ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skill)

🤝ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skill) ဆိုတာဘာလဲ?

ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration) ဆိုတာ လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုသော လူများနဲ့ ပရောဂျက်တစ်ခု သို့မဟုတ် အလုပ်တစ်ခုကို  အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skill) ဆိုတာက အဖွဲ့ရဲ့ ဘုံရည်မှန်း ချက်ကို အောင်မြင်အောင် လူအများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သောစွမ်းရည်၊ မိမိရဲ့ အားသာချက်ကိုသိပြီး ထို အားသာချက်ကို အများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ အသုံးပြုတတ်တဲ့ စွမ်းရည်ပဲဖြစ်ပါတယ်။ 

❓ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skill) ကဘာကြောင့် အရေးကြီးတာလဲ။ 

ပူးပေါင်းဆောင်ရွက်ခြင်းက ဘာကြောင့်အရေးကြီးတာလဲဆိုတာကို ဥပမာလေးနဲ့ ရှင်းပြသွားပါမယ်။

ဒီဥပမာလေးကိုကြည့်ရင် မတူကွဲပြားသောပညာနဲ့အတွေ့အကြုံရှိတဲ့သူတွေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရပ်ရွာဖွံ့ဖြိုးရေးပရောဂျက်ဟာ ရလဒ်ကောင်း ရရှိတဲ့ သာဓကတစ်ခုဘဲဖြစ်ပါတယ်။ မတူကွဲပြားသော အဖွဲ့ဝင်တွေရဲ့ စိတ်နေစိတ်ထား၊ အမြင်တွေ၊ အယူအဆတွေအားလုံးကို သဟဇာတဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းပြီး အဖွဲ့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့က အဖွဲ့ဝင်အားလုံးမှာ အများနှင့် ပူးပေါင်းဆောင်ရွက် နိုင်တဲ့ စွမ်းရည်ရှိနေဖို့ လိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းက အဖွဲ့ဝင်အချင်းချင်း အစည်းအဝေးတွေမှာ စုဝေး တွေ့ဆုံရုံ၊ မိမိအလုပ်တာဝန်တွေကို ကိုယ်စီခွဲဝေဆောင်ရွက်ရုံပဲ မဟုတ်ပါဘူး။ အဖွဲ့ဝင်အချင်းချင်း သိနားလည်မှု၊ ကူညီပံ့ပိုးမှု၊ အပေးအယူမျှမှု၊ ဆက်သွယ်ပူးပါင်းဆောင်ရွက်မှု စွမ်းရည်တွေ ကြောင့်သာ လုပ်ငန်းတွေ အောင်မြင် စွာ လည်ပတ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း စွမ်းရည်က အရေးကြီးပါတယ်။ 

🤹ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းကောင်းလာစေဖို့ ဘာတွေလိုအပ်လဲ။

💭ဆက်သွယ်ပြောဆိုနိုင်တဲ့စွမ်းရည် (Communication skill) ကောင်းအောင်လုပ်ပါ။

🧩 အဖွဲ့အစည်းနဲ့ဆောင်ရွက်တဲ့အခါ အဖွဲ့အစည်းနဲ့ဆောင်ရွက်တဲ့အရည်အချင်း (teamwork) ကောင်းအောင် ကြိုးစားပါ။

🤔 ပြဿနာဖြေရှင်းတဲ့အရည်အချင်း (problem solving skill) ဥပမာ – ကြောင်းကျိုးဆက်စပ်စဉ်းစားခြင်း၊ တီထွင်ဖန်တီးခြင်း၊ ခိုင်မာသောဆုံးဖြတ်ချက်ချခြင်း စတဲ့ အရည်အချင်းတွေ ရှိအောင်လုပ်ပါ။

💡ကောင်းမွန်သောကိုယ်ရည်ကိုယ်သွေး (Interpersonal skill) ဥပမာ – သူတစ်ပါးကိုလေးစားခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ ကူညီရိုင်းပင်းတတ်ခြင်း စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိဖို့လိုအပ်ပါတယ်။

🕴️ခေါင်းဆောင်တစ်ယောက်အရည်အချင်း (leadership skill) ရှိဖို့လိုအပ်ပါတယ်။ အသင်းအဖွဲ့နဲ့ ဆောင်ရွက် တဲ့အခါ ဦးဆောင်ခြင်း၊ လှုံ့ဆောင်ပေးခြင်း (motivation)၊ တာဝန်ခွဲဝေပေးခြင်း စတဲ့ ခေါင်းဆောင်တစ်ယောက် ရဲ့ အရည်အချင်းတွေလည်း ထားရှိဖို့လိုအပ်ပါတယ်။ ခုဆိုရင် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းတွေကို သိရှိသွားပြီဖြစ်တဲ့အတွက် မိမိကိုယ်တိုင်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အခါ ဒီအချက်တွေကို ဆောင်ရွက်ကြည့်ပါ။