Source Credibility ဆိုတာ သတင်းအချက်အလက်တစ်ခုရဲ့ အရင်းအမြစ် (source) နဲ့ ယုံကြည်စိတ်ချရမှု (trustworthiness) ကို ဆိုလိုပါတယ်။ သတင်းအချက်အလက်ရဲ့ အရင်းအမြစ်ကို ယုံကြည်စိတ်ချနိုင်ဖို့ သတင်းအရင်းအမြစ်တွေကို သုံးသပ်ရပါတယ်။ အဲ့ဒီသုံးသပ်ဖို့ အချက်တွေက တတ်ကျွမ်းမှု (expertise), စိတ်ဝင်စားမှု ရှိမရှိ (objectivity), အချိန် နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု (timeliness), သတင်းဌာနကရဲ့ ဂုဏ်သတင်း (reputation) စတဲ့ အချက်တွေနဲ့ တိုင်းတာရပါတယ်။
တကယ်လို့ သတင်းအချက်အလက်ပေးတဲ့သူဟာ သတင်းခေါင်းစဉ်နဲ့ ကျွမ်းကျင်နေသူလား၊ သူ့ရဲ့ အချက်အလက်တွေက ဘက်လိုက်မှုမပါဘဲ ဖော်ပြထာလား၊ နောက်ဆုံးပေါ် သတင်တွေ ပေးနေလား စတဲ့အရာတွေကို ပြန်သုံးသပ်ပြီး သတင်း အရင်းအမြစ်ရဲ့ ယုံကြည်စိတ်ချရမှုကို သတ်မှတ်နိုင်ပါတယ်။
ယုံကြည်စိတ်ချရတဲ့ သတင်းပေးသူက အတွေ့အကြုံရှိပြီး၊ ဘက်လိုက်မှုမရှိတဲ့ သတင်းပေးသူ ဖြစ်နေဖို့ အရေးကြီးပါတယ်။
🔍Source Credibility က ဘာကြောင့် လိုအပ်တာလဲ။
Source Credibility (သတင်းအရင်းအမြစ်ယုံကြည်စိတ်ချရမှု) က အချက်အလက်တွေ၊ သတင်း နဲ့ သုတေသနတွေကို အမှန်ဟုတ်မဟုတ် စိစစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အဓိကလိုအပ်ချက်တွေကို အောက်မှာ ဖော်ပြထားပါတယ် –
🔺၁. မှန်ကန်မှု – Credible sources က သတင်းအချက်အလက်တွေ အမှန်တကယ်တည်ရှိမှု ရှိမရှိကို အခြေခံပြီး စိစစ်ပါတယ်။ သတင်းမှားတွေကြောင့် လူတွေ သဘောထားတွေ ကွဲလွဲတတ်ကြတဲ့အတွက် သတင်းအရင်းအမြစ် တွေရဲ့ ယုံကြည်စိတ်ချ လိုအပ်ပါတယ်။ မမှန်ကန်တဲ့ အချက်အလက်များကြောင့်ဖြစ်တဲ့ ပြဿနာတွေကို သေချာစီစစ်နိုင်ခြင်းက သတင်းအမှန်ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
🔺၂. ဆုံးဖြတ်ချက်များ – လူတွေရဲ့ ယုံကြည်မှုက သတင်းတွေကနေမှတစ်ဆင့် ဆုံးဖြတ်ချက် ချတတ်ကြပါတယ်။ ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ သတင်း အချက်အလက်တွေက လူတွေရဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလာစေပါတယ်။ ဒါ့အပြင် သတင်းအချက်အလက်မှားရင်လည်း ဆုံးဖြတ်ချက်တွေ မှားတတ်ပါတယ်။
