Tips to troubleshoot a phone

TIps to troubleshoot a phone ဆိုတာ သင့်ဖုန်းမှာ ကြုံနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနဲ့ ပတ်သက်ပြီး ဖြေရှင်းနည်းတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

၁. ဖုန်းကို restart ချပါ 

သင့်ရဲ့ ဖုန်းမှာ ပြဿနာတခုခု ဖြစ်လာခဲ့ပြီဆိုရင် အရင်ဆုံး restart ချလိုက်ပါ။ restart ချလိုက်ခြင်းက ဖုန်းမှာ ရှိနေတဲ့ ပြဿနာတချို့ နဲ့ လုပ်ဆောင်ချက်အမှားတွေကို ဖြေရှင်းပေးရာ ရောက်ပါတယ်။ 

၂. Software Update လုပ်ပါ။ 

သင်အသုံးပြုနေတဲ့ Software တွေကို update မြှင့်တင်ပါ။ Software ကို update လုပ်ဖို့အတွက်ဆိုရင် အရင်ဆုံး phone ရဲ့ setting ထဲကို သွားပါ > about phone ကို နှိပ်ပါ > update လုပ်မယ့် software ကို နှိပ်ပါ။ တခါတလေ သင်သုံးနေတဲ့ ဖုန်းနဲ့ application ရဲ့ version မကိုက်တဲ့အခါ သင့်ဖုန်းမှာ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် software update ဖြစ်မဖြစ်ကို အမြဲ စစ်ဆေးဖို့ လိုအပ်ပါတယ်။ 

၃. Application ရဲ့ Cache နဲ့ Data ကို ရှင်းလင်းပါ။ 

သင် အသုံးပြုနေတဲ့ application နဲ့ ပတ်သက်ပြီး ပြဿနာတခုခုဖြစ်လာတဲ့အခါ ဖုန်းမှာ ရှိတဲ့ setting  ထဲကို သွားပါ > ပြဿနာဖြစ်နေတဲ့ application ထဲဝင်ပြီး Clear Cache နဲ့ Clear Data ကို ပြုလုပ်ခြင်းက သင့် အသုံးပြုနေတဲ့ application နဲ့  သင့်ဖုန်းကြားမှာ ရှိတဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။ 

၄. သင့်ဖုန်းရဲ့ storage ကို စစ်ဆေးပါ။ 

သင့်ဖုန်းရဲ့ storage ကို စစ်ဆေးဖို့ ဖုန်းရဲ့ setting ထဲကို သွားပါ > အဲ့ဒီနောက် Storage ကို နှိပ်ပြီး မလိုအပ်တဲ့ ပုံတွေ၊ စာတွေကို ဖျက်ပစ်ပါ။ ဒီလိုလုပ်ဆောင်ခြင်းက သင်ဖုန်းအသုံးပြုတဲ့အခါ ပေါ့ပါးစေပြီး လျင်လျင်မြန်မြန်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

၅. Internet connection ကို စစ်ဆေးပါ။ 

သင့်ဖုန်း နဲ့ wifi, Mobile Data ချိတ်ရာမှာ အခက်အခဲ ရှိမရှိစစ်ဆေးပါ။ အကယ်၍ အင်တာနက်အသုံးပြုဖို့ လိုင်းချိတ်တဲ့အခါ အခက်အခဲဖြစ်လာရင် Airplane Mode ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ ဒီလိုလုပ်ခြင်းက အင်တာနက်ချိက်ဆက်နိုင်ဖို့ ကူညီပေးပါတယ်။ 

၆. Network setting ကို reset လုပ်ပါ။ 

သင့်အနေနဲ့ လိုင်းအားကောင်းတာ၊ လိုင်းကျတာ စဖြင့် ကြုံလာခဲ့ရင်တော့ network setting ကို reset ချဖို့ လိုအပ်ပါတယ်။ network setting ကို reset ဖို့အတွက်ဆို အရင်ဆုံး Phone ထဲက settingကို သွားပါ > Backup & reset ကို ရွေ’ချယ်ပါ > Reset network setting ကို နှိပ်ပြီး ပြုလုပ်လို့ ရပါတယ်။ ဒီလိုလုပ်ခြင်းက လိုင်းစွဲအားနည်းနေခြင်းကနေ လိုင်းစွဲအားများအောင် ကူညီပေးနိုင်ပါတယ်။ 

၇. ဖုန်းရဲ့ hardware လုပ်ဆောင်မှုတွေကို စစ်ဆေးပါ။ 

Hardware လုပ်ဆောင်မှုဆိုတာ သင့်ဖုန်းရဲ့ ခလုတ်၊ touchscreen၊ ကင်မရာ တို့နဲ့ အခြား လုပ်ငန်းစဥ်တွေကို စစ်ဆေးပါ။ ဒီလို စစ်ဆေးခြင်းက သင့်ဖုန်းရဲ့ လုပ်နိုင်စွမ်းကို စစ်ဆေးပေးပြီး ချို့ယွင်းမှုတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးပေးပါတယ်။ 

၈. Safe mode ဖွင့်ထားပါ။ 

 Safe mode ဖွင့်ထားခြင်းက သင့်ဖုန်းမှာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ အကယ်၍ ပြဿနာတခုခုပေါ်လာခဲ့ရင်လည်း သင့်အနေနဲ့ ချက်ချင်း သိနိုင်ပါတယ်။ 

၉. Factory Reset ချပါ။ 

သင့်ဖုန်းရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရတော့တဲ့အခါ Factory Reset ချလိုက်ပါ။ Factory reset ချလိုက်တဲ့အခါမှာလည်း သင့်ဖုန်းထဲက ဖိုင်လ်တွေ၊ ဓာတ်ပုံတွေကို ပြန်ရယူနိုင်မယ့်  backup ကို နှိပ်ထားဖို့ လိုအပ်ပါတယ်။ Factory Reset ချတယ်ဆိုတာ သင့်ဖုန်းရဲ့ ပြဿနာတွေကို ဖြေရှင်းလို့မရတော့တဲ့အတွက် နောက်ဆုံးအဆင့်အနေနဲ့ ဖြေရှင်းရတဲ့ နည်းလမ်းဖြစ်ပါတယ်။ Factory Reset ပြုလုပ်ဖို့ သင့်ဖုန်းရဲ့  setting > System > Reset options > Erase all data (Factory reset) ဆိုတာကို ရွေးချယ်ပြီး ပြုလုပ်လို့ ရပါတယ်။ 

၁၀. Contact support 

သင့်ဖုန်းမှာ ရှိတဲ့ ပြဿနာတွေကို ဖြေရှင်းလို့မရတော့တဲ့အဆုံး သင့်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ ကုန်ပစ္စည်းအသုံးပြုသူတွေအတွက် ဝန်ဆောင်မှုတွေ ရှိတာကြောင့် သင့်ဖုန်းတစ်ခုခုဖြစ်လို့ ဖြေရှင်းမရတော့ရင် ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ 

အခုဖော်ပြသွားတဲ့ နည်းလမ်းတွေကတော့ သင့်ဖုန်းမှာ ပြဿနာတခုခုဖြစ်လာခဲ့ရင် ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေ နဲ့ လမ်းညွှန်ချက်တွေကို ပြောပြပေးသွားတာဖြစ်ပါတယ်။ အကယ်၍ ဒီနည်းလမ်းတွေအတိုင်း မရတဲ့အခါ ဖုန်းကို ပြင်ပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်းတွေဆီ အကူညီ‌တောင်းရမှာပဲ ဖြစ်ပါတယ်။