July 2024

အချိန် စီမံခန့်ခွဲခြင်း စွမ်းရည် (Time Management)

🔍သင် စာလုပ်ဖို့ ဆုံးဖြတ်ထားပြီးမှ ဘယ်အချိန်စရမှန်း မသိဖြစ်ဖူးပါသလား။ ဒါမှမဟုတ် ပြဿနာတခုခုအပေါ် မဖြေရှင်းနိုင်ဘဲ ပိတ်မိနေတယ်လို့ ခံစားနေရပါသလား။ ဒီအရာတွေကို ဖြေရှင်းဖို့အတွက် စွမ်းရည်အများကြီးရှိတဲ့ထဲကနေ မရှိမဖြစ် ရှိသင့်တဲ့ စွမ်းရည်တစ်ခုလိုအပ်ပါတယ်။ အဲ့ဒါကတော့ Time Management ပဲ ဖြစ်ပါတယ်။  📈လူတွေအားလုံးက အချိန်တစ်ခုအပေါ်မှာ အလုပ်လုပ်ရင်း ရုန်းကန် ရှင်သန်ကြရပါတယ်။ အသက်အရွယ်ရောက်လာလေလေ မလုံလောက်တဲ့ အချိန်တွေ ရှိလာတာကြောင့် လူကြီးတွေအနေနဲ့ အချိန်ကို ရှိသလောက် ပိုလိုချင်ကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် လူငယ်တွေဆီမှာတော့ လုံလောက်တဲ့ အချိန်တွေ အများအပြားရှိကြပါတယ်။ လူငယ်တွေက များပြားလုံလောက်တဲ့အချိန်အပေါ် အကောင်းဆုံး အသုံးမချနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်ရဲ့ အရေးပါဝင်မှုနဲ့ အချိန်တခုက လူ့ဘဝမှာ ဘယ်လောက်အရေးကြီးလဲဆိုတာ မသိကြတဲ့အချိန် လူငယ်တွေ အသက်ကြီးလာတဲ့အခါ အချိန်လွန်မှ အနာဂတ်ရည်မှန်းချက် […]

အချိန် စီမံခန့်ခွဲခြင်း စွမ်းရည် (Time Management) Read More »

ဆုံးဖြတ်ချက်ချခြင်း စွမ်းရည် (Decision Making Skills)

🔎လူတိုင်းက နေ့ရက်တိုင်းမှာ ကိစ္စအမျိုးမျိုးအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ကြပါတယ်။ လုပ်ဆောင်ချက်တွေ အကောင်းဆုံးဖြစ်စေဖို့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေကို သင်ယူရပါတယ်။ ငယ်စဉ်အချိန်မှာတော့ မိဘတွေကလူငယ်တွေကို တာဝန်ယူပြီး ကိစ္စအားလုံးအပေါ် ဆုံးဖြတ်ပေးပေမယ့် မိဘတွေကတော့ လူငယ်တွေကို ကိစ္စရပ်တိုင်းမှာ တာဝန်ယူနိုင်ပြီး ပျော်ရွှင်တဲ့ လူကြီးတွေ ဖြစ်စေချင်ကြပါတယ်။ သုတေသနတချို့အရဆိုရင် အခြေအနေတစ်ခုကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချနိုင်တဲ့လူတွေဟာ ဘဝမှာ ပိုအောင်မြင်တတ်ကြောင်းကို တင်ပြထားပါတယ်။ ကိစ္စတိုင်းမှာ လူငယ်တွေအနေနဲ့လည်း ဆုံးဖြတ်ချက် ချနိုင်စွမ်းကို လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။  🖌️လူငယ်အနေနဲ့ ပြဿနာဖြစ်လာခဲ့ရင် (ဒါမှမဟုတ်) ပြဿနာဖြစ်လာတော့မယ့် အခြေအနေနဲ့ ကြုံလာခဲ့ရင် ကိုယ့်ကိုကို ကာကွယ်ဖို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ဖို့ လိုလာပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချနည်း၊ ပြဿနာဖြေရှင်းနည်း လုပ်ငန်းစဉ်တွေကို ပိုတိုးတက်အောင်

