စိုက်ပျိုးရေးဆိုင်ရာ အထွေထွေ မိတ်ဆက်

1️⃣“စိုက်ပျိုးရေး” ဆိုတဲ့ ဝေါဟာရဲ့ အဓိပ္ပါယ်

🌿“Agriculture” ဆိုတာ လက်တင်ဘာသာ “Ager” (The Soil – မြေကြီး) နဲ့ “Cultura” (Cultivation –   စိုက်ပျိုးခြင်း/ပြုစုပျိုးထောင်ခြင်း) ဆိုတဲ့ စကားလုံး နှစ်ခုကို ပေါင်းထားတာပါ။

🌱ဒါကြောင့်  “Agriculture” ဆိုတာ “မြေကြီး (မြေဆီလွှာ)ကို ပိုမိုကောင်းမွန်လာအောင် ပြုစု ထိန်းသိမ်းပြီး စိုက်ပျိုးခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။

🌳ဒါပေမယ့် “Agriculture” ကို “စိုက်ပျိုးရေး” လို့ အဓိပ္ပါယ်ကောက်ယူလိုက်ရင်တော့  သီးနှံ အထွက်တိုးဖို့ကိုပဲ အာရုံစိုက်ပြီး၊ စိုက်ပျိုးမြေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ကိစ္စကို “မေ့လျော့” သလို ဖြစ်လာကြပါတယ်။

🌴သီးနှံအထွက်တိုးရေးကိုပဲ ဦးစားပေးလာကြတော့ ဓာတုမြေသြဇာတွေ၊ ဓာတုပိုးသတ်ဆေးတွေ၊ ဓာတုပေါင်းသတ်ဆေးတွေကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ တစ်ချိန်ထဲမှာပဲ သီးနှံပင် တွေကို အလှည့်ကြ စိုက်တာထက် စီးပွားရေးအတွက် တွက်ခြေကိုက်ပြီး ဝင်ငွေကောင်းတဲ့ သီးနှံတစ်မျိုးထဲကိုပဲ အမြဲ စိုက်လာတော့ မြေဆီလွှာတွေက တဖြည်းဖြည်း ပျက်စီးလာခဲ့တော့ တာပေါ့။ 

☘️ဒီလိုနဲ့ နောင်လာနောက်သားတွေက ပျက်ယွင်းနေတဲ့ မြေတွေကိုပဲ အမွေဆက်ခံကြရပါတယ်။ မြေဆီလွှာပျက်စီးနေခြင်းကြောင့် သီးနှံအထွက်လျော့ကျလာကာ စားနပ်ရိက္ခာ ဖူလုံမှုမရှိတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်လာကြရပါတယ်။

🌲ဒါကြောင့် “Agriculture” ကို “စိုက်ပျိုးရေး” လို့ ခေါ်ဝေါ်သုံးနှုန်းကြပေမယ့်  “မိမိတို့လိုချင်တဲ့ စိုက်ပျိုးသီးနှံတွေ ထုတ်လုပ်ရာမှာ မြေဆီလွှာ မပျက်စီးစေတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ရမယ်” လို့ စိတ်မှာ နားလည်စွဲမှတ်ထားရင် ရေရှည်တည်တံ့တဲ့ မြေဆီလွှာကို လက်ဆင့်ကမ်း အမွေပေးနိုင်မှာပဲ ဖြစ်ပါတယ်။ 

2️⃣“စိုက်ပျိုးရေး” ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍများ

✨စိုက်ပျိုးရေးဟာ ယနေ့အချိန်အထိတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးအတွက် အရေးပါတဲ့ အခန်းက မှာ ပါဝင်နေပါတယ်။

💫ဒါ့အပြင် စိုက်ပျိုးရေးကနေထောက်ပံ့ပေးနိုင်တဲ့ အခြားအရေးပါတဲ့ အခန်းကတွေလဲ ရှိနေပါ သေးတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုတော့…

