1. PowerPoint File တစ်ခုစတင်ဖန်တီးခြင်း 1
2. စာများ ထည့်သွင်း ရေးသားခြင်း 3
3. Bullets များကို အသုံးပြုခြင်း 3
4.1. Photo များကိုပြင်ဆင်ခြင်း 5
5. Shapes များထည့်သွင်းခြင်း 6
5.2. Shape Color များထည့်သွင်းခြင်း 9
6.1. Chart များကို Format ပြင်ဆင်ခြင်း 13
8. Transition များထည့်သွင်းခြင်း 14
9. Animation များထည့်သွင်းခြင်း 14
10. Slide Show ဖြင့်တင်ဆက်ပြသခြင်း 15
PowerPoint ဖြင့် Presentation File တစ်ခုပြင်ဆင်ခြင်း
Ribbon PowerPoint ထဲသို့ဝင်ရောက်၍ အပေါ်ဆုံး အတန်းလေးကို Ribbon ဟုခေါ်ပါသည်။ Ribbon ကို Home Tab, Insert Tab , Design Tab စသဖြင့် tab များစွာ ခွဲထာပြီး Tab တစ်ခုချင်းစီ အတွင်း၌ အသုံးပြုနိုင်သော tool များစွာ ပါဝင်သည်။ Clipboard, Slides, Font, အစရှိသဖြင့် တွေ့ရသည်ကို Group ဟုခေါ်ပါသည်။
1. PowerPoint File တစ်ခုစတင်ဖန်တီးခြင်း
Ribbon ပေါ်ရှိ File Tab ကို နှိပ်ပြီး New-Blank Presentation ကို နှိပ်ပါ။ Online ဖြင့် ချိတ်ဆက်ထားပါက Templates များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ ထို့အပြင် ယခင်ပြင်ဆင်ထားသော PowerPoint ဖိုင်များကို ဖွင့်ခြင်း၊ Slides များကို format အမျိုးမျိုးဖြင့် သိမ်းဆည်းခြင်း၊ Slides များကို Print ထုတ်ခြင်း နှင့် PowerPoint Slides များကို မျှဝေခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
Slide အသစ်တစ်ခု ထည့်ရန်အတွက်
- Slide အသစ်များ ထည့်လိုပါက ထည့်သွင်းလိုသော နေရာ၏ ရှေ့ရှိ slide ကို နှိပ်ပါ။
- Home tab ထဲရှိ Slides group အောက်တွင် New Slide ကိုနှိပ်ပါ။
- Slide အသစ် ထည့်သွင်းလိုသောနေရာကို right click နှိပ်ကာ New Slide ကို ရွေးခြင်းဖြင့်လည်း လျင်မြင်စွာ slide အသစ်တစ်ခု ရယူနိုင်သည်။
2. စာများ ထည့်သွင်း ရေးသားခြင်း
- Insert tab ထဲရှိ Text group တွင် Text box ကိုနှိပ်ပါ။
Slide ထဲရှိ Text box တစ်ခုကို click နှိပ်ပြီး စာရေးသားနိုင်သည်။
ရေးသားထားသော စာသားကို select မှတ်၍ Home tab ၏ Font group တွင် Font, Increase Font Size, Decrease Font Size, Bold, Italic, Underline, အစရှိသည့် tool များ အသုံးပြု၍ စာသားကို ပြင်ဆင်နိုင်သည်။
3. Bullets များကို အသုံးပြုခြင်း
Powerpoint တွင် အသင့် အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသော Symbols နှင့် Bullets များ ပါရှိသည်။ ထို့အပြင် အသုံးပြုလိုသော ပုံစံပေါ်မူတည်ကာ Bullets အသစ်များကိုလည်း ဖန်တီး၍ အသုံးပြုနိုင်သည်။
Bullets အသုံးပြုရန်အတွက် Home tab ရှိ Paragraph Group တွင် “Bullets” ဘေးရှိ arrow အသေးကို နှိပ်၍ Bullets and Numbering ကိုရွေးကာ အသုံးပြုနိုင်ပါသည်။
