ဤသဘောတူညီမှုသည် ၂၀၂၅ မေလ ၁ ရက်နေ့မှ ၂၀၂၅ ဂျူလိုင် ၁၅ ရက်နေ့အထိဖြစ်ပါသည်
1. ကျွန်ုပ် …………………………. သည် ၁.၅.၂၀၂၅ မှစ၍ MYEO Psychological First Aid (PFA) cascade training အတွက် သင်တန်းတက်ရောက်ရန် သဘောတူပါသည်။
2. ကျွန်ုပ်သည် PFA သင်တန်းတက်ရောက်စဉ် ကျွန်ုပ်၏အချိန်များကို ကောင်းမွန်စွာ ညှိနှိုင်းပြီး MYEO သည် ကျွန်ပ်၏အချိန်ဇယားများကို လိုက်လံညှိယူပေးရန် တာ၀န်မရှိကြောင်း နားလည်ပါသည်။ ကျွန်ုပ်သည် သင်တန်းသားတစ်ဦး အဖြစ် သင်ခန်းစာလေ့လာခြင်းနှင့် သက်ဆိုင်သည့်မည်သည့်အချိန်အတွက်မဆိုအခကြေးငွေ(သို့)အကျိုးခံစားခွင့်များရရှိလိမ့်မည်မဟုတ်ကြောင်းကိုလည်း နားလည်သဘောပေါက်ပြီး ၎င်းသဘောတူညီချက်ရပ်စဲပြီးနောက် သို့မဟုတ် မိမိ၏ သင်တန်းသားအဖြစ် ပါဝင်လုပ်ဆောင်ချက်များ အတွက် ရလဒ်အနေဖြင့် အလုပ်အကိုင် အာမခံအကျိုးခံစားခွင့်များ အပါအ၀င် အခြားခံစားခွင့်များကို ကျွန်ုပ် ခံစားခွင့်မရှိကြောင်း သိရှိ နားလည်ပါသည်။ MEYO မှ သင်တန်းနှင့်စပ်လျဉ်းသည့် လေ့လာရန် အချက်အလက်များ မျှဝေ ပေးမည်ကို သိရှိပါသည်။
3. ကျွန်ုပ်သည် သင်တန်းသား အနေဖြင့် ပါ၀င်မှုအတွက် တစ်ပတ်လျှင် အနည်းဆုံး အချိန်နာရီအချို့ ရင်းနှီးမြှုပ်နှံရန်လိုအပ်ပြီး Psychological First Aid (PFA) cascade training မှ လမ်းညွှန်ချက်များ၊ နည်းဥပဒေများ၊ စည်းမျဉ်းများနှင့် အညီ အမြဲတမ်းလုပ်ဆောင်ရန် လိုအပ်သည်ကို ကောင်းမွန်စွာ နားလည်ပါသည်။
4. သင်တန်းစတင်တက်ရောက်ရန် အချိန်မီ Class အတွင်းသို့ ရောက်ရှိပါမည်။ အွန်လိုင်း သင်တန်းချိန်အတွင်း လိုအပ်လျှင် ဗီဒီယို ကင်မရာ အသုံးပြုနိုင်ရန်အတွက် သင့်တင်လျှောက်ပတ်စွာ ဝတ်ဆင်ထားပါမည်။ လေ့လာသင်ယူရန် အတွက် ကောင်းမွန်သော၊ လုံခြုံစိတ်ချရသော နေရာခင်းကျင်းတစ်ခုတွင် ရှိနေပါမည်။ အကယ်၍ မိမိရောက်ရှိ နေထိုင်ရာ အရပ်တွင် အွန်လိုင်းမီတင်ပြုလုပ်ရန်အတွက် အဆင်မပြေမှုများ ရှိလာပါက သက်ဆိုင်ရာ Facilitator အားအကြောင်းကြား ရန်လိုအပ်သည်။ အတန်းတွင်း လှုပ်ရှားမှု (Activities) များတွင် မပျက်မကွက်ပါဝင်ပါမည်။ အခြားသူများ၏ ဆွေးနွေးမှုများအား လေးစားသမှု ရှိပါမည်။
