MYEO-01

If Statement

The lesson materials to learn during Week 4👇👇 Please ask Week 4 Assignment in tutorial call.Submit your assignment to this email address–> myanmar@ucd.ie , faci@mymyeo.com. The Old Lesson Arithmetic Expressions The Exercise for Week 4 and th answer Please ask Week 4 Assignment in tutorial call.Submit your assignment to this email address–> myanmar@ucd.ie , faci@mymyeo.com.

If Statement Read More »

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem )

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem ) ဆိုတာဘာလဲ။ မိမိကိုယ်ကိုတန်ဖိုးထား​လေးစားခြင်း ( Self-esteem ) ဆိုသည်မှာ မိမိ၏အ​တွေးအ​ခေါ်၊ ပြုမူ​ပြောဆိုပုံ၊ ပုံပန်းသွင်ပြင်၊ အားသာချက်၊အားနည်းချက်၊ ရည်မှန်းချက်များအပြင် မိမိ၏ယုံကြည်ချက်များကိုပါ တန်ဖိုးထား​လေးစားတတ်ခြင်းကို ဆိုလိုပါသည်။ Self-esteem နှင့် Self-confidence ကွာခြားပုံ ဤ (၂) ခုသည် တခါတရံ တထပ်ထဲကျနိုင်သော်လည်း အမြဲတော့မတူညီနိုင်ပါ။ ( ဥပမာ_ အားကစားထူးချွန်​သော လူတယောက်သည် မိမိကိုယ်ကို ပြိုင်ဘက်အား အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်​ (Confidence) ရှိသော်လည်း အမှန်တကယ်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့လျှင် မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှုနည်း​​သော​ (Low self-esteem)​ကြောင့် အရှိအတိုင်းကို လက်မခံနိုင်ဖြစ်တတ်ပါသည်။ အားမလိုအားမရဖြစ်တတ်ပါသည်။ စိတ်ဓါတ်ကျတတ်ပါသည်။) ဤသည်မှာ ကိုယ့်ကိုယ်ကိုယုံကြည်ချက် (Confidence) ရှိ​သော်လည်း အရှုံးနှင့်ကြုံ​တွေ့ခဲ့​သော် Low self-esteem ​ကြောင့်ကိုယ့်ကိုကိုယ်

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem ) Read More »

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness)

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) ဆိုတာဘာလဲ။ မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) ဆိုသည်မှာ မိမိ၏ပြုမူ​ပြောဆိုပုံ၊ မိမိ၏​စဥ်းစားတွေး​ခေါ်ပုံ၊ မိမိ၏စိတ်ခံစားချက်၊ မိမိ၏ ယုံကြည်ချက်များ၊ မိမိ၏ အားသာချက်၊အားနည်းချက်များ စသည်တို့ကို မိမိကိုယ်တိုင် ထဲထဲဝင်ဝင်၊​လေး​လေးနက်နက်ဖြင့် သတိထား​လေ့လာ၊ဆန်းစစ်မိခြင်းကို ဆိုလိုပါသည်​။ မိမိကိုယ်ကိုနားလည်လက်ခံခြင်းကို ဆိုလိုပါသည်။ Self awareness ရှိဖို့ဘာ​ကြောင့်လိုအပ်တာလဲ။ “Eurich Group” ဆိုသည့်သု​တေသနအဖွဲ့အစည်း၏ ​လေ့လာ​တွေ့ရှိချက်များအရ Self awareness ရှိ​သောသူတို့သည် ဘဝမှာ အခြားသူတို့ထက်​ ပို၍ ​ပျော်ရွှင်နိုင်​ကြောင်း၊ ပို​ကောင်းမွန်​သော ​ပေါင်းသင်းဆက်ဆံ​ရေးကို ရရှိနိုင်​ကြောင်း ​ဆိုထားပါသည်။ ထို့အပြင် လုပ်ငန်းခွင်ဆိုင်ရာ၊ ဦး​ဆောင်ဦးရွက်မှု ပြုသည့်အခါမှာလည်း အခြား Self awarenessမရှိ​သောသူများထက် လုပ်ကိုင်နိုင်စွမ်းပို၍ တိုးမြင့်​နိုင်ကြောင်း ဆိုထားပါသည်။ ၂၀၁၈

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) Read More »

