MYEO-01

Mesh Network အကြောင်းသိကောင်းစရာများ

Mesh Network ဆိုတာ ဘာလဲ? 🌐🌐 Mesh Network ဆိုတာ ဆက်သွယ်ရေး ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု အကွာအဝေးတစ်ခု အတွင်း တိုက်ရိုက်ချိတ်ဆက်ပြီး ကွန်ယက်ဖြစ်အောင် လုပ်တာပါ။ အဓိကအားဖြင့် Bluetooth ကို အခြေခံပြီး ချိတ်ဆက်တာမို့ အင်တာနက် ပြတ်တောက်နေချိန်တွေမှာ အသုံးဝင်ပါတယ်။ (အရပ်စကားနဲ့ပြောရရင် ရပ်ကွက်ထဲ အတင်းပတ်တုပ်သလိုပါပဲ။ တစ်ယောက်ပြောတာ ‌နောက်တစ်ယောက်က အခြားတစ်ယောက်ကို ပြန်‌ဖောက်သည်ချရင်း အကုန်လုံးကို ပြန့်ပွားစေတာပါ။ လူများများပြောလေ၊ ပိုပြီးပြန့်လေ ဖြစ်တာမို့ လူတိုင်းပါ၀င်ဖို့လိုပါတယ်။) လူတွေကနေ အင်တာနက်လိုင်း ဖြစ်လာဖို့! အင်တာနက်မရှိတဲ့‌နေရာတွေမှာ ကျွန်တော်တို့ကိုယ်တိုင် Mesh Network တစ်ခုအဖြစ် ဆက်သွယ်ရေးလိုင်းတွေ ဖြစ်အောင် လုပ်လို့ရပါတယ်။  ဒါပေမယ့် လူညီမှ ရမှာပါ။ Mesh Network သဘောတရားကိုက ပုံမှာပြထားသလိုဘဲ […]

Mesh Network အကြောင်းသိကောင်းစရာများ Read More »

Cyber Security Tips

ဒီဂျစ်တယ်ခေတ်မှာ ရှင်သန်နေထိုင်လာရတာနဲ့အမျှ ကျနော်တို့ဟာ ဒီဂျစ်တယ် အကောင့်တွေ၊ စက်ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်လာရပါတယ်။ စီးပွါးရေး၊ ပညာရေးကိစ္စတွေအတွက် ဒီဂျစ်တယ်နဲ့ ဆက်စပ်အရာတွေကို အသုံးပြုကြတဲ့အခါမှာ သူတို့ရဲ့ လုံခြုံရေး၊ မိမိရဲ့ အချက်အလက် လုံခြုံရေးတွေအတွက် ဂရုစိုက်ထိန်းသိမ်းရမယ့် အရာတွေရှိလာပါတယ်။  ဒါကြောင့် ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်ဖြစ် ကျနော်တို့ဟာ အင်တာနက်ပေါ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အင်တာနက်ပေါ်က ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်ဖို့ရာ အောက်ပါအချက်တွေကို မဖြစ်မနေ လုပ်ဆောင်ထားသင့်ပါတယ်။  🔰 အသုံးမပြုတဲ့အချိန်တိုင်း ပိတ်ထားဖို့ မမေ့ပါနဲ့။ ▪️မိမိအသုံးပြုနေတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ အခြားသော စက်ပစ္စည်းတွေကို အသုံးမပြုစဉ် ပိတ်ပစ်ခဲ့ဖို့ (Lock) လိုအပ်ပါတယ်။  🔰 လျှို့ဝှက်နံပါတ်(Password) တွေကို စနစ်တကျ စီမံခန့်ခွဲပါ။ ▪️မိမိရဲ့ ဒီဂျစ်တယ်အကောင့်မှန်သမျှအတွက်လဲ တူညီတဲ့ လျှို့ဝှက်နံပါတ်ကို ပြန်မသုံးသင့်ပဲ ခက်ခဲတဲ့

Cyber Security Tips Read More »

