ပညာရေးဆိုင်အရာ အကြောင်းအရာများ ရေးသားနည်း

ပညာရေးဆိုင်အရာ အကြောင်းအရာများ ရေးသားနည်း

စာရေးသားခြင်းဆိုတာ ဘာလဲ။

စာရေးသားခြင်းက လူတစ်ယောက်နဲ့တယောက် ဆက်သွယ်လမ်းကြောင်းအဖြစ် ချိတ်ဆက် ပြောဆိုနိုင်ပါတယ်။ ဒါ့အပြင် စာရေးသားခြင်းကလူသားတွေရဲ့ဆင့်ကဲဖြစ်စဉ်နဲ့ စကားပြောဆိုမှုကို အစောဆုံးမှတ်တမ်းတင်ထားတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်မှာ စာရေးသားခြင်းဟာ ယေဘူယျအသုံးအနူန်းမှ တဆင့်အထူးပြု‌ပြီး‌လေ့လာရတဲ့အထိတိုးတက်လာပြီဖြစ်ပါတယ်။ အကြောင်းအရာဖန်တီးခြင်းဟာ ပညာရေးကဏ္ဍမှာအရေးကြီးတဲ့နေရာကနေ တည်ရှိပါတယ်။

 အသိပညာ ဗဟုသုတ၊ ဆောင်းပါး၊ စာစောင်၊ ကျောင်းစာအုပ်များမှ တစ်ဆင့် ဘာသာစကား၊ ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများကို စာရေးသား ပြုစုပြီး လက်ဆင့်ကမ်း သင်ကြားရင်း ထိန်းသိမ်းထားရပါတယ်။

ဒါကြောင့် အရည်အသွေးပြည့်တဲ့ ပညာရေးတစ်ခုဖြစ်ဖို့ အချက်(၆) ချက် ရှိဖို့လိုပါတယ်။ 

၁. ဆရာ နှင့် သင်ကြားရေးနည်းစနစ်များ

၂. ပညာရေးဆိုင်ရာ အကြောင်းအရာများ 

၃. သင်ယူမှု ပတ်ဝန်းကျင်

၄. ကျောင်းတွင်း စီမံခန့်ခွဲမှု

၅. ကြိုတင် သတ်မှတ်ချက်များ

၆. ရန်ပုံငွေ နဲ့ အဖွဲ့အစည်း

အထက်မှာ ဖော်ပြထားတဲ့ အချက် (၆) ချက်အနက် “သင်ရိုးညွန်းတမ်း နဲ့ သင်ကြားရေးဆိုင်ရာ အရင်းအမြစ်များ” က အရေးအကြီးဆုံး တစ်ခုဖြစ်ပါတယ်။

Education Contents Writer (ပညာရပ်ဆိုင်ရာအကြောင်းအရာဖန်တီးသူ/ရေးသားသူ) ဟာ အကြာင်းအရာတစ်ခုအပေါ် အထူးပြုရေးသားတဲ့ ပညာရှင်အမျိုးအစားအဖြစ်

ဥပမာတစ်ခုအနေနဲ့ ပြောလို့ရပါတယ်။ ပညာရေးဆိုင်ရာ အကြောင်းအရာဖန်တီးသူပညာရပ်တစ်ခုအပေါ် ရှင်းရှင်းလင်းလင်းရေးသားနိုင်အောင် အာရုံစိုက်ရတဲ့အပြင် အကြောင်းအရာတစ်ခုကို ကောင်းမွန်စွာ တည်ဆောက်ပြီး အသိပညာမျှဝေရတာ ဖြစ်ပါတယ်။ မျှ‌‌‌‌ေ၀လိုတဲ့ အကြောင်းအရာအပေါ် ထူးခြားတဲ့ ပုံစံ၊ ‌‌‌ေ၀ါဟာရ၊ လေသံနဲ့ တည်ဆောက်ရတာဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ စာစီစာကုံး၊ သုတေသနတစ်ခုအပေါ် စမ်းသပ်မှု အစီရင်ခံစာ၊ သုတေသနစာတမ်းများ နဲ့ အခြားပညာရပ်ဆိုင်ရာ အရေးအသားပုံစံများကို ဥပမာအနေနဲ့ တွေ့နိုင်ပါတယ်။ သင်ရဲ့ သင်ကြားရေးအတွက် ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဖန်တီးဖို့အတွက် ‌ရေးသားမယ့်အကြောင်းအရာတစ်ခုကို သေသေချာချာ သိထားဖို့လိုပါတယ်။ ဒါမှသာ ရေးသားမယ့်အကြောင်းအရာအပေါ် ကောင်းစွာ ဆုံးဖြတ်ချက် ချနိုင်ပြီး သေချာချဥ်းကပ်လို့ ရနိုင်မှာဖြစ်ပါတယ်။

