သူတို့နဲ့ဆက်သွယ်တဲ့အခါ သင့်ကို ကူညီနိုင်ပါတယ်။

(၂) Assert yourself (ကျောင်းသားများ နားလည် လက်ခံနိုင်အောင် ခိုင်ခိုင်မာမာ ပြောဆိုတတ်ခြင်း)

တစ်ခါတစ်ရံမှာ ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိဖို့အတွက်တိုးမြင့်တောင်းဆိုခြင်း၊ ပရောဂျက် စီမံကိန်း အခွင့်အလမ်းတွေ ရှာဖွေခြင်းအပြင် ထင်မှတ်မထားတဲ့ အတွေးအခေါ်တွေကို တွန်းလှန်ခြင်းဖြင့် အကျိုးဖြစ်ထွန်းစေမယ့်အရာများကို အခိုင်အမာ ပြောဆိုဖို့ လိုအပ်ပါတယ်။

(၃) Be calm and consistent (အေးဆေးတည်ငြိမ်ပြီး အပြောင်းအလဲ မများခြင်း)

သဘောမတူညီမှုတွေ တိုက်ရိုက် ငြင်းဆိုလိုက်တာက ကျောင်းသားတွေရဲ့ဆက်ဆံရေး (သို့) စိတ်ခံစားမှုတွေ လွယ်ကူစွာ ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒီနောက် စာသင်ခန်းအတွင်းရှိ ကျောင်းသားအချင်းချင်း ဆက်သွယ်တဲ့အခါ အေးဆေးတည်ငြိမ်စွာ နေတတ်ဖို့ မှာကြားပါ။

(၄) Use and read body language (ပြောစကားနဲ့  လိုက်ဖက်တဲ့ ကိုယ်ဟန်မူရာရှိခြင်း)

ခန္ဓာကိုယ်ရဲ့ ဘာသာစကားက လုပ်ငန်းခွင်အတွင်း ဆက်သွယ်ရာမှ အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာအမူအရာက လှုပ်ရှားမှုတွေနဲ့ ပေးပို့ဖော်ပြတဲ့ သတင်းအချက် အလက်တွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

💠Important Facts in Communication (ပြောဆိုဆက်ဆံခြင်းရဲ့ အရေးကြီးတဲ့ အချက်များ)

(၁) Active listening ( တက်ကြွစွာနားထောင်ခြင်း)

တက်ကြွစွာနားထောင်ခြင်းဆိုတာက သင်က ကျောင်းသားတွေရဲ့ ပြောစကားကို အာရုံစိုက် နားထောင်ခြင်းဖြစ်ပါတယ်။ တက်ကြွစွာ နားထောင်တဲ့ ဆရာမတွေက ပတ်၀န်းကျင်ရှိ ကျောင်းသားများကို လေးစားမှုရှိတာကြောင့် ကျောင်းသားတွေရဲ့ အသိအမှတ်ပြုတာကို ခံရစေပါတယ်။

(၂) Adapting your communication style to your students
(ကျောင်းသားနဲ့ လိုက်လျောညီထွေရှိတဲ့ သွယ်ရေးပုံစံနည်းလမ်းများ အသုံးပြုနိုင်ခြင်း)

မတူညီတဲ့ အခြေအနေ အမျိုးမျိုးအတွက် ကွဲပြားခြားနားတဲ့ ဆက်သွယ်ရေးပုံစံနည်းလမ်းတွေကို သင့်လျော်အောင် အသုံးပြုနိုင်ပါတယ်။ ဆက်သွယ်မှုစွမ်းရည်ကို အကောင်းဆုံးအသုံးပြုနိုင်ဖို့ သင်နဲ့ ပြောဆိုဆက်ဆံမယ့် ကျောင်းသားရဲ့ ထိရောက်တဲ့ ဆက်သွယ်မှုနည်းလမ်းကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

(၃) Friendliness (ရင်းနှီးဖော်ရွေမှုရှိခြင်း)

ရိုးသားမှုနဲ့ကြင်နာမှုက ရင်းနှီးဖော်ရွေမှုရဲ့ လက္ခဏာတွေဖြစ်တာကြောင့် ယုံကြည်မှုနှင့် နားလည်မှုကို တိုးပွားစေပါတယ်။ ရင်းနှီးဖော်ရွေမှု၊ ဂရုစိုက်မှု၊ ကြင်နာမှုစတဲ့ အရာတွေက စာသင်ခန်းအတွင်း ရှိဖို့ လိုအပ်ပါတယ်။

(၄) Confidence ( မိမိကိုယ်ကိုယုံကြည်မှု ရှိခြင်း)

