Different Online Attacks & Protetions

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုး

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုးရှိတယ်ဆိုပေမယ့် အဖြစ်များတဲ့ တိုက်ခိုက်မှုတွေကို လေ့လာကြည့်ရအောင် ဆိုင်ဘာတိုက်ခိုက်မှုပုံစံတွေကို ပြောပြပေးထားတဲ့ ဗီဒီယိုလေးကို ကြည့်ကြည့်ရအောင်

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုး Read More »

Email Phishing အကြောင်း သိကောင်းစရာ

Email Phishing ဆိုတာကတော့ အရေးကြီးအချက်အလက်တွေကို လိမ်လည်ရယူတဲ့အခါမှာ လူသိများထင်ရှားတဲ့ Website သို့မဟုတ် မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အဖြစ် ဟန်ဆောင်ကာ Email ပေးပို့ခြင်းဖြစ်ပါတယ်။ များသောအားဖြင့် Email Phishing ဟာ မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်ကာ ရောက်လာတတ်ပါတယ်။ [ဥပမာ(၁) မိမိ၏ ကုမ္ပဏီမှ အထက်အရာရှိအဖြစ် ဟန်ဆောင်ကာ ဘဏ်အကောင့်တစ်ခုထံသို့ အရေးတကြီး ငွေလွှဲခိုင်းခြင်းများ အဖြစ်များပါတယ်။] ဒါဆိုရင် ဘာတွေ သတိပြု စစ်ဆေးရမလဲ ထိုအခါမှာ ပေးပို့လာသော Email လိပ်စာသည် မိမိအထက်အရာရှိ၏ အီးမေးလ် အစစ်အမှန်ဖြစ်ကြောင်း ဦးစွာ အတည်ပြုရပါမယ်။ ထို့နောက် အီးမေးလ် တွင်ပါသော အကြောင်းအရာတို့ကို ဆီလျော်မှုရှိမရှိ စစ်ဆေးရပါမယ်။ [ဥပမာ (၂) တစ်ခါတစ်ရံတွင် လူသိများသော စီးပွားရေးလုပ်ငန်းများအဖြစ်

Email Phishing အကြောင်း သိကောင်းစရာ Read More »

Social Media Phishing

Social Media Phishing ဆိုတာဟာ လူသုံးများတဲ့ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတွေကနေတစ်ဆင့် လင့်ခ်များ(Link) ပေးပို့ပြီး အချက်အလက်များ တောင်းခံကာ လိမ်လည်ခြင်း ဖြစ်ပါတယ်။ Social Media Phishing ဖြစ်ရပ်တွေဟာ နေ့စဉ်နဲ့အမျှ ကြောက်စရာ ကောင်းလောက်အောင် များပြားလာလျက်ရှိပြီး 2018 ခုနှစ်မှ 2019 ခုနှစ်အတွင်း 40% အထိမြင့်တက်လာခဲ့ပါတယ်။ ဒီလို လူသုံးများတဲ့ Social Media မှတစ်ဆင့် တိုက်ခိုက်မှုတွေဟာ 66% လောက်အထိ အောင်မြင်မှုရှိကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အသုံးများတဲ့ Facebook ဖေ့စ်ဘုတ် မှတစ်ဆင့် အများဆုံးတိုက်ခိုက်ခံရလေ့ရှိပါတယ်။ ဥပမာ အားဖြင့် – မိမိအကောင့်ထဲမှ သူငယ်ချင်းတစ်ဦးဦးက မက်ဆင်ဂျာမှ တစ်ဆင့် ကုမ္ပဏီတစ်ခုမှ နှစ်ပတ်လည် ကံစမ်းပွဲဟုဆိုကာ ကံစမ်းရန် ပေးပို့လာသော လင့်ခ်ထဲသို့

Social Media Phishing Read More »

Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ 🔍

စာဖတ်ရန် ကြာချိန် (၃) မိနစ် အခုလို ITခေတ်ကြီးမှာ သတင်းအချက်အလက်နဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အရာအားလုံးဟာ online ပေါ်ရောက်လာပါတယ်။ အလုပ်လုပ်တော့လည်း အိမ်မှာပဲလုပ်ရ၊ သင်တန်းတွေတတ်မယ်ဆိုတော့လည်း Online class တွေ ဖြစ်ပြီး အိမ်မှာပဲသင်ရ၊ အိမ်မှာပဲနေနေရတဲ့အခါ လူတစ်ယောက်ရဲ့ တစ်နေ့တာ အချိန်သုံးပုံပုံ နှစ်ပုံလောက်ကို Social Media ပေါ် မှာပဲ ကုန်ဆုံးနေကြရပါတော့တယ်။အားလုံး သုံးနေတဲ့ Social Mediaဆိုတာကလည်း သတင်းနှင့် သုတရသအဖြာဖြာ အစရှိတာတွေကို တစ်နေရာထဲမှာ အစုံအလင်ကြည့်ရှုနိုင်ပါတယ်။ လူတော်တော်များများကလည်း Up To Date သတင်းတွေကို အရင်ကလို တီဗီရုပ်မြင်သံကြားတွေကနေ တစ်ဆင့် ၊ ရေဒီယို တွေကနေ တစ်ဆင့် ဒါမှမဟုတ် သတင်းစာတွေ ဖတ်ရှုခြင်းကနေ မဟုတ်ဘဲ Social Media

Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ 🔍 Read More »

Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ။

⚠️ဆိုရှယ် မီဒီယာကို နေ့စဉ်နှင့်အမျှ ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုနေကြတဲ့ ခေတ်ကြီးမှာ သတင်းအချက်အလက် ခိုးယူခံရမှုတွေ၊ လိမ်လည်လှည့်ဖျား၍ ငွေညှစ်ခံရမှုတွေဟာ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ စစ်တမ်းများအရ လုပ်ငန်းခွင် (၈) ခုမှာ အနည်းဆုံး (၁) ခုဟာ အင်တာနက်ပေါ်ကတစ်ဆင့် ယခုလို တိုက်ခိုက်တာမျိုး ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။⚠️ ယခုလို အင်တာနက်ကတစ်ဆင့် တိုက်ခိုက်ခံရတဲ့  Phishing ဆိုတာဘာလဲ 🔴 Phishing ဆိုတာဟာ သူ့ရဲ့အသံထွက်အတိုင်း Fishing (ငါးမျှားခြင်း)🎣 နဲ့ အသွင်တူပါတယ်။  🔴 ပထမဦးစွာ ငါးစာအဖြစ်နဲ့ မိမိရဲ့အသိမိတ်ဆွေ၊ မိမိရဲ့လုပ်ငန်းရှင်၊ နာမည်ကြီးစီးပွါးရေးလုပ်ငန်း တို့ရဲ့ Website များအဖြစ် ဟန်ဆောင်ကာ အီးမေးလ် (Email) ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ လင့်ခ် (link) များ

Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ။ Read More »

🚨Cyber bullying ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ 🚨

စာဖတ်ရန် ကြာချိန် (၁၀)မိနစ် လွန်ခဲ့တဲ့ ၁၅၀၀ ပြည့်နှစ်တွေ🗡တုန်းက “Bully” ဆိုတဲ့ စကားလုံးဟာ “ အချစ်လေး အသည်းလေး” လို့ ချစ်စနိုးနဲ့ခေါ်ဝေါ် ရာမှာ ရည်ညွှန်း အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမယ့် နောက်ပိုင်းနှစ်ကာလတွေမှာ ထိုစကားလုံးဟာ “အားနည်းသူများကို နှောင့်ယှက်သူ” အဖြစ် ပြောင်းလဲသုံးနှုန်းလာကြပါတယ်” လို့ Touro University Worldwide ရဲ့ အင်တာနက်စာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။ 🚨Bully တစ်မျိုးပဲရှိတာလား..။အနိုင်ကျင့်ခြင်း သို့မဟုတ် “Bully” ပြုလုပ်တယ်ဆိုတဲ့နေရာမှာ “Traditional Bullying” လို့ခေါ်တဲ့ “ကိုယ်ထိလက်ရောက် သမားရိုးကျ အနိုင်ကျင့်ခြင်း” အပြင် “Cyber Bullying” လို့ခေါ်တဲ့ အွန်လိုင်းဆိုရှယ်မီဒီယာ ပလက်ဖောင်းကိုအသုံးပြုကာ ကီးဘုတ်နောက်ကွယ်ကနေ တိုက်ခိုက်ခြင်းမျိူးလည်း ရှိပါသေးတယ်။အရာရာဟာ နည်းပညာဖြစ်နေတဲ့ ခေတ်ကြီးမှာ Cyberbullying ဟာလည်း လူသားတွေရဲ့