🔺 ၃. ယုံကြည်ခြင်း – Credibility က သင့်ရဲ့ အကြောင်းပြချက် (arguments) ဒါမှမဟုတ် စကားဝိုင်း (discussion) ကို လိုက်လျောညီထွေဖြစ်စေပြီး သင်ပြောပြတဲ့ သတင်း အချက်အလက်တွေကိုလည်း အခြားသူတွေက ယုံကြည်စေပါသည်။
🔺၄. သတင်းမှားနဲ့ သတင်းအချက်အလက်မအမှားတွေကို ရှောင်ရှားခြင်း – သတင်းထုတ်လွတ်ခြင်း အကြောင်းအရာအပေါ် ကျွမ်းကျင်မှုမရှိတဲ့ သတင်းဌာနတွေက သတင်းမှား (misinformation) နဲ့ သတင်းအချက်အလက်မှား (disinformation) တွေကို ထုတ်လွှင့်တတ်ပါတယ်။ ဒါတွေက တိုင်းပြည်ရဲ့ လူမျိုး၊ ဘာသာရေး၊ ပညာရေး နဲ့ ပုဂ္ဂိုလ်ရေး ကဏ္ဍအသီးသီးတွေမှာ အထင်အမြင်ကွဲလွဲမှုတွေ ဖြစ်ပေါ် စေနိုင်ပါတယ်။ ဒါကြောင့် Credible sources တွေကို စနစ်တကျ အသုံးပြုခြင်းက သတင်းမှားတွေကို ရှောင်ရှားစေနိုင်ပါတယ်။
ဒါကြောင့် source credibility က သတင်းအချက်အလက်နှင့် ဆုံးဖြတ်ချက်တွေကို အမှန်တကယ်ဖြစ်စေဖို့ အလွန်အရေးကြီးတာ ဖြစ်ပါတယ်။
📝Source Credibility Checklist
Source Credibility ကို လေ့လာတဲ့အခါ လိုက်နာရမယ့် Checklist တွေကို ရိုးရိုးရှင်းရှင်းနဲ့ ပြောပြပေးပါ့မယ်။
သတင်းတစ်ခုကို ကြားတဲ့အခါ အရင်ဆုံး စဉ်းစားရမှာက
💠၁, သတင်းပေးသူက သတင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူလား။
သူ့ပြောပြနေတဲ့ သတင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိလား။ သူ တက်မြောက်မှု နဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ပြန်စဉ်းစားပါ။ ဥပမာ – အခြားသူတွေက သတင်းပေးသူကို သူပြောနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတယောက်အနေနဲ့ သတ်မှတ်လား ဆိုပြီး စဉ်းစားကြည့်ရပါမယ်။
💠၂. ဘက်လိုက်မှု ရှိလား။
သူ့အကြောင်းပြချက်တွေက ဘက်မလိုက်ဘဲ ပြောနေတာလား။ ကိုယ့်ဆန္ဒ သဘောထားတွေမပါဘဲ သတင်းအချက်အလက်ကို ပြောပြနေတာလား။ သူ့အနေနဲ့ ကိုယ်ရေးကိုယ်တာအကျိုးစီးပွားမျိုးတွေ မပါဘဲ သတင်းအကြောင်းအရာကို တင်ပြနေတာလား စတဲ့ ပုံစံမျိုးတွေနဲ့ သတင်း အချက်အခက်အပေါ် သုံးသပ်နိုင်ပါတယ်။
💠၃. အခြားသူတွေကလည်း သတင်း အချက်အလက်အပေါ် ယုံကြည်လား။
သတင်းပေးသူက နာမည်ကောင်းရှိပြီး ရေရှည်မှာ အောင်မြင်လာတဲ့ သူမျိုးလား။ အခြားကျွမ်းကျင်သူတွေအနေနဲ့ သူ့ရဲ့ သတင်းအချက်အလက်တွေကိုလည်း ယုံကြည်စိတ်ချကြတဲ့ အနေအထားရှိလား စတဲ့ စဉ်းစားပုံမျိုးနဲ့ စဉ်းစားကြည့်ပါ။