5.လေ့ကျင့်ခန်း(Assignment)များကိုအချိန်မီဖြေဆိုပါမည်။အကြောင်းမဲ့သင်တန်းပျက်ကွက်ခြင်းမပြုပါ။ သင်တန်းတက်မြောက် ပြီးစီးမှု အတွက် Pre-test နှင့် Post test များကို မဖြစ်မနေ ဖြေဆိုပါမည်။ အွန်လိုင်းသင်တန်း တစ်လတာ ကာလ တစ်လျှောက် Attendance 80% ပြည့်မီရမည် ဖြစ်ပြီး 80% အောက် ရောက်ရှိသော ကျောင်းသားများအနေဖြင့် Service Learning အတွက် လူရွေးချယ်ရာတွင်လည်း ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။
6. Telegram channel/Zoom/Google Meet/ နှင့် Chatbot တို့မှ ပို့ချသော၊ ပေးပို့သော သင်ခန်းစာ၊ ဗီဒီယိုများ၊ စာဖိုင်များကို ခွင့်ပြုချက်မရပဲ ဒေါင်းလုတ်ပြုလုပ်ခြင်း၊ သင်တန်းပြင်ပမှ သင်တန်းနှင့် မသက်ဆိုင်သောသူများနှင့် မျှဝေခြင်း မပြုလုပ်ရပါ။ သင်ခန်းစာများ၊ ဆရာ/ဆရာမများ နှင့် သင်တန်းသားများကို Screen Recording ပြုလုပ်ခြင်း ScreenShots ပြုလုပ်ခြင်းများ မပြုလုပ်ရပါ။ သင်ခန်းစာများ Screen Record ပြုလုပ်ရန် လိုအပ်လာပါက တာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံရမည်။ သင်တန်းကာလ အတွင်း အသုံးပြုမည့် ဆိုရှယ်မီဒီယာ Profile တွင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လိင်ကွဲပြားမှုစသည့် မတူကွဲပြားမှုများ ၀ါဒဖြန့်ရန် (သို့) သွယ်ဝိုက်ထောက်ခံရန် ရည်ရွယ်အသုံးပြုသော Profile ပုံသုံးခွင့်မရှိပါ။
7. ကိုယ်ရေးကိုယ်တာ အချက်အလက်များ (ဥပမာ- အမည်၊ မွေးနေ့၊ မှတ်ပုံတင်အမှတ်၊ အိမ်လိပ်စာ စသည့် personal identity များ) ပြောဆိုဆွေးနွေးခြင်း၊ မျှဝေခြင်း မပြုရပါ။
8. ကျွန်ုပ်သည် တက်ရောက်နေသည့် PFA cascade training သင်တန်းများ မပြီးမြောက်သေးဘဲ မိမိ (သို့) မိမိ၏ မိသားစု အရင်းအခြားတွင် နာရေးဖြစ်ပေါ်မှု၊ အရေးပေါ်ကျန်းမာရေး (သို့) လုံခြုံရေးကိစ္စ ပေါ်ပေါက်မှုမှအပ အခြားမည်သည့် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်နှင့်မှ သင်တန်းသား အဖြစ်မှ နှုတ်ထွက်ခွင့် မရှိ ကြောင်း သဘောပေါက်နားလည်ပါသည်။
9. ကျွန်ုပ်သည် သင်တန်းအတွက်အသုံးပြုသော အွန်လိုင်း ဆိုရှယ်မီဒီယာ Group (သို့) သင်တန်းသားများအကြား အမုန်းစကားများ၊ နိုင်ငံရေးအတွေးအမြင်များနှင့် ပတ်သက်၍ မတူကွဲပြားသော အမြင်များကို တင်ဆက်ရန်၊ ၀ါဒဖြန့်ရန် (သို့) သွယ်ဝိုက်ထောက်ခံမှု များပြုလုပ်မည်မဟုတ်ကြောင်း ကတိပြုပါသည်။ ကျွန်ုပ်သည် PFA cascade training သင်တန်းအတွင်း မည်သည့်နိုင်ငံရေးဆွေးနွေးမှုတွင်မဆို ကြားနေ အနေအထားဖြင့်သာ ပြုမူရန် လိုအပ်သည်ကို ကျွန်ုပ်အပြည့်အ၀ သတိပြုမည် ဖြစ်ပါသည်။