🧵လူသားအားလုံးရဲ့ စား၊ ဝတ်၊ နေရေး အတွက်လိုအပ်တဲ့ အခြေခံ ကုန်ကြမ်း တွေကို စိုက်ပျိုးရေးက ရရှိနိုင်ပါတယ်။ ဥပမာ- ဆေးဝါး၊ လောင်စာ၊ ပလပ်စတစ် စတာတွေအပြင် လူတို့သတိမထားမိတဲ့ ပစ္စည်းတွေ၊ နည်းလမ်းတွေနဲ့ ထောက်ပံ့ပေးလျက် ရှိနေပါတယ်။ အဲ့ဒီ ကုန်ကြမ်းတွေက ထုတ်လုပ်မှု အပိုင်းမှာ အလွန်အရေးပါတာကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး စတာတွေဟာ ကုန်ကြမ်း ဘယ်လောက် ရရှိနိုင်တယ် ဆိုတဲ့အချက်အပေါ် အလွန်ပဲ မူတည်လျက် ရှိနေပါတယ်။

🔗နိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းက အကြောင်းတစ်ခုခုကြောင့် အခက်အခဲတွေ ပေါ်လာရင် နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ကို ထိခိုက်ပြီး ကုန်ဈေးနှုန်း အတက်အကျပေါ် သက်ရောက်လာရင်တော့ ပြည်သူအားလုံးရဲ့ လူမှုစီးပွားရေး အခြေအနေအားလုံးကို ထိခိုက်လာနိုင်ပါတယ်။

💶မြန်မာနိုင်ငံရဲ့ တိုင်းပြည်ဝင်ငွေ အများစုဟာ လယ်ယာပို့ကုန်တွေအပေါ် မူတည်နေပါတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကုန်ကြမ်း ပို့ကုန်တွေ ရပ်တန့်သွားရင် ၄င်းတို့ရဲ့ စီးပွားရေးလည်း ထိခိုက်လာနိုင်မှာ ဖြစ်ပါတယ်။

⚒️မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးကနေ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ထောက်ပံ့ပေး နိုင်ပါတယ်။ ဒါ့အပြင် ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ပတ်သက်လာရင် အခြားနယ်ပယ်တွေမှာ ရင်းနှီး မြုပ်နှံတာထက်၊ စိုက်ပျိုးရေးမှာ ရင်းနှီးမြုပ်နှံရင်တော့  သိသာ ထိရောက်မှုတွေကို တွေ့ရပါတယ်။

📈နိုင်ငံတကာကုန်သွယ်မှု၊ တိုင်းပြည်ဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း စတာတွေ အားလုံးပေါင်းစပ် လိုက်တဲ့အခါ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ပြီး စီးပွားရေးလည်းတိုးတက်လာကာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်လာစေ နိုင်ပါတယ်။

🛡️နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံ ကုန်ကြမ်းတွေကို စိုက်ပျိုးရေး လုပ်ငန်းတွေက ထောက်ပံ့ပေးနိုင်တာ ကြောင့် အဆိုပါကုန်ကြမ်းတွေ လိုအပ်ချက်ရှိလာခဲ့ရင် နိုင်ငံ အချင်းချင်း ပဋိပက္ခများတွေ၊ စစ်ပွဲတွေ ဖြစ်လာစေနိုင်သလို နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေး နဲ့ တည်မြဲမှု ကိုပါ ခြိမ်းခြောက်လာစေ နိုင်ပါတယ်။

⚙️မျိုးရိုးဗီဇ ဖလှယ်ခြင်း/အဆင့်မြှင့်တင်ခြင်းတွေကို ဆောင်ရွက်ပြီး သီးနှံများအထွက်တိုးလာစေခြင်း၊ ရေသုံးစွဲမှု လျော့နည်းလာစေခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် အဆိုးသက်ရောက်မှုများမှ လျော့နည်းလာစေခြင်း စတဲ့ သုတေသနတွေလုပ်ရင်းနဲ့  နည်းပညာတွေ ဆန်းသစ်တီထွင်ခြင်း ကိုပါ ဆောင်ရွက်လာနိုင်ပါတယ်။

