အင်တာဗျူးဖြေဆိုခြင်းနည်းလမ်းများ (Interview Tips)

🧑‍🏫အင်တာ‌ဗျူး (Interview) ဆိုတာ ဘာလဲ?

အင်တာဗျုးဆိုတာ ကုမ္ပဏီမှာလစ်လပ်နေတဲ့ နေရာအတွက်သင့်လျော်သူ ရွေးချယ်ရန်သော်လည်းကောင်း၊ ပညာ သင်ဆုပေးအပ်ရန်အတွက်ရွေးချယ်နိုင်ရန်သော်လည်းကောင်း၊ စေတနာ့ဝန်ထမ်းရွေးချယ်ရန်သော်လည်းကောင်း သို့မဟုတ် အသင်းအဖွဲ့ဝင်အဖြစ်ရွေးချယ်ရန်အတွက် လျှောက်ထားသူကို အခွင့်အရေးပေးအပ်မည့်အဖွဲ့အစည်းက လျှောက်ထားသော နေရာနဲ့ အံဝင်ခွင်ကျ ဖြစ်မဖြစ် အကဲဖြတ်ရန် အရည်အချင်းတွေကို ဆန်းစစ်မှု ပြုလုပ်တဲ့ စစ်ဆေးအကဲဖြတ်မှုတစ်ခု ပဲဖြစ်ပါတယ်။

☑️အင်တာဗျူး ဘာကြောင့် လုပ်ရတာလဲ?

အင်တာဗျူးကို အောက်ပါရည်ရွယ်ချက်တွေနဲ့လုပ်လေ့ရှိပါတယ်။    

📌 လျှောက်ထားသူ တင်ပြတဲ့အချက်အလက်များ အတည်ပြုရန်။

📌 လျှောက်ထားသူကို လျောက်ထားတဲ့နေရာမှာ လုပ်ဆောင်ရမည့်အကြောင်းအရာများ နှင့် ပတ်သက်သည့်အ ချက်အလက်များပြောကြားရန်။

📌 လျှောက်ထားသူရဲ့ လျှောက်ထားသည့် ကိစ္စရပ်အပေါ် စိတ်ပါဝင်စားမှု စိတ်အားထက်သန်မှု သိရှိနိုင်ရန်။

📌 လျှောက်ထားသူရဲ့ ကိုယ်ရည်ကိုယ်သွေး သိရှိနိုင်ရန်.

📌လျှောက်ထားသူရဲ့ မျှော်မှန်းချက်နဲ့ လျှောက်ထားသူအပေါ် အဖွဲ့အစည်းရဲ့ မျှော်မှန်းချက်တွေ သိသာစေရန် ဖြစ်ပါတယ်။ 

📍အင်တာဗျူးပုံစံများ

  • Traditional Interview – မေးမြန်းသူ တစ်ဦးနှင့် ဖြေဆိုသူ တစ်ဦး မျက်နှာချင်းဆိုင် မေးမြန်းခြင်း 
  •  Group Interview – တစ်ချိန်တည်းမှာ တစ်ဦး နှစ်ဦးထက်ပိုသော ဖြေဆိုသူများကိုမေးမြန်းခြင်း 
  •  Panel Interview – မေးမြန်းသူ ၂၊ ၃၊ ၄ ဦးက ဖြေဆိုသူ ၁ ဦးအား မေးမြန်းခြင်း 
  • Video Interview – Online စနစ်သုံး၍ မေးသူတစ်နေရာ ဖြေသူ တစ်နေရာ မေးမြန်းခြင်း

📃လူတွေ့မေးမြန်းခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ

  • မိမိ၏ Resume/CV အား ပြန်လည်ဖတ်ရှုထားပါ။
  • အင်တာဗျုးသူဘက်က မေးလာနိုင်လာတဲ့ မေးခွန်းတွေအတွက် ဖြေဆိုနိုင်ရန် ကြိုတင် ပြင်ဆင်ထားပါ။
  • မိမိရဲ့ အားသာချက် အားနည်းချက်တွေကို သိအောင်လုပ်ထားပါ။
  • မိမိရည်မှန်းချက်က ဘာလဲဆိုတာကို မိမိကိုယ်ကို သေချာမေးမြန်းထားပါ။
  • မေးမြန်းသူအား ပြန်လည်မေးမြန်းရန် မေးခွန်းများ​ ကြိုတင်စဥ်းစားထားပါ။
  • အဖွဲ့အစည်းရဲ့ နောက်ခံအကြောင်းအရာများကို လေ့လာရှာဖွေပါ။
  • အလုပ်လျှောက်တဲ့ အဖွဲ့အစည်း၊ လုပ်ငန်းအမျိုးအစား၊ ရာထူးနေရာအကြောင်းကိုလည်း သေချာ ရှင်းပြနိုင်ဖို့ ပြင်ဆင်ပါ။