ဆုံးဖြတ်ချက်ချခြင်း စွမ်းရည် (Decision Making Skills) Read More »

မိမိကိုယ်ကို လေ့လာသုံးသပ်ခြင်း (SWOT Analysis)

💠SWOT Analysis ဆိုတာဘာလဲ။ SWOT ဆိုတာ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းများအတွက်ဖြစ်စေ၊ အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက်ဖြစ်စေ အားသာချက်များ(Strength)၊ အားနည်းချက်များ(Weakness)၊ အခွင့်အလမ်းများ (Opportunities)၊ ခြိမ်းခြာက်မှုများ(Threats)ကို ဖော်ထုတ်သုံးသပ်ရန်အတွက်ဖြစ်တယ်။ ဥပမာ မိမိကို အွန်လိုင်း အတန်းကနေ သင်ခန်းစာတစ်ခု လေ့လာခိုင်းတယ် ဆိုပါစို့။ သင်ယူဖို့အတွက် မိမိမှာ အားသာချက်ဘာတွေရှိလဲ၊ အတားအဆီးဖြစ်နိုင်မဲ့ အားနည်းချက်ဘာတွေရှိလဲ၊ အခွင့်အလမ်းအနေနဲ့ အလွယ်တကူသုံးနိုင်တဲ့  App/ website တွေသုံးလို့ရတာလား၊ တတ်မြောက်သွားရင် ဗဟုသုတတွေကို လက်တွေ့ အသုံးချနိုင်မှာလား၊ ခြိမ်းခြောက်မှုတွေအနေနဲ့က ဒေတာဖိုးဈေးကြီးတာလား၊ အင်တာနက်ရဖို့ခက်တာလား စတာတွေဖော်ထုတ်ပြီး မိမိကို ပေးအပ်တဲ့ သင်ယူမှုကို အောင်မြင်ဆောင်ဖော်ဆောင်နိုင်ဖို့ SWOT ကိုသုံးနိုင်ပါတယ်။ အားသာချက်များနဲ့ အားနည်းချက်တွေက မိမိလက်တွင်းရှိနေပြီး မိမိဘာသာထိန်းချုပ် နိုင်တယ် ပြောင်းလဲနိုင်တယ်။ အခွင့်အလမ်းများနဲ့ ခြိမ်းခြောက်မှုများက

မိမိကိုယ်ကို လေ့လာသုံးသပ်ခြင်း (SWOT Analysis) Read More »

မိမိကိုယ်ကို သိရှိခြင်း (Self-awareness)

⚜️Self-awareness ဆိုတာကတော့ မိမိကိုယ်ကို သိရှိခြင်းဖြစ်ပြီး လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်ကိုသိရှိခြင်း- Self Awareness ကောင်းအောင် လေ့ကျင့်သင်ယူမှုတွေကို ဖော်ပြပေးပါမယ်။   မိမိကိုယ်ကို ကောင်းစွာနားလည်ထားရင် ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာ သေချာသိနိုင်ပါတယ်။ ကိုယ့်ရဲ့ မူရင်းပုံစံ၊ လုပ်ရပ်တွေ၊ တန်ဖိုးထားမှု၊ ယုံကြည်မှု၊ စိတ်ခံစားချက်တွေနဲ့ အတွေးအမြင်တွေကို သေချာသိမြင်လာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ အမူအကျင့် အလေ့အထတွေ သိထားပြီးရင်တော့ ကိုယ့်ကိုကို အာရုံစိုက်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေလည်း အပြုသဘောဆောင်တဲ့ဖက်ကနေ ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။  မိမိကိုယ်ကိုသိရှိပြီဆိုရင် လူမှုရေးနယ်ပယ်တွေမှာ ကိုယ့်အပေါ် လူအများရဲ့ ထင်မြင်ချက်တွေကို အထူးဂရုစိုက်စရာမလိုတော့ဘဲ ကိုယ့်ရဲ့ မူရင်းအကျင့်လက္ခဏာနဲ့ ပျော်ရွှင်မှုတို့ပေါင်းစပ်ပြီး ကိုယ်လိုချင်တဲ့ အရာ၊ ဖြစ်ချင်တဲ့ဆန္ဒတွေကို အချိန်ကာလတစ်ခုအတွင်း ရယူလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုသိရှိခြင်း-Self Awareness

