💡Personal Branding

1️⃣ Personal Branding ( ကိုယ်ပိုင်အမှတ်တံဆိပ်ကောင်းတစ်ခုတည်ဆောက်ခြင်း )

Personal Branding ဆိုသည်မှာ မိမိကိုယ်ကိုအများယုံကြည်လက်ခံလာစေမယ့် အရည်အသွေးတစ်ခု တည်ဆောက်ပြီး မိမိရဲ့ပုံရိပ်ကို မြှင့်တင်ခြင်းဖြစ်ပါတယ်။အများကမိမိကို လက်ခံရှုမြင်စေချင်တဲ့  ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ ကိုယ်ရည်ကိုယ်သွေးတို့ကို ပေါင်းစပ်ထားတဲ့အရာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိဘယ်လို ပြုမူဆောင်ရွက်တယ်၊ ဘယ်လိုစကားပြောဆိုတယ်၊ ဘယ်လိုအပြုအမူရှိတယ်၊ ဘယ်လိုစိတ်နေသဘောထား ရှိတယ် ဆိုတာတွေကနေတဆင့် ထင်ဟပ်ဖော်ပြ နေတဲ့ မိမိရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ 

မိမိရဲ့ပုံရိပ်ကို မြှင့်တင်ခြင်းအားဖြင့် မိမိကို တခြားသူတွေနဲ့ မတူဘဲ ကွဲပြားစေမှာဖြစ်ပါတယ်။စီးပွားရေး မှာဆိုရင်တော့ မိမိအနေနဲ့ နာမည်ကောင်းတစ်ခုကို တည်ဆောက်ထားမယ်ဆိုရင် တခြား ပြိုင်ဘက်တွေကို အသာစီးရစေမှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် ကျကျ ပြောရမယ်ဆိုရင်တော့ မိမိရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုတာဟာ တခြားသူတွေ သင့်​ကို မြင်တဲ့ သင့်ရဲ့ပုံရိပ်ဖြစ်ပါတယ်။ သင့်ကို လူတွေဘယ်လိုမြင်ကြလဲ၊ မီဒီယာမှာရော ဘယ်လို ဖော်ပြကြလဲ ဆိုတာနဲ့ လူတွေက သူတို့သိတဲ့ သင့်အကြောင်းအရာ အချက်အလက်တွေကနေတဆင့် သင့်ကို အထင်ကြီးလေးစားမှု ဘယ်လောက် ရှိသလဲဆိုတာတွေ ပေါင်းစပ်ထားတာဖြစ်ပါတယ်။

အင်တာနက်ခေတ်မတိုင်ခင်ကတော့ ကိုယ်ပိုင်အမှတ်တံဆိပ်ဆိုတာဟာ ကိုယ်ပိုင်စီးပွါးရေးအတွက် အသုံးပြု တဲ့လိပ်စာကဒ်တစ်ခုလောက်ပဲဖြစ်ခဲ့ပါတယ်။သင်ဟာမီဒီယာမှာနာမည်ကြီးတဲ့သူ ဒါမှမဟုတ်ကြော်ငြာမျက်နှာဖုံး တွေမှာ အခိုင်အမာ ဖော်ပြခံရသူမဟုတ်ရင်၊ သင့်အကြောင်းကို လူအနည်းငယ်ကပဲ ကြားဖူးကြမှာပါ။ ဒီနေ့လိုဆိုရှယ်မိီဒီယာခေတ်မှာတော့ အသေးအဖွဲ့ကိစ္စလေးကအစရှည်လျားစွာဆွေးနွေး ပြောဆိုနေကြတာဖြစ် တဲ့အတွက် သင့်အကြောင်းကိုလူတွေပိုပြီးသိဖို့ အခွင့်အရေးပိုများလာပါတယ်။

2️⃣ The benefits of personal branding (Personal Branding ၏ အကျိုးကျေးဇူးများ)

သင့်ကိုယ်ပိုင်အမှတ်တံဆိပ်က သင့်အကြောင်း ဘာပြောမလဲ။ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုရှိခြင်းက ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ။

📝Authenticity (စစ်မှန်မှု)

