MYEO-01

စေ့စပ်ညှိနှိုင်းခြင်း၏ အင်္ဂါရပ် (၇) ချက်နှင့် တန်ဖိုးပုံဖော်မှုစက်ဝန်း💡

ကျွန်တော်တို့ ဘယ်သူမှ Perfect ဖြစ်တယ်ရယ်လို့ မရှိပေမယ့် လေ့လာသင်ယူလိုက်တဲ့အခါ တိုးတက်လာတာမျိုးကိုတော့ အားလုံးကြုံဖူးကြမယ်လို့ ယုံကြည်ပါတယ်။ စေ့စပ်ညှိနှိုင်းခြင်းမှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေ၊ လေ့လာမှုတွေကနေ ကျွန်တော်တို့ရဲ့စေ့စပ်ညှိနှိုင်းမှုစွမ်းရည်ကိုတိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။ ဒီနေ့တော့ ကျွန်တော်က စေ့စပ်ညှိနှိုင်းမှုစွမ်းရည် တိုးတက်လာဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့ စေ့စပ်ညှိနှိုင်းခြင်း အင်္ဂါရပ်(၇)ချက်အကြောင်းကို‌ မျှဝေပေးချင်ပါတယ်။ စေ့စပ်ညှိနှိုင်းခြင်းရဲ့ အင်္ဂါရပ်(၇)ချက်ကဘာတွေလဲ❓ (၁) စိတ်ဝင်စားမှု (၂) အရံရွေးချယ်စရာ (၃) ရွေးချယ်စရာ (၄) တရားမျှတသောစံနှုန်း (၅) ကတိပေးလုပ်ဆောင်မှု (၆) ဆက်ဆံရေး နှင့် (၇) ဆက်သွယ်ရေးတို့ပဲဖြစ်ပါတယ်။ ဒီစေ့စပ်ညှိနှိုင်းခြင်းအင်္ဂါရပ်(၇)ချက်ကို တန်ဖိုးပုံဖော်မှုစက်ဝန်းမှာ အပိုင်း(၃)ပိုင်းအနေနဲ့ လက်တွေ့အသုံးချနိုင်ပါတယ်။ 1️⃣ အလုပ်အတူလုပ်ရန်ဖြစ်စဉ်ဖန်တီးခြင်း စေ့စပ်ညှိနှိုင်းခြင်းမှာ မိမိကိုယ်တိုင်နှင့်တစ်ဖက် ညှိနှိုင်းဖက်တို့ ပါဝင်လာပြီဖြစ်လို့‌ ‌ရှေ့ဆက်အလုပ်အတူလုပ်ရန်မှာ ဆက်ဆံရေးနှင့် ဆက်သွယ်ရေးကောင်းမွန်နေဖို့လိုအပ်ပါတယ်။ […]

စေ့စပ်ညှိနှိုင်းခြင်း၏ အင်္ဂါရပ် (၇) ချက်နှင့် တန်ဖိုးပုံဖော်မှုစက်ဝန်း💡 Read More »

စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်း😇

“အသက်တစ်ရာမနေရ အမှုတစ်ရာ‌ တွေ့ရ” ဆိုတဲ့စကားပုံအတိုင်း ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာ ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ မိသားစုနဲ့ဖြစ်‌စေ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ဖြစ်‌​စေ လုပ်ဖော်ကိုင်ဖက်များနဲ့ဖြစ်စေ စတဲ့ ပြဿနာငယ်တွေအပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးများအထိပါ ပါဝင်လာသော ပဋိပက္ခများကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။  ဘယ်လိုပဲ ကျွန်‌တော်တို့လိုချင်တဲ့အရာတွေ ကွဲပြားနေပါစေ ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိရင် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းကို အသုံးပြုပြီး ဒီပြဿနာ‌တွေကိုဖြေရှင်းနိုင်ပါတယ်​။ စေ့စပ်ညှိနှိုင်းခြင်းဆိုတာဘာလဲ❓ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ပြဿနာကိုဖြေရှင်းဖို့တစ်ဦးနဲ့တစ်ဦး အတူတကွအဖြေရှာပြီးအချင်းချင်းညှိနှိုင်း လုပ်‌‌ဆောင်တာ၊ အပြန်အလှန်ဆွေးနွေးပြီး နှစ်ဖက်လုံးက ကိုယ်လိုချင်တဲ့အရာတွေရရှိအောင်ပြုလုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်​။ စေ့စပ်ညှိနှိုင်းတယ်လို့ဆိုရာမှာ ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းတာနဲ့ စိတ်ဝင်စားမှု အခြေပြုစေ့စပ်ညှိနှိုင်းတာဆိုပြီးလည်း ရှိပါသေးတယ်။ 📝 ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်းမှာ မိမိတို့ရဲ့တောင်းဆိုချက်တွေကို ဦးစားပေးဖော်ပြပြီး ညှိနှိုင်းတာပဲဖြစ်ပါတယ်။ ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းတဲ့အခါမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့လိုအပ်ချက်ကိုပဲကြည့်ပြီးညှိနှိုင်းတာဖြစ်တဲ့အတွက် တစ်ခါတလေမှာ အဆင်မပြေတာတွေ၊ ပြဿနာတွေကို ပိုကြီးသွားစေနိုင်တာမျိုးတွေလည်း

စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်း😇 Read More »

စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ🤗

ကျွန်တော်တို့ဟာ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတိုင်း အကောင်းဆုံးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ကြိုးစားကြပါတယ်။ ပဋိပက္ခဖြေရှင်းနည်းများထဲကမှ စေ့စပ်ညှိနှိုင်းမှုနည်းနဲ့ ‌ဖြေရှင်းရာမှာတော့ နှစ်ဦးနှစ်ဖက်ပိုမိုကောင်းမွန်တဲ့ ရလဒ်ရအောင် ဖြေရှင်းနိုင်ဖို့အတွက် အချို့ယူဆချက်တွေရှိပါတယ်။✨ 1️⃣ စေ့စပ်ညှိနှိုင်းမှုမလုပ်ခင်ကြိုတင်ပြင်ဆင်မှုလေးတွေရှိသင့်ပါတယ်။ ကိုယ်ညှိနှိုင်းမယ့်သူရဲ့ characterတွေ၊ စိတ်နေသဘောထား၊ လက်ရှိအခြေနေတွေကို လေ့လာထားခြင်းအားဖြင့် စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်ရောက်ချိန် မိမိ emotionတွေကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်သလို တစ်ဖက်သားရဲ့စိတ်၀င်စားမှုတွေကို နားလည်ဖို့လွယ်ကူနိုင်မှာဖြစ်ပါတယ်​။  2️⃣ ညှိနှိုင်းဖက်ရဲ့နေရာ ၀င်ခံစားပြီး နားထောင်ပေးခြင်းအားဖြင့် သူ့လိုအပ်ချက်၊ စိုးရိမ်ပူပန်မှုတွေကို ထပ်တူထပ်မျှခံစားရကြောင်းပြသင့်ပါတယ်နော်​။  3️⃣ နောက်ဆုံးအချက်အနေနဲ့ ကိုယ့်လုံခြုံမှု၊ တန်ဖိုးထားမှုတွေနဲ့ဆန့်ကျင်နေတဲ့ သဘောတူညီမှုမျိုး ဖြစ်နေရင်တော့ စေ့စပ်ညှိနှိုင်းရေးကနေဆုတ်ခွာထွက်သွားသင့်ပါတယ်​။  အပေါ်မှာပြောပြသွားတဲ့ အကြောင်းအရာတွေကတော့ စေ့စပ်ညှိနှိုင်းရေးတစ်ခု‌ကောင်းမွန်အောင် ဘယ်လို လုပ်သင့်လဲဆိုတဲ့ ယူဆချက်တွေပဲဖြစ်ပါတယ်​။  ဆက်ပြီးတော့ စေ့စပ်ညှိနှိုင်းရေး ဖြစ်စဉ် အဆင့်(၄)ဆင့်ကို ဆက်ပြီး ရှင်းပြချင်ပါတယ်။ စေ့စပ်ညှိနှိုင်းရေး ဖြစ်စဥ်အဆင့်

စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ🤗 Read More »

