MYEO-01

အလုပ်အကိုင် ရှာဖွေခြင်းအတွက် ရှိထားသင့်တဲ့ LinkedIn App အကြောင်း။

သင့် အလုပ်ကောင်းကောင်းတစ်ခုရဖို profile ကောင်းတစ်ခုဖန်တီးပြီး အလုပ်ရှင်တွေရဲ့ အာရုံစိုက်မှုကို ရယူချင်ပါသလား။ အလုပ်ခေါ်တဲ့ သူတွေ ရဲ့ စိတ်ဝင်စားမှု ရချင်ရင်တော့ LinkedIn Appကို အသုံးပြုဖို့အကြံပြုလိုပါတယ်။ LinkedIn အသုံးပြုနည်း အသေးစိတ်ကို အောက််််််ပါပုံံံံ မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ LinkedIn ကို ဖုန်းမှာ အသုံးပြုမယ်ဆိုရင် အောက်က ဗွီဒီယိုနှစ်ခုကို ကြည့်ရှုလိုက်ပါ။ LinkedIn ကို ကွန်ပျူတာမှာ အသုံးပြုပြီး အလုပ်အကိုင်ရှာဖွေချင်တယ်ဆိုရင် ဒီဗွီဒီယိုကို ကြည့်ရှုလိုက်ပါ။ LinkedIn ကို အသုံးပြုပြီး အလုပ်အကိုင်တွေ ရရှိနိုင်ပါစေနော်… LinkedIn App ကို အောက်ဖော်ပြပါ Linksတွေကနေ Download ရယူနိုင်ပါတယ်။ Google Playstore – https://play.google.com/store/apps/details?id=com.linkedin.android&hl=en&gl=US App Store – […]

အလုပ်အကိုင် ရှာဖွေခြင်းအတွက် ရှိထားသင့်တဲ့ LinkedIn App အကြောင်း။ Read More »

Facebook Group တစ်ခုမှာ ဘယ်လို Featureတွေ ပါသလဲ။

Facebook Group မှာ စာတွေသင်ကြတယ်၊ informationတွေကို မျှဝေကြတယ် စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ Facebook Groupကို အသုံးပြုကြပါတယ်။ Facebook Group တစ်ခု ဘယ်လို စနစ်တကျ ဖန်တီးရမလဲဆိုတာကို အသေးစိတ် အောက်ပါ ပုံနဲ့အတူ လေ့လာကြည့်ကြရအောင်.. Facebook Groupမှာ ဘယ်လို Featureတွေပါလဲဆိုတာကို အောက်က ဗွီဒီယိုမှာ ကြည့်ရအောင်နော်..

Facebook Group တစ်ခုမှာ ဘယ်လို Featureတွေ ပါသလဲ။ Read More »

Facebook Page တစ်ခုက ဘယ်လောက်အထိအသုံးဝင်လဲဆိုတာ လေ့လာကြည့်ရအောင်။

Facebook ဆိုတာ လူတိုင်းနီးပါးအသုံးပြုနေကြတဲ့ ခေတ်ကြီးမှာ Facebook Page အကြောင်းကိုလဲ သိထားသင့်ပါတယ်။ Facebook Page အကြောင်း အသေးစိတ်ကို အောက်ပါ ပုံမှာ လေ့လာကြည့်ကြရအောင်.. Facebook Page အကြောင်းကို အောက်ကဗွီဒီယိုမှာ ကြည့်ရှုလိုက်ပါအုံးနော်..

Facebook Page တစ်ခုက ဘယ်လောက်အထိအသုံးဝင်လဲဆိုတာ လေ့လာကြည့်ရအောင်။ Read More »

Facebook Messenger ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ

Facebook Messenger ဟာ ကျွန်တော်တို့အားလုံး နေ့စဥ်ဘ၀မှာ အွန်လိုင်းသုံးတိုင်း အမြဲတမ်းလိုလို ၀င်ရောက် သုံးစွဲလေ့အများဆုံးရှိတဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ယခုဒီဆောင်းပါးမှာတော့ အားလုံးရင်းနှီးပြီးသား ဖြစ်တဲ့ Facebook Messenger ကို စနစ်တကျ လုံခြုံအောင် ဘယ်လို အသုံးပြုမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ (၁) Message တွေကို ဖျက်နည်း (၂) Conversation တစ်ခုလုံးကို ဖျက်နည်း (၃) Chat Room ဖန်တီးနည်း (၄) Secret Conversation အသုံးပြုနည်း (၅) Timer ထားနည်း

Facebook Messenger ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ Read More »

