Cyber Security

သင့်အတွက် Hacking 101

ဒီဂျစ်တယ် ခေတ်ကြီးဖြစ်လာနဲ့အမျှ ကျနော်တို့ဟာ ဒီလို ဒီဂျစ်တယ် ခေတ်မှာ လုံခြုံစွာနဲ့ ဘယ်လိုအသက်ရှင် နေထိုင်ရမလဲဆိုတာဟာ စဉ်းစားသတိပြုစရာ အချက်ဖြစ်လာပါတယ်။ ဒီဂျစ်တယ် ခေတ်ကြီးထဲမှာ နေထိုင်နေကြတဲ့သူတွေအတွက် လုံခြုံမှုရှိဖို့ လိုအပ်တဲ့အရာတွေကတော့  ဒီလိုမျိုး ဒီဂျစ်တယ် လုံခြုံရေးကိုသတိပြုဖို့ လိုအပ်နေတာဟာ ဟတ်ကင်း (Hacking) ဆိုတဲ့ အချက်အလက်ခိုးယူ အမြတ်ထုတ်မှုတွေ ရှိလာလို့ပဲ ဖြစ်ပါတယ်။ ♦️ Hacking ဆိုတာဘာလဲ?  Hacking ဆိုတာဟာ နည်းပညာ အသိကိုအသုံးချပြီးတော့ ကွန်ပျူတာ စနစ်ကိုချိုးဖောက်ဝင်ရောက်ကာ တစ်ပါးသူရဲ့ အားနည်းချက်တွေကို အမြတ်ထုတ်ခြင်းဘဲ ဖြစ်ပါတယ်။ Hacker ဟာ စနစ် (System) ကိုပိတ်ဆို့ခြင်း၊ ဒေတာအချက်အလက် များကိုစုဆောင်းခြင်း (သို့) network တစ်ခုတည်းအတွင်းရှိအခြား devices များကို ၀င်ရောက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။  ♦️ […]

သင့်အတွက် Hacking 101 Read More »

Location access ပေးခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

တချို့သော Mobile Application တွေဟာ သင့်ရဲ့ ပထဝီဝင်တည်နေရာ (Geolocation) ကို ပွင့်လင်းမြင်သာမှု သိပ်မရှိပဲ တောင်းခံတတ်ကြပါတယ်။ အမှတ်တမဲ့ဆိုရင်တော့ Location Access ပေးတာဟာ သိပ်တော့ စိုးရိမ်စရာ မလိုဘူးလို့ ထင်ရမယ့် ကိစ္စပါပဲ။ ဒါပေမယ့် သင့်ဖုန်းမှာရော ကိုယ်ရောက်နေတဲ့ နေရာတွေကို အမြဲလိုက်လံမှတ်သားနေမယ့် Location Access ရယူထားတဲ့ Application ဘယ်နှခု ရှိလဲ သတိထားမိပါသလား? 😳 သတိမထားမိဘူးဆိုရင် သေချာပြန်စစ်ကြည့်လိုက်ပါဦး။ ဘာလို့လဲဆိုတော့ Location Access ပေးခြင်းရဲ့ နောက်ကွယ်မှာ ဒီလိုအန္တရာယ်တွေ ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။ (၁) သင့်ရဲ့တည်နေရာကို နောက်ယောင်ခံလိုက်နိုင်တယ်။ အကြောင်းကိစ္စတစ်ခုခုကြောင့် သင့်အနေနဲ့ ကိုယ်ရောက်နေတဲ့ နေရာကို လူသိမခံဖို့ လိုအပ်တယ်ဆိုပါစို့။ ဒီလိုအနေအထားမှာ ဖုန်းထဲက Application

Location access ပေးခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ Read More »

Telegram ကို စနစ်ကျစွာ အသုံးပြုနိုင်မည့် နည်းလမ်းများ

🔗 Covid-19 Pandemic ကာလအတွင်းကနေစပြီး ယခုအချိန်အထိ လူငယ်များကြားမှာ သိသိသာသာ အသုံးများလာတဲ့ ဆိုရှယ်မီဒီယာ Application တွေထဲက တစ်ခုကတော့ Telegram (တယ်လီဂရမ်) ပဲဖြစ်ပါတယ်။ တယ်လီဂရမ်မှာ ဆိုရင် အခြားသော စကားပြော ‘Platform’ တွေဖြစ်တဲ့ ‘Messenger, WhatsApp’ တို့နဲ့ မတူတဲ့ ထူးခြားတဲ့ Functions များစွာရှိပါတယ်။ Telegram ကိုဘယ်လို sign up လုပ်ရမလဲ ? ဘယ်လိုအသုံးပြုရမလဲ ကိုသိချင်ရင် အောက်ပါ ပုံကိုကြည့်ပြီး စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ 👇👇 Telegram ကိုဘယ်လိုလုံခြုံစွာ အသုံးပြုရမလဲ သိချင်ရင် အောက်ပါပုံကို ကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။ သင့်အတွက် အကျိုးရှိစေမယ့် သင်ကြားရေး telegram အချို့ကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 1. English

