Advanced features of ChatGPT

ChatGPT ကို ပိုပြီးတော့ skill ကျကျ သုံးတတ်ဖို့ ဒီအချက်လေးတွေသိထားဖို့လိုပါတယ်နော်။

Advanced Prompting Techniques

ChatGPT က prompt engineering technique လို့ခေါ် တဲ့ userမှ ပေးလိုက်သော instructions ပေါ် မူတည်ပြီး generative Artificial Intelligence (AI) မှ user instruction နဲ့ ဆိုင်သော response များ ထုတ်ပေးသော နည်းပညာကို အသုံးပြုထားပါတယ်။ ဒါ့ကြောင့် user ပေးလိုက်သော instruction နဲ့ context ပေါ်မူတည်ပြီး ChatGPT မှ တိကျသောညွှန်ကြားချက်များနှင့် သက်ဆိုင်ရာအကြောင်းအရာများကို ပံ့ပိုးပေးခြင်းဖြင့် user များသည် တိကျမှန်ကန်သော resultများရရှိနိုင်ပါတယ်။ မေးလိုသော အကြောင်းအရာ prompt သည် ရှင်းရှင်းလင်းလင်း တိတိကျကျ ဖြစ်သင့်ပါတယ်။

မတူညီသော prompt နှင့် စတိုင်များကို စမ်းသပ်ခြင်းဖြင့် user များအား ၎င်းတို့၏ လိုအပ်ချက်များအရ output ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်စေပါသည်။ prompt တစ်ခု ဘယ်လို ရေးရမလဲ သေချာသိရင် ChatGPT ကို ပိုပြီး အကျိုးရှိရှိ အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။ Prompt Engineering for ChatGPT အကြောင်း အသေးစိတ်သိချင်ရင် ဒီ  link လေးမှာ ဖတ်နိုင်ပါတယ်။

eg: General Prompt: “What is the sum of 13 and 15?”

Tailored Prompt: “What is the sum of 13 and 15? Explain this to a 5 years old child.”

Handling Long Texts and Contextual Continuations

Breaking Long Texts into Chunks: ChatGPT တွင် tokens ကန့်သတ်ချက်များ ရှိပါတယ်။ ထို့ကြောင့် အလွန်ရှည်လျားသော prompts များ သည် မပြည့်စုံသော သို့မဟုတ် ဖြတ်တောက်ထားသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ 

To handle long texts: long text များကို သေးငယ်သောအပိုင်းများအဖြစ် (segmentation) ခွဲခြမ်းနိုင်သည်။  (up to 15,000 characters per request by default) ChatGPT Prompt Splitter tool, Algorithmic Approach ကိုသုံးနိုင်သည်။

Contextual Continuity: ChatGPT သည် conversation history တစ်ခုလုံးကိုထိန်းသိမ်း မှတ်သား ထားနိုင်သည် ChatGPT အပြန်အလှန်အပြန်အလှန်ပြောဆိုမှုများတွင် အကြောင်းအရာများစွာကို ထိန်းသိမ်းထား ရန် memory token ကို အသုံးပြုထားသည်။ တစ်နည်းအားဖြင့် chatGPT သည် memory control လုပ်နိုင်ပါ တယ်။ memory control အကြောင်း အသေးစိတ်သိချင်ရင် ဒီ Link လေးမှာဖတ်ရှုနိုင်ပါတယ်။ user များသည် AI မော်ဒယ်နှင့် အပြန်အလှန်ပြောဆိုရာတွင် ပြောနေတဲ့ topic၊ AI ရဲ့ responseက မှန်မမှန် ဖြစ်နိုင်မဖြစ်နိုင် စသည့် အကြောင်းရင်းများကို သတိပြုသင့်သည်။ 

ChatGPT သည် အကြောင်းအရာအလိုက် သက်ဆိုင်ရာ စာသားများကို မှန်ကန်စွာ ဖြေဆိုနိုင်သော်လည်း၊ အချို့ ရှုပ်ထွေးသော သို့မဟုတ် အထူးအဆန်းအကြောင်းအရာများတွင် ရံဖန်ရံခါ မှားယွင်းသော သို့မဟုတ် မဆီမဆိုင် သော တုံ့ပြန်မှုများကို ထုတ်လုပ်နိုင်သည်။

Experiment and Iterate: ChatGPT ကို အမျိုးမျိုးသော prompt တွေ အမျိုးမျိုးသောapproaches တွေ နဲ့ သုံးကြည့်ခြင်းအားဖြင့် ဘယ်လိုသုံးရင် ကိုယ်လိုချင်တဲ့ အချက်နဲ့ အကိုက်ညီဆုံးဖြစ်မလဲ သိရှိနိုင်ပါတယ်။ အဆိုပါ ကန့်သတ်ချက်များ အားနည်းချက်များကို သိထားခြင်းဖြင့် user များသည် ChatGPT ကို ထိရောက်စွာ အသုံးချနိုင်ပါသည်။

ChatGPT ရဲ့ advanced features တွေ ဖြစ်တဲ့ openai ရဲ့ model တွေကို custom data တွေနဲ့ playground မှာစမ်းတာ၊ ကိုယ်ပိုင် chatbot ဖန်တီးတာ၊ AI assistant ဖန်တီးတာ၊ openai ရဲ့ API model တွေ endpoint တွေခေါ်သုံးတာ၊ openai ရဲ့ model တွေကို fine tune လုပ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်  data သုံးပြီး ကိုယ်ပိုင် model တွေဖန်တီးတာ စတာတွေ စမ်းသပ် အသုံးပြုချင်တယ်ဆိုရင်တော့ paid plan ဝယ်ပြီး စမ်းသုံးကြည့်လို့ ရပါတယ်။