Grounding 5,4,3,2,1

လူအများစုသည် တစ်ခါတစ်ရံ အခက်အခဲ၊သောက ကြုံရပြီဆိုရင် စိတ်ကို မထိန်းမသိမ်းနိုင်ဖြစ်တတ်ပါတယ်။ ထိုအခိုက်အတန့်များမှာ Grouding Exercise ကို တူတူလုပ်ပေးခြင်းက စိတ်တည်ငြိမ်မှုရ​စေရန်အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြု​ပေးနိုင်ပါတယ်။​ ​အောက်​ဖော်ပြပါ အဆင့်များက​တော့ Grounding 5,4,3,2,1 ပြုလုပ်ရန် အဆင့်များဖြစ်ပါတယ်။ ဒီလို Grounding Exercises ​တွေကို ပြုလုပ်​ပေးခြင်းအားဖြင့် တစ်ဖက်လူရဲ့ စိတ်ကို အနည်းငယ်တည်ငြိမ်စေပြီး စကားပြောဆိုတဲ့အခါမှာလည်း ပိုမို လွယ်ကူစေနိုင်ပါတယ်။  အဓိက က​တော့ Grounding Exercises ကို ပြုလုပ်လိုက်တဲ့အတွက် သူဘယ်​နေရာမှာ​ရောက်​နေတယ်၊ သူအခု​ရောက်​နေတဲ့​နေရာဟာ လုံခြုံမှုရှိတယ်၊ သူခံစား​နေရတဲ့ အခက်အခဲ​တွေ၊ စိတ်​သောက​တွေဟာ အများအားဖြင့် အတိတ်မှာ (သို့မဟုတ်) အနာဂတ်ကို လှမ်းပြီး ပူပန်​နေတာ ဖြစ်နိုင်တဲ့ အတွက်​ကြောင့်မို့လို့ အခုလက်ရှိမှာ သူ​ရောက်​နေတဲ့​နေရာကို ပြန်သတိရ​စေပြီး စိတ်ခံစားချက်ကို

Grounding 5,4,3,2,1 Read More »

Emotional Safe Place (ကိုယ့်အတွက် လုံခြုံတဲ့​နေရာတစ်ခုကို ရှာ​ဖွေခြင်း)

ကိုယ့်အတွက် လုံခြုံတဲ့​နေရာတစ်ခု (Emotional Safe Place) ကို ရှာ​ဖွေရန်နည်းလမ်းအဆင့်များ (ဖြည်းဖြည်းချင်းသွားကြည့်ပါ။ ​လောစရာမလိုပါဘူး။ တကယ်လို့ အဲ့​နေရာကို ​ရောက်ပြီဆိုရင် ဘယ်လို​နေရာမျိုးလဲလို့ ပုံ​ဖော်ကြည့်ရ​အောင်။) (စိမ်းစို​​နေတဲ့ သစ်ပင်​တွေလား။ အပြာ​ရောင်တန်း​နေတဲ့ ​တောင်တန်း​တွေလား။ ပင်လယ်ပြာပြာလား။ သဲ​သောင်ပြင်​ပေါ်မှာလား။ မြက်ပြင်စိမ်းစိမ်း​တွေကြားထဲမှာလား။ ​​နောက်ထပ်​ကော ဘာ​တွေမြင်ရသလဲ။ ခု​ရောက်​​နေတဲ့ ​နေရာမှာ ဘာအ​ရောင်​တွေ လွမ်းမိုး​နေသလဲ။ အဝါ​ရောင်လား၊ အစိမ်း​ရောင်လား၊ အပြာ​ရောင်လား။) (ရေစီးသံ​လေး တသွင်သွင် ကြား​နေရလား။ ​လေတိုးလို့ သစ်ရွက်က​လေး​တွေ လှုပ်​နေတဲ့အသံလား။ ဘာအသံမှ မကြားရလို့ တိတ်ဆိတ်ငြိမ်သက်​​နေတာလဲ ဖြစ်နိုင်ပါတယ်။ ကြားရတဲ့အသံ​လေးကို မှတ်ထားလိုက်ပါ။  (ကိုယ့်ကိုယ်ပိုင် စိတ်ကူးထဲက ဘယ်လို​နေရာမျိုးမဆို ​ပေးနိုင်ပါတယ်။) ဒီကိုယ့်ရဲ့ ကိုယ်ပိုင်လုံခြုံတဲ့​နေရာ​လေးကို ကိုယ့်စိတ်ထဲ စိတ်ဖိစီးမှု​တွေ ခံစားရတဲ့အခါ၊ စိတ်ခံစားချက်​တွေ ပြင်းထန်လာတဲ့ အခါမျိုးမှာ ဒီ​နေရာ​သွားလိုက်လို့

