MYEO-23

Jean Piaget’s Cognitive Development

Jean Piaget’s ၏ Cognitive Development အဆင့်များ Jean Piaget က Swiss psychologist တစ်ယောက်ဖြစ်ပြီး ကလေးတွေရဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး လူသိများကျော်ကြားတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကလေးတွေဟာ မွေးကင်းစအရွယ်ကစပြီး တဖြေးဖြေး ကြီးပြင်းလာတဲ့အခါမှာ ဦးနှောက်ဖွံ့ဖြိုးမှုပုံစံကလည်း မတူညီတော့ကြောင်းကို Piaget ရဲ့ Cognitive development theory က  ထောက်ပြထားပါတယ်။ ကလေးတွေရဲ့ အတွေးအခေါ်စွမ်းရည်တွေက အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုမိုနက်နက်နဲနဲ တွေးလာနိုင်တာကို Piaget ရဲ့ cognitive development theory က ပြောပြထားပါတယ်။ ကလေးတစ်ယောက်က ဖွံ့ဖြိုးမှုအဆင့်တွေကို တစ်ခုပြီးတစ်ခုဖြတ်ကျော်ရပါတယ်။ မြန်မြန်ဖြတ်ကျော်သွားတဲ့ ကလေးတွေလည်းရှိသလို ပုံမှန်ထက်ပိုနှေးပြီး ဖြတ်ကျော်တဲ့ ကလေး တွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖြတ်ကျော်တဲ့နှုန်းကမတူကြပါဘူး။ ကလေးတွေရဲ့ […]

Jean Piaget’s Cognitive Development Read More »

Collaborative Approach

Collaborative Approach 💠Jigsaw ဆိုတာ ဘာလဲ။ Jigsaw ဆိုတာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သင်ယူရတဲ့ နည်းဗျူဟာတစ်ခု ဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းစီတိုင်းအတွက် သင်ယူမှုအကြောင်းအရာတွေကို အုပ်စုဖွဲ့ပြီး အထူးပြု သင်ယူရတဲ့ သင်ကြားနည်းတစ်ခု ဖြစ်ပါတယ်။  📌ဥပမာ – တိရစ္ဆာန်အကြောင်းလေ့လာတဲ့အခါ အခန်းတွင်းအုပ်စု နှစ်ဖွဲ့ ဖွဲ့ပြီး အုပ်စုတစ်ခုက မိုးသစ်တောတိရစ္ဆာန်တွေရဲ့ အကြောင်းအရာကို လေ့လာသလို၊ ကျန်အုပ်စုတစ်ခုကတော့ သစ်တောတိရစ္ဆာန်တွေအကြောင်းကို အဖွဲ့ခွဲလေ့လာရတာ ဖြစ်ပါတယ်။ တူညီတဲ့ သင်ခန်းစာတစ်ခုကို အခြေခံပြီး ကျောင်းသားအုပ်စု တစ်စုနဲ့တစ်စုက သက်ဆိုင်ရာ အကြောင်းအရာတွေကို နားလည်အောင် အချင်းချင်း မျှ‌ဝေဖလှယ်ရပါတယ်။ အဲ့ဒီနောက် ကိုယ့်ရဲ့သက်ဆိုင်ရာ အဖွဲ့က တခြားအဖွဲ့တစ်ခုစီဆီမှ လေ့လာခဲ့တဲ့ အရာတွေကို အချင်းချင်း နားလည်အောင် လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့အတူ အဖွဲ့အတွင်းရှိ ကျောင်းသားတိုင်းက

Collaborative Approach Read More »

