Inquiry Based Approach

💭Inquiry Based Learning က စာသင်ခန်းအတွင်း ကျောင်းသားတွေကို မေးခွန်းမေးမြန်းဖို့ နဲ့ နေ့စဉ်လူမှုဘဝပြဿနာ (ဥပမာ- ရာသီဥတုဖောက်ပြန်မှု၊ ယာဉ်မတော်တဆမှု၊ သီးနှံအထွက်တိုးကျဆင်းမှု၊ ကပ်ရောဂါ) တွေကို လေ့လာပြီး စူးစမ်းလေ့လာဖို့ အားပေးတဲ့ သင်ကြားနည်းတစ်ခုဖြစ်ပါတယ်။ ဒီသင်နည်းရဲ့ ပုံစံက များစွာ အကျိုးဖြစ်ထွန်းစေပြီး ဘာသာရပ်အသီးသီးမှာ အသုံးပြုလို့ ရပါတယ်။ 

💭ဒါဆိုရင် Inquiry Based Learning အကြောင်းကို လေ့လာခြင်းဖြင့် ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေ၊  လိုအပ်တဲ့ နည်းဗျူဟာတွေ၊ အကြံပြုချက်တွေ နဲ့ နမူနာပုံစံတို့ကို ကြည့်ကြရအောင်။ ဒါပေမယ့် Inquiry Based Learning ဆိုတာ ဘာလဲဆိုတာကို ပထမဆုံး လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

💠Inquiry Based Learning ဆိုတာ ဘာလဲ။

🔎အထက်မှာ ဖော်ပြခဲ့သလိုပဲ Inquiry Based Learningက စာသင်ခန်းအတွင်း ကျောင်းသားတွေကို မေးခွန်းမေးမြန်းဖို့ နဲ့ နေ့စဉ်လူမှုဘဝပြဿနာတွေအပေါ် လေ့လာပြီး စူးစမ်းလေ့လာဖို့ အားပေးတဲ့ သင်ကြားနည်းဖြစ်ပါတယ်။ ဒီလို မေးခွန်းမေးမြန်းရင်း သင်ယူရတဲ့ ပတ်ဝန်းကျင်မှာ ကျောင်းသားတွေက သင်ယူမှုလုပ်ငန်းစဥ်အပေါ် တက်တက်ကြွကြွ ပါဝင်လာနိုင်သလို သိလိုတဲ့အရာတွေအပေါ်လည်း စူးစမ်းလေ့လာဖို့ အခွင့်အရေးပေးပါတယ်။ 

📌ဒီ သင်ကြားနည်းကို မကြာခဏ လက်တွေ့လုပ်ဆောင် သင်ကြားပေးခြင်းက ကျောင်းသားတွေအတွက် စာသင်ခန်း နဲ့ လက်တွေ့ကမ္ဘာကြား ချိတ်ဆက်ပေးပါတယ်။ Inquiry Based learning က ဝေဖန်ပိုင်းခြား တွေးခေါ်မှု စွမ်းရည်၊ ပြဿနာဖြေရှင်းဆောင်ရွက်မှု စွမ်းရည် နဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တို့ကို တိုးတက်လာအောင်လည်း မြှင့်တင်ပေးပါတယ်။ 

💠Inquiry Based Learning ရဲ့ အမျိုးအစား (၄) မျိုး 

Inquiry Based Learning အမျိုးအစား (၄) မျိုးရှိပါတယ်။ အဲ့တာတွေကတော့ 

1️⃣စုံးစမ်းမေးမြန်းခြင်းနည်းလမ်း ပုံစံ

စုံစမ်းမေးမြန်းခြင်းနည်းလမ်း ပုံစံက ကျောင်းသားတွေကို အစီအစဥ်တကျ မေးခွန်းမေးမြန်းခြင်းကနေ လက်တွေ့ကမ္ဘာရဲ့ ပြဿနာတွေကို စူးစမ်း လေ့လာဖို့ ကူညီပေးတဲ့ လုပ်ငန်းစဥ်တစ်ခု ဖြစ်ပါတယ်။ Inquiry Based Learning ကို သိပ္ပံအတန်းတွေမှာ အသုံးပြုလေ့ရှိကြပြီး ကျောင်းသားတွေကို သင်ခန်းစာနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကို စူးစမ်းလေ့လာဖို့ ပေးအပ်ပြီး သိပ္ပံနည်းကျ လုပ်ငန်းစဉ်တွေနဲ ဘယ်လိုချဉ်းကပ် အဖြေရှာရမယ်ဆိုတာ သင်ကြားပေးတဲ့ စနစ်လည်းဖြစ်ပါတယ်။