10. ကျွန်ုပ်သည် MYEO မှပေးသော သင်ခန်းစာများ၊ သတင်းအချက်အလက်နှင့် ကိရိယာများသည် MYEOမှ မူပိုင်ခွင့် ပိုင်ဆိုင်မှုဖြစ်ကြောင်း နားလည်သဘောပေါက်ပါသည်။ ကျွန်ုပ်အနေဖြင့် သင်တန်းပြီးစီးပါက ထိုကိရိယာများနှင့် ကျန်ရှိသော MYEO နှင့် သက်ဆိုင်သည့် ပစ္စည်းများအား MYEO သို့ပြန်လည်အပ်နှံရန် ကျွန်ုပ်သဘောတူပါသည်။
11. ကျွန်ုပ်သည် MYEO နှင့် သက်ဆိုင်သော မပေါက်ကြားရန် တားမြစ်ထားသည့် မည်သည့် သတင်းအချက်အလက်မဆိုသေချာစွာလျှို့ဝှက်ထားခြင်းအားဖြင့်လျို့ဝှက် သတင်းအချက်အလက် နှင့် အတွင်းပိုင်း ဆွေးနွေးမှုများကို ပြင်ပသို့ ပေါက်ကြားခြင်းမှ ကာကွယ်ရန် ကျွန်ုပ်သဘော တူပါသည်။ ကျွန်ုပ်သည် MYEO တွင် သင်တန်း စတင်တက်ရောက်ချိန်မှစပြီး ဤ စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ MYEOနှင့် ဆက်နွယ်နေသော Facilitator များ၊ Coordinator များ၊ ဝန်ထမ်းများ နှင့် သင်တန်းသားများ ၏ အချက်အလက်များ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့်စီးပွားရေး လုပ်ငန်းများနှင့် ပတ်သတ်သော ထုတ်ကုန်၊ သင်ယူမှုအရင်းအမြစ်များ၊ အနာဂတ်အစီအစဉ်များ၊ ကုန်ကျစရိတ်များ သို့မဟုတ် ကျွန်ုပ်သိရှိထားသော အခြားသတင်းအချက်အလက်များ အပါအ၀င် မည်သည့်သတင်းအချက်အလက်ကိုမဆို လူမှုကွန်ယက် ပေါ်တွင်ဖြစ်စေ၊ အင်တာနက်ပေါ်တွင် ဖြစ်စေ ဖြန့်ဝေခြင်း၊ ခွင့်ပြုချက်မရှိဘဲသုံးစွဲခြင်းများ အပြုလုပ်ဘဲ၊ လျှို့၀ှက်ရန် သဘောတူပါသည်။
12. Facilitator များမပါဝင်ဘဲ Social Media တွင် Group ဖွဲ့၍ အဆိုပါ Group တွင် သင်တန်းသားအချင်းချင်းကြားသင်တန်းနှင့် မသက်ဆိုင်သောအကြောင်းအရာများ အပေါ် အခြေခံ၍ ဖြစ်ပေါ်လာသော အချင်းပွားမှု၊ အငြင်းပွားမှုများမဖြစ်အောင် တာဝန်ယူရမည်ဖြစ်ပြီး ပြဿနာဖြစ်ပေါ်လာပါက သင်တန်းမှတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။ ထိုအရာများသည် သင်တန်းနှင့်သက်ဆိုင်ခြင်းရှိမည်မဟုတ်ပါ။ ပြဿနာမဖြစ်စေရန် ကတိပြုပါသည်။
