July 2024

ပြောဆိုဆက်သွယ်ခြင်းစွမ်းရည် (Communication skill)

🗣️ ပြောဆိုဆက်သွယ်ခြင်း စွမ်းရည် (Communication Skill) ဆိုတာ ဘာလဲ။ ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်က မိမိပြောဆိုလိုတဲ့ အကြောင်းအရာအချက်အလက်တွေကို ထိထိ ရောက်ရောက်ပြောဆိုနိုင်တဲ့ စွမ်းရည် တစ်ခု ဖြစ်ပါတယ်။ ပြောဆိုဆက်သွယ်တဲ့အခါ အဓိကပါဝင်ရမယ့်အရာ တွေက နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အကဲခတ်ခြင်း နဲ့ စာနာမှု စွမ်းရည်တွေ ဖြစ်ပါတယ်။ 📩မိမိရဲ့ communication ပုံစံက ဘယ်လိုဖြစ်နေလဲဆိုတာ ရွေးချယ်ကြည့်ပါ? မတုန်မလှုပ်၊ မလှုပ်မယှက်ပုံစံ (Passive) – ဒီပုံစံရှိနေတဲ့သူတွေက မိမိအကြောင်းအရာတစ်ခုခုကို ပြောလိုက် ရင် အခြားသူတွေ မိမိကို စိတ်ဆိုးသွားမှာ၊ အထင်လွဲသွားမှာ၊ အပေါင်းအသင်း မလုပ်တော့မှာ စိုးတဲ့အတွက် မိမိရဲ့ ခံစားချက်တွေ၊ အမြင်တွေကို မပြောဘဲ မတုန်မလှုပ်၊ မလှုပ်မယှက်ပဲ ငြိမ်နေတဲ့ပုံစံဖြစ်ပါတယ်။ ရန်လိုတဲ့ပုံစံ (Aggressive) – […]

ပြောဆိုဆက်သွယ်ခြင်းစွမ်းရည် (Communication skill) Read More »

အခြားသူများနှင့် ဆက်သွယ်ပြောဆိုဆောင်ရွက်ခြင်း

အခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုဆောင်ရွက်ပြီး အလုပ်အတူကွလုပ်ခြင်းဆိုတာက ကိုယ်ရည် ကိုယ်သွေး (soft skills) တစ်ခုဖြစ်ပြီး အခြားသူတွေနဲ့ တာဝန်တစ်ခုကို အတူပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။  ဘာကြောင့် အခြားသူတွေနဲ့ အတူ ထိရောက်စွာ အလုပ်လုပ်နိုင်ခြင်းက အရေးကြီးတာလဲ အခြားသူတွေနဲ့ အတူတကွပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်တဲ့အရည်အချင်းက ဘွဲ့ဒီဂရီတွေလောက် အရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့  ဒီလိုအရည်အချင်းက အလွန်အရေးကြီးတဲ့ ကိုယ်ရည် ကိုယ်သွေးတစ်ခုပဲဖြစ်ပါတယ်။ သုတေသနတွေအရ အလုပ်ရှင်အများစုက ပူးပေါင်းဆောင်ရွက်ခြင်းနဲ့၊ အသင်းအဖွဲ့နဲ့ အတူအလုပ်လုပ်တတ်ခြင်း (Team work) က အလွန်အရေးကြီးပါတယ် လို့ တွေ့ရှိထားပါတယ်။ ယနေ့ခေတ်မှာ ပူးပေါင်းဆောင်ရွက်တတ်ခြင်းက အလွန်အရေးကြီးလာပြီး ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်း တွေအတွက် ပိုအချိန်ပေးလာကြပါတယ်။ ဥပမာ – အမှိုက်များကို အတူတကွကောက်ပြီး စွန့်ပစ်တဲ့ activity၊ ပလပ်စတစ်လျှော့ချဖို့ ဈေးတွေ၊

အခြားသူများနှင့် ဆက်သွယ်ပြောဆိုဆောင်ရွက်ခြင်း Read More »

ကိုယ်ရေးအကျဥ်းရေးနည်း (Resume Writing) 

