ဆုံးဖြတ်ချက်ချခြင်း စွမ်းရည် (Decision Making Skills)

🔎လူတိုင်းက နေ့ရက်တိုင်းမှာ ကိစ္စအမျိုးမျိုးအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ကြပါတယ်။ လုပ်ဆောင်ချက်တွေ အကောင်းဆုံးဖြစ်စေဖို့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေကို သင်ယူရပါတယ်။ ငယ်စဉ်အချိန်မှာတော့ မိဘတွေကလူငယ်တွေကို တာဝန်ယူပြီး ကိစ္စအားလုံးအပေါ် ဆုံးဖြတ်ပေးပေမယ့် မိဘတွေကတော့ လူငယ်တွေကို ကိစ္စရပ်တိုင်းမှာ တာဝန်ယူနိုင်ပြီး ပျော်ရွှင်တဲ့ လူကြီးတွေ ဖြစ်စေချင်ကြပါတယ်။ သုတေသနတချို့အရဆိုရင် အခြေအနေတစ်ခုကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချနိုင်တဲ့လူတွေဟာ ဘဝမှာ ပိုအောင်မြင်တတ်ကြောင်းကို တင်ပြထားပါတယ်။ ကိစ္စတိုင်းမှာ လူငယ်တွေအနေနဲ့လည်း ဆုံးဖြတ်ချက် ချနိုင်စွမ်းကို လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ 

🖌️လူငယ်အနေနဲ့ ပြဿနာဖြစ်လာခဲ့ရင် (ဒါမှမဟုတ်) ပြဿနာဖြစ်လာတော့မယ့် အခြေအနေနဲ့ ကြုံလာခဲ့ရင် ကိုယ့်ကိုကို ကာကွယ်ဖို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ဖို့ လိုလာပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချနည်း၊ ပြဿနာဖြေရှင်းနည်း လုပ်ငန်းစဉ်တွေကို ပိုတိုးတက်အောင် လေ့လာ လေ့ကျင့်ထားဖို့ လိုပါတယ်။ 

🔎လူငယ်တွေအတွက် သူတို့နဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ လိုအပ်ပေမယ့် မိဘတွေရဲ့ သတ်မှတ် ဆုံးဖြတ်ခြင်းတွေကြောင့် လူငယ်တွေဟာ လူကြီးဖြစ်လာချိန်မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ခက်ခဲလာကြပါတယ်။ 

🔏လူငယ်တွေဖက်ကလည်း မိဘတွေ ချမှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် လိုက်နာကျင့်သုံးရတာ အဆင်ပြေနေသလား၊ ခက်ခဲနေသလား၊ အတားအဆီးဖြစ်နေသလား စတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိဘနဲ့ သားသမီးကြားမှာ အပြန်အလှန် ဆက်သွယ်မှုတွေက ပွင့်ပွင့်လင်းလင်း နဲ့ တိုးတက်လာမှာ ဖြစ်ပြီး အောင်မြင်တဲ့ အခွင့်အရေးကောင်းတွေ အများအပြားပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ 

🔆ဆုံးဖြတ်ချက် ချနိုင်ခြင်း စွမ်းရည်ဆိုတာ ဘာလဲ။ 

ဆုံးဖြတ်ချက် ချနိုင်ခြင်းစွမ်းရည်က အခြေခံကျတဲ့  လိုအပ်ချက်တွေကို နားလည်နိုင်ပြီး တစ်ခုထက်မကတဲ့ ရွေးချယ်မှုမျိုးတွေကို နှိုင်းယှဉ် တတ်ဖို့နဲ့  အကောင်းဆုံးရွေးချယ်မှုတစ်ခုသို့ ရွေးချယ်နိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ 

ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်က အဖြေများကို ရှာဖွေခြင်း၊ စုဆောင်းခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို အဓိက အခြေခံပြီး ကောင်းမွန်တဲ့ နောက်ဆုံးရလဒ်အတွက် မှန်ကန် တိကျတဲ့ စီရင်ဆုံးဖြတ်နိုင်ခြင်း ဖြစ်ပါတယ်။ 

ကျောင်းမှာတော့ ဒီစွမ်းရည်က သူငယ်ချင်း အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေမှာ အဆင်ပြေ ချောမွေ့စေဖို့ အချင်းချင်းကြားမှာရှိတဲ့ ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် ကျောင်းသားများအနေနဲ့  မဖြစ်မနေ ရှိထားသင့်တဲ့ စွမ်းရည် တစ်ခု ဖြစ်ပါသည်။

ကောင်းမွန်တဲ့  ဆုံးဖြတ်ချက်ချ နိုင်မှုစွမ်းရည်က ဘယ်လို ပြဿနာမျိုးမဆို ထိရောက်မှုစွာ ဖြေရှင်းနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်တို့အနေနဲ့ မိမိကိုယ်တိုင်လည်းဆုံးဖြတ်ချက်ချတတ်အောင် မိဘတွေပေးတဲ့ ဆုံးဖြတ်ချက်နဲ့လည်း ချိန်ညှိလို့ရအောင် ဒီဆုံးဖြတ်ချက်ချနည်းလေးတွေကို သိထားဖို့လိုအပ်ပါတယ်။

🔆ဆုံးဖြတ်ချက်ချခြင်း နည်းလမ်း (၆) ခု

  1. 🔅ဖြစ်နေတဲ့ ပြဿနာ (ဒါမှမဟုတ်) လုပ်ဆောင်ရမယ့် ကိစ္စတွေရဲ့  အရင်းအမြစ်ကို ရှာဖွေသတ်မှတ်ပါ။ 