💠၄. သတင်း အရင်းအမြစ်တစ်ခုတည်းနဲ့ ကန့်သတ်ထားလား။
သတင်းတစ်ခုအပေါ် အရင်းအမြစ်တစ်ခုထဲကိုပဲ သုံးပြုပြီး မမှတ်ယူသင့်ပါဘူး။ တူညီတဲ့ သတင်းတခုအပေါ် သတင်း အရင်းအမြစ်မျိုးစုံနဲ့ စစ်ဆေးဖို့ လိုပါတယ်။ အချို့အရင်းအမြစ်တွေက မှားနေတတ်တဲ့အတွက် အချက်အလက်တွေကို သေချာအောင် နောက်ထပ် credible sources တွေကို အသုံးပြုပြီး ပြန်စစ်ဖို့လိုပါတယ်။
💠၅. ရက်စွဲကို စစ်ကြည့်ပါ
သတင်း update ဖြစ်ရဲ့လား၊ သတင်းဟောင်းမဖြစ်ဖို့အတွက် ရက်စွဲကို ကြည့်ဖို့ လိုအပ်ပါတယ်။
💠၆. သတင်း အရင်းအမြစ်ရဲ့ ရည်ရွယ်ချက်နဲ့ အသုံးချမှု
သတင်းတစ်ပုဒ်က ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးထားသလဲ၊ သတင်းရဲ့ ရည်ရွယ်ချက်က သတင်းပေးသူရဲ့ ကိုယ်ရေးအကျိုးအမြတ်အတွက်လား၊ ဒါမှမဟုတ် အသိပညာမျှဝေအတွက်လား ဆိုတာကို စဉ်းစားပါ။
💠၇. Fact-checking လုပ်ပါ
သတင်းရဲ့ အချက်အလက်တွေကို Fact-checking လုပ်နိုင်တဲ့ website တွေ (ဥပမာ၊ Snopes.com, Politifact.com) တွေနဲ့ အတူတူ စစ်ကြည့်ပါ။ အချက်အလက်မှန်ပေါက်ကြောင်း သိရင်တော့ သတင်း အကြောင်းအရာအပေါ် ပိုပြီး ယုံကြည်နိုင်ပါပြီ။
ဒီ checklist တွေနဲ့ သတင်းအချက်အလက်ကို သုံးသပ် တွေးခေါ် ကြည့်ခြင်းက သတင်းတခုအပေါ် ယုံကြည်လက်ခံဖို့ သင့်မသင့်ကို ဆုံးဖြတ်လို့ ရပါတယ်။ ဒါ့အပြင် သတင်းရင်းမြစ်တစ်ခုရဲ့ ယုံကြည်စိတ်ချရမှုကို ပြန်စစ်တဲ့အခါ သတိထားရမယ့်အကြံပြုချက်တွေ ဖြစ်ပါတယ်။
🔹သတင်းရင်းမြစ်တစ်ခုကို ဘယ်လိုစစ်ဆေးရမလဲဆိုတာကို ဥပမာတစ်ခုနဲ့ ပြောပြမယ်ဆိုရင်
ဥပမာ – သုတေသနဆိုင်ရာ သတင်းတစ်ခု
သင့်အနေနဲ့ ကော်ဖီသောက်တာ ကျန်းမာရေးအတွက်ကောင်းတယ် ဆိုတဲ့ သတင်းတစ်ခုကို မြင်လိုက်တယ်ဆိုပါစို့။
အရင်ဆုံး ဒီသတင်းအပေါ် သင်က
သတင်းက ကော်ဖီထုတ်လုပ်ရေး အဖွဲ့ (Coffee production Group) ဆိုတဲ့ အဖွဲ့တစ်ခုက ထုတ်ပြန်ထားတယ်လို့ ပြောထားရင်…
⏩️ ဒီအဖွဲ့က ဘယ်သူSource Credibility ဆိုတာ သတင်းအချက်အလက်တစ်ခုရဲ့ အရင်းအမြစ် (source) နဲ့ ယုံကြည်စိတ်ချရမှု (trustworthiness) ကို ဆိုလိုပါတယ်။ သတင်းအချက်အလက်ရဲ့ အရင်းအမြစ်ကို ယုံကြည်စိတ်ချနိုင်ဖို့ သတင်းအရင်းအမြစ်တွေကို သုံးသပ်ရပါတယ်။ အဲ့ဒီသုံးသပ်ဖို့ အချက်တွေက တတ်ကျွမ်းမှု (expertise), စိတ်ဝင်စားမှု ရှိမရှိ (objectivity), အချိန် နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု (timeliness), သတင်းဌာနကရဲ့ ဂုဏ်သတင်း (reputation) စတဲ့ အချက်တွေနဲ့ တိုင်းတာရပါတယ်။
