MYEO-01

ပဲတီစိမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ပဲတီစိမ်းကို အပူပိုင်း အာရှနိုင်ငံအများအပြားမှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံပြည်တွင်း မှာပဲတီစိမ်းကို အသင့်အတင့်သာစားသုံးပြီး ပြည်ပနိုင်ငံတွေကို အဓိကတင်ပို့လျက်ရှိပါတယ်။ အဓိကအားဖြင့် အိန္ဒိယ၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချပေးလျက်ရှိနေပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသော သီးနှံဖြစ်ပါတယ်။ သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ပြီး ရေ သွင်းနိုင်တဲ့ဒေသတွေမှာ မိုးကြိုသီးနှံ၊  အထက်မြန်မာပြည်မှာ မိုးရေသောက်သီးနှံ စသည်ဖြင့် မိုးဦး/မိုးလယ်မှာ သီးသန့် (သို့) ဝါ၊ ပဲစင်းငုံတို့နဲ့ သီးညှပ်အနေနဲ့ အောက်မြန်မာပြည်မှာ မိုးစပါးအပြီး သီးထပ်အနေနဲ့ စိုက်ပျိုးကြပါတယ်။ အဓိကစိုက်တဲ့နေရာတွေက အထက် မြန်မာပြည်မှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းတို့ဖြစ်ပြီး အောက်မြန်မာပြည်မှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း တို့ ဖြစ်ပါတယ်။ ရာသီဥတု။ ပူနွေးခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး […]

ပဲတီစိမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ဂျုံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

ရာသီဥတု။ အေးမြစွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ သမပိုင်းမြက်ခင်းလွင်ပြင်ဒေသ၊  မိုးရေ ချိန် ၁၀-၃၀ လက်မထိ ရွာတဲ့ဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းပြီး အပူပိုင်းဒေသတွေမှာ မိုး ရေချိန် ၂၅ လက်မခန့်လိုအပ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း စိုက်ပျိုးကြပြီး မိုးရာသီမှာ မိုးရေချိန်နည်းတဲ့ စက်တင်ဘာ ၁၅ ရက်မှစပြီး စိုက်ပျိုးကြပါတယ်။ အနည်းဆုံး အပူချိန် ၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး ၂၅ ဒီဂရီ စင်တီဂရိတ်က အသင့်တော်ဆုံး ဖြစ်ပါတယ်။ နှင်းခါးရိုက်ရင် ပန်းပွင့်တွေ ထိခိုက်တတ်လို့ ဒီဇင်ဘာလ တတိယပတ် နဲ့ ပန်းပွင့်ချိန်လွတ်အောင် ချိန် စိုက်ပျိုးသင့်ပါတယ်။ မြေအမျိုးအစား။ သဲမြေနဲ့ ကျောက်စရစ်မြေမှလွဲပြီး မည်သည့်မြေမျိုးမဆို စိုက်ပျိုးနိုင်ပေမယ့်

ဂျုံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ခရမ်းချဉ်သီး စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ခရမ်းချဉ်ဟာ ကျန်းမာရေး အထောက်အကူပြု သီးနှံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးစိုက်ပျိုးပြီး ကမ္ဘာ့နိုင်ငံတွေအားလုံးမှာ ဟင်းလျာများအတွက် အမှန်တကယ်  လိုအပ်တဲ့ စားဖိုဆောင်သီးနှံတစ်ခုအဖြစ် ကျော်ကြားလာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ အများဆုံး စိုက်ပျိုးကြပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း စိုက်ပျိုး ပါတယ်။ သမနွေးပိုင်းရာသီဥတုရှိတဲ့ ရှမ်းပြည်နယ်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်။  ရာသီဥတု။ နွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စတဲ့ လွန်ကဲ တဲ့ ရာသီဥတု အခြေအနေမျိုးမှာ အပင်ကို သေစေနိုင်ပါတယ်။ သင့်တော်တဲ့ အပူချိန်က ၂၀-၂၄ ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး ပျမ်းမျှအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အောက်နည်းရင် (သို့) ၂၇ ဒီဂရီထက်များရင် မကောင်းပါ။ အနီရောင်ကို ဖြစ်စေတဲ့ လိုင်ကိုပင်းဓါတ်က ၂၁

ခရမ်းချဉ်သီး စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ငရုတ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

