တင်ဆက်ပြသခြင်းနှင့် လူအများရှေ့စကားပြောဆိုခြင်းစွမ်းရည်

(Presentation and Public Speaking Skill)

တင်ဆက်ပြသခြင်း စွမ်းရည် (Presentation skill) ဆိုတာဘာလဲ။

တင်ဆက်ပြသခြင်း (Presentation) ဆိုတာ မိမိမျှဝေချင်တဲ့အကြောင်းအရာ၊ အိုင်ဒီယာ၊ အတွေးအခေါ်တွေကို တစ်ဖက်လူ နားလည်သဘောပေါက်အောင် ဆွေးနွေး တင်ပြခြင်းပဲဖြစ်ပါတယ်။ Presentation skill ဆိုတာကတော့ မိမိမျှဝေချင်တဲ့အကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို နည်းလမ်းမျိုးစုံနဲ့ ဆွေးနွေးတင်ပြနိုင်တဲ့ စွမ်းရည်နဲ့ အရည်အချင်းကို ဆိုလိုပါတယ်။ စကားရည်လုပွဲတွေ၊ ဟောပြောပွဲတွေ၊ အတန်းထဲ့မှာ စာထွက်ရှင်းရတဲ့အခါတွေမှာ တင်ဆက်ပြသခြင်းစွမ်းရည် (Presentation Skill) ကိုယ့်မှာ ရှိထားရင် အောင်မြင်နိုင်မှာဖြစ်ပါတယ်။ တင်ဆက်ပြသခြင်းစွမ်းရည် (presentation skill) က ကျောင်းမှာ အတန်းရှေ့စာထွက်ရှင်းရတဲ့ အလေ့အထက နေ အလုပ်မှာ ကိုယ့်ရဲ့ အိုင်ဒီယာကို ချပြဆွေနွေးတဲ့ အထိ အသုံးပြုလေ့ရှိပါတယ်။

လူအများ‌ရှေ့ စကားပြောဆိုခြင်းစွမ်းရည် (Public Speaking skill) ဆိုတာဘာလဲ။

လူအများ‌ရှေ့ စကားပြောဆိုခြင်း (Public speaking)  ဆိုတာ မိမိပြောချင်တဲ့အကြောင်းအရာတွေကို ပရိတ်သတ်ရှေ့မှာ တိုက်ရိုက် ပြောပြခြင်းပဲဖြစ်ပြီး လူအများ‌ရှေ့ စကားပြောဆိုခြင်စွမ်းရည် (Public Speaking skill) ဆိုတာကတော့ အများကို ပြောပြချင်တဲ့အကြောင်းအရာတွေကို ပရိသတ်စိတ်ဝင်စားအောင် ပြောပြနိုင်တဲ့ အရည်အချင်းပဲဖြစ်ပါတယ်။

Presentation skill နဲ့ Public speaking skill ဘာတွေကွာခြားလဲ?

တင်ဆက်ပြသခြင်းစွမ်းရည် (presentation skill) ပြည့်ဝဖို့ ဘယ်လိုပြင်ဆင်ရမလဲ

🧑‍💻ပရိသတ်အခြေအနေပေါ်မူတည်ပြီး  powerpoint slides သေချာစွာပြင်ဆင်ပါ။ 

⏳စကားပြောမမြန်လွန်း၊ မနှေးလွန်းဘဲ အချိန်ကို သေချာစီမံခန့်ခွဲပါ။

🤵‍♂️သေသပ်စွာဝတ်ဆင်ပြီး ပရိတ်သတ်ကို ကျောမခိုင်းပါနဲ့။ eye-contact ရှိပြီး ကိုယ်ဟန်အမူအရာများကို လိုအပ်လျှင်အသုံးပြုပါ။

📝 မျှဝေရမယ့်အကြောင်းအရာတွေကို စနစ်တကျပြောနိုင်ဖို့ ပြင်ဆင်ပြီး တစ်ခေါက်လောက် လေ့ကျင့် ကြည့်ပါ။