Cyber Bullying ဆိုင်ရာ အခြေခံ ဗဟုသုတ

အပြစ်တင် ပြောဆို ဝေဖန်ခံရတယ်ဆိုတာဟာ ကျနော်တို့ လူသားတိုင်း ကြုံတွေ့ခံစား ဖူးတဲ့ ကိစ္စရပ်တစ်ခုပါ။ 😢 ကိုယ့်ရဲ့ မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့ကနေ ပြစ်တင်ရှုံ့ချတာ၊ အနိုင်ကျင့်တာတွေအပြင် အခုလို အင်တာနက်ခေတ်ကြီးမှာတော့ ဝေဖန်အပြစ်တင် ခံရမှုတွေဟာ ပိုမို များပြားလာလျက်ရှိပါတယ်။ အနိုင်ကျင့်ခံရတယ်ဆိုတဲ့နေရာမှာ ကိုယ်ထိလက်ရောက် စော်ကားခံရတာ တစ်ခုထဲမဟုတ်ပဲ နှုတ်ဖျားမှ ထွက်လာတဲ့ စကားသံတွေ၊ ကီးဘုတ်ပေါ်မှာ စာလေးရိုက်လိုက်ရုံနဲ့ ဖြစ်ပေါ်လာတဲ့ စာသားတွေဟာလဲ တစ်ခါတရံမှာ  လူတစ်ယောက်ကို အနိုင်ကျင့်ခံရပြီး မိမိကိုယ်ကို မကောင်းတဲ့ အကြံအစည်တွေ ကြံမိစေဖို့အထိ လုံလောက်ပါတယ်။  📱 အင်တာနက်ခေတ်၊ ဆိုရှယ်မီဒီယာ ခေတ်မှာတော့ ဆိုက်ဘာအနိုင်ကျင့်ခံရမှု လို့ခေါ်တဲ့ Cyber Bullying ကိစ္စရပ်တွေဟာ အဖြစ်များလာသလို ကျူးလွန်ဖို့ အင်မတန် လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုလဲ ဖြစ်ပါတယ်။  Cyberbullying

Cyber Bullying ဆိုင်ရာ အခြေခံ ဗဟုသုတ Read More »

အင်တာနက်မပါဘဲ Bridgefy နဲ့ ဆက်သွယ်ကြမယ်

Bridgefy ဆိုတာက အင်တာနက် မရှိတဲ့ အချိန်တွေမှာ Bluetooth ကို သုံးပြီး စာတိုပေးပို့ဆက်သွယ်လို့ ရတဲ့ Application တစ်ခုပဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ အချိန်တွေ၊ ပွဲအခမ်းအနားကြီးတွေ၊ စာသင်ကျောင်းတွေ စတဲ့နေရာတွေမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။  ပုံမှန်အားဖြင့်တော့ Bridgefy ဟာ ပေ ၃၃၀ (မီတာ ၁၀၀) အတွင်းမှာသာ အလုပ်လုပ်ပါတယ်​။ ဒါပေမယ့် ပုံမှာ ပြထားတဲ့အတိုင်း Bridgefy User တစ်ယောက်ကနေ အဝေးက နောက်တစ်ယောက်ကို Mesh Networking နည်းလမ်းနဲ့ ချိတ်ဆက်သွားနိုင်ပါတယ်။ ချိတ်ဆက်ပြီးရင် Message ကို စပို့သူနဲ့ လက်ခံသူကသာ မြင်ရမှာ ဖြစ်ပြီး ကြားခံ Device တွေကနေ မြင်နိုင်မှာ မဟုတ်ပါဘူး။ Bridgefy မှာလည်း

အင်တာနက်မပါဘဲ Bridgefy နဲ့ ဆက်သွယ်ကြမယ် Read More »

အင်တာနက်မပါဘဲ Bri‌ar နဲ့ ဆက်သွယ်ကြမယ်

Briar ဆိုတာ လုံခြုံစိတ်ချရတဲ့ စာတိုပေးပို့ရေး Application တစ်ခု ဖြစ်ပါတယ်။ တခြား App တွေနဲ့ မတူတာကတော့ Briar ဟာ ပင်မ ဆာဗာတစ်ခုမှာ ပေးပို့ထားတဲ့ Message တွေကို တိုက်ရိုက် Synchronize မလုပ်တာကြောင့် ပိုပြီး စိတ်ချရပါတယ်။ 🌐🌐🌐 Private Message တွေ၊ Public Forum တွေနဲ့ ဘလော့ဂ်တွေကို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အဟန့်အတားတွေကနေ ဒီလို ကာကွယ်ပေးထားပါတယ်။ အင်တာနက်မရှိရင်တောင် Bluetooth, Wifi စတာကို ကွန်ရက်တွေကနေ ချိတ်ဆက်နိုင်တာကြောင့် အရေးပေါ်အခြေအနေတွေမှာ သုံးဖို့ သင့်တော်ပါတယ်။ ဒါ့အပြင် End to End Encryption လည်း ပါဝင်ပါတယ်။ အားနည်းချက်တွေအနေနဲ့ကတော့ ကိုယ့်ရဲ့ အနားတစ်ဝိုက်ကနေပဲ တစ်ဆင့်ပြီး