စိတ်ဝင်စားမှုအကြောင်း

စိတ်ဝင်စားမှု(လိုအပ်ချက်) ဆိုတာ သူတို့တောင်းဆိုနေတဲ့ မြေကိုပြန်ရချင်တယ်၊ အကြွေးကို တပတ်အတွင်း ပြန်ရချင်တယ်ဆိုတဲ့ နောက်ကွယ်က သူတို့ စိုးရိမ်နေတဲ့ အရာတွေ၊ ကြောက်နေတဲ့ အရာတွေ၊ မျော်လင့်နေတဲ့ အရာတွေ၊ လိုအပ်နေတဲ့ အရာတွေကိုခေါ်တယ်။အရင်ဆုံး ရပ်တည်ချက် နဲ့ စိတ်ဝင်စားမှု ကို ခွဲခြားဖို့လိုတယ်။ ရပ်တည်ချက်ဆိုတာ သူတို့တောင်းနေတဲ့အရာတွေ(“ဒီမြေကိုပြန်ရချင်တယ်၊အကြွေးကို တပတ်အတွင်း ပြန်လိုချင်တယ်”) ကို ခေါ်တယ်။ စိတ်ဝင်စားမှုဆိုတာ နောက်ကွယ်က အကြောင်းရင်းဖြစ်တဲ့ (“ဒီမြေကိုမှ ပြန်မရတော့ရင် ကျွန်တော်တို့ မိသားစုလေး စားဝတ်နေရေး အခတ်အခဲ ဖြစ်လာလိမ့်မယ် ခင်ဗျာ။”) ကို ခေါ်တယ်။ စိတ်ဝင်စားမှု ၃ မျိုး စိတ်ဝင်စားမှု ပုံစံ ၃ မျိုး ရှိတယ်။ ၁။ တူညီတဲ့ စိတ်ဝင်စားမှု (လုပ်ဆောင်ချက်တွေ မတူညီပေမဲ့ နောက်ဆုံး

စိတ်ဝင်စားမှုအကြောင်း Read More »

Social Exclusion နဲ့ Dehumanization🌟

Social Exclusion ဆိုတာ ဘာလဲ။ Social Exclusion ကတော့ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်တာကို ခေါ်ဆိုပါတယ်။ “သူငယ်ချင်းတို့နဲ့ ကျွန်တော်တို့ကော လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့အထဲပါသလား ဒါမှမဟုတ် သူများကို လူမှုအသိုင်းအဝိုင်းထဲ မပါဝင်လာအောင် ဖယ်ကြဉ်တဲ့အပြုအမူ‌တွေ လုပ်နေမိကြသလား စဉ်းစားကြည့်ရအောင်​။ “ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံရတယ်ဆိုတာ လူအုပ်စုတစ်စုက လူတစ်ယောက်ကို ဒါမှမဟုတ် လူတစ်စုကို သူ့ရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်/ လုပ်ပိုင်ခွင့်တွေကို ပိတ်ပင်တာမျိုး၊ သူ့ကို လူမှုအသိုင်းအဝိုင်းထဲ မပါဝင်လာအောင် ပညာရေးချို့တဲ့လို့၊ ဒုက္ခိတဖြစ်နေလို့၊ ဘာသာရေးကြောင့်၊ လူမျိုးရေးကြောင့်၊ အသားအရောင်ကြောင့်ဆိုပြီးစတဲ့ အကြောင်း‌အရင်းတွေကြောင့် ခွဲခြားဆက်ဆံတာမျိုးကို‌ခေါ်ပါတယ်။ အဲ့လိုလူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့လူတွေဟာ သူတို့ကိုယ်သူတို့မပိုင်ဘူး၊ သူတို့ဘဝကိုသူတို့ မထိန်းချုပ်နိုင်ဘူးဆိုပြီး စိတ်ဓါတ်ကျနေတတ်ပြီး လူမှုကဏ္ဍတော်တော်များများမှာ မပါဝင်နိုင်ဘဲ ဆုံးရှုံးမှုတွေ အများကြီးရှိနေတတ်ပါတယ်​။  ဥပမာ –

Social Exclusion နဲ့ Dehumanization🌟 Read More »

ခွဲခြားဆက်ဆံမှု (Discrimination) 🤔

ခွဲခြားဆက်ဆံမှုဆိုတာဘာလဲ။ ခွဲခြားဆက်ဆံမှု (DIscrimination) ဆိုတာ လူတစ်ဦးတစ်ယောက်ချင်း သို့မဟုတ် လူအုပ်စုတစ်ခုခု ကို တခြားသော လူအုပ်စုကြီးတစ်ခုမှ မမျှတသောအကြောင်းအရာတစ်ခုအပေါ် အခြေခံပြီး မျှတမှမရှိဘဲ ပြုမူဆက်ဆံခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့သည်လည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အသက်အရွယ်၊ စီးပွားရေးအခြေအနေ၊ လူမျိုးရေး (သို့မဟုတ်) ဘာသာရေးမတူညီမှု၊ လိင်ဝိသေသလက္ခဏာခံယူမှုနှင့် ကျွန်တော်တို့ရဲ့ ပြင်ပရုပ်လက္ခဏာတွေကြောင့် ခွဲခြားဆက်ဆံခံရမှုတွေကို ခံရနိုင် (ဒါမဟုတ်) မိမိကိုယ်တိုင်လည်း ပြုလုပ်မိနိုင်ပါတယ်။ ခွဲခြားဆက်ဆံခြင်း (Discrimination) တွေကကော ဘယ်လိုမျိုးကိုဆိုလိုတာလဲ။ ယေဘုယျအားဖြင့် ခွဲခြားဆက်ဆံခြင်းကို ကျွန်တော်တို့အနေနဲ့ (၇) မျိုး ခွဲခြမ်းစိတ်ဖြာကြည့်လို့ရပါတယ်။ Racial Discrimination (Racism) – အသားအရောင်နှင့်လူမျိုးရေးအပေါ်အခြေခံပြီးခွဲခြားဆက်ဆံမှု ကျွန်တော်တို့ ကမ္ဘာကြီးမှာ နေရာဒေသအလိုက် အသားအရောင်နှင့်လူမျိုးမတူကွဲပြားမှု များစွာရှိပါတယ်။ အသားဖြူတဲ့သူ၊ အသားမဲတဲ့သူ နှင့် တခြားသောမတူညီတဲ့ လူမျိုးရေးယဥ်ကျေးမှုအမျိုးအစားများစွာရှိပါတယ်။