📄ကိုယ်ရေးအကျဥ်း ဆိုတာဘာလဲ? Resume (ကိုယ်ရေးအကျဥ်း) ဆိုတာ မိမိရဲ့ပညာရေး၊ အလုပ်အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှု၊ အောင်မြင်မှုတွေနဲ့ အခြား တတ်မြောက်မှုတွေကို အတိုချုံး ဖော်ပြရေးသားတဲ့ စာရွက်စာတမ်းတစ်ခုပဲဖြစ်ပါတယ်။  ✅ကိုယ်ရေးအကျဥ်းကို ဘာအတွက်သုံးကြလဲ? ကိုယ်ရေးအကျဥ်း (Resume) ကို အလုပ်လျှောက်ဖို့အတွက် အသုံးပြုကြသလို နိုင်ငံခြားမှာ ကျောင်းလျှောက်ဖို့၊ စကော်လာ လျှောက်ဖို့အတွက်လည်း ကိုယ်ရေးအကျဥ်း (Resume) ကို ပြင်ဆင်ရပါတယ်။ 📝ကိုယ်ရေးအကျဥ်းတစ်ခုကို ဘယ်လိုရေးကြမလဲ? မှန်ကန်တဲ့  ကိုယ်ရေးအကျဥ်း (Resume) ပုံစံတစ်ခု (Resume format) ကို တည်ဆောက်ပါ။ ကိုယ်ရေးအကျဥ်း (Resume) တစ်ခုမှာ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက အဓိကအနေနဲ့ ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ 📱ဆက်သွယ်ရမယ့် အချက်အလက်တွေကို သေချာဖြည့်သွင်းပါ။ ဒီအဆင့်မှာ နာမည်အပြည့်အစုံ၊ လျှောက်ထားသူ (ဥပမာ

ကိုယ်ရေးအကျဥ်းရေးနည်း (Resume Writing)  Read More »

ပညာရေးဆိုင်အရာ အကြောင်းအရာများ ရေးသားနည်း

ပညာရေးဆိုင်အရာ အကြောင်းအရာများ ရေးသားနည်း စာရေးသားခြင်းဆိုတာ ဘာလဲ။ စာရေးသားခြင်းက လူတစ်ယောက်နဲ့တယောက် ဆက်သွယ်လမ်းကြောင်းအဖြစ် ချိတ်ဆက် ပြောဆိုနိုင်ပါတယ်။ ဒါ့အပြင် စာရေးသားခြင်းကလူသားတွေရဲ့ဆင့်ကဲဖြစ်စဉ်နဲ့ စကားပြောဆိုမှုကို အစောဆုံးမှတ်တမ်းတင်ထားတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်မှာ စာရေးသားခြင်းဟာ ယေဘူယျအသုံးအနူန်းမှ တဆင့်အထူးပြု‌ပြီး‌လေ့လာရတဲ့အထိတိုးတက်လာပြီဖြစ်ပါတယ်။ အကြောင်းအရာဖန်တီးခြင်းဟာ ပညာရေးကဏ္ဍမှာအရေးကြီးတဲ့နေရာကနေ တည်ရှိပါတယ်။  အသိပညာ ဗဟုသုတ၊ ဆောင်းပါး၊ စာစောင်၊ ကျောင်းစာအုပ်များမှ တစ်ဆင့် ဘာသာစကား၊ ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများကို စာရေးသား ပြုစုပြီး လက်ဆင့်ကမ်း သင်ကြားရင်း ထိန်းသိမ်းထားရပါတယ်။ ဒါကြောင့် အရည်အသွေးပြည့်တဲ့ ပညာရေးတစ်ခုဖြစ်ဖို့ အချက်(၆) ချက် ရှိဖို့လိုပါတယ်။  ၁. ဆရာ နှင့် သင်ကြားရေးနည်းစနစ်များ ၂. ပညာရေးဆိုင်ရာ အကြောင်းအရာများ  ၃. သင်ယူမှု ပတ်ဝန်းကျင် ၄. ကျောင်းတွင်း စီမံခန့်ခွဲမှု

ပညာရေးဆိုင်အရာ အကြောင်းအရာများ ရေးသားနည်း Read More »

