Pros and Cons of ChatGPT

ChatGPT ကို အသုံးပြုခြင်းဟာ အသုံးပြုရလွယ်ကူပြီး အဘက်ဘက်မှာများစွာ အထောက်အကူပြုသော်လည်း  တိကျမှုမရှိသော သို့မဟုတ် အခြေအနေအရ မသင့်လျော်သော တုံ့ပြန်မှုများကို ထုတ်ပေးနိုင်ပါတယ်။ ChatGPT သုံးခြင်းကြောင့် ဘယ်လို အားနည်းချက် အားသာချက်တွေရှိမလဲ ကြည့်လိုက်ရအောင်။

ChatGPT အသုံးပြုခြင်း၏အားသာချက်များ

24/7 အသုံးပြုနိုင်ခြင်း (24/7 Availability)– အင်တာနက်ရှိရုံဖြင့် အသုံးပြုနိုင်ပြီး အချိန်မ‌ရွေး ပြောဆို ဆက်သွယ်နိုင်ပါတယ်။ 

စွမ်းဆောင်ရည်(Efficiency) – လူနှင့်တူသောစာသားတုံ့ပြန်မှုများကိုလျင်မြန်စွာထုတ်လုပ်နိုင်ခြင်း ထပ်တလဲလဲလုပ် ဆောင်စရာများကိုအလိုအလျောက်လုပ်ဆောင်နိုင်ခြင်းဖြင့် သုံးစွဲသူများအတွက် အချိန်နှင့် ကြိုးစားအားထုတ်မှုကို သိသိသာသာ သက်သာစေပါတယ်။

ချဲ့ထွင်နိုင်မှု (Scalability) – (user request) တောင်းဆိုချက်အများအပြားကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင် ပြီး ချက်ချင်းတုံ့ပြန်မှုများကို ထုတ်ပေးနိုင်ပါတယ်။ စောင့်ဆိုင်းချိန်များကို လျှော့ချပေးပြီး သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို တိုးစေပါတယ်။

ကုန်ကျစရိတ်သက်သာခြင်း(Cost-Effective)– Learning assistant အဖြစ်သော်လည်းကောင်း healthcare assistant အဖြစ်သော်လည်းကောင်း personal assistant အဖြစ်သော်လည်းကောင်း သုံးနိုင်သည့်အတွက် အပြင်မှာလိုအခကြေး‌ငွေပေးစရာမလိုသောကြောင့်ကုန်ကျစရိတ်သက်သာစေပါတယ်။

ဘာသာစကားမျိုးစုံပံ့ပိုးမှု (Multilingual Support)-ဘာသာစကားများစွာဖြင့် ဆက်သွယ်နိုင်ပြီး အချိန်နှင့်တပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် သုံးစွဲသူများအတွက် နှစ်သက်ရာဘာသာစကားဖြင့်  အပြန်အလှန်ပြောဆို ဆက်သွယ်နိုင်ပါတယ်။ 

ChatGPT အသုံးပြုခြင်း၏အားနည်းချက်များ

ကန့်သတ်ထိန်းချုပ်မှု(Limited control over generated content)

Chat GPT ကို အင်တာနက်မှ စာသား(data) အများအပြား ကိုသုံး၍ လေ့ကျင့် သင်ကြား (train) ပေးထားတာဖြစ်ပါတယ်။ ရလဒ်အနေဖြင့်၊ မော်ဒယ်သည် မမှန်ကန်သော အပြောင်းအရာများကိုလဲ ထုတ်ပေးနိုင် ပါတယ်။ ChatGPT  က ပြောသမျှကိုတော့ ယုံလို့မရပါဘူး။

သတင်းမှား ဖြန့်ခြင်း (Spreading misinformation)

Chat GPT သည် စာသားများကို ဖန်တီးထုတ်လုပ်နိုင်သည့်အလျောက် သတင်းမှားများ သို့မဟုတ် သတင်းအတု များကိုလည်း ထုတ်ပေးနိုင်ပါတယ်။ လေ့ကျင့်ထားသောဒေတာအပေါ် အခြေခံပြီး သိတာဖြစ်တဲ့အတွက် မလေ့ ကျင့်ပေးထားသော အကြောင်းအရာများမေးပါက မမှန်ကန်သော သို့မဟုတ် အတည်မပြုနိုင်သော အချက် အလက်ကို ပေးနိုင်ပါတယ်။ 

စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးမရှိခြင်း (Lack of emotional intelligence)

ChatGPT သည် သဘာဝကျသော စကားပြောဆိုမှုကို အတုယူနိုင်သော်လည်း၊ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် ဉာဏ်သွေး မရှိပါဘူး။ ထို့ကြောင့် ခံစားချက်နဲ့ ဆိုင်တဲ့ အကြောင်းအရာများ မေးတဲ့အခါမှာ နားမလည်နိုင်တဲ့ အတွက် အဆင်မပြေခြင်း နားလည်မှုလွဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ(Privacy and security concerns)

ChatGPT နဲ့ စကားပြောတဲ့အခါ ဒေတာနှင့် အချက်အလက်များ ဖလှယ်ရန် လိုအပ်ပါတယ်။ ထို့ကြောင့် ကိုယ့်ဒေတာပေါက်ကြားနိုင်မလား စတဲ့ ဒေတာကာကွယ်ရေးနှင့် လုံခြုံရေးအရ စိုးရိမ်စရာများရှိပါတယ်။

နည်းပညာအပေါ် မှီခိုမှု (Dependence on technology)

ChatGPT ကဲ့သို့ နည်းပညာများအပေါ် မှီခိုအားထားမှုသည် လူအချင်းချင်း အပြန်အလှန်ဆက်သွယ်မှုများကို လျော့နည်းလာနိုင်ပါတယ်။ လူသားအချင်းချင်း ထိတွေ့ဆက်ဆံမှုကို လုံးဝအစားထိုးခြင်းထက် နည်းပညာကို အထောက်အကူဖြစ်စေသော နည်းလမ်းတစ်ခုအဖြစ်သာ ဟန်ချက်ညီညီ အသုံးပြုရန်လိုအပ်ပါတယ်။