🔔လူတွေ့မေးမြန်းရာတွင် မေးလေ့ရှိသော မေးခွန်းများ

  • သင့်အကြောင်းပြောပြပါ။
  • သင်ရဲ့ အားသားချက်/အားနည်းချက်က ဘာလဲ။
  • ဘာကြောင့် ဒီအဖွဲ့အစည်းမှာ အလုပ်လုပ်ချင်တာလဲ။
  • လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီက ဘာကြောင့် အလုပ်ထွက်ချင်တာလဲ။
  • ခက်ခဲတဲ့အခြေအနေတစ်ခုကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ပြောပြပါ။
  • သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်သလဲ။ သင်ရဲ့ ခေါင်းဆောင်မှုအတွေ့အကြုံ အချို့ကို ပြောပြပါ။
  • သင်အလုပ်ခွင်မှာ ကြုံတွေ့ရတတ်တဲ့ ဖိအားတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။
  • သင့်အလုပ်ခွင်မှာ တိုးတက်ဖို့အတွက် ဘယ်လိုလေ့လာမှုမျိုးတွေ လုပ်ချင်လဲ။
  • သင့်ရဲ့ မျှော်မှန်းလစာက ဘယ်လောက်လဲ။ စတဲ့ အမေးခွန်းတွေကို ချောမွေ့စွာ ဖြေဆိုနိုင်ရန် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

🤵‍♂️အင်တာဗျုးမတိုင်မီ လုပ်ဆောင်ရမည့် အချက်များ

  • နောက်မကျပါစေနှင့်။
  • CV/ Resume ကို သေချာ ပြင်ဆင်ထားပါ။
  • သေချာစွာ ဝတ်စားဆင်ယင်ပါ။
  • ကြိုတင်ပြင်ဆင်ပါ။

🧑‍💻အင်တာဗျုးမေးမြန်းနေစဥ် လုပ်ဆောင်ရမည့် အချက်များ

  • မေးခွန်းများကို နားလည်အောင် နားထောင်ပါ။ နားမလည်လျှင် မေးခွန်းမေးသူကို ပြန်မေးပါ။
  • ဥပမာများပေးပြီးဖြေလျှင် ပိုမိုမြင်သာနိုင်ပါတယ်။
  • Eye Contact ရှိပါစေ။
  • အားသာချက်တွေကို မြင်သာအောင် ပြသနိုင်ရန် ကြိုးစားပါ။
  • ယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်စွာ နေပါ။

✖️ အင်တာဗျုးမေးမြန်းနေစဥ် ရှောင်ရှားသင့်သည့် အချက်များ

  • သင့်ရဲ့လက်ရှိအခြေအနေ သို့မဟုတ် အရင်က အလုပ်ရှင်ရဲ့ မကောင်းကြောင်းကို မပြောမိပါစေနှင့်။
  • သင့်အကြောင်းကို လိမ်ညာမပြောဆိုပါနှင့်။
  • မေးမြန်းသူမှ စကားပြောဆိုနေချိန်တွင် ကြားဖြတ်ပြောဆိုခြင်း မပြုပါနှင့်။
  • ယခင်အလုပ်မှ ထွက်ခဲ့သော အကြောင်းအရင်းအား negative ဆန်ဆန် မဝေဖန်မိပါ​စေနှင့်။
  • လုပ်ခလစာ အကြောင်းအား အင်တာဗျူးမေးသူမှ စပြီး မပြောမချင်း အလောတကြီး မမေးပါစေနှင့်။
  • အမေးတစ်ခွန်း အဖြေတစ်ခွန်းသာ ဖြေဆိုခြင်း မပြုပါနှင့်။

ခုဆိုရင် အင်တာဗျုးအတွက် မရှိမဖြစ် ပြင်ဆင်ရမယ့် အချက်တွေကို သိရှိသွားပြီပဲ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အင်တာဗျုး တစ်ခုကို သွားရတဲ့အခါ ဒီအချက်တွေကို မမေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။