MYEO-23

Lesson Planning

Lesson Plan ဆိုတာက သင်ခန်းစာရဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ကျောင်းသားတွေကို ထိရောက်တဲ့ လုပ်ဆောင်ချက်တွေပေးနိုင်ဖို့ ဆရာတိုင်းလုပ်ဆောင်သင့်တဲ့ လမ်းပြမြေပုံ ဖြစ်ပါတယ်။ ဆရာတွေအနေနဲ့ ၄၅ မိနစ် ဒါမှမဟုတ် တစ်နာရီခွဲစာ အတန်းတစ်ခုအတွက် Lesson Plan ရှိထားခြင်းက စာသင်ကြားတဲ့အခါ အစီအစဉ်တကျဖြစ်ပြီး ယုံကြည်မှုပိုရှိလာတာကြောင့် ကျောင်းသားတွေအတွက် အဓိပ္ပါယ်ရှိတဲ့ သင်ကြား သင်ယူမှုအတွေ့အကြုံကို ရရှိစေပါတယ်။ ထိရောက်အောင်မြင်တဲ့ Lesson Plan တစ်ခုရဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိပါတယ်။ အဲ့တာတွေကတော့ – 🔺 သင်ယူမှု ရည်ရွယ်ချက် 🔺 သင်ယူမှု လုပ်ငန်းစဉ် 🔺 ကျောင်းသားတွေရဲ့ နားလည်တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ခြင်း စတဲ့အရာတွေ ဖြစ်ပါတယ်။ 1️⃣ သင်ခန်းစာရဲ့ ရည်ရွယ်ချက်တွေကို ခွဲခြားသတ်မှတ်ပါ။ Lesson Plan […]

Lesson Planning Read More »

Introduction to Classroom Management

စာသင်ခန်းများ၊ ကျောင်းများစဖွင့်တဲ့  ရက်သတ္တပတ်မှာ အတန်းအတွင်း classroom management ကောင်းကောင်းလုပ်ဆောင်ထားနိုင်ခြင်းက စာသင်နှစ်တလျှောက်လုံးအတွက် အဆင်ပြေချောမွေ့စေပါတယ်။ အစကောင်းမှာ အနှောင်းသေချာ စေသလိုမျိုးဖြစ်ပါတယ်။ Classroom Management က ကျောင်းသားတွေအတွက် အထောက်အကူပြုနိုင်စေရုံသာမက အခန်းအတွင်း နေ့စဉ်လှုပ်ရှားမှုများကို စည်းစနစ်တကျဖြစ်လာအောင် ကူညီပေးပါတယ်။ ဥပမာ၊ ကျောင်းသားတွေကို စာသင်နေချိန်အတွင်း Laptop/mobile phone များကိုပေးမသုံးဘဲ  သတ်မှတ်ထားတဲ့ အချိန်အတွင်းမှသာ အသုံးပြုအောင် သတ်မှတ်ထားခြင်းဟာ သင်ခန်စာကို ပိုမိုအားရုံစူးစိုက်မှုရရှိစေပြီး အခြားကျောင်းသားကိုလည်း အနှောက်အယှယ်မဖြစ်စေတဲ့ classroom management စနစ်တစ်ခုဖြစ်ပါတယ်။ ဒီလိုနေ့စဉ် အခန်းအတွင်း လှုပ်ရှားမှုများကို ရှင်လင်းပြတ်သားတဲ့ ကန့်သတ်ချက်များနဲ့ သတ်မှတ်ထားခြင်းအားဖြင့် အခန်းအတွင်းရှိ စီမံခန့်ခွဲမှုတွေ နဲ့ သင်ကြားရေးအထောက်အကူပြု နည်းလမ်းတွေအတွက် များစွာ အကျိုးရှိလာမှာပဲ ဖြစ်ပါတယ်။  💠Classroom Management ရဲ့

Introduction to Classroom Management Read More »

Blended Learning

💠 Blended Learning ဆိုတာဘာလဲ Blended Learning ဆိုတာ သမားရိုးကျသင်ကြားမှုစနစ်နဲ့ e-learning သင်ကြားမှုစနစ် ၂ မျိုးရဲ့ ဆုံမှတ်လို့ပြောလို့ရတယ်။ ဒါအပြင် Blended Learning ဆိုတာ သင်ကြား/သင်ယူမှုမှာ သင်ကြားမှုနည်းနစ်တွေ ပေါင်းစပ်အသုံးပြုတာဖြစ်ပြီး သမားရိုးကျသင်ကြားမှုကို အွန်လိုင်း ဒီဂျစ်တယ်မီဒီယာတွေ အသုံးချသင်ကြားပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းစနစ်က သင်ယူသူတွေကို ပိုမိုဆွဲဆောင်နေပြီး သင်ယူသူတစ်ဦးချင်းစီရဲ့ သင်ယူမှု စွမ်းရည်တွေလည်း တိုးတက်စေမှာဖြစ်ပါတယ်။ 💠 Blended Learning ကိုဘာကြောင့်လုပ်ရတာလဲ သမားရိုးကျသင်ကြားမှုစနစ်မှာဆိုရင် သင်ကြားနည်းစနစ်က အတန်းတစ်ခုထဲမှာရှိတဲ့ ကျောင်းသားအားလုံးအတွက် လိုအပ်ချက်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သင်ယူနိုင်မှု တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သင်ကြားပုံတစ်မျိုးတည်းကိုသာ ပံ့ပိုးပေးတဲ့စနစ် ဖြစ်ပါတယ်။  သို့သော် Blended Learning မှာ ဆိုရင် သင်ယူသူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်

Blended Learning Read More »