4. Photo များထည့်သွင်းခြင်း
Photos များထည့်သွင်းလိုပါက
- Insert tab သို့သွားပါ။
- Images group ထဲရှိ Pictures ကိုနှိပ်ပါ။ ထည့်သွင်းလိုသော ပုံများ သိမ်းဆည်းထားသည့် တည်နေရာကို ရှာဖွေပါ။
- ပုံကိုတွေ့ရှိပါက click နှိပ်၍ insert လုပ်ကာ ထည့်သွင်း အသုံးပြု နိုင်မည် ဖြစ်သည်။
Photo များကိုပြင်ဆင်ခြင်း
Photo တစ်ခုကို select မှတ်လိုက်သောအခါ Ribbon ပေါ်တွင် Picture Format ဟူ၍ Tab အသစ် ပေါ်လာမည် ဖြစ်သည်။ Format Tab တွင် ပုံများကိုပြင်ဆင်ခြင်း၊ ပုံများ၏ Style များကိုပြောင်းလဲခြင်းနှင့် ပုံအရွယ်အစားများကို ပြောင်းလဲခြင်းများကို ပြုလုပ်နိုင်ပါသည်။
5. Shapes များထည့်သွင်းခြင်း
PowerPoint တွင် တင်ဆက်ပြသလိုသော အချက်အလက်များကို မြင်သာအောင်ဖော်ပြရန်၊ အချက်အလက်များ စနစ်တကျရှိစေရန်အတွက် shape များကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။
Shape များ ထည့်သွင်းရန်အတွက်
- Shape ထည့်သွင်းမည့် Slide တွင် Cursor ထားပါ။
- Ribbon ရှိ Insert Tab ကို နှိပ်ပါ။
- Illustrations group မှ Shapes ကို နှိပ်ပါ။
- အသုံးပြုလိုသော Shape ကို ရွေးပါ။
- Shape ပေါ်တွင် click နှိပ်၍ အသုံးပြုလိုသည့် နေရာသို့ ရွှေ့ပါ။
Shape ၏ အနား (သို့) ထောင့် ကို click နှိပ်၍ အသုံးပြုလိုသော အရွယ်အစားရအောင် ချိန်ညှိပါ။
5.1. Formatting Shapes
Shape များကို Slide တွင် ထည့်သွင်းပြီးနောက် ပုံစံ၊ အရောင်နှင့် Effect တို့ကို ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
Shape များကို Style ပြောင်းလဲရန် အတွက်
- ပြောင်းလဲမည့် shape ကို select မှတ်ပါ။
- Ribbon ပေါ်တွင် Drawing Tools အောက်၌ Format Tab ပေါ်လာမည်ဖြစ်သည်။
ထို Format Tab ကိုနှိပ်ပြီး Shape Styles group မှ Shape Styles များ ဘေးရှိ drop-down arrow ကိုနှိပ်ပါ။
အသုံးပြုလိုသော style ကို ရွေးချယ်ထည့်သွင်းပါ။
5.2. Shape Color များထည့်သွင်းခြင်း
Shape များကို အရောင်ပြောင်းလဲရန်အတွက်
- ပြောင်းလဲမည့် shape ကို select မှတ်ပါ။
- Ribbon ပေါ်တွင် Drawing Tools အောက်ရှိ Format Tab ကို နှိပ်ပါ။
- Format Tab ရှိ Shape Styles group မှ Shape Fill ဘေးရှိ drop-down ကိုနှိပ်ပြီး အသုံးပြုလိုသော အရောင်ကို ရွေးပါ။
- အရောင်များကို ပို၍ ရွေးချယ်လိုပါက More Fill Colors ကို နှိပ်ရမည်ဖြစ်ပြီး အရောင်များကို ပြန်လည် ဖယ်ရှားလိုပါက No Fill ကို နှိပ်ပါ။
5.3 Shape တွင် Effects ထည့်ရန်
အသုံးပြုထားသော Shape ကို ပို၍ လှပမြင်သာလာစေရန် Effects များကို ထည့်သွင်း အသုံးပြုနိုင်သည်။
Effects ထည့်သွင်းရန်အတွက် –
- Effect ထည့်မည့် shape ကို select မှတ်ပါ။
- Format Tab ရှိ Shape Styles group မှ Shape Effects ဘေးရှိ drop-down arrow ကိုနှိပ်ပါ။
