အပင်မျိုးပွားခြင်း (ခ) အပင်ပွားခြင်း

🌲အပင်မျိုးပွားခြင်းဆိုတာဘာလဲ

🪴 အပင်မျိုးပွားခြင်း (သို့) အပင်ပွားခြင်းဆိုတာ အပင်တစ်ပင်ကနေ အပင်သစ်တွေ ရနိုင်သမျှ ရအောင် လုပ်ခြင်းဖြစ်ပါတယ်။

🪴သဘာဝအတိုင်း ပွားများနိုင်ပြီးတော့ မျိုးရိုး ဗီဇဆိုင်ရာ ဝိသေသလက္ခဏာတွေ၊ အပင်တစ်ပင်ရဲ့ ထူးခြားကောင်းမွန်မှုနဲ့ဆိုင်တဲ့ လက္ခဏာတွေက အပင်မျိုးပွားခြင်းဖြစ်စဉ်ကြောင့် အရှည်တည်တံ့ နေနိုင်ပါတယ်။

🪴အပင်တစ်ပင်ကို အရည်အသွေးလည်း ကောင်း၊ အရေအတွက်လဲ များများရဖို့ 

(၁) လိင်ရှိ မျိုးပွားခြင်း (Sexual Propagation) နည်း နဲ့ 

(၂) လိင်မဲ့ မျိုးပွားခြင်း (Asexual Propagation) နည်း နှစ်ခုနဲ့ မျိုးပွားနိုင်ပါတယ်။

🌲လိင်ရှိ/လိင်မဲ့ မျိုးပွားခြင်းတို့ရဲ့ အားသာချက်/အားနည်းချက်များ

(က) လိင်ရှိမျိုးပွားခြင်းနည်းရဲ့ အားသာချက် တွေကတော့

🌱 အစေ့နဲ့မျိုးပွားနိုင်ခြင်း။

🌱မျိုးစေ့၊ သစ်စေ့များကို ရေရှည် သိုလှောင်သိမ်းဆည်းထားနိုင်ခြင်း။

🌱 လွယ်ကူ ရိုးရှင်း/ကုန်ကျ စရိတ် သက်သာခြင်း။

🌱 အချို့ အပင်မျိုးစိတ်တွေက လိင်ရှိ မျိုးပွားခြင်းနဲ့သာ အပင်သစ် ဖြစ်ပေါ်ဖို့ အဆင်ပြေနိုင်ခြင်း။

🌱 မျိုးအသစ်များ ထွက်ပေါ် ရရှိနိုင်ရန် တစ်ခုတည်းသော အခြေခံ နည်းလမ်း တို့ဖြစ်ပါတယ်

(ခ) လိင်ရှိမျိုးပွားခြင်းနည်းရဲ့ အားနည်းချက် တွေကတော့

🌱 အချိန်ကြာခြင်း (အညှောင့်ထွက်ရန်၊ အပင်ပေါက်ရန်)။

🌱မျိုးစေ့ကို ပြုပြင်ဖန်တီးပေးရခြင်း (မျိုးစေ့ ငုပ်ချိန် ရှိ၍ ထိုအချိန်ကို လွန်မြောက် ဖြတ်ကျော်နိုင်စေရန်)။

🌱မျိုး ဗီဇ မတူညီ သွေဖီပြောင်းလဲဖြစ်ပေါ်ခြင်း။

🌱အထူးသဖြင့် စပ်မျိုးတွေမှာ အစေ့ကို မျိုးအဖြစ် ပြန်လည် အသုံးပြုဖို့ အဆင်မပြေခြင်း။

(က) လိင်မဲ့မျိုးပွားခြင်းနည်းရဲ့ အားသာချက် တွေကတော့

🌱  အစေ့ကို မသုံးဘဲ အပင်အစိတ်အပိုင်းတွေကနေ အပင်သစ်ရအောင် လုပ်နိုင်ခြင်း။

🌱  ဝတ်မှုန်ကူးခြင်းဖြစ်စဉ်လို ကိစ္စရပ်များမလိုအပ်ခြင်း။

🌱  ငှက်ပျော၊ အာလူး၊ ကြံပင်တွေလို မျိုးစေ့ အလွယ် မဖြစ်ပေါ်နိုင်တဲ့ အပင်တွေကို မျိုးပွားနိုင်ခြင်း။

🌱  မြစ်ဖု၊ မြစ်ဥ၊ အတက်၊ မြေအောက်ပင်စည် စတာတွေကို အခြေအနေမပေးတဲ့ ပတ်ဝန်းကျင် နဲ့ ပြင်ပသက်ရောက်မှုတွေကို ကျော်လွန်ပြီးတော့ အပင် ဖြစ်ထွန်း ပွားများနိုင်ခြင်း။

🌱  မိခင်အပင်နဲ့ မျိုးဗီဇလက္ခဏာ၊ အရည်အသွေး တစ်ထပ်တည်းတူညီတဲ့ အပင်များရရှိနိုင်ခြင်း။

 (ခ) လိင်မဲ့မျိုးပွားခြင်းနည်းရဲ့ အားနည်းချက် တွေကတော့

🌱  ရောဂါတစ်ခုကို မိခင်အပင်က ခံနိုင်ရည်မရှိပါက အပင်ပွားအားလုံး ထိုရောဂါကို ခံနိုင်ရည် မရှိနိုင်ခြင်း။

🌱  ရောဂါ ကျရောက်ဖျက်ဆီးမှုဒဏ် ပိုခံရနိုင်ခြင်း။

🌱  ရေရှည် ရှင်သန်ရပ်တည်နိုင်စွမ်း နည်းပါးခြင်း။

 🌱 အများအပြား ပွားများနိုင်တာကြောင့် အာဟာရ ရယူမှုဆိုင်ရာ အားနည်းချက်များ ရှိနိုင်ခြင်း။

🌱အပင်လောကမှာ သဘာဝအရ ဖြစ်ပေါ်နေတဲ့ မျိုးဗီဇ ပြောင်းလဲဖြစ်ထွန်းရှင်သန်မှုကို သွေဖည်တဲ့လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါတယ်။

 🌲 လိင်မဲ့မျိုးပွားနည်း အမျိုးအစားများ

ဖြတ်တောက်ကိုင်းထိုး မျိုးပွားခြင်း (Cutting)ဖုံးအုပ် မြေထုပ်စည်း မျိုးပွားခြင်း (Layering)
သားတက်ပင်ပွားယူ မျိုးပွားခြင်း (Offsets)ဖဲ့ထုတ်ခွဲယူ မျိုးပွားခြင်း (Separation)
ပိုင်းဖြတ်ခွဲယူ မျိုးပွားခြင်း (Division)အဖူးအတက်မြှုပ်ဆက် မျိုးပွားခြင်း (Budding)
ကိုင်းကူးကိုင်းဆက် မျိုးပွားခြင်း (Grafting)အပင်တစ်သျှူးမွေးမြူပွား၍ မျိုးပွားခြင်း (Plant Tissue Culture)