စိတ်ပိုင်းဆိုင်ရာကောင်းန်ဆလင်း(COUNSELING)/ စိတ်ကုထုံးခံယူရန်အတွက် သဘောတူကြောင်းခွင့်ပြုပုံစံ

သတင်းအချက်အလက်များမပေါက်ကြားစေရန်ထိန်းသိမ်းထားမှု (Confidentiality)

  • အရွယ်ရောက်ပြီးသောကုသမူ့ခံယူသူများအတွက်-
    • ကုသမှုခံယူသူမှ ဖွင့်ဆိုပြောကြားထားသည့် သတင်းအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်မှ မသိစေရန် ထိန်းသိမ်းထားပါမည်။ 
    • ကုသမှုခံယူသူ၏ ခွင့်ပြုစာပါမှသာ သတ်မှတ်ထားသော ကျန်းမာရေးဆိုင်ရာ ပညာရှင်များ သို့မဟုတ် အခြားဝန်ဆောင်မှုပေးမည့် သူများအား အသိပေးနိုင်မည်ဖြစ်သည်။ 
  • ကလေးသူငယ်ကုသမှုခံယူသူများအတွက် (အသက်၁၈နှစ်အောက်)
    • မိဘများ တရားဝင်စောင့်ရှောက်သူ/အုပ်ထိန်းသူများနှင့် လိုအပ်သလို သတင်းအချက်အလက်များကို ဝေမျှသွားပါမည်။

ကုသမှုခံယူသူများ အရွယ်ရောက်ပြီးသူနှင့် ကလေးသူငယ်စသည့် အုပ်စုနှစ်စုလုံးအတွက် အကျုံးဝင်သည့် သတင်းအချက်အလက်များကို မထိန်းသိမ်းတော့ဘဲ အောက်ဖော်ပြပါ အသိပေးသတင်းပို့ရမည့် ကန့်သတ်ချက်များ၊ အခြေအနေများအတိုင်း လုပ်ဆောင်သွားပါမည်။

အသိပေးသတင်းပို့ရမည့် ကန့်သတ်ချက်များ/ အခြေအနေများ

  • အကယ်၍ သင်သည် မိမိကိုယ်ကိုသတ်သေရန် အစီအစဉ်ရှိကြောင်းထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် ညွှန်းဆိုခြင်းရှိခဲ့ပါက ကောင်ဆလ်လာ(counsellor)သည် သင်၏မိသားစုဝင်များနှင့် တခြားသော  သင်၏ အရေးပေါ်အစီအစဥ်တွင် ဖော်ပြထားသူများအား အသိပေးရန် လက်တွေ့ကျကျ ကြိုးစားသွားမည်ဖြစ်ပါသည်။ လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဥပဒေအရ အာဏာပိုင်များအား အသိပေးသွားမည်ဖြစ်ပါသည်။
  • အကယ်၍ သင်သည် တစ်စုံတစ်ဦးအား အကြမ်းဖက်နေသည်၊ မကြာသေးမီက အကြမ်းဖက်ခဲ့သည် သို့မဟုတ် ကလေးသူငယ် (သို့မဟုတ်) ထိခိုက်လွယ်သော အရွယ်ရောက်သူတစ်ဦးအနေဖြင့် အကြမ်းဖက်ခံရရန် အန္တရာယ်ရှိနေပါသည်ဟု သင်ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် ညွှန်းဆိုခြင်းရှိခဲ့ပါက ကုသမှုပေးသည့် ပညာရှင်သည် လူမှုဝန်ဆောင်မှုအဖွဲ့များ နှင့် (သို့မဟုတ်) ဥပဒေအရ အာဏာပိုင်များအား အသိပေးရမည်ဖြစ်ပါသည်။

သဘောတူညီချက် (Agreement)

  1. ကောင်းန်ဆလင်း(Counseling)မယူခင်နှင့် ယူအပြီး နှင့် သုံးလအကြာတွင် MYEO မှ ဖြေကြားစေလိုသော စိတ်ကျဝေဒနာ ဆန်းစစ်လွှာနှင့် စိုးရိမ်စိတ်လွန်ရောဂါ ဆန်းစစ်လွှာများအား ဖြေကြားရမည်ကို နားလည်သိရှိသဘောတူပါသည်။
  2. ကုသမှုသည် online counseling ဖြစ်ပြီး telegram groupမှတဆင့် ဆက်သွယ်မည်ဖြစ်ပါသည်။ အဆိုပါtelegram groupတွင် တာဝန်ရှိသူတစ်ဦးပါရှိပြီး ကောင်းန်ဆလင်း@Counseling လုပ်ချိန်တွင် counselorတစ်ဦးသာ မိမိပြောသမျှသိရှိမည်ဖြစ်ပါသည်။ 
  3. ဖြည့်ဆိုထားသော ရလဒ်ပေါ်မူတည်၍ လိုအပ်ပါက ကျွန်တော်/ကျွန်မသည် counselorအပြင် telegram မှ တာဝန်ရှိသူနှင့် ဆွေးနွေးမှု ပြုလုပ်ရန် သဘောတူပါသည်။
  4. ကျွန်တော်/မသည် ကောင်းန်ဆလင်း ခံယူနေစဥ်အတွင်း မည်သည့်အချိန်တွင်မဆို အခက်အခဲရှိလာပါက telegram မှတာဝန်ရှိသူထံ အခက်အခဲအား အကြောင်းကြားမည်ဖြစ်ပါသည်။
  5. အရေးပေါ် အခြေအနေများတွင် counselor လမ်းညွှန်ပေးမှုကို တတ်နိုင်သမျှ လိုက်နာပေးမည်ဖြစ်ပါသည်။
  6. ကျွန်တော်/မသည် အထက်ပါသတင်းအချက်အလက်များကို သေချာဖတ်၍ သိရှိနားလည်သဘောပေါက်ပြီး ဖြစ်ပါသည်။