The impact of AI on careers

📚workplace တွေမှာ AI ရဲ့ အကျိုးသက်ရောက်ပုံ ကို လေ့လာကြည့်ရအောင်။ 

Education, Healthcare, finance နဲ့ များစွာသော industries ပိုင်းတွေမှာ  AI နည်းပညာများကို အသုံးပြုလာကြတာများလာပါတယ်။ အဲ့လိုအသုံးပြုလာကြတဲ့အတွက် AI က careers တွေ စီးပွားရေးလုပ်ငန်းတွေ နဲ့ လူတစ်ဦးချင်းစီအတွက် အကျိုးသက်ရောက်မှုတွေ များစွာရှိပါတယ်။ AI ကို ထပ်ခါတလဲလဲ လုပ်ဆောင်စရာများကို အလိုအလျောက် လုပ်ဆောင်ခြင်း data တွေအပေါ် မူတည်၍ ဆုံးဖြတ်ချက်ချခြင်း စသည့်နေရာများတွင် သုံးခြင်းအားဖြင့် အချိန်ကုန် လူပင်ပန်းသက်သာစေပါတယ်။ စက်မှုလုပ်ငန်းတွေကို AI သို့ ပြောင်းလဲလုပ်ကိုင်ခြင်းက အရင်က ထက်ပိုပြီး အချိန်ပိုသက်သာလာစေ ပါတယ်။ 

အလုပ်သမားတွေရဲ့ အလုပ်အကိုင်များကို ဖယ်ရှားမယ့်အစား Al က လုပ်ငန်းခွင်ရှိ အလုပ်သမားများရဲ့ ကျွမ်းကျင်စေမှုကို တိုးမြှင့်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုမှ စာရွက်စာတမ်းများအထိ လုပ်ငန်း နယ်ပယ်များစွာမှာ ကျယ်ပြန့်စွာ လုပ်ကိုင်ပေးလျက်ရှိပါတယ်။ 

🧑‍💼AI အသုံးပြုခြင်းက လုပ်ငန်းအခြေအနေများကို တိုးတက်စေနိုင်ပါတယ်

မေးခွန်းများကို ပြန်လည် ဖြေကြားရတဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ chatbots ကို အသုံးပြုခြင်းက ပြန်လည် ဖြေကြားတဲ့ အဖြေများက လျင်မြန်ပြီး တသမတ်တည်း ဖြေကြားပေးနိုင်ပါတယ်။

စီးပွားရေးနယ်ပယ်ထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ Customer Service လုပ်ငန်းများကို AI (ဉာဏ်ရည် ထက်မြက်တဲ့ Virtual Customer Assistants လို့ခေါ်တဲ့ Chatbot များ) ရဲ့ အသုံးဝင်မှုအပိုင်းက ဆွဲဆောင်မှုအား အရမ်းကောင်းလာပါတယ်။ 

AI ကို ဆုံးဖြတ်ချက်များ ချမှတ်ခြင်း (Decision making) ၊ အခြေအနေတစ်ခုမှ အကောင်းဆုံး အဖြေကို ရှာဖွေ ခြင်း (Optimization) ၊ အစီအစဉ်များရေးဆွဲခြင်း (Planning) စတဲ့ လုပ်ဆောင်ချက်တွေမှာ အသုံးပြု ကြပါတယ်။ ဒါက စီးပွားရေးနဲ့ စာရင်းအင်းဆိုင်ရာ ပညာရပ်တွေမှာ AI ကို အသုံးပြုတဲ့ ပုံစံပါ။ 

ရင်းနှီးတဲ့နယ်ပယ်တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း Social Media တို့၊ အင်တာနက်အသုံးပြုမှုတို့ဟာ AI စနစ်ကြောင့် ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူ အတွေ့အကြုံ (User experience) တွေကို ပေးစွမ်းလာနိုင်တာပါ။ 

အလိုအလျှောက် ‌မောင်းနှင်နိုင်တဲ့ ကားတွေ ၊ စမတ်ဖုန်းတွေ ၊ အသံနဲ့ အမိန့်‌ပေးခိုင်းစေလို့ရတဲ့ Virtual Assistance တွေ မောင်းသူမဲ့ပစ္စည်းပို့ယာဉ်တွေ စသည်ဖြင့် AI ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာကြပါတယ်။

🤔 ဒီလိုတွေ အသုံးပြုလာခြင်းကြောင့် AI က အလုပ်သမားထုအတွက် အလုပ်လက်မဲ့ဖြစ်စေမှာလား?