နည်းမှန် လမ်းမှန် Fact-Checking ဘယ်လို လုပ်ရမလဲ

သတင်းစီးဆင်းနှုန်းတွေ မြန်ဆန်လာတာနဲ့အမျှ သတင်းအမှားတွေကို ဆန်းစစ်နိုင်ဖို့ကလည်း အရေးကြီးလာပါတယ်။ ဒါကြောင့် သေချာစွာစစ်ဆေးနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ၀ေမျှလိုက်ပါတယ်။ 🔍သတင်းရရှိရာ အရင်းအမြစ်ကိုဆန်းစစ်ပါ။ ကိုယ်ကြည့်နေတဲ့ သတင်းက ယုံကြည်စိတ်ချရလားဆိုတာကို စစ်ပါ။ ပြီးရင် သတင်းစတင်ဖြန့်ဝေတဲ့ အချိန်၊ ရက်ဆွဲ အစရှိသည့် အသေးစိတ်အချက်အလက်တွေကိုပါ သေချာစွာ စစ်ဆေးပါ။ 🔍သတင်းဖြန့်သူ၏ credibility ကို ဆန်းစစ်ပါ။ သတင်းရေးသားသူ (သို့) သတင်းဖြန့်ဝေသူ၏ သတင်းအချက်အလက်ခိုင်ခံ့မှုကို စစ်ဆေးပါ။ သတင်းဖြန့်ဝေသူ၏ ယခင်ရေးသားထားသော သတင်းများ၏မှန်ကန်မှု၊ ခိုင်ခံ့မှု များကိုစစ်ဆေးပါ။ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင်ဖြစ်ပါက Follower အရေအတွက် Blue Mark ပါမပါ အစရှိသဖြင့် စစ်ဆေးနိုင်ပါသည်။ 🔍သတင်းရှာဖွေမှုကို ချဲ့ထွင်ပါ။ သတင်းအရင်းအမြစ်တစ်ခုတည်းကိုပဲ မမှီခိုပါနဲ့။ သတင်းရရှိရာ သတင်း မီဒီယာ (သို့) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဆီကနေပဲ မလက်ခံပါနဲ့။

နည်းမှန် လမ်းမှန် Fact-Checking ဘယ်လို လုပ်ရမလဲ Read More »

Gmail အသုံးပြုနည်းအဆင့်ဆင့်

Gmail ဆိုတာ ဘာလဲ? လူသုံးအများဆုံးဖြစ်တဲ့ Gmail ဆိုတာ Google Mail ဖြစ်ပါတယ်။ Google ကနေ မိတ်ဆက်ထားတဲ့ Mail System တစ်ခုဖြစ်ပါတယ်။ Gmail ကို အသုံးပြုပြီး စာများ အပြန်အလှန်ပေးပို့ခြင်းများ ပြုလုပ်နိုင်ရုံသာ မကဘဲ Website နဲ့ Application တော်တော်များများမှာ Log in with Google ဆိုတာ နှိပ်လိုက်ရုံနဲ့ account သက်သက်ဖွင့်စရာမလိုဘဲ Log in ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Gmail ဟာ ကျွန်တော်တို့ တစ်ယောက်ချင်းစီအတွက် ရုံးသုံး၊ ကျောင်းသုံးအပြင် အခြားသော ပရော်ဖက်ရှင်နယ် ဆက်သွယ်မှုများအတွက် စွယ်စုံသုံး Mail system တစ်ခုအနေနဲ့ အသုံး၀င်တာကြောင့် လူတစ်ယောက်ရဲ့ အခြေခံ Digital

Gmail အသုံးပြုနည်းအဆင့်ဆင့် Read More »

Telegram နှင့် Signal တို့တွင် Two-Step Verification (2 SV) အသုံးပြုနည်း

📲 (၁) Two-Step Verification (2 SV) ဆိုတာ ဘာလဲ? 📲 Two-Step Verification (2 SV)လို့ အမည်ရတဲ့ 2 SV ဟာ သင့်ရဲ့ အွန်လိုင်းအကောင့်တွေမှာ Password များ အပြင်သို့ ပေါက်ကြားခြင်း၊ ခိုးယူခံရခြင်း ဖြစ်ရပ်များကို ရှောင်ရှားနိုင်ဖို့အတွက် ထပ်ဆင့် လုံခြုံရေး အလွှာ တစ်ခုအနေနဲ့ ကာကွယ်ပေးတဲ့ function တစ်ခုပဲဖြစ်ပါတယ်။ Two-Step Verification (2 SV) အတည်ပြုခြင်းကို ပြုလုပ်ပြီးပါက သင်ရဲ့ အကောင့်ထဲသို့ ၀င်ရောက်ရန် အဆင့် (၂) ဆင့်ဖြင့် Sign-in ပြုလုပ်ရပါလိမ့်မယ်။ သင့်ရဲ့ password ကဲ့သို့ သင်သာ သိသောအရာတစ်ခုခုသင့်ရဲ့ ဖုန်းကဲ့သို့ သင်သာ ကိုင်ဆောင်နိုင်သော