2️⃣Opened Ended question မေးခွန်းများနဲ့ မေးမြန်းသည့် နည်းလမ်း

Inquiry Based Learningမှာ  Opened Ended question မေးခွန်းမေးမြန်းခြင်း နည်းလမ်းက ပိုမိုလွတ်လပ်တဲ့ သင်ကြားရေးနည်းလမ်း ဖြစ်ပါတယ်။ Open ended question ဆိုတာ နေ့စဉ်လူမှုဘဝထဲက ပြဿနတစ်ခုဖြစ်ပြီး နေရာဒေသနဲ့ အရင်းအမြစ်တွေပေါ်မူတည်ပြီး ဖြေရှင်းနည်းအမျိုးမျိုးထွက်လာနိုင်တဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ဒီလို သင်ကြားရေးနည်းနဲ့ သင်တဲ့ ပတ်ဝန်းကျင်မှာ ကျောင်းသားတွေက သူတို့စိတ်ဝင်စားတဲ့ အရာတွေအပေါ် စူးစမ်းလေ့လာဖို့နဲ့ လေ့လာနေတဲ့ အကြောင်းအရာတွေအပေါ် လွတ်လပ်စွာ မေးခွန်းတွေ မေးမြန်းလာပါတယ်။ Inquiry Based learningကို လူ့သဘာဝနဲ့ နီးစပ်တဲ့ (စာနာ‌ေထာက်ထားပြီး တဖက်သားအပေါ် စူးစမ်းပေးနိုင်တဲ့) စာသင်ခန်းတွေမှာ မကြာခဏအသုံးပြုကြပြီး ခေါင်းစဥ်တစ်ခုအပေါ် နက်ရှိုင်းစွာ စူးစမ်း လေ့လာဖို့ နဲ မတူညီတဲ့ အမြင်တွေကို ငြင်းခုံ ဆွေးနွေးနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။ 

3️⃣ပြသနာအခြေပြုစူးစမ်းလေ့လာမှုစနစ်

Inquiry Based Learningမှာ ပြဿနာကို အခြေခံပြီး စူးစမ်းမေးမြန်းတဲ့ နည်းလမ်းက ပြဿနာတွေကို ဖြေရှင်းဖို့အတွက် စူးစမ်းမေးမြန်းရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီသင်ကြားနည်းကို သခ်ျာဘာသာရပ် နဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေမှာ အသုံးပြုကြပြီး လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက် ဖြေရှင်းဖို့အတွက် ကျောင်းသားတွေကို လက်တွေ့အသုံးချတတ်ဖို့ သင်ကြားပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။  Open ended question ဖြေရှင်းနည်းနဲ့မတူတာက ဖြေရှင်းနည်းကွာနိုင်ပေမဲ့ အဖြေက တစ်ခုတည်းထွက်တာဖြစ်တယ်။

4️⃣လမ်းညွှန်မှုအခြေပြု စူးစမ်းမေးမြန်းခြင်း

Inquiry Based Learning မှာ  ဆရာက ဦးဆောင်ပေးတဲ့ နည်းလမ်းဖြစ်ပြီး စူးစမ်းမှုကနေတစ်ဆင့် အခြေခံသင်ယူမှုကို လမ်းပြပေးတဲ့ သင်ကြားရေးနည်းလမ်း ဖြစ်ပါတယ်။ ဒီသင်ကြားရေး နည်းလမ်းမှာ ဆရာက ကျောင်းသားတွေကို စူးစမ်းလေ့လာရေး လုပ်ငန်းစဥ်အတွင်း မေးခွန်းများ မေးမြန်းဖို့နဲ့ ပြဿနာများကို လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ကာ အဖြေရှာနိုင်ဖို့ ကူညီ‌ပေးပါတယ်။ ဒီမေးမြန်းမှုကို အခြေခံတဲ့ လမ်းညွှန် သင်ကြားနည်းကို မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ အသုံးပြုကြပါတယ်။ (ဥပမာ- ဆရာက ကျောင်းသားတွေအတွက် လိုအပ်တဲ့ သင်ခန်းစာတွေနဲ့ လုပ်ဆောက်ချက်တွေကို တိုက်ရိုက် လမ်းညွှန်သင်ကြားခြင်း ဖြစ်ပါတယ်။)

