၁။ Google Help ဆိုတာဘာလဲ
Google Help ဆိုတာ ကမ္ဘာတစ်လွှားမှ Google ရဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို အသုံးပြုနေတဲ့သူတွေအတွက် သင့်တော်တဲ့အကူအညီတွေကို ရယူနိုင်ဖို့ ရည်ရွယ်ပြီး Google က ထောက်ပံ့ပေးထားတဲ့ အွန်လိုင်းအကူအညီစင်တာတစ်ခု ဖြစ်ပါတယ်။ Google Help Center, https://support.google.com/ ကို အသုံးပြုပြီး သင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေ နဲ့ Troubleshooting လုပ်နည်းတွေကို ရှာဖွေနိုင်ပါတယ်။
၂။ Google Help တွင် ပါဝင်တဲ့အကြောင်းအရာများ
📚ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများအတွက် အကူအညီ
- Google ရဲ့ ထုတ်ကုန် (Product) တွေကတော့ Gmail, YouTube, Google Maps, Google Drive, Android စတာတွေပဲဖြစ်ပါတယ်။ ဒီထုတ်ကုန်တွေကို အသုံးပြုရာမှာ အခက်အခဲ ရှိပါက အကူအညီရှာဖွေနိုင်ပါတယ်။
- ဥပမာ – Gmail Password ကိုမေ့သွားတဲ့အခါ Password Reset လုပ်နည်း, YouTube မှာ Channel တည်ဆောက်နည်း, Google Drive မှာ ဖိုင်တွေကို ဘယ်လိုစီမံထိန်းသိမ်းထား မလဲ စတဲ့ လမ်းညွှန်ချက်တွေကို ရှာဖွေနိုင်ပါတယ်။
📚ထောက်ပံ့ချက်နှင့် လမ်းညွှန်ချက်များ
- Google Help Center မှာ User Guide တွေ, FAQs (Frequently Asked Questions)တွေ, Troubleshooting Guide တွေနဲ့ လုပ်ဆောင်ချက်တွေကို အဆင်ပြေပြေ ရှာဖွေနိုင်ပါတယ်။
- အသုံးပြုသူတွေအနေနဲ့ မိမိတွေ့ကြုံနေရတဲ့ ပြဿနာနဲ့ ကိုက်ညီတဲ့ အကြံဉာဏ်တွေကိုလည်း အလွယ်တကူ ရယူနိုင်ပါတယ်။
📚စနစ်တကျ မေးမြန်းနိုင်မှု
- Google Help Center မှာ “Describe your issues” ဆိုတဲ့ Search Bar ကို အသုံးပြုပြီး သင့်ပြဿနာနဲ့ သက်ဆိုင်တဲ့ စကားလုံးတွေကို ရိုက်ထည့်ပြီး အကူအညီများကို ရှာဖွေနိုင်ပါတယ်။
- ဥပမာ – “can’t sign in to Gmail” (Gmail ကိုဝင်ရောက်နိုင်ခြင်းမရှိပါ) လို့ ရိုက်ထည့်ပြီး သင့်ပြဿနာကို ဖြေရှင်းဖို့ လမ်းညွှန်ချက်တွေကို ရယူနိုင်ပါတယ်။
Google Help အသုံးပြုပုံအဆင့်ဆင့်ကို အောက်ဖော်ပြပါ လမ်းညွှန်ကားချပ် နှင့် Video File တို့မှာလေ့လာနိုင်ပါတယ်။
အသေးစိတ်ကို ကို ဒီဗီဒီယိုမှာ လေ့လာကြရအောင်