ကိုယ်ပိုင်အမှတ်တံဆိပ်ရှိခြင်းအားဖြင့်မိမိရဲ့ကျင့်ဝတ်နဲ့ ကြိုးစားအားထုတ်မှုတွေ ဟာစစ်မှန်ကြောင်း အနာဂတ် အလုပ်ရှင်တွေကို ပြသနိုင်ပါတယ်။ မိမိလုပ်ဆောင်ခဲ့တဲ့စွန့်စားမှုတွေ၊ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို  ပွင့်လင်းစွာ ဖော်ပြခြင်းအားဖြင့် မိမိရဲ့ အားသာချက်တွေ အောင်မြင်မှုတွေကို ပြသနိုင်ပါတယ်။ လူတွေ အနေနဲ့ သူတို့အပေါ် သြဇာလွှမ်းမိုးတဲ့သူတွေက အားနည်းချက်တွေကို အမှန်အတိုင်းဖော်ပြကြတာကို ပိုတန်ဖိုးထား တတ်ကြပါတယ်။

📝Trust ( ယုံကြည်မှု)

ကိုယ်ပိုင် အမှတ်တံဆိပ်တည်ဆောက်ခြင်းအားဖြင့်  လူတွေကသင့်ကို ပိုသိလာစေပါတယ်။ သင့်ကိုခေါင်း  ဆောင်တစ်ယောက်၊ အတွေးအခေါ်ကောင်းသူတစ်ယောက် ဒါမှမဟုတ် သြဇာလွှမ်းမိုးသူတစ်ယောက် အဖြစ် သတ်မှတ်လာကြမှာပါ။ အဲ့ဒီအခါ သင်ဟာ အသိပညာ အတွေ့အကြုံနဲ့ ပတ်သက်ရင် ယုံကြည်စိတ်ချရတဲ့ အရင်းမြစ်တစ်ခု အဖြစ် ပြသနိုင်လာမှာဖြစ်ပါတယ်။

📝Credibility ( ယုံကြည်ကိုးစားမှု) 

ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုဟာ ပုံမှန်အားဖြင့် ပရော်ဖက်ရှင်နယ်တစ်ဦးရဲ့ ကျွမ်းကျင်မှုအပေါ် ယုံကြည် စိတ်ချရမှုကို ပြသပေးနိုင်ပါတယ်။ဒါတွေဟာ သင့်ရဲ့ LinkedIn ပရိုဖိုင်မှာပါတဲ့ ထောက်ခံချက်တွေနဲ့ အလုပ် ရှာဖွေမှုအတွက် ကိုးကားချက်တွေကို ဆိုလိုတာပါ။ သင့်အနေနဲ့  သင်ကိုယ်တိုင်လုပ်နေတဲ့ အရာတွေကို သိတဲ့ အကြောင်း တခြားပြိုင်ဘက်တွေထက်  ကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတဲ့ အကြောင်း ပြသနိုင်ပါတယ်။

📝Oversight (ကြီးကြပ်ခြင်း)

သင့်အနေနဲ့ ဆိုရှယ်မီဒီယာပေါ်ကတခြားသူတွေရဲ့ ထင်မြင်ချက်တွေကို အမြဲတမ်း ထိန်းချုပ်လို့ မရပါဘူး။ ဒါပေမယ့်သင့်ကိုယ်ပိုင်အမှတ်တံဆိပ်ကိုမြဲမြဲမြံမြံ တည်ဆောက်ထားခြင်းအားဖြင့် သင့်ကိုယ်ပိုင်ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ပြီး ပြောင်းလဲနေတဲ့ အတွေးအခေါ် ရေစီးကြောင်းမှာ ရပ်တည်ရှင်သန် နေနိုင်မှာ ဖြစ်ပါ တယ်။ သင့်အနေနဲ့ တခြားသူတွေကိုလည်း သင့်ရဲ့ကိုယ်ပိုင်ပုံရိပ် အသုံးပြုပြီး သင့်ရဲ့အတွေးအမြင် အယူအဆတွေကို ပြောဆိုဝေမျှနိုင်မှာဖြစ်ပါတယ်။ 

📝Opportunities (အခွင့်အလမ်းများ) 