13. ကျွန်ုပ်သည် အကယ်၍ PFA cascade training မှ ကိစ္စရပ်များတွင် မပါ၀င်နိုင်ပါက၊ သင်ယူလေ့လာရမည့် သင်ခန်းစာများ မပြီးမြောက်သေးပါက၊ သတ်မှတ်ထားသော နောက်ဆုံးရက်မတိုင်ခင် (သို့) သတ်မှတ်ထားသော ပရော့ဂျက်ကာလအတွင်း MYEO နှင့် အကြောင်းတခုခုကြောင့် ဆက်တိုက် အဆက်အသွယ် မလုပ်နိုင်ပါက ၄င်းအခြေအနေများတွင် MYEO မှ သက်ဆိုင်ရာ တာ၀န်ရှိသူများအား ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်း အပြည့်အ၀ နားလည် သဘောပေါက်ပါသည်။ Deadline များ သတ်မှတ်ခြင်းသည် PFA cascade training မှ သက်ဆိုင်ရာ တာ၀န်ရှိသူများက သတ်မှတ်ရန်သာ တာဝန်ရှိသည်။
14. ကျွန်ုပ်တွင် အရေးပေါ် အခြေအနေ ကိစ္စရပ်များ ကြုံတွေ့လာပါက PFA cascade training မှ သက်ဆိုင်ရာ တာ၀န်ရှိသူများကို ချက်ချင်း အကြောင်းကြားရန် နားလည်သဘောပေါက်ပြီး ပြင်ပပတ်၀န်းကျင်မှ MYEO နှင့် ပတ်သတ်သည့် ကောလဟာလနှင့် အမုန်းစကားများ ကြားသိလာရပါက သက်ဆိုင်ရာ တာ၀န်ရှိသူများကို အသိပေးရန်ကိုလည်း နားလည်သဘောပေါက်ပါသည်။
15. ကျွန်ုပ်သည် MYEO PFA cascade training မှ သက်ဆိုင်ရာ တာ၀န်ရှိသူများ အပါအ၀င် အခြား ဒေသများမှ သင်တန်းသားများနှင့် ဆက်သွယ်ပြောဆိုရသည့်အချိန်များအတွင်း အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ပရော်ဖက်ရှင်နယ် မဆန်သော အငြင်းပွားမှုများ ဖြစ်ပေါ်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မအခွင့်အရေး နှင့် နိုင်ငံရေးအခြေခံသော အငြင်းပွားမှုများ မရှိအောင် ဂရုစိုက်ကာ အချင်းချင်း တန်ဖိုးထားဆက်ဆံမည် ဖြစ်ကြောင်း သဘောတူပါသည်။ ကျွန်ုပ်သည် MYEO PFA cascade training တွင် တတ်မြောက်သောပညာရပ်များအားအသုံးပြု၍ PFA serviceအား စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်နေသူ အနည်းဆုံး လူဆယ်ဦးအား နှစ်ပတ်အတောအတွင်း ပေးမည် ဖြစ်ကြောင်း သဘောတူပါသည် ။
16. စည်းကမ်းချက်များချိုးဖောက်ခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်းများ တွေ့ရှိရပါက သင်တန်းမှ ထုတ်ပယ်မည်ဖြစ်ပြီး နောင်မည်သည့် MYEO Activity တွင်မှ ပါဝင်ခွင့်ရရှိမည်မဟုတ်ပါ။
17. ကျွန်ုပ်သည် ယခု စာချုပ်တွင် ပါ၀င်သော အကြောင်းအရာတစ်ခုချင်းစီအား သေချာစွာ ဖတ်ရှုနားလည်ပြီး လိုက်နာရန် သဘောတူညီပါသည်။