💠Inquiry Based Learning ကို အကောင်အထည်ဖော်ဖို့ နည်းလမ်း (၅)ခု 

Inquiry Based Learning ရဲ့ အမျိုးအစားတွေကို လေ့လာပြီးပြီဆိုတော့ ဆက်ပြီး စာသင်ခန်းထဲမှာ အသုံးချနိုင်မဲ့ နည်းဗျူဟာတွေနဲ့ မှတ်သားဖွယ်ရာတွေကို ကြည့်ကြရအောင် 

1️⃣မေးခွန်းတစ်ခုနဲ့ အစပြုပါ။ 

မေးခွန်းမေးမြန်းမှုကို အခြေခံတဲ့ သင်ခန်းစာတွေမှာ မေးခွန်းတခုခုကို စတင်မေးခွန်းခြင်းက သင်ခန်းစာအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းက ကျောင်းသားတွေက ခေါင်းစဉ်အကြောင်းကို စူးစမ်းတွေးခေါ်စေနိုင်ပြီး သင်ခန်းစာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကိုယ်တိုင် မေးခွန်းမေးဖို့အတွက် တွန်းအားဖြစ်စေပါတယ်။  

2️⃣စူးစမ်းလေ့လာဖို့အတွက် ခွင့်ပြုပါ။ 

ဆရာက မေးခွန်းတစ်ခုကို မေးမြန်းပြီးတာနဲ့ တပြိုင်တည်း ကျောင်းသားတွေကို သင်ခန်းစာ အကြောင်းအရာအပေါ် ကိုယ်တိုင်စူးစမ်း လေ့လာခွင့်ပေးပါ။ ဒီနည်းလမ်းက သင်ခန်းစာတွေကို ပိုမိုနားလည်အောင် ကူညီပေးပါတယ်။ 

3️⃣ဆွေးနွေးခြင်းကို အားပေးပါ။

ကျောင်းသားအချင်းချင်း သူတို့ရဲ့ အကြံဉာဏ်နဲ့ ယူဆချက်တွေကို ဆွေးနွေးနိုင်အောင် အားပေးပါ။ ဒီလို အားပေးခြင်းက ကျောင်းသားတွေအတွက် သင်ခန်းစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကောင်းမွန်စွာ နားလည်နိုင်ဖို့ ကူညီပေးပါတယ်။ 

4️⃣အရင်းအမြစ်တွေကို ထောက်ပံ့ပေးပါ။ 

ကျောင်းသားတွေ သင်ခန်းစာအပေါ်  နားလည်နိုင်ဖို့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ သင်ကြားရေးပစ္စည်းတွေကို ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေက သင်ခန်းစာအပေါ်  ပိုမိုနားလည် သဘောပေါက်လာအောင် ကူညီပေးပါတယ်။ 

5️⃣သင်ယူခဲ့တဲ့ အကြောင်းအရာတွေအပေါ် အကျဥ်းချုပ် ဖော်ပြပေးပါ။ 

သင်ခန်းစာရဲ့ အဆုံးမှာ သင်ယူခဲ့တဲ့ အရာတွေကို သေသေချာချာ အကျဥ်းချုပ်ရေးပေးပါ။ ဒီလို‌ရေးပေးခြင်းက သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို မှတ်မိဖို့ ကျောင်းသားအတွက် ကူညီပေးပါတယ်။ 

⏩️ဒီလောက်ဆိုရင်တော့ Inquiry Based Learning နဲ့ သက်ဆိုင်တဲ့ နည်းလမ်းတွေကို လေ့လာပြီးသွားပြီဆိုတော့ စာသင်ခန်းအတွင်း ကျောင်းသားက မေးခွန်းမေးမြန်းခြင်းကို အခြေခံတဲ့ သင်ကြားမှုအမျိုးမျိုးကို အသုံးပြုလို့ ရပါတယ်။ အရေးကြီးတာက ကျောင်းသားတွေကို သင်ယူမှုလုပ်ငန်းစဥ်မှာ တက်ကြွစွာ ပါဝင်ခွင့်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မေးခွန်းတွေ မေးမြန်းဖို့အတွက် အသုံးပြုလို့ရတဲ့ ပုံစံတချို့ကို အောက်မှာ လေ့လာကြည့်နိုင်ပါတယ်။ 