💡ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်းက စိုက်ပျိုးရေးလုပ်ငန်းအပေါ် သက်ရောက်မှုများလို့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘာတွေလုပ်ဆောင်မလဲ၊ လူသား အားလုံးအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုက ဘယ်လိုမျိုးဖြစ်လာမလဲ၊ စိုက်ပျိုးရေးအခြေအနေက အနာဂတ်မှာ ဘယ်လို ဖြစ်လာမလဲ စတဲ့ လူသားတွေရဲ့ အနာဂါတ် မျှော်လင့်ချက် တွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် အများကြီးမူတည်နေပါတယ်။

3️⃣သီးနှံများကို သက်တမ်းအလိုက် နဲ့  အသုံးပြုမှုအလိုက် အမျိုးအစား ခွဲခြားခြင်း

(က)    သီးနှံများကို သက်တမ်းအလိုက် အမျိုးအစား ခွဲခြားခြင်း🟠

🗓️သီးနှံများကို သက်တမ်းအလိုက် အမျိုးအစား ခွဲခြားခြင်း မပြုခင်မှာ ပြက္ခဒိန်နှစ် (Calendar Year) နဲ့ ရာသီနှစ် (Season of Year – Season Year) ကို ခွဲခြား သိဖို့လိုပါတယ်။

📆ပြက္ခဒိန် နှစ်ဆိုတာ ၁၂ လပါတဲ့ အချိန်ကာလ (ဇန်နဝါရီလ ကနေ ဒီဇင်ဘာလ အထိ) ကိုခေါ်တာပါ။

🌧️ရာသီနှစ်ဆိုတာက မြန်မာပြည်အနေနဲ့ကြည့်ပါက ၃ ရာသီ (နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ) ပေါင်းကို ခေါ်တာပါ။

🥬တစ်ရာသီခံပင် (Annual plants) ဆိုတာဟာ သူတို့ရဲ့ ဘဝစက်ဝန်း ပြည့်စုံစေဖို့ အပင်ပေါက်တဲ့ အချိန်ကနေ သစ်စေ့ထုတ်ပေးတဲ့ အချိန်အထိ တစ်ရာသီအတွင်းမှာပဲ ဖြစ်ရပါမယ်။ 

🔺တစ်ရာသီလွန်ရင်တော့ အပင်တွေ သေသွားကြပါတယ်။

🟤ဥပမာ – မိုးရာသီ အစမှာ စစိုက်၊ မိုးရာသီကုန်ခါနီးမှာ အပွင့်ပွင့်ပြီး သစ်စေ့ရရင် အဲ့ဒီအပင်ကို တစ်မိုးရာသီခံပင် လို့ ခေါ်ပါတယ်။ အတွေ့ရများတဲ့ ဟင်းသီးဟင်းရွက်ပင်အများစုဟာ တစ်ရာသီခံပင်များ ဖြစ်ကြပါတယ်။ ဥပမာ – ဆလပ်ရွက်၊ မုန်ညင်း၊ ဟင်းနုနွယ် စသည်

🥕 နှစ်ရာသီခံပင် (Biennial plants) ဥပမာ – ခါကျက်ဥ၊ ပန်းမုံလာ၊ မုံလာဥ

🔻 နှစ်ရှည်ခံပင်/နှစ်ကြာခံပင် (perennial plants) ဥပမာ – ကော်ဖီ၊ ကွမ်း၊ ဆီအုန်း

(ခ)  သီးနှံများကို အသုံးပြုမှု နဲ့ အသုံးဝင်မှုအလိုက် အမျိုးအစား ခွဲခြားခြင်း☑️

🔴လယ်ယာသီးနှံ နဲ့ ဥယျာဉ်ခြံ သီးနှံ ဆိုပြီး နှစ်မျိုးရှိပါတယ်။ လယ်ယာသီးနှံပင်တို့ရဲ့ လက္ခဏာရပ်တွေက မပျက်စီးလွယ်၊ တာရှည်သိုလှောင်ထားနိုင်၊ အပင်ကို နေ့စဉ်နီးပါး ဂရုစိုက်ဖို့ မလို၊ အစိမ်း စားလို့မရ၊ ဧရိယာ အကျယ်ကြီးစိုက်ရပါတယ်။

🥝ဥယျာဉ်ခြံသီးနှံပင်တို့ရဲ့ လက္ခဏာရပ်တွေက အရည်ရွှမ်း၊ တာရှည်မခံ၊ ဂရုစိုက် ပြုစုပေးရ၊ တန်ဖိုးမြင့်၊ ဧရိယာ အနည်းငယ်နဲ့ ဝင်ငွေများစွာရပါတယ်။

