ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း စွမ်းရည် (Critical Thinking Skills)

💭ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) ဆိုတာဘာလဲ။

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းက ပြဿနာတစ်ခု ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်နားလည်ဖို့အတွက် အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ရပါတယ်။ ဒါ့အပြင် ယူဆချက် နဲ့ အချက်အလက်တွေရဲ့ ဆက်သွယ်ချက်တွေကို နားလည်စေဖို့ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရှိတဲ့သူက အခက်အခဲပြဿနာတွေရဲ့ ရင်းမြစ် နဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ယုတ္တိရှိရှိ စနစ်တကျ ဝေဖန်ဆန်းစစ်ပြီး အသင့်တော်ဆုံး နည်းလမ်းကို မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်ပါတယ်။ အချက်အလက်တွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့  ရွေးချယ် ဆုံးဖြတ်ခြင်း ပြုလုပ်ရာမှာ မိမိရဲ့ ပုဂ္ဂလိကအမြင်၊ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ မလွှမ်းမိုးမိစေဘဲ  ဓမ္မဓိဋ္ဌာန် ကျကျ ဆုံးဖြတ်နိုင်ဖို့က အရေးကြီးပါတယ်။  

ဥပမာအားဖြင့်၊ သင် နဲ့ သင့် သူငယ်ချင်းကြား ပြဿနာကို ဖြေရှင်းဖို့ လိုအပ်ပါက၊ ပြဿနာရဲ့ သဘောသဘာဝကို နားလည်ဖို့ နဲ့ အခြေအနေကို ဖြေရှင်းဖို့ ဘယ်လို လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သင့်သလဲဆိုတာ သင်က ဝေဖန်ပိုင်းခြား တွေးခေါ်ရမှာ ဖြစ်ပါတယ်။ သူငယ်ချင်း အချင်းချင်းကြား ပြဿနာဖြေရှင်းဖို့အတွက် ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို အသုံးပြုတဲ့အခါ သင်လုပ်ဆောင်ရမယ့် အဆင့်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ 

  1. “တကယ့်ပြဿနာကဘာလဲ” ဆိုတာကို ဖော်ထုတ်ပါ။ 
  2. “ပြဿနာ ဘာကြောင့်ဖြစ်ရတာလဲ”နဲ့ “ဘယ်လိုဖြေရှင်းနိုင်မလဲ”စတဲ့ ကောက်ချက်တွေကို ဖန်တီးပါ။
  3. ပြဿနာနဲ့ဆိုင်တဲ့ အချက်အလက် (ဒါမှမဟုတ်) အကြောင်းအရင်းတွေကို ရှာဖွေ စုဆောင်းပါ။ 
  4. အချက်အလက်တွေနဲ့ တွေ့ရှိချက်တွေကို စုစည်းပြီး စီစစ်ပါ။ 
  5. ပြဿနာဖြေရှင်းနည်းလမ်းတွေကို တွေး‌တာ ကြံဆပါ။ 
  6. ဘယ်လို ဖြေရှင်းနည်းတွေက အလုပ်ဖြစ်တယ် (ဒါမှမဟုတ်) အလုပ်မဖြစ်ဘူးဆိုတာကို ကျိုးကြောင်း ဆီလျော်စွာ ဝေဖန်ဆန်းစစ်ပါ။

အထက်ပါ အချက်တွေကို လိုက်နာခြင်းအားဖြင့် ကိုယ်ရေးကိုယ်တာ ဘက်လိုက်မှု၊ စိတ်ခံစားမှု လွှမ်းမိုးမှုမရှိဘဲ ပြဿနာကို မှန်ကန်စွာ ပိုင်းခြားစိတ်ဖြာနိုင်မှာ ဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်ရှင်တစ်ဦးအနေနဲ့  ဘက်မလိုက်တဲ့ အကြောင်းအရာနဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ပြဿနာတစ်ခုကို ပိုင်းခြားစိတ်ဖြာနိုင်ရမှာ ဖြစ်သည်။ 

