MYEO-23

Copyrights in Online Teaching

©️ အွန်လိုင်းသင်ကြားမှုအတွက် မူပိုင်ခွင့်အကြောင်း သိကောင်းစရာ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ Digital Content တွေဟာ နယ်ပယ်အသီးသီးမှာ ခေတ်စားလာတာနဲ့အမျှ နေ့စဉ်ဘဝအတွက်လည်း အရေးပါလာပါတယ်။ ဖတ်ရှုရလွယ်ကူခြင်း၊ အချိန်တိုအတွင်း သိမြင်နားလည်လွယ်နိုင်ခြင်း၊ နေရာဒေသမရွေး လွယ်လွယ်ကူကူနဲ့ ကြည့်ရှုနိုင်ခြင်း စတာတွေကြောင့် Digital Content တွေဟာ ၂၁ ရာစုရဲ့ ပြယုဂ်တစ်ခုလို ဖြစ်လာပါတယ်။  ဒါပေမဲ့လည်း ပြီးပြည့်စုံတဲ့ Digital Content တစ်ခုကို ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဒီထဲမှာမှ လူတိုင်းနီးပါး နည်းပညာကို အသုံးပြုလာကြတဲ့အခါ ကိုယ်ကျိုးစီးပွားအတွက် တစ်ယောက်ရဲ့ဖန်တီးမှုကို တစ်ယောက်က လွယ်လွယ်ကူကူ ပြန်လည်ကူးယူအသုံးပြုလာတဲ့အခါ မူပိုင်ခွင့်ဟာ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားပဲဖြစ်ဖြစ်၊ ဆရာ/မ ပဲဖြစ်ဖြစ်၊ Blogger (သို့) Influencer ပဲဖြစ်ဖြစ် […]

Copyrights in Online Teaching Read More »

Subject Matter Expert in Digital Education

1️⃣ ပညာရေးတွင် ဒီဂျစ်တယ် နည်းပညာ အသုံးချမှု၏ အရေးပါပုံ ကိုဗစ်ကပ်ရောဂါဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေသလို ပညာရေးပိုင်းမှာလည်း နှောင့်နှေးမှုများစွာ ကြုံတွေ့ရစေခဲ့ပါတယ်။ အထူးအားဖြင့် ဖွံ့ဖြိုးမှု နှင့် နည်းပညာအားနည်းသော နိုင်ငံများရှိ ကျောင်းသား/သူများအတွက် သင်ယူမှုအခွင့်အလမ်းရပ်တန့်မှုများ ကြုံတွေ့ခဲ့ကြရပါတယ်။ ကိုဗစ်ကြောင့် ကမ္ဘာပေါ်ရှိ အခြေခံပညာ၊ အထက်တန်းပညာ နှင့် အဆင့်မြင့်ပညာသင် ကျောင်းသား/သူပေါင်း ၁.၅ ဘီလီယံ (၉၀%) ဟာ စာသင်ခန်းများသို့ သွားရောက်နိုင်ခြင်း မရှိခဲ့ကြပါဘူး။ ရလဒ်အနေနဲ့ကတော့ ပညာရေးလောကမှာ အဝေးရောက်သင်ကြားသင်ယူမှုအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ နည်းပညာအသုံးချဖို့လိုလာပြီဆိုတာ တပ်လှန့်လိုက်ခြင်းပါပဲ။ ဒါ့အပြင် ပညာရေးမှာ ဒီဂျစ်တယ်နည်းပညာအသုံးချတာဟာ ကိုဗစ်ကပ်ရောဂါ တစ်ခုတည်းအတွက် သင်ကြားသင်ယူမှုစနစ် တစ်ခုကို ပုံဖော်တာမဟုတ်ပါဘူး။ ဒီဂျစ်တယ်နည်းပညာ အခြေပြုသင်ကြားမှုနည်းစနစ်အားကောင်းရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျွမ်းကျင် ပါမောက္ခတွေသင်ကြားတဲ့ ပညာရပ်တွေကို မိမိနေထိုင်ရာနိုင်ငံကနေ

Subject Matter Expert in Digital Education Read More »