သဘာဝအားဆေးရည်ပြုလုပ်နည်းများ

🐟ငါးဖြင့်ရွက်ဖျန်း အားဆေးရည် ပြုလုပ်နည်း

  • တန်ဖိုးနည်း ငါးအတွင်းကလီစာ အပါအဝင် ငါးခေါင်း၊ ငါးရိုး စတဲ့ စွန့်ပစ်ပစ္စည်းများ (၁) ပိဿာ၊ ထန်းလျက်အညို (ဈေးအသက်သာဆုံး အချိုဓာတ်ပါတဲ့ ပစ္စည်းတွေသုံးနိုင်ပါတယ်) (၁) ပိဿာ နဲ့ ရေ (အကြည်) (၁) လီတာ အချိုးနှုန်း လိုအပ်ပါတယ်။
  • ပြုလုပ်နည်းကတော့ ငါးစွန့်ပစ်ပစ္စည်းတွေကို နုတ်နုတ်ဆင်း၊ ထန်းလျက်ကို ပါးပါးလှီး၊ နှစ်မျိုး ရောနယ်ပြီး ရေ (၁) လီတာ နဲ့ သမအောင် ရောမွှေပေးရပါမယ်။
  • ပြီးရင် စဉ့်အိုး သို့မဟုတ် ပလပ်စတစ်ပုံး စတဲ့ ထည့်စရာ တစ်ခုခုထဲ ထည့်ပြီး အပေါ်ကနေ ပိတ်စနဲ့ လုံအောင်ဖုံးပေးရပါမယ်။
  • အရိပ်ရပြီးတော့ မှောင်တဲ့ နေရာမှာ ထားပြီးတော့ ၁၅ ရက်ကျော်လို့ ကစော်နံ့ သင်းလာပြီဆိုရင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
  • ရေ (၄) ဂါလံဆိုရင် အားဆေးရည် ဟင်းစားဇွန်းကြီး (၅) ဇွန်း ရောဖျန်းနိုင်ပါတယ်။

🩸သဘာဝ ပိုးတားဆေး/အားဆေးရည် ပြုလုပ်နည်း

  • သဘာဝ ပိုးတားဆေး ပြုလုပ်ဖို့ ဘိစပ် (ဂျာမန်ပေါင်း) / ပင်စိမ်းရိုင်း စတဲ့ အပင်တစ်မျိုးမျိုးရဲ့ ခေါင်ညွန့် (၁) ပိဿာ၊ ထန်းလျက်အညို (ဈေးအသက်သာဆုံး အချိုဓာတ်ပါတဲ့ ပစ္စည်းတွေ သုံးနိုင်ပါတယ်) (၅၀) သား နဲ့ ရေ (အကြည်) (၁) လီတာ အချိုးနှုန်း လိုအပ်ပါတယ်။
  • ပြုလုပ်နည်းကတော့ အရွက်တွေကို နုတ်နုတ်ဆင်း၊ ထန်းလျက်ကို ပါးပါးလှီး၊ နှစ်မျိုး ရောနယ် ပြီး ရေ (၁) လီတာ နဲ့ သမအောင် ရောမွှေပေးရပါမယ်။
  • ပြီးရင် အဝ နည်းနည်းကျယ်တဲ့ စဉ့်အိုး (သို့) ထည့်စရာထဲကို ထည့်ပြီး အရွက်တွေ အပေါ် မှာ မပေါ်အောင် ဖိထားပေးရပါမယ်။ ဒါမှ ပျော်ဝင်နိုင်မှာ ဖြစ်ပါတယ်။
  • ပြီးရင် အပေါ်ကနေ ပိတ်စနဲ့ လုံအောင်ဖုံးပေးပြီးတော့ အရိပ်ရပြီး မှောင်တဲ့ နေရာမှာ ထားပြီးတော့ ၁၅ ရက်ကျော်လို့ ကစော်နံ့ သင်းလာပြီဆိုရင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
  • ရေ (၄) ဂါလံဆိုရင် အားဆေးရည် ဟင်းစားဇွန်းကြီး (၅) ဇွန်း ရောဖျန်းနိုင်ပါတယ်။
  • အရွက်ခူးရာမှာ နံနက်စောစော နေမထွက်ခင် ခူးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးပြု ဘက်တီးရီးယားတွေဟာ အပင်၏ အညွန့်ပိုင်းမှာ အဲ့ဒီအချိန်မှာ အများဆုံး ရှိနေသောကြောင့် ဖြစ်ပါတယ်။

⚗️အဏုဇီဝ အားဆေးရည် ပြုလုပ်နည်း

  • အဏုဇီဝ အားဆေးရည် ပြုလုပ်ဖို့ နွားချေးအစို (၆) ပိဿာ ခွဲ (၁၀ ကီလိုဂရမ်)၊ နွားသေး (၆) ပိဿာ ခွဲ (၁၀ ကီလိုဂရမ်)၊ ထန်းလျက်အညို (ဈေးအသက်သာဆုံး အချိုဓာတ်ပါသော ပစ္စည်း များသုံးနိုင်ပါတယ်) (၁) ပိဿာ ခွဲ (၂ ကီလိုဂရမ်)၊ ပဲမှုန့် (ပဲတစ်မျိုးမျိုး) (၁) ပိဿာ ခွဲ (၂ ကီလို ဂရမ်)၊ မြေဆွေး (၁) ပိဿာ (၁.၅ ကီလိုဂရမ်) နဲ့ ရေ (အကြည်) (၄၀) ဂါလံ (၂၀၀ လီတာ) လိုအပ်ပါတယ်။
  • ပြုလုပ်နည်းကတော့ အားလုံးကို စဉ့်အိုး သို့မဟုတ် ပလပ်စတစ်ပုံ စတဲ့ ထည့်စရာ တစ်ခုခုထဲ ထည့်ပြီး သမအောင် ရောမွှေပေးပြီး အပေါ်ကနေ ပိတ်စနဲ့ လုံအောင်ဖုံးပေးရပါမယ်။
  • အရိပ်ရပြီးတော့ မှောင်တဲ့ နေရာမှာ ထားပြီးတော့ ၁၅ ရက်ကျော်လို့ ကစော်နံ့ သင်းလာပြီဆိုရင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
  • ရေ (၄) ဂါလံဆိုရင် အားဆေးရည် ဟင်းစားဇွန်းကြီး (၅) ဇွန်း ရောဖျန်းနိုင်ပါတယ်။

ဒါဆိုရင် သဘာဝအားဆေးရည်ပြုလုပ်နည်းအသေးစိတ်ကို ဒီ video လေးမှာ ကြည့်လိုက်ကြရအောင်။