Emotional Safe Place (ကိုယ့်အတွက် လုံခြုံတဲ့​နေရာတစ်ခုကို ရှာ​ဖွေခြင်း) Read More »

Positive Self-talk with Butterfly Hug

အပြုသ​ဘော​ဆောင်တဲ့ စကား​လေး​တွေဟာ အခက်အခဲကြုံ​နေရတဲ့အချိန် ကိုယ့်ကိုယ်ကို အား​ပေးတဲ့အ​နေနဲ့ ​ပြော​ပေးနိုင်ပါတယ်။ တခြားသူက အား​ပေးစကား​ပြောသလိုမျိုး ကျွန်​တော်တို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ပြန်​ပြောပြီး အားတက်လာ​အောင် နှစ်သိမ့်​ပေးနိုင်ပါတယ်။ အဲလို​ပြောတဲ့အခါမှာ အ​ခြေအ​နေနဲ့ ကိုက်ညီတဲ့ စကားအမျိုးမျိုးကို သုံး​ပေးနိုင်ပါတယ်။  ဥပမာ – “ဒီအ​ခြေအ​နေကြီးကို ရင်ဆိုင်​ကျော်ဖြတ်နိုင်မှာပါ။”             “ဒီကိစ္စကြီးဟာ အမြဲတမ်းရှိ​နေမှာ မဟုတ်ဘူး။ မကြာခင် ပြီးဆုံးသွားမှာပါ။”            “ငါအရင်ကလည်း ရှင်သန်ခဲ့တယ်။ အခုလည်းရှင်သန်​နေတယ်။ ​နောက်လည်းရှင်သန်မှာပါ။” ဒီစကားလုံး​တွေ သုံးနှုန်း​ရေရွတ်ပြီး စိတ်တည်ငြိမ်​အောင် ပြုလုပ်နိုင်သလို​ Butterfly Hug လုပ်နည်းနဲ့ တွဲပြီးလည်းလုပ်လို့ရပါတယ်။ ​အောက်​ဖော်ပြပါနည်းလမ်းများက​တော့ Butterfly Hugလုပ်တဲ့ နည်းလမ်းများဖြစ်ပါတယ်။ (အမှန်​တော့ ရင်ဘတ်ကိုလက်နဲ့ ပုတ်တဲ့သ​ဘောပါဘဲ။ လိပ်ပြာ​လေးပုံစံ​လေးဖြစ်​နေလို့ တင်စားပြီး လိပ်ပြာ​တောင်ပံခတ်တယ်လို့ ​ပြောတာဖြစ်တယ်။) ဒီနည်းလမ်း​လေးကိုလည်း စိတ်ဖိစီးမှု​တွေ များ​နေတဲ့အချိန်၊ အထူးသဖြင့်​တော့ ရင်ဆိုင်ရခက်ခဲတဲ့

Positive Self-talk with Butterfly Hug Read More »

Breathing Exercise ( အသက်ရှူ​လေ့ကျင့်ခန်း )

အသက်ရှု​လေ့ကျင့်ခန်းဟာ Relaxation techquie ​တွေထဲမှာ အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး ဖြစ်ပါတယ်။ ဒီ​လေ့ကျင့်ခန်းကို စိတ်ဖိစီးမှု​တွေများ​နေတဲ့ အချိန်၊ စိုးရိမ်ပူပန်မှု​တွေများ​နေတဲ့ အချိန် (သို့မဟုတ်) စိတ်ခံစားချက်​တွေ ပြင်းထန်​နေတဲ့ အချိန်တွေမှာ အကူအ​နေနဲ့ အသုံးပြုနိုင်ပါတယ်။  အသက်ရှူ​လေ့ကျင့်ခန်း ပြုလုပ်ရန်အဆင့်များ (ရှူသွင်းမယ်၊ ခဏ​အောင့်ထားမယ်၊ ပြန်ရှူထုတ်တဲ့အခါမှာ “ဟား” ဆိုပြီး ပါးစပ်ကို ဟ၍ ပြန်ရှူထုတ်လိုက်ပါမယ်။) အသက်ရှူ​လေ့ကျင့်ခန်း ပြုလုပ်ရန်အဆင့်တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။

Breathing Exercise ( အသက်ရှူ​လေ့ကျင့်ခန်း ) Read More »