MYEO-01

VPN ဘာကြောင့်သုံးသင့်တာလဲ

အားလုံးအတွက် မရှိမဖြစ် VPN ကျွန်တော်တို့ အားလုံး အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက်တွေ ကြည့်ရှုဖို့ ဖြစ်ဖြစ်၊ အချင်းချင်းဆက်သွယ် ပြောဆိုဖို့ပဲ ဖြစ်ဖြစ် Digital Devices တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့အခါ VPN ကို ထည့်သွင်း အသုံးပြုလာကြရ​ပြီ ဖြစ်ပါတယ်။ ယခု ဆောင်းပါးမှာတော့ အားလုံးအတွက် အရေးပါလာတဲ့ VPN အကြောင်း သိကောင်းစရာတွေ၊ iOS / Android နှစ်မျိုးလုံးအတွက်ပါ အသုံးပြုမှုများပြီး လူကြိုက်များတဲ့ VPN apps တွေအကြောင်းကို ရှင်းပြပေးချင်ပါတယ်။ VPN ဆိုတာ ဘာလဲ ? Virtual Private Network လို့ခေါ်တဲ့ VPN ဆိုတာ အင်တာနက်လုံခြုံရေး၀န်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ VPN ဆော့ဖ်၀ဲ (သို့) ဆာဗာ […]

VPN ဘာကြောင့်သုံးသင့်တာလဲ Read More »

End-to-End Encryption အကြောင်း သိကောင်းစရာ

🔐 ယခုခေတ်ကာလနောက်ပိုင်းမှာဆိုရင် လူအများစုကြားမှာ “ ဘယ် အွန်လိုင်း အပလီကေးရှင်း ကတော့ End-to-end encryption (E2EE) ပါလို့ ပိုပြီး လုံခြုံတယ်၊ ဘယ်အပလီကေးရှင်းကတော့ မပါလို့ သိပ်မလုံခြုံဘူး ဆိုပြီး အွန်လိုင်းကနေ အချင်းချင်းစကားပြောကြတဲ့အခါ message တွေကို encryption နဲ့ပို့ ကြပါ ” စသဖြင့် လူပြောများလာကြပါတယ်။ 🔐 🛡️ End-to-end Encryption ဆိုတာက ဘာလဲ? End-to-end Encryption က လွယ်လွယ် ပြောရရင် သင် message တစ်ခုကို ပို့လိုက်တဲ့ အခါမှာ ပေးပို့သူနဲ့ လက်ခံသူကလွဲပြီး တခြားဘယ်သူမှ (အသုံးပြုတဲ့ application server ကတောင်မှ) 🚫 ဝင်ဖတ်လို့ မရအောင် ပြုလုပ်ပေးထားတဲ့

End-to-End Encryption အကြောင်း သိကောင်းစရာ Read More »

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုး

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုးရှိတယ်ဆိုပေမယ့် အဖြစ်များတဲ့ တိုက်ခိုက်မှုတွေကို လေ့လာကြည့်ရအောင် ဆိုင်ဘာတိုက်ခိုက်မှုပုံစံတွေကို ပြောပြပေးထားတဲ့ ဗီဒီယိုလေးကို ကြည့်ကြည့်ရအောင်

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုး Read More »