အကြောင်းအရာတစ်ခုကို ရေးဖို့ မပြင်ဆင်ခင် ဒီလို မေးခွန်းများကို မေးမြန်းဖို့ လိုအပ်ပါတယ်။

၁. ပထမဆုံးအနေနဲ့ အကြောင်းအရာတစ်ခုကို စဥ်းစားရပါမယ်။ ရေးသားမယ့်အကြောင်းအရာက ဝဘ်စာမျက်နာအပေါ် ဒါမှမဟုတ် ဘလော့ဘ် တစ်ခုအတွက် ရေးသားနိုင်တဲ့အကြောင်းအရာတစ်ခုအနေနဲ့ ရှိလားဆိုတာ စဥ်းစားပါ။

၂. ရေးသားတဲ့အကြောင်းအရာတစ်ခုက e-book တစ်ခုအတွက် ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်စုံစုံ ဖြစ်လားဆိုတာ မေးမြန်းပါ။

၃. အကြောင်းအရာမှာပါတဲ့ အချက်အလက်တွေကို infographic နဲ့ဖော်ပြလို့ ရမရ စဥ်းစားပါ။ ဒီလိုဖော်ပြခြင်းက စာဖတ်သူအတွက် ရေးသားတဲ့အကြောင်းအရာအပေါ် photographic နဲ့ ကိုယ်စားပြုပေးတာ ဖြစ်ပါတယ်။ 

ပညာရေးဆိုင်ရာ အကြောင်းအရာများ ရေးသားခြင်းဆိုတာ ဘာလဲ။

ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအများ အများအပြားရှိလာပါတယ်။ စာစီစာကုံးများ၊ ဇာတ်လမ်းများ၊ တာဝန်များ အကဲဖြတ်ချက်များ အားလုံးကို ကျောင်းသားများ လေ့လာနိုင်အောင် လက်လှမ်းမီဖို့အတွက် ရေးသားဖော်ပြထားတာတွေကို ပညာရေးနဲ့ ဆိုင်တဲ့ အကြောင်းအရာအများလို့ ခေါ်လို့ပါတယ်။ 

ဘာကြောင့်လဲ။

ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးသားခြင်းက အရည်အသွေးမြင့်မားတဲ့ သင်ကြားပို့ချမှုကို အဓိကထား ထောက်ပံ့ပေးတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို သင်ကြားတဲ့အခါ ကျောင်းသားများရဲ့ နားလည်မှုကို ပိုမိုမြင့်မားအောင် ထောက်ပံ့ပေးတာက ပညာရေးဆိုင်ရာ အကြောင်းအရာများအပေါ် များစွာမူတည်လျက်ရှိပါတယ်။ ဒါကြောင့် Educational Content များက ကျောင်းသားများ နဲ့ ဆရာများကြားရှိ ဆက်သွယ်ချက်တစ်ခု ဖြစ်လာပါတယ်။