⏩️တကယ်လို့ သတင်းအချက်အလက်ပေးတဲ့သူဟာ သတင်းခေါင်းစဉ်နဲ့ ကျွမ်းကျင်နေသူလား၊ သူ့ရဲ့ အချက်အလက်တွေက ဘက်လိုက်မှုမပါဘဲ ဖော်ပြထာလား၊ နောက်ဆုံးပေါ် သတင်တွေ ပေးနေလား စတဲ့အရာတွေကို ပြန်သုံးသပ်ပြီး သတင်း အရင်းအမြစ်ရဲ့ ယုံကြည်စိတ်ချရမှုကို သတ်မှတ်နိုင်ပါတယ်။
🔴ယုံကြည်စိတ်ချရတဲ့ သတင်းပေးသူက အတွေ့အကြုံရှိပြီး၊ ဘက်လိုက်မှုမရှိတဲ့ သတင်းပေးသူ ဖြစ်နေဖို့ အရေးကြီးပါတယ်။
🔈Source Credibility က ဘာကြောင့် လိုအပ်တာလဲ။
Source Credibility (သတင်းအရင်းအမြစ်ယုံကြည်စိတ်ချရမှု) က အချက်အလက်တွေ၊ သတင်း နဲ့ သုတေသနတွေကို အမှန်ဟုတ်မဟုတ် စိစစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အဓိကလိုအပ်ချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။
၁. မှန်ကန်မှု – Credible sources က သတင်းအချက်အလက်တွေ အမှန်တကယ်တည်ရှိမှု ရှိမရှိကို အခြေခံပြီး စိစစ်ပါတယ်။ သတင်းမှားတွေကြောင့် လူတွေ သဘောထားတွေ ကွဲလွဲတတ်ကြတဲ့အတွက် သတင်းအရင်းအမြစ် တွေရဲ့ ယုံကြည်စိတ်ချ လိုအပ်ပါတယ်။ မမှန်ကန်တဲ့ အချက်အလက်များကြောင့်ဖြစ်တဲ့ ပြဿနာတွေကို သေချာစီစစ်နိုင်ခြင်းက သတင်းအမှန်ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
၂. ဆုံးဖြတ်ချက်များ – လူတွေရဲ့ ယုံကြည်မှုက သတင်းတွေကနေမှတစ်ဆင့် ဆုံးဖြတ်ချက် ချတတ်ကြပါတယ်။ ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ သတင်း အချက်အလက်တွေက လူတွေရဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလာစေပါတယ်။ ဒါ့အပြင် သတင်းအချက်အလက်မှားရင်လည်း ဆုံးဖြတ်ချက်တွေ မှားတတ်ပါတယ်။
၃. ယုံကြည်ခြင်း – Credibility က သင့်ရဲ့ အကြောင်းပြချက် (arguments) ဒါမှမဟုတ် စကားဝိုင်း (discussion) ကို လိုက်လျောညီထွေဖြစ်စေပြီး သင်ပြောပြတဲ့ သတင်း အချက်အလက်တွေကိုလည်း အခြားသူတွေက ယုံကြည်စေပါသည်။