Do’s and Don’ts for Online Training

Do’s and Don’ts for Online Training မိမိကိုယ်ပိုင်အခန်းကနေသော်လည်းကောင်း၊ ကျောင်းက အခန်းကနေသော်လည်းကောင်း အွန်လိုင်းကနေ စာသင်ကြားရတာဟာ အတန်းထဲမှာစာသင်ကြားရတာထက် သက်တောင့်သက်သာဖြစ်စေမယ်လို့ ထင်ကောင်း ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ ပြင်ဆင်မှုအားနည်းရင် ထင်ထားတာထက် ပိုမိုခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းကစာသင်ကြားရမှာ မှတ်တမ်းတင်ထားတာတွေကျန်တဲ့အတွက် အမှားအယွင်း မပါဖို့ ပိုဂရုစိုက်ဖို့လိုပါတယ်။ ဒါဆိုရင် အွန်လိုင်းကနေ စာစသင်တော့မဲ့ ဆရာ/ဆရာမတစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေ ဆောင်ရန် ရှောင်ရန်တွေကို ကြိုသိထားဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် အိုင်ယာလန်နိုင်ငံ University College Cork က ဆရာ/ဆရာမတွေရဲ့ အွန်လိုင်းကနေ စာသင်တဲ့အခါလက်တွေ့လိုက်နာ ကျင့်သုံးဖို့ မျှဝေပေးထားတဲ့အချက်တွေကို လေ့လာကြည့်ရအောင်။ 1️⃣ အွန်လိုင်းစာသင်ခန်း ပတ်ဝန်းကျင်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်မှုက သင်ခန်းစာကို အာရုံစိုက် ပို့ချနိုင်ဖို့ အထောက်အကူပေးနိုင်တဲ့

Do’s and Don’ts for Online Training Read More »

Copyrights in Online Teaching

©️ အွန်လိုင်းသင်ကြားမှုအတွက် မူပိုင်ခွင့်အကြောင်း သိကောင်းစရာ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ Digital Content တွေဟာ နယ်ပယ်အသီးသီးမှာ ခေတ်စားလာတာနဲ့အမျှ နေ့စဉ်ဘဝအတွက်လည်း အရေးပါလာပါတယ်။ ဖတ်ရှုရလွယ်ကူခြင်း၊ အချိန်တိုအတွင်း သိမြင်နားလည်လွယ်နိုင်ခြင်း၊ နေရာဒေသမရွေး လွယ်လွယ်ကူကူနဲ့ ကြည့်ရှုနိုင်ခြင်း စတာတွေကြောင့် Digital Content တွေဟာ ၂၁ ရာစုရဲ့ ပြယုဂ်တစ်ခုလို ဖြစ်လာပါတယ်။  ဒါပေမဲ့လည်း ပြီးပြည့်စုံတဲ့ Digital Content တစ်ခုကို ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဒီထဲမှာမှ လူတိုင်းနီးပါး နည်းပညာကို အသုံးပြုလာကြတဲ့အခါ ကိုယ်ကျိုးစီးပွားအတွက် တစ်ယောက်ရဲ့ဖန်တီးမှုကို တစ်ယောက်က လွယ်လွယ်ကူကူ ပြန်လည်ကူးယူအသုံးပြုလာတဲ့အခါ မူပိုင်ခွင့်ဟာ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားပဲဖြစ်ဖြစ်၊ ဆရာ/မ ပဲဖြစ်ဖြစ်၊ Blogger (သို့) Influencer ပဲဖြစ်ဖြစ်

Copyrights in Online Teaching Read More »

Subject Matter Expert in Digital Education

1️⃣ ပညာရေးတွင် ဒီဂျစ်တယ် နည်းပညာ အသုံးချမှု၏ အရေးပါပုံ ကိုဗစ်ကပ်ရောဂါဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေသလို ပညာရေးပိုင်းမှာလည်း နှောင့်နှေးမှုများစွာ ကြုံတွေ့ရစေခဲ့ပါတယ်။ အထူးအားဖြင့် ဖွံ့ဖြိုးမှု နှင့် နည်းပညာအားနည်းသော နိုင်ငံများရှိ ကျောင်းသား/သူများအတွက် သင်ယူမှုအခွင့်အလမ်းရပ်တန့်မှုများ ကြုံတွေ့ခဲ့ကြရပါတယ်။ ကိုဗစ်ကြောင့် ကမ္ဘာပေါ်ရှိ အခြေခံပညာ၊ အထက်တန်းပညာ နှင့် အဆင့်မြင့်ပညာသင် ကျောင်းသား/သူပေါင်း ၁.၅ ဘီလီယံ (၉၀%) ဟာ စာသင်ခန်းများသို့ သွားရောက်နိုင်ခြင်း မရှိခဲ့ကြပါဘူး။ ရလဒ်အနေနဲ့ကတော့ ပညာရေးလောကမှာ အဝေးရောက်သင်ကြားသင်ယူမှုအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ နည်းပညာအသုံးချဖို့လိုလာပြီဆိုတာ တပ်လှန့်လိုက်ခြင်းပါပဲ။ ဒါ့အပြင် ပညာရေးမှာ ဒီဂျစ်တယ်နည်းပညာအသုံးချတာဟာ ကိုဗစ်ကပ်ရောဂါ တစ်ခုတည်းအတွက် သင်ကြားသင်ယူမှုစနစ် တစ်ခုကို ပုံဖော်တာမဟုတ်ပါဘူး။ ဒီဂျစ်တယ်နည်းပညာ အခြေပြုသင်ကြားမှုနည်းစနစ်အားကောင်းရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျွမ်းကျင် ပါမောက္ခတွေသင်ကြားတဲ့ ပညာရပ်တွေကို မိမိနေထိုင်ရာနိုင်ငံကနေ

Subject Matter Expert in Digital Education Read More »