ကိုယ်ပိုင်အမှတ်တံဆိပ်ရှိခြင်းရဲ့ အရေးအကြီးဆုံး အကျိုးကျေးဇူးကတော့ အခွင့်အလမ်းတွေ ရရှိခြင်းပဲဖြစ်ပါ တယ်။ သင့်ကိုယ်ပိုင်အမှတ်တံဆိပ်ရှိခြင်းဟာ လုပ်ငန်းချိတ်ဆက်မှုများ ပြုလုပ်ခြင်း၊ စိတ်တူကိုယ်တူ ကျွမ်းကျင် ပညာရှင်များနှင့် အတူတကွချိတ်ဆက် လုပ်ဆောင်နိုင်ခြင်း အပြင် သင်လွှမ်းမိုးနိုင်သော အသိုင်းအဝိုင်းကို တည်ဆောက်ခြင်း စတဲ့အခွင့်အလမ်းတွေကို ရရှိစေပြီး  သင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို မြှင့်တင်ပေး နိုင်ပါတယ်။ ဒါ့အပြင် သင်ဟာ အားကျအတုယူစရာ အဖြစ် တခြားသူတွေကိုပါ လှုံ့ဆော်ပေးနေကြောင်း ပြသနိုင်မှာဖြစ်ပါတယ်။

3️⃣ How to build your personal brand (သင့်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကိုဘယ်လိုမြှင့်တင်မလဲ)

✔️ Tips for developing your personal brand  (သင့်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကိုမြှင့်တင်ဖို့ နည်းလမ်းများ) 

📘Figure out who you are ( မိမိဘယ်သူဆိုတာကို ပုံဖော်ပါ)

သင့်ရဲ့ကိုယ်ပိုင်ပရော်ဖက်ရှင်နယ်သရုပ်ကို တိကျစွာထင်ဟပ်စေတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခု တည်ဆောက် ဖို့ဆိုရင် သင်ဘယ်သူဖြစ်တယ်ဆိုတာကို အရင်ဆုံးသိဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်အားသာချက်နဲ့ အားနည်းချက်တွေကို စာရင်းပြုစုထားဖို့ လိုပါတယ်။ သင့်ကိုယ်သင်လည်း မေးခွန်းတွေ မေးဖို့လိုပါတယ်။ ဥပမာ 

☑️ဘယ်လုပ်ငန်းနယ်ပယ်မှာ ထူးချွန်လဲ။

☑️ဘယ်အရာက ငါ့ကို လှုံ့ဆော်ပေးတာလဲ။

☑️တခြားသူတွေ ငါ့ကို ချီးမွမ်းတဲ့ အချက်တွေက ဘာတွေလဲ။

☑️ဘယ်ပရောဂျက်တွေမှာ တခြားသူတွေက ငါ့ကို ထပ်ခါတလဲလဲ ကူညီပေးခဲ့ရဖူးလဲ။

☑️ဘယ်အခန်းကဏ္ဍတွေက ငါ့ရဲ့စွမ်းအင်တွေကို ကုန်ဆုံးစေတာလဲ။

☑️စိတ်ပန်းနွမ်းနယ်မှု မရှိဘဲ ဘယ်ပရောဂျက်တွေမှာ နာရီပေါင်းများစွာ ကုန်ဆုံးနိုင်မလဲ။

လူအများစုဟာကိုယ့်ကိုယ်ကို မကန့်သတ်ချင်တာကြောင့် သီးခြားနယ်ပယ်တစ်ခု ရွေးချယ်ဖို့ခက်ခဲနေ တတ်ကြတယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။သင့်ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကြီးထွားလာတာနဲ့အမျှ သင့်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်လည်း ပြောင်းလဲလာမယ်ဆိုတာကို သိရှိနားလည်ရပါမယ်။  အကောင်းဆုံး နည်းဗျူ ဟာကတော့ သင်အာရုံစိုက်ချင်တဲ့နယ်ပယ်တစ်ခုကို ရွေးချယ်ပြီး အချိန်နဲ့ အမျှ တိုးတက်ပြောင်းလဲလာဖို့ပါ။