အချုပ်အနေနဲ့ ပြောရရင် ကျောင်းသားများကလည်း သင်ခန်းစာကို ပိုမိုနားလည်အောင် educational content များ ဖတ်ရှုဖို့ လိုအပ်သလို၊ ဆရာများမှာလည်း သင်ကြားနေတဲ့ သင်ခန်းစာများရဲ့ ကိုးကားချက်များဖော်ပြရာမှာလည်း educational contents များ လိုအပ်ပါတယ်။

ပညာရေးဆိုင်ရာအကြောင်းအရာရေးသားခြင်းရဲ့ လက္ခဏာများ

ပညာရေးဆိုင်ရာ အကြောင်းအရာဖန်တီးရေးသားသူရဲ့ ပုံမှန်ရည်ရွယ်ချက်က သုတေသနဆိုင်ရာ စုံစမ်းတွေ့ရှိချက်များကို တင်ပြရန်ဖြစ်သည်။ ပညာရေးဆိုင်ရာ ပတ်ဝန်းကျင်ရှိ ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ရေးတဲ့အခါ သုတေသနခေါင်းစဉ်အကြောင်းများ၊ လေ့လာချက်များအပေါ် နားလည်သဘောပေါက်စေဖို့နဲ့ ရှာဖွေခဲ့တဲ့ သုတေသနပြုချက်တွေအကြောင်း  အသိပေးဖို့အတွက် ကြိုးစားအားထုတ်ခြင်း ဖြစ်ပါတယ်။ 

ဆွေးနွေးဝိုင်း တစ်ခုအတွင်း ပညာရပ်ဆိုင်ရာ အရေးအသားတစ်ခုကို ဖတ်ခြင်းအားဖြင့် လူအများပါဝင်လာနိုင်‌အောင် ဆွဲဆောင်နိုင်စေတယ်။ လူအများ နားလည်စေပြီး ဖတ်ကြည့်ရုံနဲ့တင် ရေးသားထားတဲ့ စာအပေါ် ရှုပ်ထွေးမသွားစေတဲ့ စကားလုံး အသုံးအနှုန်းများကို ရွေးချယ် ရေးတတ်ဖို့ လိုအပ်ပါတယ်။ စာရေးသားသူများရဲ့ ပညာရေးဆိုင်ရာ အရေးအသား နဲ့ ပတ်သက်တဲ့ အရည်အသွေးများက အောက်ဖော်ပြသည့် အကြောင်းအရာများဖြစ်ပါတယ်။

  • နည်းလမ်းကျကျ ရေးသားခြင်း

ဥပမာအနေနဲ့ ဆွဲဆောင်မှုရှိတဲ့ အကြောင်းအရာတစ်ခုကို ဖတ်ခြင်းအားဖြင့် စာဖတ်သူအတွက် ဖတ်ရှု့တဲ့အကြောင်းအရာပေါ် သီးခြား ရှုမြင်ချက်များ ပေးနိုင်ပြီး စာဖတ်လိုစိတ်ကို မြင့်မားအောင် ဆွဲဆောင်ပေးပါတယ်။ ရေးသားထားတဲ့ အကြောင်းအရာအပေါ် အချက်အလက်များ၊ ကျိုးကြောင်းဆင်ခြင်ခြင်းများ၊ လက်တွေ့ကျတဲ့ အချက်များ ပေါင်းစပ်ထားသည့်အတွက် စာများကို ဆက်ဖတ်ချင်လာအောင် ကူညီပေးပါတယ်။  ထိုအချက်များက စာဖတ်သူအတွက်  မှတ်သားနိုင်တဲ့ အကြောင်းအရာအပေါ်  အသိပညာတစ်ခုပေးဖို့ ဆောင်ရွက်ပေးပါတယ်။ 