၄. သတင်းမှားနဲ့ သတင်းအချက်အလက်မအမှားတွေကို ရှောင်ရှားခြင်း – သတင်းထုတ်လွတ်ခြင်း အကြောင်းအရာအပေါ် ကျွမ်းကျင်မှုမရှိတဲ့ သတင်းဌာနတွေက သတင်းမှား (misinformation) နဲ့ သတင်းအချက်အလက်မှား (disinformation) တွေကို ထုတ်လွှင့်တတ်ပါတယ်။ ဒါတွေက တိုင်းပြည်ရဲ့ လူမျိုး၊ ဘာသာရေး၊ ပညာရေး နဲ့ ပုဂ္ဂိုလ်ရေး ကဏ္ဍအသီးသီးတွေမှာ အထင်အမြင်ကွဲလွဲမှုတွေ ဖြစ်ပေါ် စေနိုင်ပါတယ်။ ဒါကြောင့် Credible sources တွေကို စနစ်တကျ အသုံးပြုခြင်းက သတင်းမှားတွေကို ရှောင်ရှားစေနိုင်ပါတယ်။
ဒါကြောင့် source credibility က သတင်းအချက်အလက်နှင့် ဆုံးဖြတ်ချက်တွေကို အမှန်တကယ်ဖြစ်စေဖို့ အလွန်အရေးကြီးတာ ဖြစ်ပါတယ်။
🔔Source Credibility Checklist
Source Credibility ကို လေ့လာတဲ့အခါ လိုက်နာရမယ့် Checklist တွေကို ရိုးရိုးရှင်းရှင်းနဲ့ ပြောပြပေးပါ့မယ်။
သတင်းတစ်ခုကို ကြားတဲ့အခါ အရင်ဆုံး စဉ်းစားရမှာက
1. သတင်းပေးသူက သတင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူလား။
သူ့ပြောပြနေတဲ့ သတင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိလား။ သူ တက်မြောက်မှု နဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ပြန်စဉ်းစားပါ။ ဥပမာ – အခြားသူတွေက သတင်းပေးသူကို သူပြောနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတယောက်အနေနဲ့ သတ်မှတ်လား ဆိုပြီး စဉ်းစားကြည့်ရပါမယ်။
2. ဘက်လိုက်မှု ရှိလား။
သူ့အကြောင်းပြချက်တွေက ဘက်မလိုက်ဘဲ ပြောနေတာလား။ ကိုယ့်ဆန္ဒ သဘောထားတွေမပါဘဲ သတင်းအချက်အလက်ကို ပြောပြနေတာလား။ သူ့အနေနဲ့ ကိုယ်ရေးကိုယ်တာအကျိုးစီးပွားမျိုးတွေ မပါဘဲ သတင်းအကြောင်းအရာကို တင်ပြနေတာလား စတဲ့ ပုံစံမျိုးတွေနဲ့ သတင်း အချက်အခက်အပေါ် သုံးသပ်နိုင်ပါတယ်။
3. အခြားသူတွေကလည်း သတင်း အချက်အလက်အပေါ် ယုံကြည်လား။
သတင်းပေးသူက နာမည်ကောင်းရှိပြီး ရေရှည်မှာ အောင်မြင်လာတဲ့ သူမျိုးလား။ အခြားကျွမ်းကျင်သူတွေအနေနဲ့ သူ့ရဲ့ သတင်းအချက်အလက်တွေကိုလည်း ယုံကြည်စိတ်ချကြတဲ့ အနေအထားရှိလား စတဲ့ စဉ်းစားပုံမျိုးနဲ့ စဉ်းစားကြည့်ပါ။
4. သတင်း အရင်းအမြစ်တစ်ခုတည်းနဲ့ ကန့်သတ်ထားလား။
သတင်းတစ်ခုအပေါ် အရင်းအမြစ်တစ်ခုထဲကိုပဲ သုံးပြုပြီး မမှတ်ယူသင့်ပါဘူး။ တူညီတဲ့ သတင်းတခုအပေါ် သတင်း အရင်းအမြစ်မျိုးစုံနဲ့ စစ်ဆေးဖို့ လိုပါတယ်။ အချို့အရင်းအမြစ်တွေက မှားနေတတ်တဲ့အတွက် အချက်အလက်တွေကို သေချာအောင် နောက်ထပ် credible sources တွေကို အသုံးပြုပြီး ပြန်စစ်ဖို့လိုပါတယ်။