📘Determine what you want to be known for (မိမိနဲ့ပတ်သက်ပြီးဘာကိုသိစေချင်လဲဆုံးဖြတ်ပါ)

သင့်ကိုယ်ပိုင်အမှတ်တံဆိပ်ဟာ လက်ရှိမှာ သင်ဘယ်သူဖြစ်တယ်ဆို တာထက်ပိုပါတယ်။ ဒါက သင်သွား လိုတဲ့ပန်းတိုင်အတွက်လည်း လမ်းပြမြေပုံတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်မှာရှိပြီးသား ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေကို နားလည်တဲ့အပြင် သင့်ရဲ့အားသာချက် အားနည်းချက်တွေကိုလည်း အကဲဖြတ်နေဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့ အရည်အချင်းနဲ့  စရိုက်လက္ခဏာတွေ အပြင် အခြား တိုးတက်ဖို့လိုအပ်တဲ့နယ်ပယ် ဒါမှမဟုတ် အသိပညာသစ်တွေရရှိနိုင်မယ့်  နယ်ပယ်တွေကို သင်ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၅နှစ် သို့မဟုတ် ၁၀ နှစ်အတွင်း သင်ရောက်ချင်တဲ့နေရာ နဲ့ လိုအပ်တဲ့  အရည်အချင်း တွေကို  ခန့်မှန်းနိုင်ပြီး  အဲ့ဒီလိုရောက်ရှိဖို့အတွက် သင်လုပ်ဆောင်ရမယ့် အဆင့်တွေကို ပိုမိုကောင်းမွန်စွာ ဆုံးဖြတ်ရန် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

📘Define your audience ( မိမိရဲ့ပရိသတ်ကိုသတ်မှတ်ပါ) 

သင့်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကို မတည်ဆောက်ခင် သင်ပစ်မှတ်ထားတဲ့ ပရိသတ်ကို အရင်ဆုံးသတ်မှတ်ဖို့ လိုအပ်ပါတယ်။သင့်ရဲ့ပရိသတ်ကို ကြိုတင်သိရှိခြင်းအားဖြင့်  သင်သူတို့ကိုပြောပြမယ့်အကြောင်းအရာကို ဖန်တီးလို့ရမှာဖြစ်ပါတယ်။ဥပမာအားဖြင့် သင့်ရည်မှန်းချက်က အလုပ်ခန့်ထားပေးမယ့်  မန်နေဂျာများနဲ့ အလုပ်ရှင်များထံရောက်ရှိရန်ဖြစ်ပါက သင့်ရဲ့LinkedInပရိုဖိုင်ကို ဖန်တီးခြင်း ဒါမှမဟုတ် အပ်ဒိတ်လုပ်ခြင်းဖြင့် စတင်နိုင်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် လူသစ်စုဆောင်းတဲ့သူ 90% ကျော်ဟာအလားအလာရှိတဲ့ အလုပ်လျှောက်ထားသူအသစ်တွေကို ရှာဖွေဖို့အတွက် ထိုပလပ်ဖောင်းကို အသုံးပြုတာကြောင့်ဖြစ်ပါတယ်။

📘Embrace networking (မိမိရဲ့ကွန်ယက်ကိုတိုးချဲ့ပါ)