Telegram ကို စနစ်ကျစွာ အသုံးပြုနိုင်မည့် နည်းလမ်းများ Read More »

Mesh Network အကြောင်းသိကောင်းစရာများ

Mesh Network ဆိုတာ ဘာလဲ? 🌐🌐 Mesh Network ဆိုတာ ဆက်သွယ်ရေး ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု အကွာအဝေးတစ်ခု အတွင်း တိုက်ရိုက်ချိတ်ဆက်ပြီး ကွန်ယက်ဖြစ်အောင် လုပ်တာပါ။ အဓိကအားဖြင့် Bluetooth ကို အခြေခံပြီး ချိတ်ဆက်တာမို့ အင်တာနက် ပြတ်တောက်နေချိန်တွေမှာ အသုံးဝင်ပါတယ်။ (အရပ်စကားနဲ့ပြောရရင် ရပ်ကွက်ထဲ အတင်းပတ်တုပ်သလိုပါပဲ။ တစ်ယောက်ပြောတာ ‌နောက်တစ်ယောက်က အခြားတစ်ယောက်ကို ပြန်‌ဖောက်သည်ချရင်း အကုန်လုံးကို ပြန့်ပွားစေတာပါ။ လူများများပြောလေ၊ ပိုပြီးပြန့်လေ ဖြစ်တာမို့ လူတိုင်းပါ၀င်ဖို့လိုပါတယ်။) လူတွေကနေ အင်တာနက်လိုင်း ဖြစ်လာဖို့! အင်တာနက်မရှိတဲ့‌နေရာတွေမှာ ကျွန်တော်တို့ကိုယ်တိုင် Mesh Network တစ်ခုအဖြစ် ဆက်သွယ်ရေးလိုင်းတွေ ဖြစ်အောင် လုပ်လို့ရပါတယ်။  ဒါပေမယ့် လူညီမှ ရမှာပါ။ Mesh Network သဘောတရားကိုက ပုံမှာပြထားသလိုဘဲ

Mesh Network အကြောင်းသိကောင်းစရာများ Read More »

Cyber Security Tips

ဒီဂျစ်တယ်ခေတ်မှာ ရှင်သန်နေထိုင်လာရတာနဲ့အမျှ ကျနော်တို့ဟာ ဒီဂျစ်တယ် အကောင့်တွေ၊ စက်ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်လာရပါတယ်။ စီးပွါးရေး၊ ပညာရေးကိစ္စတွေအတွက် ဒီဂျစ်တယ်နဲ့ ဆက်စပ်အရာတွေကို အသုံးပြုကြတဲ့အခါမှာ သူတို့ရဲ့ လုံခြုံရေး၊ မိမိရဲ့ အချက်အလက် လုံခြုံရေးတွေအတွက် ဂရုစိုက်ထိန်းသိမ်းရမယ့် အရာတွေရှိလာပါတယ်။  ဒါကြောင့် ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်ဖြစ် ကျနော်တို့ဟာ အင်တာနက်ပေါ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အင်တာနက်ပေါ်က ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်ဖို့ရာ အောက်ပါအချက်တွေကို မဖြစ်မနေ လုပ်ဆောင်ထားသင့်ပါတယ်။  🔰 အသုံးမပြုတဲ့အချိန်တိုင်း ပိတ်ထားဖို့ မမေ့ပါနဲ့။ ▪️မိမိအသုံးပြုနေတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ အခြားသော စက်ပစ္စည်းတွေကို အသုံးမပြုစဉ် ပိတ်ပစ်ခဲ့ဖို့ (Lock) လိုအပ်ပါတယ်။  🔰 လျှို့ဝှက်နံပါတ်(Password) တွေကို စနစ်တကျ စီမံခန့်ခွဲပါ။ ▪️မိမိရဲ့ ဒီဂျစ်တယ်အကောင့်မှန်သမျှအတွက်လဲ တူညီတဲ့ လျှို့ဝှက်နံပါတ်ကို ပြန်မသုံးသင့်ပဲ ခက်ခဲတဲ့