ဥပမာအနေနဲ့ အထည်အလိပ်လုပ်ငန်းတွေကိုကြည့်ရင် အလိုအလျောက်စနစ်နဲ့ အထည်များလုပ်ရာမှာ စျေးပိုသက်သာပြီး သုံးစွဲသူများ ပိုမိုရရှိစေကာ ထုတ်ကုန်များ အရင်ကထက်ပိုပြီး လိုအပ်လာပါတယ်။ 

လုပ်ငန်းပြောင်းလဲလည်ပတ်မှုတွေ ဖြစ်သွားပေမယ့်လည်း ကျွမ်းကျင်တဲ့ အလုပ်သမားတွေအတွက် အလုပ်ရှားပါးမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် AI က လူသားတွေ နေရာကို လုံးဝ အစားထိုးမယူနိုင်ဘူးလို့လဲ အာမခံ ချက်မရှိပါဘူး။ခုလိုတိုးတက်လာတဲ့ AI နည်းပညာနဲ့အတူ ဘယ်လို adjust လုပ်ပြီးနေထိုင်ကြမလဲဆိုတာကို စဥ်းစားကြရမှာဖြစ်ပါတယ်။ 

AI in Future

အနာဂတ်မှာ AI ရဲ့ သက်‌ရောက်မှုက ကောင်းတာရော ဆိုးတာရော ရှိနိုင်ပါတယ်။ Healthcare ပိုင်းအတွက် AI သုံးပြီး ရောဂါ ရှာဖွေတာ ကုသတာတွေ routine အလုပ်တွေ အတွက် AI အစားထိုးသုံးခြင်းအားဖြင့် energy save ဖြစ်တာတွေဟာ ကောင်းသော လက္ခဏာ ဖြစ်ပါတယ်။

တစ်ဖက်မှာလဲ စက်ရုံအလုပ်ရုံတွေမှာ AI အသုံးပြုလာကြရင် လူသားတွေ အလုပ်ပျောက်သွားမှာ စိုးရိမ်နေ ကြပါတယ်။ AI သုံးပြီး လက်နက်တွေ ဖန်တီးကြရင် မကောင်းတဲ့ဘက်မှာ သုံးကြရင် AI က လူတွေထက် Intelligence တွေပိုရှိလာရင် လူသားတွေကို ပြန်စိုးမိုးသွားမလား ဆိုတဲ့ မေးခွန်းတွေလဲ ရှိပါတယ်။  

အဓိက အနေနဲ့ကတော့ AI ဆိုတာ လူတွေက ဖန်တီးထားတဲ့ software program ပဲ ဖြစ်ပါတယ်။ ဒီလိုတိုးတက်လာတဲ့နည်းပညာတွေကိုကိုယ်ဘယ်လိုကိုင်တွယ်ထိန်းချုပ်မလဲ။ အလုပ်တွေပိုပြီးအောင်  ဘယ် နေရာမှာအသုံးချကြမလဲဆိုတာတွေ လိုအပ်လာပါပြီ။ အနာဂတ်မှာကတော့ လူ့အသိဖန်တီးနိုင်စွမ်းနှင့် အကောင်းဆုံးဆိုတဲ့ အသိပညာ ဗဟုသုတွေကို လိုအပ်ရင် လိုအပ်သလို သိတတ်၊​ရှာဖွေတတ် အသုံးချတတ်ပြီး၊ AI ကိရိယာကို ကောင်းကောင်း အသုံးချ၊ လုပ်ကိုင်တတ်သူတွေသည် အခြားသူတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေမှာပဲ။ ကိုယ့်ရဲ့ အလုပ်မပျောက်အောင် AI ကို ဘယ်လိုအသုံးချရမလဲ၊​ ဘယ်လိုမြှင့်တင်ရမလဲကို စဉ်းစား လုပ်ကိုင်ကြရမှာပဲဖြစ်ပါတယ်။