သင်စံထားတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခု ရလာဖို့  ပြုစုပျိုးထောင်တဲ့နေရာမှာ သင်ရဲ့ပရော်ဖက်ရှင်နယ် အသိုင်းအဝိုင်းကို ထိရောက်စွာ တိုးချဲ့ဖို့အတွက် ပုံမှန်ကွန်ရက်ချိတ်ဆက်မှုတွေဟာ အရေးပါပါတယ်။ တရားဝင်နဲ့ အလွတ်သဘော တွေ့ဆုံပွဲများကို သွားခြင်းအားဖြင့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ လုပ်ငန်းဆိုင်ရာ ခေါင်းဆောင်တွေနဲ့  ချိတ်ဆက်မှုကို တိုးမြှင့်နိုင်ပါတယ်။သင့်အနေနဲ့ သင့်ရဲ့ကွန်ယက်အတွင်း ဆက်ဆံရေးတွေမှာ အပြန်အလှန်အားဖြင့် လေးစားတန်ဖိုးထားမှုကို ပြသလေလေ သင့်ရဲ့ ကိုယ်ပိုင်အမှတ် တံဆိပ်ကောင်း တစ်ခုကို အသိအမှတ်ပြုခံရနိုင်မှုများလေလေဖြစ်ပါတယ်။ အလုပ်အကိုင်အားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာ သင့်ရဲ့ ကွန်ယက် ချိတ်ဆက်မှုအပေါ် မူတည်ပြီးပြီးမြောက်နိုင်တာကြောင့် တွေ့ဆုံပွဲတွေကို တက်ရောက်တာဟာ သင့်ရဲ့ကိုယ်ပိုင် အမှတ်တံဆိပ်ကို မြှင့်တင်ပေးနိုင်ရုံသာမက သင့်ရဲ့လုပ်ငန်းကိုပါ တိုးတက်စေပါတယ်။ တွေ့ဆုံပွဲ တက်‌ရောက်လာသူတွေကိုလည်း နောက်တစ်ကြိမ်အလုပ်သဘောတွေ့ဆုံဖို့ဖြစ်ဖြစ် ကော်ဖီဆိုင်ထိုင်ဖို့ဖြစ်ဖြစ် ဖိတ်ခေါ်ဖို့ ဝန်မလေးပါနဲ့။ အကယ်၍ သင့်အနေနဲ့ တွေ့ဆုံပွဲမှာ စကားပြောဖို့ အခွင့်အရေး မရရင်လည်း စကားစမြည်ပြော ဆိုဖို့အတွက် EMail  ဒါမှမဟုတ် LinkedIn တို့ကတဆင့် ဆက်သွယ်ချိတ်ဆက်ပါ။

📘 Grow your online presence (သင့်ရဲ့အွန်လိုင်းပုံရိပ်ကို မြှင့်တင်ပါ)

ကိုယ်ပိုင် အမှတ်တံဆိပ်ဖန်တီးခြင်းရဲ့ အရေးအကြီးဆုံးသော ကဏ္ဍတွေထဲက တစ်ခုကတော့ သင်ဟာ အလုပ် ရှာဖွေနေသူတစ်ယောက် မဟုတ်ရင်တောင် အလုပ်ခန့်ထားပေးမယ့် မန်နေဂျာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြားသူတွေကို အွန်လိုင်းကတဆင့် ချိတ်ဆက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။သင်အသုံးပြုနိုင်မယ့်မတူညီတဲ့ လူမှုမီဒီယာကိရိယာများစွာအပေါ် မူတည်ပြီး သင့်ရဲ့အွန်လိုင်းတည်ရှိမှုကကွဲ ပြားသွားနိုင်ပါတယ်။ သင်ဖော်ပြ ချင်တဲ့ အကြောင််းအရာဟာ ပလက်ဖောင်း အားလုံးမှာ တစ်ထပ်တည်း ဖြစ်သင့်ပေမယ့်လည်းသင် ပစ်မှတ်ထားတဲ့ပရိသတ်အပေါ် မူတည်ပြီး ပို‌ကောင်းအောင်ပြင်ဆင်နိုင်ပါတယ်။

ဒါ့အပြင်၊ သင့်ဝဘ်ဆိုဒ် ဒါမှမဟုတ် သင့်ပရိုဖိုင်ထဲက တစ်ခုကို သူငယ်ချင်းတွေနဲ့ မိသားစုတွေအတွက် သီးသန့်အသုံးပြုချင်ပါက သင့်အလုပ်အကိုင် အခွင့်အလမ်းကိုထိခိုက်စေနိုင်တဲ့ ကိုယ်ရေးကိုယ်တာ အချက် အလက်တွေကို  အလုပ်ရှင်တွေအနေနဲ့ ပြစ်ချက်တစ်ခုလို မြင်သွားတာမျိုး မဖြစ်စေဖို့ သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဆက်တင်များကို ချိန်ညှိဖို့လိုပါတယ်။

Reference Link:

https://www.forbes.com/sites/karadennison/2022/11/28/why-personal-branding-is-important-and-how-to-build-yours

https://graduate.northeastern.edu/resources/tips-for-building-your-personal-brand/