ကျောင်းသားတွေက ၄င်းတို့ ပတ်ဝန်းကျင်က သိထားတဲ့အရာတွေကို ဆွေးနွေးလာတဲ့အခါ  ယုံကြည်မှုရှိရှိ မှန်မှန်ကန်ကန်နဲ့ ပြန်လည်ဆွေးနွေး အတွေးခေါ်ခြင်းက ကျောင်းသားတွေရဲ့ ပါဝင်ဆွေးနွေးမှု မြင့်မားလာစေပါတယ်။။

(၅) Giving and receiving feedback
(ဝေဖန်အကြံပြုချက်တွေကို လက်ခံနိုင်ခြင်းနဲ့  ကျောင်းသားတွေအပေါ်လည်း အပြုသဘောဆောင်တဲ့ အကြံပြုချက်များပေးခြင်း)

ဆက်သွယ်ပြောဆိုရာမှာ ဆရာမတွေက ဝေဖန်အကြံပြုချက်များကို လက်ခံနိုင်စွမ်းရှိပြီး ကျောင်းသားများအပေါ်လည်း အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေနဲ့ ထောက်ပံ့ ပေးနိုင်ပါတယ်။

(၆) Volume and Clarity ( အသံနေ အသံထား ကောင်းမွန်ပြီး ရှင်းလင်း ပီသခြင်း)

သင်စကားပြောတဲ့အခါ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ကြားရဖို့ အရေးကြီးပါတယ်။ နေရာအမျိုးမျိုးရဲ့ အခြေအနေအမျိုးမျိုးမှာ ကြားနိုင်ဖို့ ချိန်ညှိခြင်းက ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုရာမှာလည်း အလွန်အရေးကြီးပါတယ်။

(၇) Empathy ( စာနာစိတ်ထားရှိခြင်း)

စာနာစိတ်ရှိခြင်းက ကျောင်းသားတွေရဲ့ ခံစားချက်ကို နားလည်ရုံသာမက စိတ်ခံစားမှုများကိုပါမျှဝေနိုင်ပါတယ်။

(၈) Respect ( လေးစားမှု ရှိခြင်း)

ဆက်သွယ်ရာမှုတစ်ခုအတွက် အချိန်တိုင်း ဆက်သွယ်မှုများ ရှိနေပြီ ဘယ်အချိန်မှာ တုံ့ပြန်ရမယ်ဆိုတာကို နားလည်ခြင်းက လေးစားမှုရဲ့ အဓိက အခန်းတစ်ရပ် ဖြစ်ပါတယ်။

(၉) Understanding Nonverbal Cues
(ရှင်းလင်း နားလည်လွယ်တဲ့ ခန္ဓာကိုယ်ဘာသာစကားနဲ့  အမူအရာများသုံးတတ်ခြင်း)

ခန္ဓာကိုယ်ဘာသာစကား၊ မျက်နှာအမူအရာနဲ့ မျက်လုံးချင်းဆက်သွယ်ခြင်း အစရှိတဲ့ အသံမဲ့ ဆက်သွယ်ခြင်းများကလည်း ကောင်းမွန်တဲ့ ဆက်သွယ်မှုများ ဖြစ်ပေါ်နိုင်တယ်။

(၁၀) Responsiveness ( ဆက်သွယ်တုန့်ပြန်နိုင်ခြင်း)

ဖုန်းခေါ်ဆိုမှုကို တုံ့ပြန်ခြင်း၊ အီးမေးလ် ပြန်ကြားချက်ခြင်းစတဲ့ မြန်မြန်ဆန်ဆန် ဆက်သွယ်ပြုမူသူတွေက တုံ့ပြန်ရန်နှေးကွေးသူတွေထက်ပိုပြီ ထိရောက်တယ်လို့ သတ်မှတ်ကြပါတယ်။

💠Ways to improve Communication Skills (ပြောဆိုဆက်ဆံရေးကောင်းမွန်စေတဲ့ နည်းလမ်းများ)

  • သင့်ပတ်၀န်းကျင်မှာ ကောင်းတဲ့ ဆက်သွယ်ပြောဆိုသူတွေကို လေ့လာပါ။ ကျောင်းသားတွေအတွက် ပြန်လည် အသုံးချပါ။
  • ရင်းနှီးတဲ့ မိတ်ဆွေ (သို့) လုပ်ဖော်ကိုင်ဖက်များကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကိုမေးပါ။
  • ဆက်သွယ်ရေး အလေ့အထတွေကို တိုးတက်အောင် လေ့ကျင့်ပါ။
  • ဆက်သွယ်ရေးကျွမ်းကျင်မှုအလုပ်ရုံဆွေးနွေးပွဲ(သို့)အတန်းသို့တက်ရောက်ပါ။ဆက်သွယ်ပြောဆိုဖို့ အခွင့်အလမ်းတွေကို ရှာဖွေပါ။

Reference Video

What Are Communication Skills?

How to Communicate Assertively 4 Tips

14 Ways To Instantly Improve Communication Skills