သင်ရိုးညွှန်းတမ်းအမျိုးအစားများ

သင်ရိုးညွှန်းတမ်းပြင်ဆင်ခြင်းက ကျောင်းသားတွေအတွက် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ သင်ယူမှုရလဒ်တွေပေါက်မြောက်နိုင်ဖို့ နည်းစနစ်ကျကျနဲ့ ဖွဲ့စည်းတည်ဆောက်ဖို့အတွက် အလေးထားပါတယ်။ ဆရာတွေက သင်ရိုးညွှန်းတမ်းပေါ်မူတည်ပြီး နေ့စဉ်သင်ခန်းစာအစီအစဉ်တွေ (lesson plans)၊ ကျောင်းသားတွေအတွက် လုပ်ငန်း (assignment)၊ သင့်တော်မျှတတဲ့ သင်ခန်းစာပမာဏ၊ သင်ကြားမယ့်အတန်း သို့မဟုတ် သင်တန်းတစ်ခုလုံးစာကို ပြင်ဆင်ရပါတယ်။  ဥပမာ – ဆရာက သင်ရိုးထဲကအကြောင်းအရာတစ်ခုကို သင်ခန်းစာအခွဲတွေအနေနဲ့ ခွဲလိုက်ပြီး ကျောင်းသားတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို သင်ခန်းစာခွဲတစ်ခုချင်းစီမှာ ရေးဆွဲနိုင်ပါတယ်။ ထို့နောက် လုပ်ငန်း တစ်ခုချင်းစီနောက်မှာ ပြန်လည်သုံးသပ်ခြင်း  (feedback) အခန်းကဏ္ဍကိုလည်း ထည့်သွင်းပြီး နောက်ထပ် သင်ခန်းစာခွဲတွေမှာလည်း ထပ်ထည့်လို့ရပါတယ်။ ဆရာတွေက အမျိုးမျိုးသော သင်ကြားမှုနည်းလမ်းများ ဥပမာ – lecture, လေ့ကျင့်တဲ့အပိုင်းများ၊ တစ်ဦးချင်းစီကို ညွှန်ကြားပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်းများ၊ အုပ်စု

သင်ရိုးညွှန်းတမ်းအမျိုးအစားများ Read More »

သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းအစီအစဉ်အခြေခံအချက်များ

သင်ရိုးညွှန်းတမ်းရေးဆွဲတယ်ဆိုတာက ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာ သင်ကြားပြသပို့ချမယ့် အကြောင်းအရာတွေကို ဖန်တီးရေးဆွဲဖို့အတွက် သတ်မှတ်ထားတဲ့ အဆင့်ဆင့်အတိုင်း  ချဉ်းကပ်ရေးသားရတဲ့ နည်းလမ်း  (multi-level approach) ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲ တဲ့အစီအစဉ်တွေက တစ်နေရာနဲ့တစ်နေရာ မတူညီကြပါဘူး။ သို့သော် အခြေခံကျတဲ့မူ ဘောင်ထဲမှာတော့ ခွဲခြမ်းစိတ်ဖြာပုံတွေ၊ သင်ရိုးတည်ဆောက်ပုံတွေ၊ အကောင်အထည်ဖော်ဆောင်ရွက်ပုံနဲ့ ပြန်လည်အကဲဖြတ် ကြတဲ့ပုံစံတွေ ပါဝင်မှာဖြစ်ပါတယ်။  KG+12 သင်ရိုးညွှန်းတမ်းမှာဆိုရင် သင်ရိုးညွှန်းတမ်းကို ဗဟိုအဆင့်မှာ စံသင်ယူမှုရလဒ်တွေနဲ့အတူ ရေးဆွဲကြပါတယ်။ အခြားပညာရေးဆိုင်ရာအဖွဲ့အစည်း (ဥပမာ international ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့) တွေမှာတော့ ကျောင်းရဲ့ ချမှတ်ထားတဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေကို ကိုယ်တိုင်ရေးဆွဲကြပါတယ်။ ဆရာတွေအနေနဲ့ lesson plan၊ အသေးစိတ်သင်ယူမှုရလဒ်တွေ၊ သင်ကြားမှုဆိုင်ရာရင်းမြစ်တွေကိုတော့ ချမှတ်ထားတဲ့ပန်းတိုင်တွေနဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ကိုက်ညီအောင် ပြန်လည်ပြုပြင်ပြီး

သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းအစီအစဉ်အခြေခံအချက်များ Read More »

Inquiry Based Approach

💭Inquiry Based Learning က စာသင်ခန်းအတွင်း ကျောင်းသားတွေကို မေးခွန်းမေးမြန်းဖို့ နဲ့ နေ့စဉ်လူမှုဘဝပြသနာ (ဥပမာ- ရာသီဥတုဖောက်ပြန်မှု၊ ယာဉ်မတော်တဆမှု၊ သီးနှံအထွက်တိုးကျဆင်းမှု၊ ကပ်ရောဂါ) တွေကို လေ့လာပြီး စူးစမ်းလေ့လာဖို့ အားပေးတဲ့ သင်ကြားနည်းတစ်ခုဖြစ်ပါတယ်။ ဒီသင်နည်းရဲ့ ပုံစံက များစွာ အကျိုးဖြစ်ထွန်းစေပြီး ဘာသာရပ်အသီးသီးမှာ အသုံးပြုလို့ ရပါတယ်။  💭ဒါဆိုရင် Inquiry Based Learning အကြောင်းကို လေ့လာခြင်းဖြင့် ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေ၊  လိုအပ်တဲ့ နည်းဗျူဟာတွေ၊ အကြံပြုချက်တွေ နဲ့ နမူနာပုံစံတို့ကို ကြည့်ကြရအောင်။ ဒါပေမယ့် Inquiry Based Learning ဆိုတာ ဘာလဲဆိုတာကို ပထမဆုံး လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ 💠Inquiry Based Learning ဆိုတာ ဘာလဲ။ 🔎အထက်မှာ

Inquiry Based Approach Read More »

SWOT Analysis

💠 SWOT Analysis ဆိုတာဘာလဲ။ SWOT analysis ဆိုတာက Strength (အားသာချက်)၊ Weakness (အားနည်းချက်)၊ Opportunities (အခွင့်အလမ်း) နဲ့ Threat (ခြိမ်းခြောက်မှု) တို့ပဲဖြစ်ပါတယ်။ SWOT analysis ကို ဘာကြောင့် အသုံးပြုလဲဆိုရင် အဖွဲ့အစည်းတစ်ခု၊ ကျောင်းတစ်ခု သို့မဟုတ် တစ်ဦးချင်းစီမှာ တိုးတက်ဖို့၊ ပြောင်းလဲ ဖို့လိုအပ်လာပြီဆိုရင် မိမိတို့ရဲ့  အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေကို ရေးဆွဲဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲဆိုတာ အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ်လေ့လာ ကြည့်ကြရအောင်။ ☀️ Strengths (အားသာချက်များ) အားသာချက်ဆိုတာ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ အားသာချက်တွေ၊ ကျောင်းသားတွေက ဘယ်လိုအရာတွေကို ကောင်းကောင်းဆောင်ရွက်နိုင်လည်းဆိုတာကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

SWOT Analysis Read More »

 Collaboration Skills

💠ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills) ပူးပေါင်းလုပ်ဆောင်ခြင်း (Collaboration) ဆိုတာ ကျောင်းသားနှစ်ယောက် ဒါမဟုတ် နှစ်ယောက်ထက်ပိုတဲ့ ကျောင်းများနဲ့ ပရောဂျက်တစ်ခု၊ အလုပ်တစ်ခု သို့မဟုတ် သင်ရိုးညွှန်းတမ်းတစ်ခု သို့မဟုတ် မေးခွန်းတစ်စုံကို  အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills) ဆိုတာက မိမိကိုယ်မိမိ သိနားလည်တဲ့ စွမ်းရည် (Intrapersonal Skills) ရှိပြီး အဖွဲ့ရဲ့ ဘုံရည်မှန်းချက်ကို အောင်မြင်အောင် ကျောင်းသားတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ရင်း လေ့ကျင့်သင်ကြားပေးရတဲ့ စွမ်းရည်ဖြစ်ပါတယ်။  သင်ကြားရေးမှာ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုတာ အဖွဲ့အချင်းချင်း ဒါမှဟုတ် ‌ကျောင်းသားအချင်းချင်းကို အကျိုးပြုစေမယ့် တူညီတဲ့ ရည်မှန်းချက်တစ်ခုကို ရောက်အောင် လုပ်ဆောင်ရခြင်းပဲဖြစ်ပါတယ်။ စာသင်ခန်းအတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းက အများနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့စွမ်းရည် (interpersonal skills)၊ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း၊