🚨Cyber bullying ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ 🚨 Read More »

Cyber Security First Aid💼(မိမိဖုန်းများ၊ accounts များကို လုံခြုံစွာ အသုံးပြုရန်)

အားလုံးသော လူငယ် လူကြီးတွေအနေနဲ့ အင်တာနက်တွေ Digital Devices တွေကို အသုံးပြုရတဲ့ အခါမှာ မိမိရဲ့ အကောင့် သို့မဟုတ် အသုံးပြုတဲ့ ဖုန်းများ device များ လုံခြုံအောင် ပြုလုပ်သင့်တဲ့ အရာတွေကို ကျွန်တော်တို့ သိနားလည်သမျှ ဝေမျှပေးလိုက်ပါတယ်‌။👇 Google Playstore (သို့) Apple Store မှ Application များမဟုတ်ပါက Install မလုပ်ပါနှင့်။ မလိုအပ်သော Application များ မိမိဖုန်းထဲ သို့သွင်းမထားပါနှင့်။ Online တက်ရာတွင် Website လင့် များကို မနှိပ်မှီ သေချာစွာ သတိထားပြီး စစ်ဆေးပါ၊ မိမိ မသိသော Website များကို လုံးဝ ရှောင်ကျဉ်ပါ။ ဖုန်းတစ်လုံးမှ အခြား devices

Cyber Security First Aid💼(မိမိဖုန်းများ၊ accounts များကို လုံခြုံစွာ အသုံးပြုရန်) Read More »

ဆိုရှယ်မီဒီယာတွေ လုံခြုံဖို့ Two-factor Authentication (2FA) 🔐

သင့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ လုံခြုံပြီဆိုတာ သေချာရဲ့လား❓❓⚠️အခိုးယူ မခံရဖို့ သတိထားဖို့လို! ⚠️ ❓ဘယ်လို ကာကွယ်ရမှာလဲ??🔹 လျှို့ဝှက်နံပါတ် (Password – pw) တစ်ခုတည်းနဲ့မရ။🔹️ “နှစ်ဆင့်ခံ သော့ခတ်ရမယ်” Two-Factor Authentication (Two Step Verification) ကို သုံးဖို့လို။ ❓ နှစ်ဆင့်ခံ သော့ခတ်တယ် (2FA) ဆိုတာ ဘာကြီးလဲ?မြမြရဲ့ ဖေစဘွတ်ကို မသမာသူက လှမ်းပြီး အကောင့်ကို ဟခ်မယ် pw ခိုးပြီးဝင်ဖို့လုပ်မယ်။ မြမြ ကငပိန်း မဟုတ်တော့ 2FA app ဒေါင်းပြီး ဖေစဘွတ်နဲ့ ချိတ်ထားတယ်။ မသမာသူသာဂိကို နင်မြမြလား 2FA App မှာအခုပြ​နေတဲ့ ဂဏန်း ၆ခုပေးလို့ ထပ်တောင်းမှာပါ။ သာဂိတစ်ကောင်အဲ့မှာ ဂိမှာပါ။

ဆိုရှယ်မီဒီယာတွေ လုံခြုံဖို့ Two-factor Authentication (2FA) 🔐 Read More »

