စေ့စပ်ညှိနှိုင်းခြင်း စွမ်းရည် (Negotiation skill)
လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ နေထိုင်မှုပတ်ဝန်းကျင်၊ မိဘအုပ်ထိန်းသူ၊ ပညာရေး၊ အပေါင်းအသင်းစတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဖြစ်ပျက်တွေ့ကြုံရတဲ့အခါ ဖြေရှင်းဖို့နည်းလမ်းတွေလိုအပ်လာပါတယ်။ အကြောင်းအရာတစ်ခုကို ပြဿနာဖြစ်လာမှ ဖြေရှင်းတာထက် ပြဿနာမဖြစ်ခင် စေ့စပ်ညှိနှိုင်းတတ်တဲ့ အလေ့အကျင့်ရှိဖို့လိုအပ်လာပါတယ်။ စေ့စပ်ညှိနှိုင်းဖြေရှင်းတယ်ဆိုတာ အကြောင်းအရာတစ်ခု သို့မဟုတ် ပြဿနာတစ်ခုကို အပြုသဘောဆောင်တဲ့ရလဒ်မျိုးထွက်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ လူငယ်တွေကြားမှာ ဘယ်လိုစေ့စပ်ညှိနှိုင်းမှုပုံစံတွေ ကျင့်သုံးလို့ရသလဲဆိုတာ ပြောပြပါမယ်။ (၁) မိဘအုပ်ထိန်းသူနှင့် လူငယ်ကြား အကြောင်းပြချက်ခိုင်လုံအောင်ပေးပြီး လွတ်လပ်မှုကို တောင်းဆိုပါ။ (ဥပမာ – သူငယ်ချင်းတွေနဲ့ အင်္ဂလိပ် စာစကားပြောအတန်းကို သွားဖို့ အပြင်ထွက်ရန် ခွင့် တောင်းပါ။) မိမိစိတ်ခံစားချက်အခြေအနေကို သေချာစွာပြောပြ ပါ။ တိတ်ဆိတ်စွာနေခြင်းထက် ဖွင့်ဟပြောပြခြင်းက တစ်ဖက်လူကို နားလည်စေပါတယ်။ (ဥပမာ – မိဘမှ ကြမ်းတမ်းစွာဆူခြင်းကို မကြိုက်တဲ့အတွက် ကောင်း ကောင်းမွန်မွန်ရှင်းပြပြီးဆုံးမတာကို […]
စေ့စပ်ညှိနှိုင်းခြင်း စွမ်းရည် (Negotiation skill) Read More »