Email Phishing အကြောင်း သိကောင်းစရာ

Email Phishing ဆိုတာကတော့ အရေးကြီးအချက်အလက်တွေကို လိမ်လည်ရယူတဲ့အခါမှာ လူသိများထင်ရှားတဲ့ Website သို့မဟုတ် မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အဖြစ် ဟန်ဆောင်ကာ Email ပေးပို့ခြင်းဖြစ်ပါတယ်။ များသောအားဖြင့် Email Phishing ဟာ မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်ကာ ရောက်လာတတ်ပါတယ်။ [ဥပမာ(၁) မိမိ၏ ကုမ္ပဏီမှ အထက်အရာရှိအဖြစ် ဟန်ဆောင်ကာ ဘဏ်အကောင့်တစ်ခုထံသို့ အရေးတကြီး ငွေလွှဲခိုင်းခြင်းများ အဖြစ်များပါတယ်။] ဒါဆိုရင် ဘာတွေ သတိပြု စစ်ဆေးရမလဲ ထိုအခါမှာ ပေးပို့လာသော Email လိပ်စာသည် မိမိအထက်အရာရှိ၏ အီးမေးလ် အစစ်အမှန်ဖြစ်ကြောင်း ဦးစွာ အတည်ပြုရပါမယ်။ ထို့နောက် အီးမေးလ် တွင်ပါသော အကြောင်းအရာတို့ကို ဆီလျော်မှုရှိမရှိ စစ်ဆေးရပါမယ်။ [ဥပမာ (၂) တစ်ခါတစ်ရံတွင် လူသိများသော စီးပွားရေးလုပ်ငန်းများအဖြစ်

Email Phishing အကြောင်း သိကောင်းစရာ Read More »

Social Media Phishing

Social Media Phishing ဆိုတာဟာ လူသုံးများတဲ့ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတွေကနေတစ်ဆင့် လင့်ခ်များ(Link) ပေးပို့ပြီး အချက်အလက်များ တောင်းခံကာ လိမ်လည်ခြင်း ဖြစ်ပါတယ်။ Social Media Phishing ဖြစ်ရပ်တွေဟာ နေ့စဉ်နဲ့အမျှ ကြောက်စရာ ကောင်းလောက်အောင် များပြားလာလျက်ရှိပြီး 2018 ခုနှစ်မှ 2019 ခုနှစ်အတွင်း 40% အထိမြင့်တက်လာခဲ့ပါတယ်။ ဒီလို လူသုံးများတဲ့ Social Media မှတစ်ဆင့် တိုက်ခိုက်မှုတွေဟာ 66% လောက်အထိ အောင်မြင်မှုရှိကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အသုံးများတဲ့ Facebook ဖေ့စ်ဘုတ် မှတစ်ဆင့် အများဆုံးတိုက်ခိုက်ခံရလေ့ရှိပါတယ်။ ဥပမာ အားဖြင့် – မိမိအကောင့်ထဲမှ သူငယ်ချင်းတစ်ဦးဦးက မက်ဆင်ဂျာမှ တစ်ဆင့် ကုမ္ပဏီတစ်ခုမှ နှစ်ပတ်လည် ကံစမ်းပွဲဟုဆိုကာ ကံစမ်းရန် ပေးပို့လာသော လင့်ခ်ထဲသို့

Social Media Phishing Read More »

Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ။

⚠️ဆိုရှယ် မီဒီယာကို နေ့စဉ်နှင့်အမျှ ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုနေကြတဲ့ ခေတ်ကြီးမှာ သတင်းအချက်အလက် ခိုးယူခံရမှုတွေ၊ လိမ်လည်လှည့်ဖျား၍ ငွေညှစ်ခံရမှုတွေဟာ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ စစ်တမ်းများအရ လုပ်ငန်းခွင် (၈) ခုမှာ အနည်းဆုံး (၁) ခုဟာ အင်တာနက်ပေါ်ကတစ်ဆင့် ယခုလို တိုက်ခိုက်တာမျိုး ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။⚠️ ယခုလို အင်တာနက်ကတစ်ဆင့် တိုက်ခိုက်ခံရတဲ့  Phishing ဆိုတာဘာလဲ 🔴 Phishing ဆိုတာဟာ သူ့ရဲ့အသံထွက်အတိုင်း Fishing (ငါးမျှားခြင်း)🎣 နဲ့ အသွင်တူပါတယ်။  🔴 ပထမဦးစွာ ငါးစာအဖြစ်နဲ့ မိမိရဲ့အသိမိတ်ဆွေ၊ မိမိရဲ့လုပ်ငန်းရှင်၊ နာမည်ကြီးစီးပွါးရေးလုပ်ငန်း တို့ရဲ့ Website များအဖြစ် ဟန်ဆောင်ကာ အီးမေးလ် (Email) ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ လင့်ခ် (link) များ

Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ။ Read More »