💠Inquiry Based Learning ရဲ့ ပုံစံ (၄)ခု

✅ရေကူးစသင်တဲ့လူကို ရေတိမ်တဲ့နေရာကနေ စသင်သလို ဆရာတွေကလည်း ကျောင်းသားတွေရဲ့ တိုးတက်မှုကို အခြေခံကနေ စနစ်တကျ လမ်းညွှန်ဆောင်ကြဥ်းပေးဖို့ လိုအပ်ပါတယ်။

Inquiry Based ကို သင်ကြားတဲ့ ဆရာတွေရဲ့ အဓိက ပြဿနာက ကျောင်းသားတွေကို သာမန်သင်ယူမှုထက် ပိုတဲ့ လမ်းညွှန်မှုတွေပေးကြတယ်” လို့ ဆုရ အဂ်လိပ်စာ ဆရာ ၊ နည်းပညာ သင်ကြားရေးနည်းပြတစ်ဦးဖြစ်တဲ့ Trevor MacKenzie က ရေးသားထားပါတယ်။ 

🔆ကျောင်းသားတွေအတွက် အောင်မြင်တဲ့ ရွေးချယ်မှုတွေနဲ့ လွတ်လပ်မှုတွေ ရရှိဖို့ စနစ်တကျ တည်ဆောက်ပေးဖို့ လိုပါတယ်။

1️⃣စနစ်ကျသောမေးမြန်းမှုပုံစံ – ဆရာက လမ်းညွှန်မေးခွန်း မေးပြီးနောက် လိုအပ်တဲ့ ပံ့ပိုးပေးမှု၊ လမ်းညွှန်ပေးမှု၊ အကဲဖြတ်မှုတွေနဲ့ ကျောင်းသားများကို ဦးဆောင်ပေးတဲ့ပုံစံဖြစ်ပါတယ်။

2️⃣Controlled Inquiry – ကျောင်းသားတွေက ဆရာ ထုတ်ပေးလိုက်တဲ့ မတူညီတဲ့ မေးခွန်းတွေထဲက မေးခွန်းတစ်ခုကို ပေးထားတဲ့ အရင်းအမြစ်တွေနဲ့ အသုံးပြုပြီး စူးစမ်းလေ့လာကြပါတယ်။ 

3️⃣ဦးဆောင်မှု/လမ်းပြအခြေပြု မေးခွန်းမေးမြန်မှုစနစ် – ဆရာက သင်ခန်းစာတစ်ခုကို မိတ်ဆက်ပေးလိုက်ပြီးနောက် ကျောင်းသားတွေက သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို စတင်‌ရေးသားပြီး စူးစမ်းလေ့လာဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ကိုယ်တိုင်ရွေးချယ်ကြပါတယ်။ 

4️⃣လွတ်လပ်စွာ မေးမြန်းခြင်း – ကျောင်သားတွေက ဆရာ့ရဲ့  ပံ့ပိုးကူညီမှုနဲ့အတူ သူတို့ရဲ့ ကိုယ်ပိုင် မေးခွန်းပုံစံတွေ၊ အရင်းအမြစ်တွေကို ‌‌ရွေးချယ်ပြီး သင်ယူခဲ့တဲ့အရာတွေကို ပြန်လည်ဖော်ပြဖို့အတွက် အကျဥ်းချုပ် စစ်ဆေးအကဲဖြတ်မှုတွေကို စိတ်ကြိုက်ပြင်ဆင်ကြပါတယ်။ 

📍အခုဆိုရင်တော့ Inquiry Based Learning ရဲ့ ပုံစံ (၄)မျိုးနဲ့ နမူနာတွေကို လေ့လာပြီးပြီပဲ ဖြစ်ပါတယ်။ ဆရာတွေအနေနဲ့ ကိုယ်ရဲ့ စာသင်ခန်းအတွင်း Inquiry Based သင်ခန်းစာတွေကို စတင် သင်ကြားတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအတိုင်း လုပ်ဆောင်ခြင်းဖြင့် ကောင်းမွန်တဲ့ စာသင်ချိန်တစ်ခုကို ဖန်တီးနိုင်ပါတယ်။

သင်ခန်းစာကို video နဲ့ လေ့လာကြရအောင်