  • စာရေးသားရာမှာ စာသားများရဲ့ တည်ဆောက်ပုံဆိုင်ရာ ခိုင်မာမှု

သတင်းအချက်အလက်များကို ကောင်းစွာ စုစည်းထားပြီး စာများရေးသားရာမှာ နိဒါန်း၊ စာကိုယ်စာပိုဒ် နဲ့ နိဂုံးအပိုဒ်များကို အချက်အလက်ကျကျ ဖွဲ့စည်းထားဖို့လိုပါတယ်။ ပညာရေးဆိုင်ရာ အကြောင်းအရာရေးသားသူများက စာရေးသားရာမှာ စာဖတ်သူ စိတ်ဝင်စားမှု ရှိလာအောင် အတွေးအမြင်များ၊ ကိုးကားချက်များ၊ စကားစမြည်ပြောဆိုခြင်းများ စတဲ့အရာများကို ပေါင်းထည့်ပြီး ရေးသားထားတဲ့စာများကို လူအများ စိတ်ဝင်စားလာနိုင် ပြုလုပ်ပါတယ်။ ရေးသားထားသော အကြောင်းအရာများကို နိဂုံးမချုပ်ခင် စာထဲမှာပါရှိတဲ့အကြောင်းအရာများအပေါ် ခွဲခြမ်းစိတ်ဖြာပြီး ဆွေးနွေးချက်များ ထည့်ဖို့ လိုအပ်ပါတယ်။ 

  • အကိုးအကားများ

ပညာရေးဆိုင်ရာ စာရေးသူများက စာပေများနဲ့ ပတ်သက်ပြီး ဖော်ပြ ပြောဆိုတဲ့အခါ တိကျသေချာဖို့ရာအတွက် အပြင်းအထန် ပြုလုပ်ကြပါတယ်။ ဒါ့အပြင် စာရေးသားချက်များအပေါ် အချက်အလက်များ၊ ကိုးကားချက်များနဲ့ သေချာ ဖော်ပြပေးကြပါတယ်။ ပညာရေးဆိုင်အရာ အကြောင်းအရာများ ရေးသားရာမှာ အချက်အလက်များအတွက် ကိုးကာချက်များကို ဖော်ပြခြင်းက ရေးသားထားတဲ့ စာများအပေါ် သုတေသနာများ ကောင်းစွာ လုပ်ထားသည့်ကို  တွေ့မြင်ရမှာဖြစ်ပါတယ်။ 

  • လေသံ၊ ပုံစံ၊ သတ်ပုံနှင့် သဒ္ဒါ

ပညာရေးဆိုင်ရာ အကြောင်းအရာရေးသားသူများက စာရေးသားတဲ့အခါ အသံနေ အသံထား ရေးသားနည်းတွေ မတူကြပါဘူး။ အဲ့ဒီရေးသားနည်းများက စာဖတ်သူအတွက် ရိုးရှင်းစေပြီး ထိုစာရေးသားနည်း ပုံစံများက စာပေလောအတွင်း များစွာအသုံးပြုကြပါတယ်။ ဒါပေမယ့် စာရေးသားရာမှာ Subjective language ကို အသုံးမပြုပါဘူး။ (ဥပမာ ဟေး ဘာတွေလုပ်နေလဲ။ အဆင်ပြေလား။ မနက်ဖြန် ကျွန်တော်နဲ့ သူငယ်ချင်းတွေ တွေ့ကြမှာ အဲ့တာ မင်းလိုက်မလား) စာရေးသားတဲ့အခါ ‌ဝေါဟာရများကို အတိအကျဖော်ရပြီး ယေဘူယျဆန်တဲ့ အတိုခေါက်စကားလုံးများ အသုံးမပြုဖို့ လိုအပ်ပါတယ်။ စကားလုံးများ၊ စာစုများကို သေချာအသုံးပြုကြောင်း ပြသဖို့အတွက် စာလုံးပေါင်းသတ်ပုံနဲ့ သဒ္ဒါများ မှန်ကန်အောင် သတိထားအသုံးပြုဖို့ လိုအပ်ပါတယ်။ 