Multiple Intelligences

Multiple Intelligences အကြောင်းကို လေ့လာဖို့အတွက်ဆိုရင် အရင်ဆုံး “Learning Styles (သင်ယူမှု ပုံစံများ)”အကြောင်းကို လေ့လာဖို့ လိုအပ်ပါတယ် သင်ယူမှုပုံစံဆိုတာ ဘာလဲ။ Brown ရဲ့ အဆိုအရ သင်ယူမှုပုံစံဆိုတာ သင်ယူမှုအခြေအနေတစ်ခုမှာ ရှိနေတဲ့ အချက်အလက်တွေကို သင်ယူသူတစ်ဦးချင်းစီက ဘယ်လိုသင်ယူပြီး ဘယ်လိုနားလည် သွားသလဲကို ဆိုလိုပါတယ်။ သင်ယူမှုအပိုင်းမှာတော့ စဉ်းစားတွေးခေါ်တာ၊ ချိတ်ဆက်ဆောင်ရွက်တာ၊ တုန့်ပြန်တာ တွေပါဝင်ပြီး နားလည်လက်ခံတဲ့အပိုင်းမှာတော့ အသိဉာဏ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအမူအကျင့်တစ်ခုခု ပြောင်းလဲတိုးတက်သွားတာကို ဖြစ်ပေါ်စေတာတွေကိုဆိုလိုပါတယ်။” သင်ယူမှု ပုံစံအသီးသီးက သင်ယူသူ တစ်ဦးချင်းရဲ့ နှစ်သက်တဲ့ သင်ယူမှု ပုံစံအပေါ် မူတည်ပြီး ဖြစ်ပေါ်လာပါတယ်။ ဒါမှမဟုတ် ကျောင်းသားများ လုပ်ငန်းတစ်ခုအပေါ် ချဉ်းကပ်ပုံနဲ့ သက်ဆိုင်တယ်လို့ “Gardner” က သတ်မှတ်ထားပါတယ်။ ဒါကြောင့် သင်ယူမှုပုံစံ

Multiple Intelligences Read More »

Multiple Intelligences – Duplicate – [#5806]

Multiple Intelligences အကြောင်းကို လေ့လာဖို့အတွက်ဆိုရင် အရင်ဆုံး “Learning Styles (သင်ယူမှု ပုံစံများ)”အကြောင်းကို လေ့လာဖို့ လိုအပ်ပါတယ် သင်ယူမှုပုံစံဆိုတာ ဘာလဲ။ Brown ရဲ့ အဆိုအရ သင်ယူမှုပုံစံဆိုတာ သင်ယူမှုအခြေအနေတစ်ခုမှာ ရှိနေတဲ့ အချက်အလက်တွေကို သင်ယူသူတစ်ဦးချင်းစီက ဘယ်လိုသင်ယူပြီး ဘယ်လိုနားလည် သွားသလဲကို ဆိုလိုပါတယ်။ သင်ယူမှုအပိုင်းမှာတော့ စဉ်းစားတွေးခေါ်တာ၊ ချိတ်ဆက်ဆောင်ရွက်တာ၊ တုန့်ပြန်တာ တွေပါဝင်ပြီး နားလည်လက်ခံတဲ့အပိုင်းမှာတော့ အသိဉာဏ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအမူအကျင့်တစ်ခုခု ပြောင်းလဲတိုးတက်သွားတာကို ဖြစ်ပေါ်စေတာတွေကိုဆိုလိုပါတယ်။” သင်ယူမှု ပုံစံအသီးသီးက သင်ယူသူ တစ်ဦးချင်းရဲ့ နှစ်သက်တဲ့ သင်ယူမှု ပုံစံအပေါ် မူတည်ပြီး ဖြစ်ပေါ်လာပါတယ်။ ဒါမှမဟုတ် ကျောင်းသားများ လုပ်ငန်းတစ်ခုအပေါ် ချဉ်းကပ်ပုံနဲ့ သက်ဆိုင်တယ်လို့ “Gardner” က သတ်မှတ်ထားပါတယ်။ ဒါကြောင့် သင်ယူမှုပုံစံ

Multiple Intelligences – Duplicate – [#5806] Read More »

Youth Skills Development Program 

Type:  Certificate Program  Description:  MYEO နဲ့ UNESCO တို့ပူးပေါင်းဖွင့်လှစ်တဲ့ အသက် ၁၃ နှစ်ကနေ အသက်၂၀ အထိလူငယ်အတွက် လုပ်ငန်းခွင်မဝင်ခင်ကြိုတင်သိရှိရမယ့် အကြောင်းအရာများနှင့် Digital Skills တွေကို သင်ကြားပေးမယ့် Youth Skills Development Program ဖြစ်ပါတယ်။  Benefit:  Full Scholarship  Eligibility: All Myanmar Nation Between 13 and 20  Deadline: 8.7.2024 Apply Link: https://m.me/myeo.hub?ref=youth_skills_program For more details information:  https://www.facebook.com/share/p/AotMxazeBuqX1cBR/?mibextid=oFDknk

Youth Skills Development Program  Read More »