မိမိကိုယ်ကို သိရှိခြင်း (Self-awareness) Read More »

Google Authenticator အသုံးပြုနည်း

📱Google Authenticatorက သင့် အကောင့်တွေရဲ့  စကားဝှက်ခိုးယူရရှိပြီးနောက် ဝင်ရောက် အသုံးချခြင်းကနေ  ကာကွယ်ဖို့ အသုံးပြုနိုင်တဲ့ အခမဲ့ လုံခြုံရေး Application တစ်ခုဖြစ်ပါတယ်။ ဒီအရာက အသုံးပြုရလွယ်ကူပြီး  Gmail, Facebook, Twitter, Instagram နဲ့ အခြားဆိုရှယ်မီဒီယာ အကောင့်တွေလို လူသုံးများတဲ့ Platformတွေမှာ ပါ၀င်တဲ့ Two-Factor authentication (2FA) ဖြစ်ပါတယ်။ 🔸အဆင့် (၁)Google Authenticator Appကို  Google Play, Apkpure အစရှိတဲ့ နေရာတွေမှာ Download ပြုလုပ်ပါ။ 🔸အဆင့် (၂)မိမိ Google account ကို two-step verification ပြုလုပ်ထားပါ။ မိမိ google account ရှိ “Security and Sign

Google Authenticator အသုံးပြုနည်း Read More »

နှစ်ဆင့်ခံ လုံခြုံရေးဆိုတာ ဘာလဲ?

🔐နှစ်ဆင့်ခံ လုံခြုံရေး (2FA) ဆိုတာက သင့်ရဲ့ ဆိုင်ရှယ် မီဒီယာအကောင့်တွေကို (၂) ဆင့်ခံသော့ခတ်ခြင်းအားဖြင့် (လျှို့၀ှက် နံပါတ်နဲ့ ကိုယ်ဖြစ်ကြောင်းပြနိုင်တဲ့ အရာ) အသုံးပြုရတဲ့ လုံခြုံရေးစနစ်တစ်ခုဖြစ်ပါတယ်။ နှစ်ဆင့်ခံ လုံခြုံရေးဟာ မိမိအမှန်တကယ် ဖြစ်ကြောင်း၊ အမှန်တကယ် အသုံးပြုကြောင်း သက်သေပြုရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ ဥပမာ သော့တစ်ချောင်းတည်းနဲ့ ခြံဝင်းကို ဖြတ်ပြီး အိမ်ရဲ့ အခန်းတွေထဲကို ဝင်ရောက်လို့ မရသလို၊ သင့်ရဲ့ ဆိုရှယ် မီဒီယာအကောင့်ရဲ့ အချက်အလက်တွေကို သိရင်တောင် လျှိုဝှက်နံပါတ်တစ်ခုတည်းကို အသုံးပြုပြီး ဝင်ရောက်လို့ မရအောင် ပြုလုပ်ခြင်းကို နှစ်ဆင့်ခံ လုံခြုံရေး (2FA Authentication) လို့ခေါ်ပါတယ်။  🖊️ဒီအဆင့်မှာဆိုရင် ထည့်သွင်းရတဲ့အရာတွေကတော့ အခြေခံအားဖြင့် နှစ်မျိုး ကွဲပြားနိုင်ပါတယ်။ (၁)  Mobile Phone