အင်တာနက်မပါဘဲ Bri‌ar နဲ့ ဆက်သွယ်ကြမယ် Read More »

အွန်လိုင်းပေါ်က Digital Footprints ရှင်းနည်းများ

ကျနော်တို့အပြင် ကမ္ဘာနဲ့အဝှမ်းမှာ အင်တာနက်အသုံးပြုသူဟာ ဘီလျံနဲ့ ချီပြီးရှိပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ကိုယ်ရေးအချက်အလက် တွေနဲ့ ဆိုက်ဘာလုံခြုံရေးဟာလဲ တိုက်ခိုက်ခံရမှုတွေ၊ ခိုးယူခံရမှုတွေ ကြုံတွေရလျှက်ရှိပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်ကနေ တိုက်ခိုက်မှုခံရမှုတွေ နည်းသွားအောင် ကျနော်တို့ကိုယ်တိုင် ကြိုတင်ပြင်ဆင် ကာကွယ်ထားနိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ✳️ အသုံးပြုနေတဲ့ ဒီဂျစ်တယ် အကောင့်တွေအတွက် ခိုင်မာသော လျှို့ဝှက်နံပါတ်ကို အသုံးပြုပါ။  အက္ခရာ၊ စာလုံးအကြီးအသေး၊ ကိန်းဂဏန်းတို့အပြင် ထူးခြားသင်္ကေတ များကို အတူတူပူးပေါင်းထားတဲ့ လျှို့ဝှက်နံပါတ်တွေဟာ သာမန်နံပါတ်တွေထက် ပိုပြီး ခိုင်မာလုံခြုံပါတယ်။ (ဥပမာ- HnLo0$3hb?/::gqh) ✳️ Free WiFi များအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အကယ်၍ အသုံးပြုပါက မိမိရဲ့ အရေးကြီး အချက်အလက်တွေ ပေါက်ကြားနိုင်တာကို သတိပြုရပါမယ်။  ဒါ့အပြင် Free WiFi

အွန်လိုင်းပေါ်က Digital Footprints ရှင်းနည်းများ Read More »

Signal Private Messenger အ‌ကြောင်းသိကောင်းစရာ

လူတိုင်းရဲ့ဆိုက်ဘာ လုံခြုံရေးအတွက် Signal App အွန်လိုင်းဆက်သွယ်မှုအတွက် ကျွန်တော်တို့အားလုံး app အမျိုးမျိုးကို အသုံးပြုလာကြပါတယ်။ အဲ့လို အသုံးပြုတဲ့အခါမှာ ဆိုက်ဘာလုံခြုံရေးဟာ အထူးဂရုစိုက်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ Online Communication Apps တွေထဲမှာမှ နည်းပညာရှင်တွေ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး တော်တော်လေး  လုံခြုံတယ်လို့ ထောက်ခံကြတဲ့ Signal App အကြောင်းကို ပြောပြချင်ပါတယ်။ ဘာလို့ Signal App ကိုသုံးရလဲ? 🤔🤔🤔 ♦️ End-to-end encryption စနစ်ထည့်သွင်းထားခြင်း။  ဆက်သွယ်သူနှစ်ဦးနှစ်ဖက်ပဲ မြင်နိုင်မယ့် ဆက်သွယ်ရေးစနစ် ဖြစ်ပြီး Telecom providers တွေ၊ Internet providers တွေ၊ ဆက်သွယ်ရေးစနစ်ကိုထောက်ပံ့ပေးသူတွေတောင် ဝင်ကြည့်လို့မရတဲ့စနစ်ဖြစ်ပါတယ်။ ♦️ Self-destructing messages feature ပါဝင်ခြင်း။ 

Signal Private Messenger အ‌ကြောင်းသိကောင်းစရာ Read More »

Digital Footprints ဆိုတာဘာလဲ?