ဖြစ်နေတဲ့ ပြဿနာ (ဒါမှမဟုတ်) လုပ်ဆောင်ရမယ့် ကိစ္စတွေကို ကိုယ့်ရဲ့ စိတ်ကြိုက်ရလဒ် နဲ့ ဖြစ်စေချင်တဲ့ အ​ဖြေက ဘာလဲဆိုတာ စဉ်းစားပါ။ 

  1. 🔅ဖြစ်နေတဲ့ ပြဿနာ (ဒါမှမဟုတ်) လုပ်ဆောင်ရမယ့် ကိစ္စတွေအပေါ် ရွေးချယ်စရာ အဖြေတွေ နဲ့ နည်းလမ်းတွေကို စာရင်းပြုစုပါ။ 

ပြဿနာ (ဒါမှမဟုတ်) လုပ်ဆောင်ရမယ့် ကိစ္စတွေအပေါ်  ဖြစ်သင့်တဲ့ နည်းလမ်းတွေ နဲ့ စိတ်ကူးတွေကို ချရေးပြီး သင့်အတွက် အကျိုးရှိမယ့် ရည်ရွယ်ချက်တွေ ဖြစ်နေဖို့ လိုအပ်ပါတယ်။ စာရင်းပြုစုထားတဲ့ ရည်ရွယ်ချက်တွေကို မိဘ/ဆရာတွေဆီ တင်ပြတဲ့အခါ သဘောတူမှုမရှိရင်လည်း စဉ်းစားချိန်ပေးပြီး အကြံဉာဏ်ရယူပါ။ အကြံဉာဏ်ကောင်းတွေရဖို့ နဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေး ရနိုင်ဖို့ လွတ်လပ်ပေါ့ပါးတဲ့ ဆက်ဆံရေးဖြစ်အောင် တည်ဆောက်ပါ။ ရွေးချယ်စရာ စိတ်ကူးတွေနဲ့ အကြံဉာဏ်တွေ မတွေးနိုင်မချင်း ဆက်သွားပါ။ မိဘ/ဆရာတွေက ပေးလိုက်တဲ့ နည်းလမ်းတွေနဲ့ အကြံဉာဏ်တွေအပေါ် မဝေဖန်မိအောင် သတိပြုပါ။ ဘာကြောင့်လည်းဆိုတော့ ဒီအဆင့်က နည်းလမ်းတွေနဲ့ စိတ်ကူးတွေကို စုစည်းမှု အဆင့်ဖြစ်နေလို့ ဖြစ်ပါတယ်။ 

  1.  🔅ရွေးချယ်စရာတွေကိုအကဲဖြတ်ပါ။ 

မိဘ/ဆရာတွေပေးလိုက်တဲ့ နည်းလမ်းတွေနဲ့ စိတ်ကူးတွေအပေါ် ကိုယ့်အတွက် အဆင်ပြေမပြေ အကဲဖြတ်ပါ။ အကဲဖြတ်တဲ့အခါ ဘယ်အရာတွေက ကိုယ့်အတွက် ခက်ခဲနေသလဲ၊ ဘာတွေက နာကျင်နေရသလဲ၊ ဘယ်အရာတွေအပေါ် မျှတဖို့ လိုအပ်သလဲ စတဲ့အရာတွေကို စဉ်းစားဖို့ လိုအပ်ပြီး သင့်အတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ 

  1. 🔅အဖြေတစ်ခုတည်းကို ရွေးချယ်ပါ။ 

ရွေးချယ်လိုက်တဲ့ အဖြေက တခြားလူအပေါ် ပြဿနာမဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။ 

  1. 🔅အစီအစဉ်တကျ လုပ်ဆောင်ပါ။

ကိုယ်ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီအဆင့်က ခက်ခဲတဲ့အဆင့်ဖြစ်ပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က     သင်နဲ့ ကိုက်ညီမှု မရှိနေရင်တော့ စောနက စာရင်းပြုစုခဲ့တဲ့ ရွေးချယ်စရာစာရင်းဆီ ပြန်သွားဖို့ လိုအပ်ပါတယ်။ 

  1. 🔅ပြဿနာနဲ့ ဖြေရှင်းနည်းကိုအကဲဖြတ်ပါ။

ဒီအဆင့်က လူတိုင်း မလုပ်ဖြစ်တဲ့အဆင့်ဖြစ်ပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းပြီးတိုင်း- ဒီပြဿနာထဲကနေ ဘာတွေ သင်ယူလိုက်ရလဲ၊ ဘာကြောင့် ပြဿနာဖြစ်ခဲ့ရသလဲ၊ နောက်တခါ ဒီလိုပြဿနာမျိုး ကြုံရရင် ဘယ်လိုကာကွယ်မလဲ၊ လက်ရှိပြဿနာကို ဘယ်လိုဖြေရှင်းခဲ့သလဲ စတဲ့ အကဲဖြတ်မှုတွေ့နဲ့ ပြဿနာတွေအပေါ် လေ့လာသွားဖို့ လိုအပ်ပါတယ်။ 

ဒါဆိုရင်ရွေးချယ်စရာတွေ ဆုံးဖြတ်ချက်ချဖို့လိုနေချိန်မှာ အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်ဖို့ဆိုပိုကောင်းမယ် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လေ့ကျင့်ကြည့်ရအောင်