Password တွေကို အလွယ်တကူ Hack လို့ မရအောင် ဘယ်လိုထားရမလဲ ⚔

တိုးတက် ပြောင်းလဲလာတဲ့ ၂၁ ရာစု ကြီးမှာကောင်းသောပြောင်းလဲခြင်းတွေ ရှိသလို ၊ တိုးတက်မှုရဲ့ ရိုက်ခတ်မှုတွေဟာလည်း မရေတွက်နိုင်အောင်ပါပဲ။ ထိုအထဲမှာ အင်တာနက်ပေါ်မှ ဆက်သွယ်ပြောဆိုနိုင်ခြင်း ဆိုတဲ့ ဒစ်ဂျစ်တယ်တိုးတက်မှု ဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ဒီလို လူမှုကွန်ရက်ချိတ်ဆက်မှုတွေပေါများလာတာနဲ့အမျှ သတင်းအချက်အလက် ပေါက်ကြားခြင်း ဆိုတဲ့ ၂၁ ရာစုရဲ့မလုံခြုံမှုတစ်ခုကို တွေ့ကြုံလာကြရပါတယ်။ယေဘုယျအားဖြင့် သတင်းအချက်အလက် ပေါက်ကြားခြင်းများရဲ့ မူလဇစ်မြစ်ဟာ မိမိထားရှိတဲ့ စကားဝှက်(Password)များ မခိုင်လုံခြင်း၊ ပေါက်ကြားခြင်း တို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။အချို့သော စကားဝှက်(Password)များဟာ အင်မတန်မှ ခန့်မှန်းရန် လွယ်ကူလွန်းလှတဲ့၊ လူအသုံးများလှတဲ့ စကားဝှက်များ ဖြစ်နေတတ်ပါတယ်။ (ဥပမာ-iloveyou)ထိုသို့သော လွယ်ကူရိုးရှင်းတဲ့ စကားဝှက် တွေကို မိမိမဟုတ်တဲ့အခြားသူများ ခန့်မှန်းရခက်စေဖို့အတွက် နံပါတ်(သို့မဟုတ်) သင်္ကေတများထည့်ကာ အသုံးပြုနိုင်ပါတယ်။ ⚔ 📱📱📱📱📱 ⚔MYEOers တို့အနေနဲ့ စကားဝှက်(Password)များကို အထက်ပါ

Password တွေကို အလွယ်တကူ Hack လို့ မရအောင် ဘယ်လိုထားရမလဲ ⚔ Read More »

ခိုင်မာတဲ့ Password တွေကို လုံခြုံစွာ မှတ်မိနေစေဖို့ Password Manager 🚪

၂၁ရာစု နည်းပညာခေတ်ကြီးမှာ ကျွန်တော်တို့ဟာ အင်တာနက်အပေါ် မှီခိုလာရတာနဲ့အမျှ လူမှုရေးအတွက်၊ စီးပွားရေးအတွက်၊ ပညာရေးအတွက် အစရှိသဖြင့် ကိုယ်ပိုင် အကောင့်ပေါင်း များစွာကိုဖွင့်လှစ် အသုံးပြုလာရပါတယ်။ ဥပမာ − Facebook account , Gmail account တို့လိုမျိုးပေါ့ဒါပေမဲ့ အကောင့်တိုင်းမှာ တူညီတဲ့ လျှို့ဝှက်နံပါတ် (Password) ကို အသုံးပြုရင် ဒါမှမဟုတ် တူညီတဲ့လျှို့ဝှက်နံပါတ် (Password)ကိုဘဲ အနည်းငယ်ပြောင်းလဲလိုက်ပြီး အသုံးပြုမိရင် သင့်အနေနဲ့ Cyber Attack အလွယ်တကူ လုပ်ခံရနိုင်တယ်ဆိုတာကို သိပါသလား။ ⁉️🔸 ဟုတ်ပါတယ်။ အလွယ်တကူ cyber attack လုပ်ခံရနိုင်ပါတယ်။ဘာလို့ဆိုရင် သင့်ကို Cyber Attack လုပ်လာတဲ့သူက သင့်ရဲ့ ကိုယ်ပိုင်အကောင့်တစ်ခုကို ရရှိသွားတဲ့အခါကျရင် တခြားကျန်တဲ့ သင့်ရဲ့ အကောင့်တွေကိုလည်း လွယ်လွယ်ကူကူဘဲ

ခိုင်မာတဲ့ Password တွေကို လုံခြုံစွာ မှတ်မိနေစေဖို့ Password Manager 🚪 Read More »