SlidesGo

AI tool တစ်ခု ဖြစ်တဲ့ presentation slides တွေ createလုပ်ပေးနိုင်တဲ့ Slidesgo ဆိုတဲ့ tool လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Slidesgo သည် Google Slides နှင့် PowerPoint presentation များကို ဖန်တီးရန်အတွက် အခမဲ့နှင့် ပရီမီယံ ဝယ်သုံးလို့ရနိုင်တဲ့ဝဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းအစီရင်ခံစာပြင်ဆင်ခြင်း၊ သင်ခန်းစာတစ်ခုသင်ကြားရန် ပြင်ဆင်ခြင်း သို့မဟုတ် presentation ဖန်တီးခြင်းတို့အတွက် Slidesgo ဟာ သက်ဆိုင်ရာ အကြောင်းအရာ၊ ရုပ်ပုံများ၊ အရောင်များ၊ ဖောင့်များနှင့် အိုင်ကွန်များ တို့နှင့် မိမိ စိတ်ကြိုက်ပြင်ဆင်နိုင်သော ပရော်ဖက်ရှင်နယ် ဒီဇိုင်းပုံစံ နမူနာများစွာကို ပေးဆောင်နိုင်ပါတယ်။

လှပပြီး အမြင်အာရုံ ဆွဲဆောင်မှုရှိသော presentationများကို ပြုလုပ်ရန်အတွက် အသုံးဝင်သော site တစ်ခု ဖြစ်ပါတယ်။ Slidesgo မှာ ရင်သပ်ရှုမောဖွယ်ကောင်းသော slides များကို လျင်မြန်လွယ်ကူစွာ ဖန်တီးနိုင်စေရန် ကူညီပေးနိုင်သည့် free AI presentation maker လဲ ပါဝင်ပါတယ်။

ဒါက ဘယ်လိုအလုပ်လုပ်လဲဆိုတော့-

🤔 ပထမဆုံး အနေနဲ့ သင်တင်ဆက်လိုသော အကြောင်းအရာ ကို စဉ်းစားပါ (Think of Your Topic)

ကိုယ် presentလုပ်ချင်တဲ့ အကြောင်းအရာ ကို Slidesgo ကို topic ပြောရပါမယ်။သင်ပြောချင်သမျှကို Slidesgo AI သည် attractive presentation ကို ဖန်တီးရာတွင်  ကူညီပေးနိုင်ပါတယ်။

▶️ သင်နှစ်သက်သော ပုံစံကို ရွေးပါ။ (Choose Your Preferred Style and Tone)

present လုပ်လို‌သော အကြောင်းအရာ topic ပေါ် မူတည်၍ မတူညီသော design အမျိုးမျိုးရွေးနိုင်ပါတယ်။ (fun, creative, casual, professional, or formal) ကဲ့သို့ the tone of your presentation ကိုလဲ ရွေးချယ်နိုင်ပါတယ်။ 

⛏️ ကြိုက်နှစ်သက်သလို design ပြောင်းနိုင်ပါတယ်။ (Make Any Desired Changes)

slides များကို အပြည့်အဝ စိတ်ကြိုက်ပုံဖော်နိုင်ပါတယ် ။content, layout, and visuals များကို စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။

⬇️စိတ်ကြိုက် ပြင်ဆင်ပြီးရင် အခမဲ့ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။ (Download the Final Result for Free)

presentation ကို အကောင်းဆုံးပြင်ဆင်ပြီးရင်တော့ PDF သို့မဟုတ် အခြားသော format များဖြစ်တဲ့ JPEG, MP4 များအဖြစ် ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။

စက္ကန့်ပိုင်းအတွင်း စိတ်ကြိုက်ပြင်ဆင်နိုင်သော presentation slides များကို ဖန်တီးရန် AI ကို အသုံးပြုထား သောကြောင့် အချိန်တိုတို အတွင်းမှာ presentation တစ်ခု လုပ်ဖို့ လိုအပ်နေရင် သို့မဟုတ် ဘယ်က စလုပ်ရမလဲ idea မရှိနေရင် ဒီ Slidesgo AI presentation maker ကိုသုံးပြီး လိုအပ်ချက်များနှင့် ကိုက်ညီတဲ့ အံ့သြဖွယ်ကောင်းသော presentation slides များကို ဖန်တီးနိုင်ပါတယ်။

Slidesgo video လေးကို ဆက်လက်လေ့လာကြရအောင်