ရာသီဥတု။ အပူချိန် ၁၅-၃၅ ဒီဂရီစင်တီဂရိတ် ရှိပြီး ရက် ၁၃၀-၁၅၀ အတွင်း နှင်းခါးကျရောက်မှု ကင်းရင် ငရုတ်စိုက်ပျိုးဖို့ သင့်တော်ပါတယ်။ မြေကြီးအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နှင့် အောက်လျော့နည်းရင် အပင်ကြီးထွားမှုကို တုံ့နှေးစေပါတယ်။ ၄၀ ဒီဂရီစင်တီဂရိတ်အထက် ကျော်ရင် အသီးတင်မှု ညံ့ရုံသာမက ဆိုးဆိုးဝါးဝါး အသီးကြွေကျမှု ကိုလည်းဖြစ်စေပါတယ်။  မြေအမျိုးအစား။ မြေအမျိုးအစား အမျိုးမျိုးမှာ စိုက်ပျိုးနိုင်ပေမယ့် အသင့်တော်ဆုံးက ရေစီးရေလာ ကောင်းပြီး မြေသြဇာထက်သန် ပေါကြွယ်ဝနေသော သဲနုန်းမြေ ဖြစ်ပါတယ်။ မြေချဉ်ငံဓါတ် ၅.၅-၆.၅ သင့်တော်ပြီး  ၅-၅.၇ က အကောင်းဆုံးပါ။ ရေဝပ်မှုဒဏ်ကို ခံနိုင်ရည်မရှိတဲ့ အပင်ဖြစ်ပါတယ်။ မျိုးရွေးချယ်ခြင်း။ ဈေးကွက်လိုအပ်ချက်၊ ဒေသ ရေ၊ မြေ၊ ရာသီဥတု စသည်တို့နဲ့ ကိုက်ညီပြီး ပိုးမွှား

ငရုတ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ကြံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ကြံကို သကြားထုတ်လုပ်ခြင်း၊ အရက်အချဉ်ဖောက်ခြင်းနဲ့ တိရစ္ဆာန်အစာ စသည်ဖြင့်  အမျိုးမျိုး အသုံးပြုကြပါတယ်။ ကောင်းစွာကြီးထွားလာတဲ့ ကြံရိုးတစ်ချောင်းမှာ အမျှင်ဓာတ် (၁၁-၁၇)%၊ ပျော်ဝင်လွယ်သော သကြားဓာတ် (၁၂-၁၆)%၊ အချိုဓာတ်မဟုတ်သော အခြား ပါဝင်မှု (၂-၃)% နဲ့ ရေဓာတ် (၆၀-၇၀)% ခန့် ပါဝင်ပါတယ်။ ကြံဟာ ပိုးမွှားများနဲ့ ပေါင်းပင် တွေကို ခံနိုင်ရည် မရှိတဲ့ အပင်အမျိုးအစား ဖြစ်ပေမယ့်  ကမ္ဘာမှာ အများဆုံးစိုက်ပျိုးကြတဲ့ စိုက်ပျိုးသီးနှံတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ဝယ်လိုအားများသလို စိုက်ပျိုးသူတွေကိုလည်း အကျိုးအမြတ်ပေးနိုင်လို့ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သင့်တဲ့သီးနှံတစ်ခုဖြစ်ပေမယ့် အထွက် နှုန်းဟာ ရာသီဥတုအနေအထား၊ မြေအမျိူးအစား၊ မြေသြဇာ၊ ရေသွင်းရေထုတ်၊ ပိုးရောဂါ ကာကွယ်နှိမ်နင်းမှုနဲ့ ရိတ်သိမ်းချိန်တွေအပေါ် များစွာမူတည်နေတဲ့အတွက် အကောင်းဆုံး သီးနှံစီမံခန့်ခွဲမှုစနစ်များကို အလေးထား ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ကြံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