🌾 လယ်ယာသီးနှံအမျိုးအစားများ (နှံစားသီးနှံများ)

စပါး၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း၊ ဂျုံ၊ အုတ်၊ ဘာလီ၊ လူး၊ ဆတ်

🫘 လယ်ယာသီးနှံအမျိုးအစားများ (ဆီထွက်သီးနှံများ)

 မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပဲပုတ်၊ ဆီမုန်ညင်း၊ ပန်းနှမ်း

🥜လယ်ယာသီးနှံအမျိုးအစားများ (ပဲမျိုးစုံသီးနှံများ)

မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုတ်၊ ထောပတ်ပဲ၊ စားတော်ပဲ၊ ပဲယင်း

🌿 လယ်ယာသီးနှံအမျိုးအစားများ (စက်မှုကုန်ကြမ်းသီးနှံများ)

ပိုးစာပင်စိုက်ပျိုးခြင်း နဲ့ မွေးမြူခြင်း၊ ဝါ၊ ကော်ဖီ၊ ကြံ၊ ရော်ဘာ၊ ဆီအုန်း၊ လျှော်မျှင်ထွက်သီးနှံများ (ဂုန်လျှော်)၊ မှို၊ မက္ကဒေးမီးယား၊ ပလောပီနံ

🍆ဥယျာဉ်ခြံ သီးနှံအမျိုးအစားများ (ဟင်းသီးဟင်းရွက် – အသီး)

ခရမ်းသီး၊ ခရမ်းချဉ်၊ ရုံးပတီ၊ ရွှေပဲ၊ ဗူး၊ ဖရုံ၊ သခွား၊ ဂေါ်ရခါး၊ ငရုတ် စသည်ဖြင့်

🥦ဥယျာဉ်ခြံ သီးနှံအမျိုးအစားများ (ဟင်းသီးဟင်းရွက် – အရွက်/အညွန့်)

ဂေါ်ဖီ၊ ပန်းမုံလာ၊ ကိုက်လံ၊ နံနံ၊ ဟင်းနုနွယ်၊ ကညွတ်၊ ကန်စွန်း၊ မုံညင်း၊ ဆလပ်၊ စသည်ဖြင့်

 🧅 ဥယျာဉ်ခြံ သီးနှံအမျိုးအစားများ (ဟင်းသီးဟင်းရွက် – ဥ)

အာလူး၊ ကြက်သွန်နီ/ဖြူ၊ ကန်စွန်းဥ၊ ပိန်းဥ၊ မြောက်ဥ၊ မုံလာဥ၊ ခါကျက်ဥ စသည်ဖြင့်

🍊 ဥယျာဉ်ခြံ သီးနှံအမျိုးအစားများ (သစ်သီးဝလံ)

လိမ္မော်၊ သရက်၊ ထောပတ်၊ ပန်းသီး၊ သစ်တော်၊ ငှက်ပျော၊ စပျစ်၊ မာလကာ၊ ကီဝီ၊ သလဲ၊ မက်မွန်၊ ဒူးရင်း စသည်ဖြင့်

🌸ဥယျာဉ်ခြံ သီးနှံအမျိုးအစားများ (ပန်းမာလ်)

မေမြို့၊ ဂန္ဓမာ၊ နှင်းဆီ၊ စံပယ်၊ ဇွန်၊ သစ္စာ၊ သစ်ခွ၊ လီလီ၊ ပိန်း၊ ခွာညို၊ ရွက်လှ၊ စသည်ဖြင့်

🟨အပင်အစိတ်အပိုင်းအလိုက် လုပ်ငန်းတာဝန်များ

🔶 ပင်စည် နဲ့ အကိုင်း အခက် – အစာအာဟာရကိုသယ်ဆောင်

🔶အရွက် – အစာချက်

🔶အဖူး၊ အပွင့်၊ အစေ့ – မျိုးပွား

🔶 အမြစ် – မြေကြီးထဲက ရေ နဲ့ အာဟာရကို စုပ်ယူ