👄စကားပြောတဲ့အခါ အင်း၊ အဲ၊ ဟို စတဲ့ စကားလုံးတွေ ထပ်ကာထပ်ကာပြောခြင်းကို ရှောင်ပါ။

💻powerpoint slides တွေ ပြင်တဲ့အခါ ရှင်းရှင်းလင်းလင်းရေးပြီး စာသားတွေအများကြီး စုပြုံထည့်ခြင်းကို ရှောင်ကျဉ်ပါ။

📌မိမိမျှဝေမယ့်အကြောင်းအရာကို သေချာနားလည်သဘောပေါက်အောင် ဖတ်ရှုခဲ့ပါ။ အခြားဆက်စပ် နိုင်သည့်အကြောင်းအရာများကိုပါ လေ့လာထားပါ။ မေးခွန်းများရှိလာခဲ့လျှင် အထောက်အကူ ဖြစ်နိုင်ပါတယ်။

လူအများ‌ရှေ့ စကားပြောဆိုခြင်စွမ်းရည် (Public Speaking skill) ပြည့်ဝဖို့ ဘယ်လိုပြင်ဆင်ရမလဲ

🧘စိတ်ဖိစီးမှုကို လျှော့ချလိုက်ပါ။ မျက်စိကိုမှိတ်၊ အသက်ကိုဝဝရှူသွင်းပြီး ပြုံးလိုက်ပါ။ “ငါလုပ်နိုင်တယ်”ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ပါ။

🧍ကိုယ်နေဟန်ထားကို ကောင်းမွန်အောင် လုပ်ပါ။ ပထမဆုံးအနေနဲ့ ခြေထောက်တွေကို သက်တောင့်သက်သာအနေအထားနဲ့ စုစည်းထားပြီး စကားပြောခြင်းကို စတင်ပါ။

👄 သာမန်စကားပြောတာထက် ကိုယ်ရဲ့အသံကို မြှင့်ပါ။ ကိုယ့်နောက်ဘက်မှာ ရှိတဲ့ လူတွေကို စကားပြောတဲ့ အသံနှုန်းနဲ့ ပြောပါ။ ပရိသတ်က ကိုယ့်အသံကို ကြားမကြား သိနိုင်အောင်လည်း “Hello, Hi” စသဖြင့် အစမ်း အော်ကြည့်ပါ။

👁️နားထောင်နေသူတစ်ယောက်စီနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ အခန်းတွင်းမှာ ရှိတဲ့သူအားလုံးနဲ့ အကြည့်ချင်း ဆုံပါစေ။

👋 အရေးကြီးတဲ့ keypointတွေကို လေးနက်စေဖို့၊သတိပြုမိစေဖို့အတွက် လက်ဟန်ခြေဟန်ပြပါ။ ပြီးရင် လက်အနေအထားကို ခပ်သွက်သွက်ရွှေ့ပြောင်းပြီး ပရိသတ်စိတ်ဝင်စားအောင်လုပ်ပါ။

🎯နားထောင်နေသူများ မပျင်းဖို့ ဟာသတွေ၊ ဥပမာတွေ၊ အတွေ့အကြုံတွေကို ထည့်ပြီး ပြောပြပါ။

📺စကားပဲပြောနေတာထက် ဓာတ်ပုံ၊ ဗီဒီယို၊ ဇယားများ စသည်တို့ကို ပြပြီး ပြောပြခြင်းက ပိုစိတ်ဝင်စားစေပါတယ်။

ခုဆိုရင် တင်ဆက်ပြသခြင်းစွမ်းရည် (presentation skill) နဲ့ လူအများ‌ရှေ့ စကားပြောဆိုခြင်စွမ်းရည် (Public Speaking skill) တွေအကြောင်းကို သိသွားပြီဖြစ်တဲ့အတွက် ဒီအချက်လေးတွေအတိုင်း မိမိရဲ့ presentation တစ်ခု သို့မဟုတ် public speaking  တစ်ခုကို ပြင်ဆင်လို့ရပါပြီ။