နှံစားပြောင်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

မြေအမျိုးအစား။ မြေဩဇာထက်သန်တဲ့ နုံးမြေ၊ နုံးမြေစေးနဲ့ သဲနုန်းမြေ၊ ရေသွင်းရေထုတ် လွယ်ကူ ပြီး လေဝင်လေထွက်မျှတကာ မြေဆီလွှာနက်တဲ့ မြေမျိုးတွေမှာ  အထူး သင့်တော်ပါ တယ်။ ရွှံစေးမြေ၊ မြေနီ၊ ကျောက်စရစ် နဲ့ သဲမြေတွေမှာ မစိုက်သင့်ပါဘူး။ မြေချဉ်ငံဓာတ် ၅.၃-၇.၃ ရှိသင့်ပြီး အကောင်းဆုံးကတော့ ၆-၇ ဖြစ်ပါတယ်။ ရာသီဥတု။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၃၅-၄၀ လက်မ ရွာသွန်းပြီး အပူချိန် ၂၃-၃၀ ဒီဂရီ စင်တီဂရိတ် အတွင်းရှိတဲ့ ဒေသတွေမှာ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ပါတယ်။ အပင် သက်တမ်း တစ်လျှောက်မှာ မိုးရေချိန် စုစုပေါင်း ၁၇ လက်မ ရရင် အသင့်တော်ဆုံးဖြစ်ပါတယ်။ မျိုးရွေးချယ်ခြင်း။ ဈေးကွက်ရှိ၊ ရေမြေဒေသနှင့်ကိုက်ညီ၊ ပိုးမွှားရောဂါဒါဏ်ခံနိုင်၊ အပင်ပေါက် ၈၅-၉၀

နှံစားပြောင်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

လက်ဖက် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

ရာသီဥတု။ အပူချိန် ၁၆-၃၂ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပေမယ့် ၁၃-၃၀ ဒီဂရီ စင်တီဂရိတ်က အသင့်တော်ဆုံးနဲ့ ၁၃ ဒီဂရီစင်တီဂရိတ်အောက်ဆိုရင်တော့ အညွန့်တွေ ကြီးထွားမှု မရှိတော့ပါဘူး။ စိုက်ပျိုးဖြစ်ထွန်းဖို့ အသင့်တော်ဆုံး လေထုစိုထိုင်းဆက ၈၀ % ဖြစ်လို့ လေထုစိုထိုင်းဆ နည်းတဲ့ဒေသတွေမှာ အရိပ်ပင်တွေ စိုက်ပေးခြင်း နဲ့ ရေပေးသွင်းမှု တွေ လုပ်ပေးခြင်းနဲ့ စိုထိုင်းဆ ရာခိုင်နှုန်းမြင့်အောင် ဖန်တီးစိုက်ပျိုးနိုင်ပါတယ်။ ၁၂ လလုံး မိုးဖြန့်ရွာပြီးတော့ တစ်လ မိုးရေချိန် ၃ လက်မရရှိရင် လက်ဖက် စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါ တယ်။ ဒါမှမဟုတ် တစ်နှစ် မိုးရေချိန် ၆၀ လက်မရွာပြီးတော့ ၉ လက်မ မိုးဖြန့်ရွာရင်လဲ လက်ဖက် ကောင်းကောင်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။   မြေအမျိုးအစား။ မြေချဉ်ငံဓာတ်

လက်ဖက် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ပဲပုပ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ပဲပုပ်သီးနှံဟာ အသားဓာတ်ကြွယ်ဝပြီး ၎င်းမှရတဲ့ဆီကို ချက်ပြုတ်ဖို့ သုံးနိုင်လို့ ဟင်းသီး ဟင်းရွက်ဆီ ထုတ်လုပ်ရာမှာ အရေးပါတာကြောင့် ကုလသမဂ္ဂ အစားအစာနှင့်စိုက်ပျိုးရေး အဖွဲ့က မြေပဲအစား ဆီထွက်သီးနှံအဖြစ် သတ်မှတ်ထားပါတယ်။ လယ်မြေပေါ်မှာ စပါး ရိတ်သိမ်းပြီးရင် လက်ကျန် အစိုဓာတ်နဲ့ အလွယ်တကူ စိုက်ပျိုးနိုင်ပြီး စပါး-ပဲပုပ် အလှည့်ကျ စိုက်ခြင်းက ပိုးမွှားရောဂါကျရောက်ခြင်းကို သီးနှံ နှစ်မျိုးလုံးမှာ လျော့နည်းစေနိုင်ပါတယ်။ ပဲပုပ်ပင်ရဲ့အမြစ်တွေဟာ လေထဲကနိုက်ထရိုဂျင်ကို ဖမ်းယူနိုင်ပြီး အချို့က မြေဆီလွှာမှာ ကျန်ရစ်ပြီး အပင်များမှ စုပ်ယူ စားသုံးနိုင်တဲ့ နိုက်ထရိုဂျင်ဓာတ်ကို ရရှိနိုင်တယ်။  ရာသီဥတု။ ပဲပုပ်ဟာနွေးပြီး စွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ အပူချိန် ၂၆-၃၂ ဒီဂရီစင်တီ ဂရိတ်မှာအပင်ဖြစ်ထွန်းဖို့ အကောင်းဆုံးဖြစ်ပြီးတော့ မြေကြီးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ် ဟာ