Short Courses from kaya Website 

Type:  Certificate Course  Description:  Humanitarian sector မှာ အလုပ်လုပ်ကိုင်နိုင်တဲ့သူတွေနဲ့ Humanitarian နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုလေ့လာနေတဲ့သူတွေအတွက် အလွန်အသုံးဝင်တဲ့ website တခုဖြစ်ပါတယ်။  Duration:  Short Course  Deadline: Open  Benefit:  Full Scholarship  Free Certificate  Eligibility: All Nationalities  How to register  New account (kayaconnect.org) For more details information:  Kaya (kayaconnect.org) 

Short Courses from kaya Website  Read More »

သမရိုးကျ နှင့် ခေတ်မှီ စိုက်ပျိုးနည်းစနစ်အကြား ကွာခြားချက်များ

စဉ် သမရိုးကျ စိုက်ပျိုးရေး🟢 ခေတ်မီစိုက်ပျိုးရေး 🔵 နည်းစနစ်ပိုင်း 📊 ၁ ရှေးယခင်က နည်းစနစ်တွေနဲ့ မိရိုးဖလာ ဗဟုသုတတွေကို ပေါင်းစပ် အသုံးချခြင်း တိကျတဲ့ စိုက်ပျိုးရေး သွင်းအားစု အသုံးပြုမှု နည်းပညာတွေကို အသုံးပြုခြင်း ၂ လူ့ လုပ်အား နဲ့ ရိုးရှင်းတဲ့ ကိရိယာ တန်ဆာပလာတွေကိုသာ အသုံးချစိုက်ပျိုးခြင်း ခေတ်မှီ စိုက်ပျိုးနည်းစနစ်တွေနဲ့ စက်ကိရိယာ တွေကို အသုံးပြု စိုက်ပျိုးခြင်း ၃ ဒေသတွင်း စားသုံးမှုကို အဓိက အားထားခြင်း နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်စေဖို့ အများအပြား စိုက်ပျိုးထုတ်လုပ်ခြင်း ၄ သီးနှံမျိုးစုံ စိုက်ပျိုးခြင်း နှင့် အော်ဂဲနစ် နည်းပညာတွေကို အားပေးခြင်း ဈေးကွက်ဝင် သီးနှံတစ်မျိုးတည်းကိုသာ အထွက်နှုန်းတိုးစေဖို့ အဓိကထားခြင်း

သမရိုးကျ နှင့် ခေတ်မှီ စိုက်ပျိုးနည်းစနစ်အကြား ကွာခြားချက်များ Read More »

အပင်မျိုးပွားခြင်း (ခ) အပင်ပွားခြင်း

🌲အပင်မျိုးပွားခြင်းဆိုတာဘာလဲ 🪴 အပင်မျိုးပွားခြင်း (သို့) အပင်ပွားခြင်းဆိုတာ အပင်တစ်ပင်ကနေ အပင်သစ်တွေ ရနိုင်သမျှ ရအောင် လုပ်ခြင်းဖြစ်ပါတယ်။ 🪴သဘာဝအတိုင်း ပွားများနိုင်ပြီးတော့ မျိုးရိုး ဗီဇဆိုင်ရာ ဝိသေသလက္ခဏာတွေ၊ အပင်တစ်ပင်ရဲ့ ထူးခြားကောင်းမွန်မှုနဲ့ဆိုင်တဲ့ လက္ခဏာတွေက အပင်မျိုးပွားခြင်းဖြစ်စဉ်ကြောင့် အရှည်တည်တံ့ နေနိုင်ပါတယ်။ 🪴အပင်တစ်ပင်ကို အရည်အသွေးလည်း ကောင်း၊ အရေအတွက်လဲ များများရဖို့  (၁) လိင်ရှိ မျိုးပွားခြင်း (Sexual Propagation) နည်း နဲ့  (၂) လိင်မဲ့ မျိုးပွားခြင်း (Asexual Propagation) နည်း နှစ်ခုနဲ့ မျိုးပွားနိုင်ပါတယ်။ 🌲လိင်ရှိ/လိင်မဲ့ မျိုးပွားခြင်းတို့ရဲ့ အားသာချက်/အားနည်းချက်များ (က) လိင်ရှိမျိုးပွားခြင်းနည်းရဲ့ အားသာချက် တွေကတော့ 🌱 အစေ့နဲ့မျိုးပွားနိုင်ခြင်း။ 🌱မျိုးစေ့၊ သစ်စေ့များကို ရေရှည် သိုလှောင်သိမ်းဆည်းထားနိုင်ခြင်း။ 🌱

အပင်မျိုးပွားခြင်း (ခ) အပင်ပွားခြင်း Read More »