Cyber Security Tips Read More »

Cyber Bullying ဆိုင်ရာ အခြေခံ ဗဟုသုတ

အပြစ်တင် ပြောဆို ဝေဖန်ခံရတယ်ဆိုတာဟာ ကျနော်တို့ လူသားတိုင်း ကြုံတွေ့ခံစား ဖူးတဲ့ ကိစ္စရပ်တစ်ခုပါ။ 😢 ကိုယ့်ရဲ့ မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့ကနေ ပြစ်တင်ရှုံ့ချတာ၊ အနိုင်ကျင့်တာတွေအပြင် အခုလို အင်တာနက်ခေတ်ကြီးမှာတော့ ဝေဖန်အပြစ်တင် ခံရမှုတွေဟာ ပိုမို များပြားလာလျက်ရှိပါတယ်။ အနိုင်ကျင့်ခံရတယ်ဆိုတဲ့နေရာမှာ ကိုယ်ထိလက်ရောက် စော်ကားခံရတာ တစ်ခုထဲမဟုတ်ပဲ နှုတ်ဖျားမှ ထွက်လာတဲ့ စကားသံတွေ၊ ကီးဘုတ်ပေါ်မှာ စာလေးရိုက်လိုက်ရုံနဲ့ ဖြစ်ပေါ်လာတဲ့ စာသားတွေဟာလဲ တစ်ခါတရံမှာ  လူတစ်ယောက်ကို အနိုင်ကျင့်ခံရပြီး မိမိကိုယ်ကို မကောင်းတဲ့ အကြံအစည်တွေ ကြံမိစေဖို့အထိ လုံလောက်ပါတယ်။  📱 အင်တာနက်ခေတ်၊ ဆိုရှယ်မီဒီယာ ခေတ်မှာတော့ ဆိုက်ဘာအနိုင်ကျင့်ခံရမှု လို့ခေါ်တဲ့ Cyber Bullying ကိစ္စရပ်တွေဟာ အဖြစ်များလာသလို ကျူးလွန်ဖို့ အင်မတန် လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုလဲ ဖြစ်ပါတယ်။  Cyberbullying

Cyber Bullying ဆိုင်ရာ အခြေခံ ဗဟုသုတ Read More »

အင်တာနက်မပါဘဲ Bridgefy နဲ့ ဆက်သွယ်ကြမယ်

Bridgefy ဆိုတာက အင်တာနက် မရှိတဲ့ အချိန်တွေမှာ Bluetooth ကို သုံးပြီး စာတိုပေးပို့ဆက်သွယ်လို့ ရတဲ့ Application တစ်ခုပဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ အချိန်တွေ၊ ပွဲအခမ်းအနားကြီးတွေ၊ စာသင်ကျောင်းတွေ စတဲ့နေရာတွေမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။  ပုံမှန်အားဖြင့်တော့ Bridgefy ဟာ ပေ ၃၃၀ (မီတာ ၁၀၀) အတွင်းမှာသာ အလုပ်လုပ်ပါတယ်​။ ဒါပေမယ့် ပုံမှာ ပြထားတဲ့အတိုင်း Bridgefy User တစ်ယောက်ကနေ အဝေးက နောက်တစ်ယောက်ကို Mesh Networking နည်းလမ်းနဲ့ ချိတ်ဆက်သွားနိုင်ပါတယ်။ ချိတ်ဆက်ပြီးရင် Message ကို စပို့သူနဲ့ လက်ခံသူကသာ မြင်ရမှာ ဖြစ်ပြီး ကြားခံ Device တွေကနေ မြင်နိုင်မှာ မဟုတ်ပါဘူး။ Bridgefy မှာလည်း

အင်တာနက်မပါဘဲ Bridgefy နဲ့ ဆက်သွယ်ကြမယ် Read More »