- အသုံးပြုလိုသော Effect ကို ရွေးပါ။
- Shape Format Tab ရှိ Shape Styles group မှ Shape Outline ဘေးရှိ drop-down arrow ကိုနှိပ်ပါ၊ Outline Menu ပေါ်လာမည်ဖြစ်ပြီး အရောင်၊ အထူနှင့် ပုံစံတို့ကို ပြောင်းလဲအသုံးပြုနိုင်သည်
6. Insert Chart
Presentation တင်ဆက်ရာတွင် များပြားလှသော အချက်အလက်များကို ရှင်းလင်းစွာပြသနိုင်ရန်အတွက် Chart များကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။ PowerPoint တွင် ပြသလိုသော အချက်အလက်များနှင့် ကိုက်ညီမှုရှိစေရန် အမျိုးမျိုးသော Chart အမျိုးအစားများ ပါ၀င်သည်။
Slide တွင် Chart ထည့်သွင်းရန်အတွက်
- Chart ထည့်သွင်းလိုသော Slide ကို ရွေးပါ။
- Ribbon ရှိ Insert Tab ကို နှိပ်ပါ။
- Illustrations group မှ Chart ကို နှိပ်ပါ။
- အသုံးပြုလိုသော Chart အမျိုးအစားကိုရွေးချယ်ပြီး click ၂ချက်နှိပ်ပါ။
- Slide တွင် Chart ရောက်လာသောအခါ Excel Worksheet တစ်ခု ပေါ်လာမည် ဖြစ်သည်။
- ထိုပေါ်လာသော Worksheet တွင် Chart ၌ ပြမည့် အချက်အလက်များကို ထည့်သွင်းပါ။
6.1. Chart များကို Format ပြင်ဆင်ခြင်း
Chart ကိုလည်း ပို၍ သိသာ ထင်ရှားစေရန်အတွက် Style, Layout, Color စသည်တို့ကို ပြောင်းလဲ အသုံးပြုနိုင်သည်။ Chart တစ်ခုကို select မှတ်လိုက်သောအခါ Ribbon ပေါ်တွင် Chart Tools အောက်၌ Design နှင့် Format ဟူ၍ Tab အသစ် ပေါ်လာမည် ဖြစ်သည်။ Tab တစ်ခုချင်းစီသည် Chart ပုံစံများနှင့် Chart Data များကို ပြောင်းလဲရာတွင် အသုံးပြုနိုင်ပါသည်။
7. Illustration များထည့်သွင်းခြင်း
Insert Tab ၏ Illustration Group တွင် Shapes, Icons, 3D Models နှင့် Smart Art များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
8. Transition များထည့်သွင်းခြင်း
Presentation ပြုလုပ်သောအခါ Slideshow ပြသရာတွင် Slide တစ်ခုမှ Slide တစ်ခုသို့ ကူးရာ၌ Effects များ ထည့်သွင်းလိုပါက Transition Tab ကို အသုံးပြုနိုင်ပါသည်။
9. Animation များထည့်သွင်းခြင်း
Slide အတွင်းရှိ စကားလုံးများ၊ စာကြောင်းများ ဓာတ်ပုံများ နှင့် Shape များ စသည်တို့တွင် animation ထည့်လိုပါက Animation Tab ကို အသုံးပြုနိုင်ပါသည်။
10. Slide Show ဖြင့်တင်ဆက်ပြသခြင်း
Slide Show Tab တွင် presentation ကို တင်ဆက်ပြသရာတွင် ချိန်ညှိနိုင်သော လုပ်ဆောင်ချက်များပါ၀င်သည်။
Presenter View တွင် presenter သည် မှတ်စုများ၊ ကြာချိန်နှင့် နောက်လာမည့် slide များကို တစ်ပြိုက်နက်မြင်ရသောကြောင့် လွယ်ကူစွာ တင်ဆက်နိုင်ပြီး ထိုအချိန်တွင် ပရိသတ်များသည် ပုံမှန် slide ကိုသာ မြင်နေရမည်ဖြစ်သည်။ Presenter View မှ ထွက်လိုပါက Esc ကိုနှိပ်ပါ။