Telegram နှင့် Signal တို့တွင် Two-Step Verification (2 SV) အသုံးပြုနည်း Read More »

Facebook နှင့် Twitter အား Two-Factor Authentication (2 FA) နှစ်ဆင့် သော့ခတ်နည်း

အပိုင်း (၁) Two-Factor Authentication ဆိုတာ ဘာလဲ? 🛡️ Two Factor Authentication (2 FA) ဆိုတာဟာ မိမိဖွင့်ထားတဲ့ အကောင့်ဟာ မိမိရဲ့ အမှန်တကယ် အကောင့် ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် အမှန်တကယ် အသုံးပြုကြောင်း သက်သေပြုရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ဒီအဆင့်မှာဆိုရင် ထည့်သွင်းရတဲ့အရာတွေကတော့ အခြေခံအားဖြင့် နှစ်မျိုး ကွဲပြားနိုင်ပါတယ်။(၁) Mobile Phone သို့ပေးပို့သော SMS Code နှင့်(၂) လုံခြုံရေးစနစ်အတွက် ထားရှိသော အက်ပလီကေးရှင်း (Third-Party Application) သို့ပေးပို့သည့် Code 🛡️ ဥပမာ – မိမိ အသုံးပြုသော Google Account တစ်ခုအတွက် Mobile Phone နံပါတ်ဖြင့် 2FA ထားရှိပါကအကောင့်ထဲသို့

Facebook နှင့် Twitter အား Two-Factor Authentication (2 FA) နှစ်ဆင့် သော့ခတ်နည်း Read More »

သင့်ရဲ့ အကောင့် password များကို လုံခြုံအောင် ဘယ်လို ထိန်းသိမ်းနိုင်မလဲ

🛡️21 ရာစု နည်းပညာ ခေတ်ကြီးမှာ လူသားတွေဟာ အင်တာနက်ပေါ်ကို အမှီသဟဲ ပြုလာကြရပါတယ်။ စီးပွါးရေးအတွက်ပဲဖြစ်ဖြစ်၊ ပညာရေးအတွက်ပဲဖြစ်ဖြစ် အင်တာနက်ပေါ်ကနေ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲပေါင်းများစွာနဲ့ ရှေ့ဆက်နေကြရပါတယ်။ ဒီအထဲမှာဆိုရင် အီးမေးလ် အကောင့်တွေနဲ့ လူသုံးများတဲ့ ဖေ့စ်ဘုတ် လိုမျိုး ဆိုရှယ်မီဒီယာအကောင့်တွေဟာလဲ အပါအဝင်ဖြစ်ပါတယ်။ 🛡️လူသားတွေဟာ ကိစ္စတော်တော်များများကို အင်တာနက်ပေါ်မှာ အခြေခံလာတာနဲ့အမျှ အင်တာနက်ကနေတဆင့် သတင်းအချက်အလက်ခိုးယူမှုတွေ ၊ ဟက်ခ် ခံရမှုတွေ ဖြစ်တဲ့ Cyber Attack များဟာ တိုးပွါးလျက်ရှိလာပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ ဆော့ဖ်ဝဲတွေ ၊ အကောင့်တွေရဲ့ ပင်မလုံခြုံရေးဖြစ်တဲ့ Password ကို အထူးဂရုပြုထားကြဖို့လဲ လိုအပ်ပါတယ်။ 🛡️ဖေ့စ်ဘုတ်အကောင့်၊ အီးမေးလ် အကောင့်နဲ့ ဘဏ်အကောင့်တွေရဲ့ Password (လျှို့ဝှက်နံပါတ်) ဟာ လုံးဝလုံးဝ တူညီနေလို့မရပါဘူး။လူအများစုဟာ

သင့်ရဲ့ အကောင့် password များကို လုံခြုံအောင် ဘယ်လို ထိန်းသိမ်းနိုင်မလဲ Read More »

Duo Mobile App အသုံးပြုနည်း

Duo Mobile App ဆိုတာဘာလဲ? Duo Mobile App ဆိုတာ ကိုယ့်ရဲ့ Social Media Accounts တွေကို နှစ်ဆင့်ခံ သော့ခတ်ခြင်း (Two-Factor Authentication – 2FA) ပြုလုပ်လို့ရတဲ့ Application တစ်ခု ဖြစ်ပါတယ်။ Duo Mobile App ကို အသုံးပြု၍ အသုံးများသည့် Social Media များ ဖြစ်သည့် Facebook, Google, Twitter, Instagram နှင့် အခြားသော App များကို 2FA ပြုလုပ်နိုင်ပါတယ်။ Duo Mobile App Download ရယူနည်း Step (1) Duo Mobile App အား Play

Duo Mobile App အသုံးပြုနည်း Read More »