5. ရက်စွဲကို စစ်ကြည့်ပါ
သတင်း update ဖြစ်ရဲ့လား၊ သတင်းဟောင်းမဖြစ်ဖို့အတွက် ရက်စွဲကို ကြည့်ဖို့ လိုအပ်ပါတယ်။
6. သတင်း အရင်းအမြစ်ရဲ့ ရည်ရွယ်ချက်နဲ့ အသုံးချမှု
သတင်းတစ်ပုဒ်က ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးထားသလဲ၊ သတင်းရဲ့ ရည်ရွယ်ချက်က သတင်းပေးသူရဲ့ ကိုယ်ရေးအကျိုးအမြတ်အတွက်လား၊ ဒါမှမဟုတ် အသိပညာမျှဝေအတွက်လား ဆိုတာကို စဉ်းစားပါ။
7. Fact-checking လုပ်ပါ။
သတင်းရဲ့ အချက်အလက်တွေကို Fact-checking လုပ်နိုင်တဲ့ website တွေ (ဥပမာ၊ Snopes.com, Politifact.com) တွေနဲ့ အတူတူ စစ်ကြည့်ပါ။ အချက်အလက်မှန်ပေါက်ကြောင်း သိရင်တော့ သတင်း အကြောင်းအရာအပေါ် ပိုပြီး ယုံကြည်နိုင်ပါပြီ။
ဒီ checklist တွေနဲ့ သတင်းအချက်အလက်ကို သုံးသပ် တွေးခေါ် ကြည့်ခြင်းက သတင်းတခုအပေါ် ယုံကြည်လက်ခံဖို့ သင့်မသင့်ကို ဆုံးဖြတ်လို့ ရပါတယ်။ ဒါ့အပြင် သတင်းရင်းမြစ်တစ်ခုရဲ့ ယုံကြည်စိတ်ချရမှုကို ပြန်စစ်တဲ့အခါ သတိထားရမယ့်အကြံပြုချက်တွေ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ခုကို ဘယ်လိုစစ်ဆေးရမလဲဆိုတာကို ဥပမာတစ်ခုနဲ့ ပြောပြမယ်ဆိုရင်
🟦ဥပမာ – သုတေသနဆိုင်ရာ သတင်းတစ်ခု
သင့်အနေနဲ့ ကော်ဖီသောက်တာ ကျန်းမာရေးအတွက်ကောင်းတယ် ဆိုတဲ့ သတင်းတစ်ခုကို မြင်လိုက်တယ်ဆိုပါစို့။
အရင်ဆုံး ဒီသတင်းအပေါ် သင်က
သတင်းက ကော်ဖီထုတ်လုပ်ရေး အဖွဲ့ (Coffee production Group) ဆိုတဲ့ အဖွဲ့တစ်ခုက ထုတ်aပြန်ထားတယ်လို့ ပြောထားရင်…
🔹- ဒီအဖွဲ့က ဘယ်သူတွေလဲ?
🔹 – ဒီအဖွဲ့က ကော်ဖီထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ မိတ်ဖက်တွေဖြစ်လား?
🔹 – သူတို့ရဲ့ ရည်ရွယ်ချက်က ကော်ဖီရောင်းချမှုကို မြှင့်တင်ဖို့လား? ဒီလိုတွေးခေါ်မှုတွေနဲ့ သတင်းအချက်အလက်အပေါ် ရှာဖွေပြီး သတင်း အရင်းအမြစ်ရဲ့ ယုံကြည်စိတ်ချရမှုကို စစ်ဆေးပါ။
တွေလဲ?
🔹 – ဒီအဖွဲ့က ကော်ဖီထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ မိတ်ဖက်တွေဖြစ်လား?
🔹- သူတို့ရဲ့ ရည်ရွယ်ချက်က ကော်ဖီရောင်းချမှုကို မြှင့်တင်ဖို့လား? ဒီလိုတွေးခေါ်မှုတွေနဲ့ သတင်းအချက်အလက်အပေါ် ရှာဖွေပြီး သတင်း အရင်းအမြစ်ရဲ့ ယုံကြည်စိတ်ချရမှုကို စစ်ဆေးပါ။