Career Mapping
ယနေ့ခေတ်မှာ လုပ်ငန်းတစ်ခုကို စတင်ဖို့ ကြိုးစားနေတဲ့လူတွေရှိသလို၊ လုပ်ကိုင်နေပြီးသား လုပ်ငန်းကို ပိုမို တိုးတက်စေချင်တာ ဒါမှမဟုတ် လုပ်ငန်းတစ်ခုကနေ နောက်ထပ်လုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ် ကိုင်ချင်သူ တွေ၊ လုပ်ငန်းတစ်ခုထက်ပိုပြီး လုပ်ကိုင်နေသူတွေဆိုပြီး အမျိုးမျိုးရှိကြပါတယ်။ ယနေ့ခေတ်လုပ်ငန်းခွင်တွေမှာ အလုပ်သမားအင်အားကလည်း တကယ်ကို ကျယ်ပြန့်ပြီး ပုံစံမျိုးစုံနဲ့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းခွင်မှာ မတူညီတဲ့အတွေ့အကြုံ၊ မတူညီတဲ့ ကျွမ်းကျင်မှု၊ မတူညီတဲ့ ဝါသနာနဲ့ မတူညီတဲ့ လုပ်ငန်းရာထူး တွေနဲ့ လုပ်ကိုင်နေကြတဲ့သူတွေ အများအပြားရှိကြလို့ပဲဖြစ်ပါတယ်။ ဘယ်ရာထူးနဲ့ ဘယ်ကျွမ်းကျင်မှုမှာပဲ လုပ်ကိုင် နေတဲ့သူဖြစ်ပါစေ မိမိတို့ရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုတွေပိုတိုးလာဖို့၊ အတွေ့အကြုံတွေ ပိုရလာဖို့နဲ့ ရာထူးနေရာတွေ ပိုမိုကောင်းမွန်လာဖို့ကလည်း အရေးကြီးတဲ့အချက်တွေ ထဲမှာပါဝင်ပါတယ်။ ထို့နည်းတူပဲ ကုမ္ပဏီပိုင်ရှင်တွေ၊ အဖွဲ့အစည်းတည်ထောင်သူတွေအနေနဲ့လည်း မိမိကုမ္ပဏီ၊ အဖွဲ့အစည်းတွေမှာ ဝန်ထမ်း တွေရဲ့ အရည်အသွေး၊ […]