ခွဲခြားဆက်ဆံမှု (Discrimination) 🤔 Read More »

မတူကွဲပြားမှု (Diversity) 🎭

Diversity (မတူကွဲပြားမှု) ဆိုတာ ဘာလဲ။ မတူကွဲပြားမှုကို ကွဲပြားစုံလင်မှုလို့လည်း တစ်မျိုးခေါ်ယူ မှတ်ယူလို့ရပါတယ်။ မတူကွဲပြားမှုလို့ ပြောလိုက်တာနဲ့  ကျွန်တော်တို့ဟာ အပြုသဘောဆောင်တဲ့ အတွေးထက် အပျက်သဘောဆောင်တဲ့ အတွေးများတတ်ကြပါတယ်။ ဥပမာအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သဘောထား၊ အမြင်၊  ခံယူချက်တွေ မတူညီခြင်း ဟာ အနုတ်လက္ခဏာဆောင်တဲ့ ပဋိပက္ခတွေ‌ဆီ ဦးတည်နိုင်တယ်လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အမြင်မတူမှုတွေဟာ တီထွင်ကြံဆမှု အကြံဉာဏ်သစ်တွေ ထွက်လာဖို့ အကောင်းဆုံး လက်နက်ဆိုတာကို မေ့နေတတ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ လူမျိုး၊ ဘာသာ၊  နိုင်ငံသားဖြစ်တည်မှု၊ အသက်အရွယ်၊ လိင်စိတ်ခံယူမှု ဆိုတဲ့ ကြီးပြင်းလာမှုပုံစံတွေ ကွဲပြားတာနဲ့အမျှ အတွေးအမြင် အယူအဆ ခံယူချက်တွေမတူတာဟာ သဘာ၀ဖြစ်သလို ဒါတွေကို လက်ခံနိုင်ပြီး လှပတဲ့အရာတစ်ခုကို မြင်နိုင်ဖို့အရေးကြီးပါတယ်။ ဥပမာအနေနဲ့ ပန်းမျိုးစုံပွင့်နေတဲ့ ပန်းခြံနဲ့ ပန်းတစ်မျိုးတည်းပွင့်နေတဲ့

မတူကွဲပြားမှု (Diversity) 🎭 Read More »

လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေတဲ့ အရာများ🤔

တရားသေအစွဲ/ တရားသေ သတ်မှတ်ထားခြင်း (Stereotype) လူတစ်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်ခုနဲ့ပတ်သက်လို့ တရားသေ စွဲမှတ်ထားတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ Stereotypeလို့ ပြောလိုက်တာနဲ့ အနုတ်သဘောဆောင်တဲ့ အစွဲတွေချည်း ရှိတာတော့မဟုတ်ပါဘူး။ ဥပမာ မြန်မာလူမျိုးတွေက ဖော်ရွေတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် များသောအားဖြင့် အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေက လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။ ယောက်ျားလေးဖြစ်လို့ မျက်ရည်မကျရဘူးတို့၊ မိန်းကလေးဆိုတာ ဆံပင်ရှည်လေးနဲ့မှ ကျက်သရေရှိတာတို့ဆိုတာတွေက အချိန်တိုင်းတော့ မှန်မနေဘူးမဟုတ်လား​။  မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချခြင်း (Prejudice) မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချတယ်ဆိုတာ များသောအားဖြင့် မကောင်းတဲ့အတွေးအမြင်တွေ၊ အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေနဲ့ လူတစ်ယောက်အပေါ်မှာ ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ လုံလောက်တဲ့ ဗဟုသုတမရှိဘဲ ကြိုတင်ဆုံးဖြတ်သတ်မှတ်လိုက်တာမျိုးပါ။ဥပမာ – ယောက်ျားနဲ့မိန်းမအချစ်ကမှ သဘာဝဖြစ်ပြီး လိင်တူကြိုက်နှစ်သက်တာဟာ သဘာဝကို ဆန့်ကျင်နေတယ်ဆိုတဲ့ အယူအဆမျိုးပေါ့ ​။ လူမှုအသိုင်းအဝိုင်းမှ

လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေတဲ့ အရာများ🤔 Read More »

လူမှုသဟဇာတ ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ🎨

အရှေ့မှာ လူမှုသဟဇာတဖြစ်မှုအကြောင်း လေ့လာပြီးသွားကြပြီဆိုတော့ ဒီတစ်ခါလေ့လာရမှာက “လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ” ပဲဖြစ်ပါတယ်​။ ဒီခေါင်းစဉ်ကိုမလေ့လာခင် “လူမှုသဟဇာတဖြစ်ခြင်းဆိုတာဘာလဲ” ကို အရင်ပြန်နွှေးလိုက်ရအောင်ပါ ​။ လူမှုသဟဇာတဖြစ်ခြင်းဆိုတာကတော့ လူတစ်ဦးနဲ့တစ်ဦး ဒါမှမဟုတ် လူမှုအဖွဲ့အစည်းအချင်းချင်းကြား သဟဇာတဖြစ်တာ၊ အေးအတူပူအမျှရှိနေတာကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် တစ်နေရာထဲမှာ နေထိုင်ကြတဲ့လူတွေကို အတူတကွတစ်သားထဲဖြစ်အောင် ပေါင်းစည်းပေးတဲ့ ကော်လို့လည်းပြောကြပါတယ်။ အဲ့ဒီကော်ထဲမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေကို “လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများ”လို့ ခေါ်ကြတာပေါ့။ ကဲ ဒါဆို “လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများ”ထဲမှာ ဘာတွေပါသလဲ ကြည့်လိုက်ရအောင်။  လူမှုသဟဇာတဖြစ်ဖို့အတွက်ဆို သဟဇာတဖြစ်ဖို့ အရေးကြီးတဲ့အချက်တွေကို သိထားဖို့လိုပါတယ်။ သဟဇာတဖြစ်ဖို့အတွက်ဆို အချက်(၄)ချက်ရှိပါတယ်။ လူမှုသဟဇာတဖြစ်ခြင်း၏အစိတ်အပိုင်းများ လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများထဲမှာ ပါတဲ့အစိတ်အပိုင်း လေးခုကို သေချာ လေ့လာခဲ့ပြီးသွားပြီဆိုတော့ လူမှုသဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးရာမှာ မိမိကိုယ်တိုင်ကစပြီး ဘာတွေဘယ်လိုပြင်ဆင်ဖို့လိုတယ်ဆိုတာ ‌ကောင်းကောင်းမြင်တတ်သွားပြီလို့ယုံကြည်ပါတယ်။

လူမှုသဟဇာတ ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ🎨 Read More »

လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စု 🫂

လူမှုအုပ်စု (Social Group) နဲ့ လူမှုအသိုင်းအဝိုင်း (Society) ဆိုတဲ့ နှစ်ခုက ဘာတွေ ကွာခြားလဲဆိုတာ တွေးကြည့်ဖူးပါသလား? လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စုဆိုတာ ဘာလဲ။ လူမှုအုပ်စု (Social Group) ဆင်တူတဲ့ ဝိသေသလက္ခဏာ (Characteristics) တွေကို မျှဝေပြီး စည်းလုံးမှု ရှိတယ်ဆိုတဲ့ ခံစားမှုမျိုးနဲ့ အပြန်အလှန်ဆက်နွယ်နေတဲ့ လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက် ပိုတဲ့ လူတွေကို လူမှုအုပ်စုဆိုပြီး ခေါ်ပါတယ်။  ဒါဆိုရင် Social Group လို့ ခေါ်တဲ့ လူမှုအုပ်စုတွေက ဘယ်လို ဝိသေသလက္ခဏာတွေကို မျှဝေတတ်ကြလဲ​။ များသောအားဖြင့် –  ဒီလို လူမှုအုပ်စု (Social Group) တွေမှာလည်း အမျိုးအစား (၂) မျိုး ရှိပါတယ်။  နောက်ထပ် အမျိုးအစား

လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စု 🫂 Read More »