🗝️ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) က

  • Self-directed ( မိမိကိုယ်ကို ညွှန်ကြားသော)
  • Self-disciplined ( မိမိကိုယ်တိုင် စည်းကမ်းချမှတ်ထားသော)
  • Self-monitored ( မိမိကိုယ်ကို စောင့်ကြည့်သော)
  • Self-corrective ( မိမိကိုယ်ကို အမှားပြင်ဆင်သော) စဥ်းစားတွေးခေါ်နည်းဖြစ်ပါတယ်။

🪄ဘာကြောင့် ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်းက အရေးကြီးတာလဲ။

  • ဆုံးဖြတ်ချက်များကို တိုးတက် ကောင်းမွန်စေပါတယ်။
  • ဝေဖန်ပိုင်ခြား တွေးခေါ်တတ်သူတွေက ပိုပြီး ပျော်ရွင်ရပါတယ်။ 
  • ပြည့်စုံကောင်းမွန်စွာ သိရှိစေပါတယ်။ 
  • မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းကို အားကောင်းစေပါတယ်။ 
  • အကျိုးရှိတဲ့ ပြောဆိုဆက်ဆံရေးနဲ့ ထိရောက်တဲ့ ပြဿနာ ဖြေရှင်းခြင်း စွမ်းရည်တွေကို တိုးတက်စေပါတယ်။

📈 ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း စွမ်းရည် တိုးတက်အောင် ဘယ်လို လုပ်မလဲ။

  •  သတင်းအချက်အလက် အသစ်များကို ဝေဖန်ဆန်းစစ်ပါ။
  • သတင်းအရင်းအမြစ်များကို တွေးတော ချိန်ဆပါ။
  • မေးခွန်းများ မေးပါ။
  • နောက်ဆက်တွဲ စူးစမ်းလေ့လာခြင်းများ ပြုလုပ်ပါ။

🔗Steps of Critical Thinking (Critical Thinking အဆင့်များ)

(၁) ပြဿနာများ ခွဲခြားသတ်မှတ်ခြင်း။ (Identify the problem)

(၂) အချက်အလက်များ ၊ ထင်မြင်ယူဆချက်များ နှင့် အငြင်းပွားနေသော အချက်များကို စုစည်းခြင်း။ (Research and collect the data)

(၃) အချက်အလက်များ ကိုက်ညီမှု ရှိမရှိကို သတ်မှတ်ခြင်း။ (Determine data relevance)

(၄) အကောင်းဆုံးအဖြေကို ထုတ်ဖော်ခြင်း။ (Identify the best solution)

(၅) ဆုံးဖြတ်ချက်ကို သုံးသပ်ခြင်း။ (Analyze the decision)

(၆) ဖော်ထုတ်တင်ပြခြင်း။ (Present the solutions)

🔍Characteristics of Critical Thinking Skills
(ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည်ရဲ့ ဝိသေသလက္ခဏာများ)

  • ဝေဖန်ပိုင်ခြားနိုင်ခြင်း။
  • မိမိကိုယ်ကိုကိုယ် ထိန်းညှိနိုင်ခြင်း။
  • မတူကွဲပြားသော အတွေးအခေါ်၊ အယူအဆများကိုလက်ခံနိုင်ခြင်း။
  • ပြဿနာများကိုမှန်ကန်စွာဖြေရှင်းနိုင်ခြင်း။
  • အကျိုးသင့် အကြောင်းသင့် တွေးခေါ်နိုင်ခြင်း။
  • မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ခြင်း။   

Reference Video

This tool will help improve your critical thinking – Erick Wilberding

Creative thinking – how to get out of the box and generate ideas: Giovanni Corazza at TEDxRoma

https://www.rasmussen.edu/student-experience/college-life/critical-thinking-skills-to-master-now