ပဲပုပ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

သီးနှံစိုက်ပျိုးခြင်းပုံစံများ

စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အဟန့်အတားများ နှင့် စိုက်ပျိုးနိုင်သော သီးနှံများ ရေ၊ မြေ၊ ရာသီဉတု တည်နေရာ စိုက်ပျိုးရေးအတွက် အဟန့်အတားများ စိုက်ပျိုးနိုင်သော သီးနှံအမျိုးအစားများ မိုး ဆောင်း နှစ်ရှည်ပင် ၁။ မိုးရေချိန် ၁၀၀ လက္မ အထက်နှင့် နုန်းမြေ/ လယ်မြေ မြစ်ဝကျွန်းပေါ်ဒေသစစ်တောင်းမြစ်ဝှမ်းမွန်ပြည်နယ်ပင်လယ် ကမ်းရိုးတန်း ဒေသ အစိုဓာတ် ထိန်းသိမ်း နိုင်စွမ်း နည်းခြင်းမြေအချဉ်ဓာတ် ကဲခြင်းပင်လယ်ရေငံ ဝင်ခြင်း စပါးပြောင်းဖူးဂုန်လျှော်ဉစားပင်ကျွဲနွားစာ နှမ်းနေကြာမြေပဲငရုတ်ပြောင်းဖူးပဲမျိုးစုံ (ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ)ကျွဲနွားစာ အုန်းကွမ်းသီးရာဘာငှက်ပျောမင်းဂွတ်ဒူးရင်းနာနတ်ပိန္နဲသီဟိုသရက်ဓနိ ၂။ မိုးရေချိန် ၁၀၀ လက္မ အထက်နှင့် ကျောက် ကြေ မြေနု/ တောင်မြင့် နီညိုတော/ ပုပ္ပါးတောင် မြေ  အနောက်ရိုးမဒေသချင်းတောင်တန်းကချင်ပြည်နယ် မြောက်ပိုင်းကရင်ပြည်နယ်ကယားပြည်နယ် မြေအနိမ့်အမြင့် မညီညာခြင်းသီးနှံပင်အချို့ အအေးဒဏ် ခံနိုင်ရည်

သီးနှံစိုက်ပျိုးခြင်းပုံစံများ Read More »

သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်ခြင်း

သဘာဝမြေဩဇာတွေက ဘာ့ကြောင့် အရေးကြီးတာလဲ မြန်မာနိုင်ငံမှာရှိတဲ့ အချို့မြေတွေဟာ သီးနှံအထွက်တိုးရေး ဦးစားပေးပြီး ဓာတုမြေသြဇာ တွေ ဓာတုပိုးသတ်ဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးလာကြခြင်းကြောင့် လည်းကောင်း၊ သီးနှံ အလှည့်ကြ စိုက်တာထက် စီးပွားရေးတွက်ခြေ ကိုက်တဲ့ သီးနှံတစ်မျိုးတည်းကိုပဲ အမြဲစိုက်လာကြ ခြင်းကြောင့်လည်းကောင်း၊ သဘာဝ မိခင်ကျောက်သားနဲ့ ရာသီဥတုကြောင့်လည်းကောင်း သီးနှံ၊ သစ်ပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ လျော့နည်းနေတာကို တွေ့ရပါတယ်။ သီးနှံတွေ အထွက်တိုးဖို့ စနစ်တကျ စိုက်ရာမှာ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်းနဲ့ ပိုးမွှား ရောဂါ ကာကွယ် တာတွေ လိုအပ်သလို မြေဆီဩဇာ ထက်သန်စေဖို့ မြေဆီလွှာ အခြေအနေကို သိရှိနားလည်ပြီး သင့်တော်တဲ့ မြေဩဇာကျွေးဖို့လဲ လိုအပ်ပါတယ်။ သဘာဝမြေဩဇာတွေက ဓာတ်မြေဩဇာများနှင့် နှိုင်းယှဉ်ရင် အာဟာရဓာတ် ပါဝင်မှု မများပေမယ့်

သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်ခြင်း Read More »