 Collaboration Skills Read More »

 Communication Skills

💠Communication Skills (ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်) ဆိုတာ ဘာလဲ။ ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်က  ကျောင်းသားအချင်းချင်း နားလည်စေနိုင်သလို မိမိကိုယ်ကိုကိုယ်လည်း နားလည်သဘောပေါက်စေနိုင်တဲ့ စွမ်းရည် တစ်ခု ဖြစ်ပါတယ်။ ဆက်သွယ် ချိတ်ဆက်ပြောဆိုမှုရဲ့ အဓိက ပါဝင်ရမယ့် အရာတွေက နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အကဲခတ်ခြင်း နဲ့ စာနာမှု စွမ်းရည်တွေ ဖြစ်ပါတယ်။ 💠ဘာကြောင့် Communication Skills ရှိဖို့ လိုအပ်တာလဲ။ စာသင်ကြားတဲ့အခါ ကျောင်းသားများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်းများ၊ လက်အောက်ငယ်သားများနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်းက မရှိမဖြစ် လိုအပ်ပါတယ်။ ဒီဂျစ်တယ်ခေတ်ရဲ့ လူသားတွေက မက်ဆေ့ခ်ျများကို လူကိုယ်တိုင်တိုင် သာမက ဖုန်း ၊ အီးမေးလ်နဲ့ လူမှုမီဒီယာတွေကတစ်ဆင့် ဘယ်လို ထိထိရောက်ရောက်ပို့ချ ရမလဲဆိုတာကို သိရှိထားရမယ်။  💠Types

 Communication Skills Read More »

Interpersonal Skills

🔎 စာသင်ခန်းရှိ Interpersonal skills လူမှုဆက်ဆံရေးကျွမ်း ကျင်မှုများဆိုတာဘာလဲ? Interpersonal skills ဆိုတာ လူမှုပတ်ဝန်းကျင်ရှိ လူများနှင့်ဆက်ဆံသည့်အပြုအမူအပြောအဆိုများ၊ ကျောင်းသားအချင်ချင်း ကောင်းမွန်စွာပြောဆိုဆက်ဆံသည့် အပြုအမူများကို ဆိုလိုပါတယ်။ ကျောင်းသားတိုင်းသည် လူမှုဆက်ဆံ‌ရေးများ ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်နိုင်ကြပါတယ်။ သင်ကြားသင်ယူမှု ပတ်ဝန်ကျင်မှာဆိုရင် ချီးကျူးခြင်း၊ အသိအမှတ်ပြုခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းပေးခြင်း၊ သေချာစွာနားထောင်ခြင်းစသည့်အပြုအမူများကို ဖော်ပြခြင်း၊ ကျင့်သုံးခြင်းက ကောင်းမွန်သော လူမှုဆက်ဆံရေးများကို ထိန်းသိမ်းထားနိုင်ပါတယ်။  📌 Interpersonal skills ဥပမာများ လူပုဂ္ဂိုလ်အလိုက်၊ နေရာအလိုက် Interpersonal skills အမျိုးမျိုးရှိကြပါတယ်။ အချို့ interpersonal skills ဥပမာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ✅ Teaching-Learning environment မှာ ရှိသင့်တဲ့ interpersonal skills များ ဆရာတစ်ယောက်အနေနှင့်

Interpersonal Skills Read More »