သဘာဝပိုးသတ်ဆေးပြုလုပ်နည်းများ

🧅ကြက်သွန်ဖြူ ပိုးသတ်ဆေးပြုလုပ်နည်း

  • ကြက်သွန်ဖြူ ပိုးသတ်‌ဆေး ပြုလုပ်ဖို့ ကြက်သွန်ဖြူ (၆၀) ကျပ်သား၊ ဗနီဂါ (ရှာလကာရည်) (၅၀၀) စီစီ၊ အရက်ဦးရေ (၂) လီတာ နဲ့ ရေ (၁၀) လီတာ အချိုးနှုန်း လိုပါတယ်။ပြုလုပ်နည်းကတော့ ကြက်သွန်ဖြူကို ညက်အောင် ထောင်းပြီးတော့ (၁၅) လီတာဆန့် အိုးထဲ ကို ထောင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ ဗနီဂါ၊ အရက်၊ ရေ တို့ကိုထည့်ပြီး မွှေပေးရပါမယ်။ ပြီးရင် အဝတ်ပါးပါးနဲ့ အုပ်ပြီးတော့ အေးမြတဲ့ နေရာမှာ ထားထားပေးရပါမယ်။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်မွှေပေးပြီးတော့ (၇) ရက်ကြာရင် သုံးလို့ရပါပြီ။အသုံးပြုချိန်မှာ အဖတ်များကို ရေစစ်နဲ့ စစ်ပြီးမှ သုံးပေးသင့်ပါတယ်။(၃) ပတ်လောက်အထိ သိုလှောင် သုံးစွဲနိုင်ပါတယ်။

  • 🌶️ငရုတ်သီး ပိုးသတ်ဆေးပြုလုပ်နည်း
  • ငရုတ်သီး ပိုးသတ်ဆေးရည် ပြုလုပ်ဖို့ ငရုတ်သီး (၃၀) သား၊ အရက်ဦးရေ (၂) လီတာ အချိုးနှုန်း လိုပါတယ်။ ငရုတ်သီး ကို အစို/အခြောက် အဆင်ပြေရာ သုံးလို့ရပါတယ်။ ပြုလုပ်နည်းကတော့ ငရုတ်သီးတွေကို ရေနဲ့ (၁) နာရီလောက် မီးအေးအေးနဲ့ ပြုတ်ရပါမယ်။ ပြီးရင် ရေ (၂၀) လီတာဆန့် အိုးထဲထည့်ပြီးတော့ အရက်ဦးရေကို ရောထည့်ပြီး မွှေပေးရပါမယ်။ ပြီးရင် အဝတ်ပါးပါးနဲ့ အုပ်ပြီးတော့ အေးမြတဲ့ နေရာမှာ ထားပေးရပါမယ်။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်မွှေပေးပြီးတော့ (၇) ရက်ကြာရင် သုံးလို့ရပါပြီ။ အသုံးပြုချိန်မှာ အဖတ်များကို ရေစစ်နဲ့ စစ်ပြီးမှ သုံးပေးသင့်ပါတယ်။ (၃) ပတ်လောက်အထိ သိုလှောင် သုံးစွဲနိုင်ပါတယ်။