Fundamentals of Marketing

🔎Digital Marketing ကို အကောင်းဆုံး အသုံးပြုတတ်ဖို့ဆို Market, Marketing နဲ့ Digital ဆိုတဲ့ ကဏ္ဍတွေကို သိထားဖို့ လိုအပ်ပါတယ်။ Fundamental of Marketing မှာ စျေးကွက်တစ်ခုအတွက် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေရဲ့ ရောင်းချနည်းနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားတွေကို လေ့လာသွားရမှာ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားတွေကို လေ့လာခြင်းက‌ အောင်မြင်တဲ့ Marketing ဖြစ်လာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် အရင်ဆုံး Fundamental of Marketing ကို လေ့လာလိုက်ရအောင် ….

Introduction of the Class

What is a Market?

⭐️Market ဆိုတာ ပစ္စည်းတွေ နဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူရောင်းချဖို့အတွက် ဆုံမှတ်ဖြစ်ပါတယ်။ ဝယ်ယူသူ နဲ့ ရောင်းချသူတွေက အပြန်အလှန် ဆက်သွယ်ပြီး ကုန်ပစ္စည်းတွေ၊ ‌ဝန်ဆောင်မှုတွေကို လဲလှယ်ကြပါတယ်။ ဒါကြောင့် Market ကို သေချာနားလည်အောင် လေ့လာကြည့်လိုက်ရအောင်…

What is Market?

What is Marketing?

🔮Marketing ဆိုတာက‌တော့ ဖန်တီးမှုနဲ့ ပေါင်းစပ်လုပ်ကိုင်ရတဲ့ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဖန်တီးပြီး လူတွေ သုံးစွဲလာအောင် ဖြည့်ဆည်းရတဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။ ဝန်ဆောင်မှုတွေနဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေကို လူအများအသိအမှတ်ပြုလာနိုင်အောင်၊ စိတ်ကျေနပ်မှု ရှိလာအောင် လုပ်ဆောင်ရတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် Marketing ရဲ့ သဘောသဘာဝကို ပိုမိုနားလည်သဘောပေါက်အောင် စနစ်တကျ လေ့လာကြရအောင်နော်…

What is Marketing?

Who are customers?

🙋🏻‍♂️Customer တွေဟာ လုပ်ငန်းတစ်ခုရဲ့ အရေးကြီးတဲ့နေရာကနေ ပါဝင်ကြပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲကြတဲ့ အစိတ်အပိုင်းမှာ ရှိပါတယ်။ ဒါကြောင့် Customer တွေရဲ့ အရေးပါပုံတွေကို လေ့လာကြည့်လိုက်ရအောင်…

Who are Customers?

Branding

🛎️Branding က ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုတွေကို စျေးကွက်ထဲမှာ ထင်ရှားလာအောင် အသုံးပြုတွေရဲ့ စိတ်ထဲမှာ အမြဲအမှတ်ရနေ‌အောင် ယုံကြည်မှုတည်ဆောင်ရတဲ့ အရာဖြစ်ပါတယ်။ Branding က သုံးစွဲသူတွေနဲ့ အပြန်အလှန် ဆက်ဆံရေးကို တည်ဆောင်ပေးတဲ့အပြင် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရဲ့ အရည်အသွေး နဲ့ တန်ဖိုးကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် Branding ရဲ့ တည်ဆောင်ပုံတွေက အောက်မှာ လေ့လာကြည့်လိုက်ရအောင် …

Branding

Principle of Marketing

🖊️Principle of Marketing က Marketing ကို အသုံးပြုတဲ့အခါ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်ဆောင်ရအောင် အခြေခံ သဘောတရားတွေကို ဖြစ်ပါတယ်။ သုံးစွဲသူလူအများနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို Principle of Marketing မှာ သေချာလေ့လာသွားရမှာပဲ ဖြစ်ပါတယ်။

Principle of Marketing

4Ps and 7Ps of Marketing

⚜️ကုန်ပစ္စည်းကို အမြဲမပြတ် ထိရောက်စွာ ရောင်းချနိုင်ဖို့အတွက် 4Ps and 7Ps of Marketing ကို သိထားဖို့ လိုအပ်ပါတယ်။ သုံးစွဲသူရဲ့ စိတ်ကြိုက်ကို ဖြည့်ဆောင်နိုင်ဖို့၊ အလွယ်တကူ ဝယ်ယူနိုင်ဖို့၊ ကုန်ပစ္စည်းတန်ဖိုးနဲ့ ညီမျှတဲ့ စျေးနှုန်းကို အကောင်းဆုံး သတ်မှတ်နိုင်ဖို့အတွက်ဆိုရင် အောက်မှာ ပြောပြသွားမယ့် အချက်တွေက ဆက်လေ့လာရအောင်…

4Ps and 7Ps of Marketing

Segmentation, Targeting and Positioning

❇️အခုလေ့လာသွားမယ့် အရာကတော့ Marketing ကို အသုံးပြုနေစဥ်အတွင်း မဖြစ်မနေ လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ နည်းဗျူဟာတွေဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ အစိတ်အပိုင်း သုံးခုကို ကုန်ပစ္စည်းနဲ့ သုံးစွဲသူကြား ချိတ်ဆက်နိုင်ဖို့ အကောင်းဆုံး ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းဗျူဟာ သုံးခု အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့ အောက်မှာ ဆက်လေ့လာရအောင်။

Segmentation, Targeting and Positioning

Customer Values

🔆Customer Values က သုံးစွဲသူ တစ်တယောက်ချင်းရဲ့ စိတ်ထဲမှာ သူတို့ ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေအပေါ် တန်ဖိုးထားခြင်းဖြစ်ပါတယ်။ Customer Values မှာ သုံးစွဲသူရဲ့ အကျိုးကျေးဇူးတွေ၊ ကုန်ကျစရိတ်တွေပါဝင်ပြီး အခြားဘယ်အရာတွေ ပါဝင်သေးလဲဆိုတာကို လေ့လာကြရအောင်…

Customer Values

Customer Centricity

📈Customer Centricity ဆိုတာ ကုမ္ပဏီတစ်ခုအတွက် အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေ၊ လုပ်ဆောင်ချက်တွေ၊ အသုံးပြုသူတွေရဲ့ အတွေ့အကြုံ လိုအပ်ချက်တွေ၊ ဆန္ဒတွေကို အခြေခံပြီး ဖန်တီးရတဲ့ အရာဖြစ်ပါတယ်။ Customer Centricity က Customer တွေရဲ့ အတွေ့အကြုံတွေကို အကောင်းဆုံးဖြစ်လာအောင် မြင့်တင်ပေးခြင်း ဖြစ်ပါတယ်။

Customer Centricity

Marketing Strategy

📊Market Strategyဆိုတာ ကုမ္ပဏီရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို စျေးကွက် ဖြန့်ချီနိုင်အောင်၊ ရောင်းချနိုင်အောင်၊ ‌အရောင်းတိုးမြှင့်အောင် ချမှတ်ရတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒါကြောင့် Strategy ရဲ့ အခန်းကဏ္ဍတွေ ပိုမိုနားလည်လာအောင် လေ့လာကြည့်ရအောင်…

Marketing Strategy

Fundamental of Marketingရဲ့ သင်ခန်းစာက ဒီလောက်ပါပဲ။ Marketing ရဲ့ ‌အခြေခံသ‌ဘောတရားတွေကို နားလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

❇️သင်ခန်းစာနဲ့ ပတ်သက်ပြီး ပိုလေ့လာချင်ရင်တော့ အောက်ပါ videos ‌မှာ လေ့လာလို့ ရပါတယ်။