အင်တာနက်မပါဘဲ Bri‌ar နဲ့ ဆက်သွယ်ကြမယ်

Briar ဆိုတာ လုံခြုံစိတ်ချရတဲ့ စာတိုပေးပို့ရေး Application တစ်ခု ဖြစ်ပါတယ်။ တခြား App တွေနဲ့ မတူတာကတော့ Briar ဟာ ပင်မ ဆာဗာတစ်ခုမှာ ပေးပို့ထားတဲ့ Message တွေကို တိုက်ရိုက် Synchronize မလုပ်တာကြောင့် ပိုပြီး စိတ်ချရပါတယ်။ 🌐🌐🌐 Private Message တွေ၊ Public Forum တွေနဲ့ ဘလော့ဂ်တွေကို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အဟန့်အတားတွေကနေ ဒီလို ကာကွယ်ပေးထားပါတယ်။ အင်တာနက်မရှိရင်တောင် Bluetooth, Wifi စတာကို ကွန်ရက်တွေကနေ ချိတ်ဆက်နိုင်တာကြောင့် အရေးပေါ်အခြေအနေတွေမှာ သုံးဖို့ သင့်တော်ပါတယ်။ ဒါ့အပြင် End to End Encryption လည်း ပါဝင်ပါတယ်။ အားနည်းချက်တွေအနေနဲ့ကတော့ ကိုယ့်ရဲ့ အနားတစ်ဝိုက်ကနေပဲ တစ်ဆင့်ပြီး

အင်တာနက်မပါဘဲ Bri‌ar နဲ့ ဆက်သွယ်ကြမယ် Read More »

အွန်လိုင်းပေါ်က Digital Footprints ရှင်းနည်းများ

ကျနော်တို့အပြင် ကမ္ဘာနဲ့အဝှမ်းမှာ အင်တာနက်အသုံးပြုသူဟာ ဘီလျံနဲ့ ချီပြီးရှိပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ကိုယ်ရေးအချက်အလက် တွေနဲ့ ဆိုက်ဘာလုံခြုံရေးဟာလဲ တိုက်ခိုက်ခံရမှုတွေ၊ ခိုးယူခံရမှုတွေ ကြုံတွေရလျှက်ရှိပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်ကနေ တိုက်ခိုက်မှုခံရမှုတွေ နည်းသွားအောင် ကျနော်တို့ကိုယ်တိုင် ကြိုတင်ပြင်ဆင် ကာကွယ်ထားနိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ✳️ အသုံးပြုနေတဲ့ ဒီဂျစ်တယ် အကောင့်တွေအတွက် ခိုင်မာသော လျှို့ဝှက်နံပါတ်ကို အသုံးပြုပါ။  အက္ခရာ၊ စာလုံးအကြီးအသေး၊ ကိန်းဂဏန်းတို့အပြင် ထူးခြားသင်္ကေတ များကို အတူတူပူးပေါင်းထားတဲ့ လျှို့ဝှက်နံပါတ်တွေဟာ သာမန်နံပါတ်တွေထက် ပိုပြီး ခိုင်မာလုံခြုံပါတယ်။ (ဥပမာ- HnLo0$3hb?/::gqh) ✳️ Free WiFi များအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အကယ်၍ အသုံးပြုပါက မိမိရဲ့ အရေးကြီး အချက်အလက်တွေ ပေါက်ကြားနိုင်တာကို သတိပြုရပါမယ်။  ဒါ့အပြင် Free WiFi

အွန်လိုင်းပေါ်က Digital Footprints ရှင်းနည်းများ Read More »

Signal Private Messenger အ‌ကြောင်းသိကောင်းစရာ

လူတိုင်းရဲ့ဆိုက်ဘာ လုံခြုံရေးအတွက် Signal App အွန်လိုင်းဆက်သွယ်မှုအတွက် ကျွန်တော်တို့အားလုံး app အမျိုးမျိုးကို အသုံးပြုလာကြပါတယ်။ အဲ့လို အသုံးပြုတဲ့အခါမှာ ဆိုက်ဘာလုံခြုံရေးဟာ အထူးဂရုစိုက်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ Online Communication Apps တွေထဲမှာမှ နည်းပညာရှင်တွေ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး တော်တော်လေး  လုံခြုံတယ်လို့ ထောက်ခံကြတဲ့ Signal App အကြောင်းကို ပြောပြချင်ပါတယ်။ ဘာလို့ Signal App ကိုသုံးရလဲ? 🤔🤔🤔 ♦️ End-to-end encryption စနစ်ထည့်သွင်းထားခြင်း။  ဆက်သွယ်သူနှစ်ဦးနှစ်ဖက်ပဲ မြင်နိုင်မယ့် ဆက်သွယ်ရေးစနစ် ဖြစ်ပြီး Telecom providers တွေ၊ Internet providers တွေ၊ ဆက်သွယ်ရေးစနစ်ကိုထောက်ပံ့ပေးသူတွေတောင် ဝင်ကြည့်လို့မရတဲ့စနစ်ဖြစ်ပါတယ်။ ♦️ Self-destructing messages feature ပါဝင်ခြင်း။ 

Signal Private Messenger အ‌ကြောင်းသိကောင်းစရာ Read More »