ကျနော်တို့ နေ့စဉ် အင်တာနက်ပေါ်မှာ လုပ်ဆောင်တဲ့အရာတစ်ခုချင်းစီတိုင်းအတွက် ခြေရာလက်ရာ ကျန်ရှိနေခဲ့ပါတယ်။ ဒါကို Digital Footprints လို့ခေါ်ကြပါတယ်။  Digital Footprint 👣 လို့ဆိုလိုက်တဲ့အခါ ဘယ်လိုအချက်လက်တွေပါနေမလဲဆိုရင်တော့  သာမန် စျေးဝယ်ဖို့ကိစ္စတစ်ခုလောက်အတွက် အင်တာနက်ပေါ်မှာ အချက်အလက်တွေရှာဖွေတာ၊ မျှဝေတာဟာ ကိစ္စမရှိပေမယ့်၊ ကိုယ်ရေးအချက်အလက်တွေဆိုရင်တော့ အလွယ်တကူ မျှဝေခြင်းကနေ ရှောင်ရှားသင့်ပါတယ်။ Digital Footprints 👣 တွေ ကျန်ရှိနေခဲ့တယ်လို့ ဆိုတဲ့အခါ Passive and Active အခြေအနေနှစ်မျိုး ဖြစ်နိုင်ပါတယ်။  Passive Digital Footprints 👣  သွယ်ဝိုက်သော နည်းလမ်းဖြင့် အချက်အလက်တွေ ခြေရာလက်ရာ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။  ဥပမာ- Website တစ်ခုကို ဝင်လိုက်တဲ့အခါ မိမိရဲ့ IP Address ဆိုတဲ့ ဘယ်နေရာကနေ

Digital Footprints ဆိုတာဘာလဲ? Read More »

Password လုံခြုံရေး ‌အကြောင်း သိကောင်းစရာ

🛡 အွန်လိုင်းလုံခြုံရေး အတွက် Password Security အရေး 🛡 တိုးတက် ပြောင်းလဲလာတဲ့ ၂၁ ရာစု ကြီးမှာကောင်းသောပြောင်းလဲခြင်းတွေ ရှိသလို ၊ တိုးတက်မှုရဲ့ ရိုက်ခတ်မှုတွေဟာလည်း မရေတွက်နိုင်အောင်ပါပဲ။ ထိုအထဲမှာ  အင်တာနက်ပေါ်မှ ဆက်သွယ်ပြောဆိုနိုင်ခြင်း ဆိုတဲ့ ဒစ်ဂျစ်တယ်တိုးတက်မှု ဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။  ဒီလို လူမှုကွန်ရက်ချိတ်ဆက်မှုတွေပေါများလာတာနဲ့အမျှ  သတင်းအချက်အလက် ပေါက်ကြားခြင်း ဆိုတဲ့ ၂၁ရာစုရဲ့မလုံခြုံမှုတစ်ခုကို တွေ့ကြုံလာကြရပါတယ်။ ယေဘုယျအားဖြင့် သတင်းအချက်အလက် ပေါက်ကြားခြင်းများရဲ့ မူလဇစ်မြစ်ဟာ မိမိထားရှိတဲ့ စကားဝှက်(Password)များ မခိုင်လုံခြင်း၊ပေါက်ကြားခြင်း တို့ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ အချို့သော စကားဝှက်(Password)များဟာ အင်မတန်မှ ခန့်မှန်းရန်လွယ်ကူလွန်းလှတဲ့၊ လူအသုံးများလှတဲ့ စကားဝှက် များဖြစ်နေတတ်ပါတယ်။(ဥပမာ-iloveyou) ထိုသို့သော လွယ်ကူရိုးရှင်းတဲ့ စကားဝှက် တွေကို မိမိမဟုတ်တဲ့အခြားသူများ ခန့်မှန်းရ ခက်စေဖို့အတွက် နံပါတ်(သို့မဟုတ်) သကေ်တ

Password လုံခြုံရေး ‌အကြောင်း သိကောင်းစရာ Read More »

Canva မှာ ဘာတွေလုပ်လို့ရလဲ။

ပုံလှလှလေးတွေကို ဖန်တီးရတာကို နှစ်သက်တဲ့ သူတစ်ယောက်ဆိုရင် canva ကို သိထားသင့်ပါတယ်။ Canva အသုံးပြုပုံကို infographic ကနေ လေ့လာကြည့်ရအောင်… Canva ကို ကွန်ပျူတာမှာအသုံးပြုပုံ ဗွီဒီယိုတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

Canva မှာ ဘာတွေလုပ်လို့ရလဲ။ Read More »