ကိုယ်ပိုင်နာမ်များ (ကိုယ်ရေးကိုယ်တာနနဲ့ဆိုင်တဲ့ နာမ်များ – ငါ၊ မင်း၊ သူ၊ သူမ၊ ၎င်း၊ အဲဒါ၊ ငါတို့၊ သူတို့၊ ကျွန်ုပ်၊သူကို၊ သူမကို၊ သူတို့ကို)ပေါ့ပေါ့ပါးပါး လေသံ (ပေါ့ပေါ့ပါးပါး လေသံ- ဟေး သူငယ်ချင်း၊ ဒီအရာတွေ ပြောဆိုဖို့ မကောင်းပါဘူး)မလိုမုန်းထားဘာသာစကား (Prejudiced Language- တစ်ဦးဦးအပေါ် အသားအရောင် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လက္ခဏာပေါ်အခြေခံပြီး မကြိုက်ကြောင်းပြောခြင်း)အမြင်များ (အမြင်များ ဥပမာ၊ ဆရာ/မတိုင်းမှာ   ကလေးတွေပေါ် ထားတဲ့ရှိအမြင်အမျိုးမျိုးများ ရှိတတ်ကြပါတယ်။ ) စတဲ့ ဝေါဟာရများ နဲ့ ရှုပ်ထွေးတဲ့ ဝေါဟာရရေးသားခြင်းများ လျော့ချဖို့လိုပါတယ်။ ပညာရေးဆိုင်ရာ အကြောင်းအရာများကို ရေးသားတဲ့အခါ ခိုးယူရေးသားခြင်းများ မပြုလုပ်ဖို့ ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ ခိုင်မာမှု အရည်အသွေးမြင့်တဲ့ ပညာရေးဆိုင်ရာ အကြောင်းအရာ အရေးသားဖို့ လိုအပ်ပါတယ်။

ပညာရေးဆိုင်ရာ အကြောင်းအရာရေးသားသူများအတွက် စာရေးသားနည်း (၁၀)ချက်

  1. စာရေးတဲ့အခါ သက်ဆိုင်ရာ အကြောင်းအရာကို ရေးပါ။
  2. စာရေးဖို့အတွက် အဓိကရည်ရွယ်ထားသောပစ်မှတ် စာဖတ် ပရိတ်သတ်အတွက် စဉ်းစားကာအကြောင်းအရာကို ပုံဖော်ပါ။
  3. တိကျသေချာတဲ့ အရေးအသားနဲ့ လက်တွေ့ဘဝအတွက် ကိုက်ညီမူရှိတဲ့‌ဥပမာများ ထည့်သွင်းပါ။
  4. မတူညီတဲ့ ရှုထောင့်ကမှတစ်ဆင့် အကြောင်းအရာများကို ချဉ်းကပ်ပါ။
  5. စိတ်ဝင်စားစရာကောင်းပြီး တက်ကြွတဲ့ အကြောင်းအရာများ နဲ့ ဘာသာစကားများကို ထည့်ရေးပါ။
  6. ရေးသားမယ့် ပုံစံနဲ့ အသံနေအသံထားကို တသမှတ်တည်း ထားပါ။
  7. စာဖတ်သူကို လမ်းညွှန်ပေးမယ့် အထောက်အကူပြုစေတဲ့ ပုံစံကို အသုံးပြုပါ။
  8. ကိုးကားချက် နဲ့ တရားဝင် အရင်းအမြစ်များကို ချိတ်ဆက်ပါ။
  9. မိမိအထူးပြုမဟုတ်တဲ့အကြောင်းအရာများကိုရေးသားတဲ့အခါရေးသားတဲ့ အကြောင်းအရာကို သင်မသိရင် မသိကြောင်း စကားအစချည်ပြီး ဝန်ခံပါ။
  10. ဖတ်တဲ့အခါ လွယ်ကူးပြီး ပြန်လည် မျှဝေရာမှာ လွယ်ကူအောင် ရေးသားပါ။

ဒါဆို သင်ခန်းစာကို video နဲ့ လေ့လာလိုက်ရအောင်