နှစ်ဆင့်ခံ လုံခြုံရေးဆိုတာ ဘာလဲ? Read More »

ဆိုရှယ်မီဒီယာအကောင့်ကို လုံခြုံအောင်ထားနည်း (Basic Cyber Security Tips)

📱ဒီဂျစ်တယ်ခေတ်မှာ ရှင်သန်နေထိုင်လာရတာနဲ့အမျှ ကျနော်တို့ဟာ ဒီဂျစ်တယ် အကောင့်တွေ၊ စက်ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်လာရပါတယ်။ 🖥️စီးပွါးရေး၊ ပညာရေးကိစ္စတွေအတွက် ဒီဂျစ်တယ်နဲ့ ဆက်စပ်အရာတွေကို အသုံးပြုကြတဲ့အခါမှာ စီပွားရေး/ပညာရေး အချက်အလက်တွေလုံခြုံရေး၊ မိမိရဲ့ အချက်အလက် လုံခြုံရေးတွေအတွက် ဂရုစိုက်ထိန်းသိမ်းရမယ့် အရာတွေရှိလာပါတယ်။  💻ဒါကြောင့် ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်ဖြစ် ကျနော်တို့ဟာ အင်တာနက်ပေါ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အင်တာနက်ပေါ်က ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်ဖို့ရာ အောက်ပါအချက်တွေကို မဖြစ်မနေ လုပ်ဆောင်ထားသင့်ပါတယ်။  📱အသုံးမပြုတဲ့အချိန်တိုင်း ပိတ်ထားဖို့ မမေ့ပါနဲ့။ မိမိအသုံးပြုနေတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ အခြားသော စက်ပစ္စည်းတွေကို အသုံးမပြုစဉ် ပိတ်ပစ်ခဲ့ဖို့ (Lock) လိုအပ်ပါတယ်။  🔐လျှို့ဝှက်နံပါတ်(Password) တွေကို စနစ်တကျ စီမံခန့်ခွဲပါ။ မိမိရဲ့ ဒီဂျစ်တယ်အကောင့်မှန်သမျှအတွက်လဲ တူညီတဲ့ လျှို့ဝှက်နံပါတ်ကို ပြန်မသုံးသင့်ပဲ ခက်ခဲတဲ့ နံပါတ်တွေ၊ စာလုံးတွေ

ဆိုရှယ်မီဒီယာအကောင့်ကို လုံခြုံအောင်ထားနည်း (Basic Cyber Security Tips) Read More »

Google Docs အကြောင်း

Google Docs တစ်ခုကို ကွန်ပျူတာနဲ့ ဖုန်းမှာ ဘယ်လိုဖန်တီးလို့ရသလဲဆိုတာ ဒီ video လေးတွေကို ကြည့်ပြီး အတူတူ လုပ်ကြည့်ကြရအောင်။ Phone version ကိုဆက်လက်လေ့လာကြရအောင်။ This work is licensed under CC BY-NC-SA 4.0

Google Docs အကြောင်း Read More »

2025-2026 Equity Initiative Fellowship Program 

Type:  Fellowship  Program Description:  ကိုယ့်ရဲ့ community ကို တထောင့်တနေရာကိုနေ အကျိုးပြုချင်တဲ့သူဖြစ်ပြီးတော့ လုပ်ငန်းအတွေ့အကြုံတွေလည်းရှိတဲ့သူတွေ လျှောက်သင့်တဲ့ Fellowship program လေးတစ်ခုပါ။  Deadline: 31st August, 2024 Benefit:  Full Scholarship  Eligibility: The Equity Initiative is seeking exceptional professionals from Southeast Asia and China from any sector (public, non-profit, academia, private, business) who have demonstrated leadership in their field, a commitment to social justice in

2025-2026 Equity Initiative Fellowship Program  Read More »